ပါကစ္စတန်၏ နျူလက်နက်များမှာ ကုလ၏ စောင့်ကြည့်မှုအောက်တွင်သာရှိသင့်ကြောင်း အိန္ဒိယပြော

 44

Pika (NP News) - မေ ၁၇

ပါကစ္စတန်၏ နျူကလီးယားလက်နက်များကို ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ၏ စောင့်ကြည့်မှုအောက်သို့ ယူဆောင်လာသင့်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ထုတ်ဖော်ပြောဆိုခဲ့သည်။ Rajnath Singh က ‘ပါကစ္စတန်ရဲ့ နျူကလီးယား လက်နက်တွေက ဘေးကင်းလုံခြုံမှုအတွက် အာမခံနိုင်လားဆိုတာကို မေးချင်ပါတယ်’ ဟုပြောခဲ့သည်။
Rajnath Singh သည် အိန္ဒိယအုပ်ချုပ် သောကက်ရှ်မီးယားပြည်နယ် Srinagar မြို့တွင်ရှိသော အခြေစိုက်စခန်း တစ်ခုရှိ တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောကြားစဉ် ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Rajnath Singh က “ပါကစ္စတန်ရဲ့နျူကလီးယားလက်နက်တွေကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့စောင့်ကြည့်မှုအောက်ကို ယူဆောင်လာသင့်ပါတယ်” ဟုပြောဆိုခဲ့သည်။ နျူကလီးယားအင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့်ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူခဲ့ပြီးနောက် ရက်ပိုင်း အကြာတွင် Rajnath Singh က ယင်းကဲ့သို့ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဧပြီလ(၂၂)ရက်တွင် ကက်ရှ်မီးယားပြည်နယ်မှာ လူ(၂၆)ဦးကိုသေဆုံးစေခဲ့သည့် အကြမ်းဖက်တိုက် ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနှင့်ပါကစ္စတန်ကြား တိုက်ပွဲများစတင်ခဲ့ခြင်းသည်။ ကက်ရှ်မီးယားပြည်နယ် တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်အစိုးရက ပံ့ပိုးပေးမှုများလုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယ ဘက်ကစွပ် စွဲပြောဆိုခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် အိန္ဒိယအစိုးရဘက်က စွပ်စွဲပြောဆို မှုများကို ပါကစ္စတန်အစိုးရက ငြင်းဆန်ပယ်ချခဲ့ ကြောင်းလည်းသိရ သည်။ အိန္ဒိယနှင့်ပါကစ္စတန်တို့သည် အမေရိကန်၏ ကြားဝင်စေ့စပ်ပေးမှုနှင့်အတူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version:
ပါကစၥတန္၏ န်ဴလက္နက္မ်ားမွာ ကုလ၏ ေစာင့္ၾကည့္မႈေအာက္တြင္သာရွိသင့္ေၾကာင္း အိႏၵိယေျပာ
Pika (NP News) - ေမ ၁၇

ပါကစၥတန္၏ န်ဴကလီးယားလက္နက္မ်ားကို ကုလသမဂၢ န်ဴကလီးယား ေအဂ်င္စီ၏ ေစာင့္ၾကည့္မႈေအာက္သို႔ ယူေဆာင္လာသင့္ေၾကာင္း အိႏၵိယကာကြယ္ေရးဝန္ႀကီး Rajnath Singh က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ Rajnath Singh က ‘ပါကစၥတန္ရဲ႕ န်ဴကလီးယား လက္နက္ေတြက ေဘးကင္းလုံၿခဳံမႈအတြက္ အာမခံႏိုင္လားဆိုတာကို ေမးခ်င္ပါတယ္’ ဟုေျပာခဲ့သည္။
Rajnath Singh သည္ အိႏၵိယအုပ္ခ်ဳပ္ ေသာကက္ရွ္မီးယားျပည္နယ္ Srinagar ၿမိဳ႕တြင္ရွိေသာ အေျခစိုက္စခန္း တစ္ခုရွိ တပ္ဖြဲ႕ဝင္မ်ားကို မိန႔္ခြန္းေျပာၾကားစဥ္ ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Rajnath Singh က “ပါကစၥတန္ရဲ႕န်ဴကလီးယားလက္နက္ေတြကို ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) ရဲ႕ေစာင့္ၾကည့္မႈေအာက္ကို ယူေဆာင္လာသင့္ပါတယ္” ဟုေျပာဆိုခဲ့သည္။ န်ဴကလီးယားအင္အားႀကီးႏိုင္ငံ ႏွစ္ႏိုင္ငံျဖစ္ေသာ အိႏၵိယႏွင့္ပါကစၥတန္ၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ ရယူခဲ့ၿပီးေနာက္ ရက္ပိုင္း အၾကာတြင္ Rajnath Singh က ယင္းကဲ့သို႔ ထုတ္ေဖာ္ေျပာခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ဧၿပီလ(၂၂)ရက္တြင္ ကက္ရွ္မီးယားျပည္နယ္မွာ လူ(၂၆)ဦးကိုေသဆုံးေစခဲ့သည့္ အၾကမ္းဖက္တိုက္ ခိုက္မႈတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယႏွင့္ပါကစၥတန္ၾကား တိုက္ပြဲမ်ားစတင္ခဲ့ျခင္းသည္။ ကက္ရွ္မီးယားျပည္နယ္ တြင္ျဖစ္ပြားခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္မႈကို ပါကစၥတန္အစိုးရက ပံ့ပိုးေပးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း အိႏၵိယ ဘက္ကစြပ္ စြဲေျပာဆိုခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈမ်ား ျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ အိႏၵိယအစိုးရဘက္က စြပ္စြဲေျပာဆို မႈမ်ားကို ပါကစၥတန္အစိုးရက ျငင္းဆန္ပယ္ခ်ခဲ့ ေၾကာင္းလည္းသိရ သည္။ အိႏၵိယႏွင့္ပါကစၥတန္တို႔သည္ အေမရိကန္၏ ၾကားဝင္ေစ့စပ္ေပးမႈႏွင့္အတူ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ရယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.