တူရကီဆွေးနွေးပွဲကို အများကြီးမျှော်လင့်မထားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

29

ဂျန်ဇက် (NP News) - မေ ၁၇
တူရကီနိုင်ငံတွင်ပြုလုပ်မည့် ရုရှားနှင့် ယူကရိန်းအစိုးရတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးပွဲအပေါ် မျှော်လင့်ချက် အများကြီးမထားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ဖော်ပြောဆိုလိုက်သည်။ မာကိုရူဘီယို သည် တူရကီနိုင်ငံတွင် ကျင်းပမည့် ရုရှားနှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသော စစ်ပွဲအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ရူဘီယိုသည် ယူကရိန်းအစိုးရတာဝန်ရှိ သူများအပြင် တူရကီအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး မည်ဖြစ် သည်။ တူရကီနိုင်ငံတွင် ရုရှားနှင့် ဆွေးနွေးမည့်ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို ယူကရိန်းကာကွယ်ရေးဝန်ကြီး ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက “ရုရှားအစိုးရတာဝန်ရှိသူတွေနဲ့ ယူကရိန်းအစိုးရတာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးကြမယ်။ အဲဒီတွေ့ဆုံ ဆွေးနွေးပွဲကိုအများကြီး မမျှော်လင့်ထားစေလိုဘူး။ ဘာတွေဖြစ်လာမလဲဆိုတာကို အတိအကျမသိနိုင်သေးဘူး။ ဒါပေမဲ့ ရုရှားအစိုးရတာဝန်ရှိသူတွေနဲ့ ယူကရိန်းအစိုးရ တာဝန်ရှိသူတွေကြား တွေ့ဆုံဆွေးနွေးမှုဟာ ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကြား တိုက်ရိုက်တွေ့ဆုံမှုနဲ့ အောင်မြင်မှုရဖို့ တစ်ခုတည်းသောလမ်းကြောင်းဖြစ်တယ်” ဟု ပြောသည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် ရုရှားသမ္မတပူတင်နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သော်လည်း ရုရှားဘက်က လက်ခံလိုက်လျောခြင်း မရှိခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံတွင်ကျင်းပမည့်ဆွေးနွေးပွဲကို ရုရှားသမ္မတပူတင်ကိုယ်တိုင် တက်ရောက်မည်မဟုတ်ဘဲ ရုရှား ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဝန် ကြီးနှစ်ဦးနှင့်လျှို့ဝှက်အဖွဲ့ စစ်ဘက်ခေါင်းဆောင်တစ်ဦးတို့ ဦးဆောင်ပါဝင်မည် ဖြစ်သည်။
တူရကီနိုင်ငံသို့စေလွှတ်မည့် ရုရှားကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူများသည် “low-level’’ များသာဖြစ်သည့် အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ရုရှား၏လုပ်ရပ်က မေးခွန်းထုတ်စရာဖြစ်လာကြောင်း ယူကရိန်း သမ္မတက ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲ နှင့်ပတ်သက်ပြီး ရုရှားသမ္မတပူတင်နှင့် ၎င်းကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုမရှိလျှင် အပစ် ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်လာရန် အလားအလာ နည်းကြောင်း ပြောသည်။ အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရ အဖွဲ့အသစ်က ယူကရိန်း နှင့် ရုရှားနိုင်ငံကြား အပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင်စေ့စပ် ဆွေးနွေးလျက်ရှိနေ ကြောင်း သိရသည်။

Zawgyi Version:
တူရကီေဆြးေႏြးပြဲကို အမ်ားႀကီးေမွ်ာ္လင့္မထားရန္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - ေမ ၁၇
တူရကီႏိုင္ငံတြင္ျပဳလုပ္မည့္ ႐ုရွားႏွင့္ ယူကရိန္းအစိုးရတာဝန္ရွိသူမ်ားေတြ႕ဆုံေဆြးေႏြးပြဲအေပၚ ေမွ်ာ္လင့္ခ်က္ အမ်ားႀကီးမထားရန္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ မာကို႐ူဘီယို သည္ တူရကီႏိုင္ငံတြင္ က်င္းပမည့္ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနေသာ စစ္ပြဲအပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲသို႔ တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
႐ူဘီယိုသည္ ယူကရိန္းအစိုးရတာဝန္ရွိ သူမ်ားအျပင္ တူရကီအစိုးရတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြး မည္ျဖစ္ သည္။ တူရကီႏိုင္ငံတြင္ ႐ုရွားႏွင့္ ေဆြးေႏြးမည့္ယူကရိန္းကိုယ္စားလွယ္အဖြဲ႕ကို ယူကရိန္းကာကြယ္ေရးဝန္ႀကီး ဦးေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက “႐ုရွားအစိုးရတာဝန္ရွိသူေတြနဲ႔ ယူကရိန္းအစိုးရတာဝန္ရွိသူေတြ ေတြ႕ဆုံ ေဆြးေႏြးၾကမယ္။ အဲဒီေတြ႕ဆုံ ေဆြးေႏြးပြဲကိုအမ်ားႀကီး မေမွ်ာ္လင့္ထားေစလိုဘူး။ ဘာေတြျဖစ္လာမလဲဆိုတာကို အတိအက်မသိႏိုင္ေသးဘူး။ ဒါေပမဲ့ ႐ုရွားအစိုးရတာဝန္ရွိသူေတြနဲ႔ ယူကရိန္းအစိုးရ တာဝန္ရွိသူေတြၾကား ေတြ႕ဆုံေဆြးေႏြးမႈဟာ ႐ုရွားသမၼတပူတင္နဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ၾကား တိုက္႐ိုက္ေတြ႕ဆုံမႈနဲ႔ ေအာင္ျမင္မႈရဖို႔ တစ္ခုတည္းေသာလမ္းေၾကာင္းျဖစ္တယ္” ဟု ေျပာသည္။
ယူကရိန္းသမၼတဇီလန္စကီးသည္ ႐ုရွားသမၼတပူတင္ႏွင့္ တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးရန္ ေတာင္းဆိုခဲ့ေသာ္လည္း ႐ုရွားဘက္က လက္ခံလိုက္ေလ်ာျခင္း မရွိခဲ့ေၾကာင္း သိရသည္။
တူရကီႏိုင္ငံတြင္က်င္းပမည့္ေဆြးေႏြးပြဲကို ႐ုရွားသမၼတပူတင္ကိုယ္တိုင္ တက္ေရာက္မည္မဟုတ္ဘဲ ႐ုရွား ကိုယ္စားလွယ္အဖြဲ႕ကို ဒုတိယဝန္ ႀကီးႏွစ္ဦးႏွင့္လွ်ိဳ႕ဝွက္အဖြဲ႕ စစ္ဘက္ေခါင္းေဆာင္တစ္ဦးတို႔ ဦးေဆာင္ပါဝင္မည္ ျဖစ္သည္။
တူရကီႏိုင္ငံသို႔ေစလႊတ္မည့္ ႐ုရွားကိုယ္စားလွယ္အဖြဲ႕တြင္ ပါဝင္သူမ်ားသည္ “low-level’’ မ်ားသာျဖစ္သည့္ အတြက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲႏွင့္ပတ္သက္ၿပီး ႐ုရွား၏လုပ္ရပ္က ေမးခြန္းထုတ္စရာျဖစ္လာေၾကာင္း ယူကရိန္း သမၼတက ေျပာသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ယူကရိန္းစစ္ပြဲ ႏွင့္ပတ္သက္ၿပီး ႐ုရွားသမၼတပူတင္ႏွင့္ ၎ၾကား တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမႈမရွိလွ်င္ အပစ္ ခတ္ရပ္စဲေရးႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္လာရန္ အလားအလာ နည္းေၾကာင္း ေျပာသည္။ အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္အစိုးရ အဖြဲ႕အသစ္က ယူကရိန္း ႏွင့္ ႐ုရွားႏိုင္ငံၾကား အပစ္အခတ္ရပ္စဲေရးရယူႏိုင္ရန္ ၾကားဝင္ေစ့စပ္ ေဆြးေႏြးလ်က္ရွိေန ေၾကာင္း သိရသည္။