ရန်ကုန်အနုပညာဗဟိုဌာနကို ငလျင်ရစ်(ခ်)တာစကေး ၈ အဆင့်ထိ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်မည်

 276

သန့်ဇင် (NP News) - မေ ၂၄

ရန်ကုန်မြို့ရှိ အနုပညာဗဟိုဌာနကို ငလျင်ရစ်(ခ်)တာစကေး ၈ အဆင့်ထိ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်မည်ဟု သာသနာရေးယဉ်ကျေးမှူးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မှာကြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့(မေလ ၂၃ ရက်) မွန်းလွဲပိုင်းက အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ အနုပညာဗဟိုဌာန (Myanmar Arts Center)၏ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်အနုပညာဗဟိုဌာနတည်ဆောက်ရာတွင် Structure ပါအတိုင်း အဆင့်တိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အရည်အသွေး စစ်ဆေးရေးအဖွဲ့ (QC Team) က အလေးထားစစ်ဆေးသွားရေး နှင့် QC Report တင်ပြပေးရေး လိုက်နာဆောင်ရွက်မှုမှတ်တမ်းထားရှိ စစ်ဆေးကြီးကြပ်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါအဆောက်အဦးကို ငလျင်ရစ်(ခ်)တာစကေး ၈ အဆင့်ထိ ခံနိုင်ရည်ရှိရန် ဆောင်ရွက်ရေးတို့ကိုလည်း ထည့်သွင်းမှာကြားခဲ့ကြောင်း သိရသည််
နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနအကောင်အထည်ဖော်ရေးကော်မတီသည် အဆောက်အအုံဆောက်လုပ်ရန်အတွက် ၂၀၁၆ ခုနှစ် မတ်၂၈ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး အနုပညာဗဟိုဌာနရှိ ပင်မအဆောက်အအုံ၏ Foundation နှင့် Steel Structure သံတိုင်များ စိုက်ထူထားသည့် Skeleton Phase-1 အဆင့် တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါအနုပညာဗဟိုဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက်သော ယဉ်ကျေးမှု ပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ် နှင့် တေးဂီတသံစုံဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာ ဖျော်ဖြေမှုများ၊ အနုပညာနှင့်ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာ ပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းပေါ်တွင် အနုပညာဗဟိုဌာနကို တည်ဆောက်နေပြီး အကြမ်းထည်များ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းဆောက်လုပ်ဆဲ ရန်ကုန်မြို့မှ အဆောက်အအုံကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လည်းကောင်း၊ မန္တလေးမြို့မှ အဆောက်အအုံကို ပြန်ကြားရေးဝန်ကြီးဌာနကလည်းကောင်း လက်ခံရယူပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္အႏုပညာဗဟိုဌာနကို ငလ်င္ရစ္(ခ္)တာစေကး ၈ အဆင့္ထိ ခံႏိုင္ရည္ရွိေအာင္ ေဆာင္႐ြက္မည္
သန႔္ဇင္ (NP News) - ေမ ၂၄

ရန္ကုန္ၿမိဳ႕ရွိ အႏုပညာဗဟိုဌာနကို ငလ်င္ရစ္(ခ္)တာစေကး ၈ အဆင့္ထိ ခံႏိုင္ရည္ရွိေအာင္ ေဆာင္႐ြက္မည္ဟု သာသနာေရးယဥ္ေက်းမႉးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ဦးလြင္က မွာၾကားခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျပည္ေထာင္စုဝန္ႀကီး ဦးတင္ဦးလြင္သည္ ယမန္ေန႔(ေမလ ၂၃ ရက္) မြန္းလြဲပိုင္းက အင္းစိန္ၿမိဳ႕နယ္၊ မင္းဓမၼလမ္းေပၚရွိ အႏုပညာဗဟိုဌာန (Myanmar Arts Center)၏ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္အႏုပညာဗဟိုဌာနတည္ေဆာက္ရာတြင္ Structure ပါအတိုင္း အဆင့္တိုင္းတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန အရည္အေသြး စစ္ေဆးေရးအဖြဲ႕ (QC Team) က အေလးထားစစ္ေဆးသြားေရး ႏွင့္ QC Report တင္ျပေပးေရး လိုက္နာေဆာင္႐ြက္မႈမွတ္တမ္းထားရွိ စစ္ေဆးႀကီးၾကပ္ေရးတို႔ကို မွာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါအေဆာက္အဦးကို ငလ်င္ရစ္(ခ္)တာစေကး ၈ အဆင့္ထိ ခံႏိုင္ရည္ရွိရန္ ေဆာင္႐ြက္ေရးတို႔ကိုလည္း ထည့္သြင္းမွာၾကားခဲ့ေၾကာင္း သိရသည္္
ႏိုင္ငံတကာအဆင့္မီ အႏုပညာဗဟိုဌာနအေကာင္အထည္ေဖာ္ေရးေကာ္မတီသည္ အေဆာက္အအုံေဆာက္လုပ္ရန္အတြက္ ၂၀၁၆ ခုႏွစ္ မတ္၂၈ ရက္တြင္ လုပ္ငန္းစတင္ေဆာင္႐ြက္ခဲ့ၿပီး အႏုပညာဗဟိုဌာနရွိ ပင္မအေဆာက္အအုံ၏ Foundation ႏွင့္ Steel Structure သံတိုင္မ်ား စိုက္ထူထားသည့္ Skeleton Phase-1 အဆင့္ တည္ေဆာက္ၿပီးစီးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
အဆိုပါအႏုပညာဗဟိုဌာနႀကီး တည္ေဆာက္ၿပီးစီးပါက ႏိုင္ငံတကာမွ လာေရာက္ေသာ ယဥ္ေက်းမႈ ပေဒသာကပြဲမ်ား၊ ကဇာတ္၊ ျပဇာတ္ ႏွင့္ ေတးဂီတသံစုံေဖ်ာ္ေျဖတီးခတ္မႈမ်ား၊ ေတးဂီတဆိုင္ရာ ေဖ်ာ္ေျဖမႈမ်ား၊ အႏုပညာႏွင့္ဆက္စပ္ေသာ ပန္းခ်ီ၊ ပန္းပုဆိုင္ရာျပပြဲမ်ား၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ အႏုပညာဆိုင္ရာ ပညာေပးေဟာေျပာမႈမ်ားကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၇၃ လမ္းေပၚတြင္ အႏုပညာဗဟိုဌာနကို တည္ေဆာက္ေနၿပီး အၾကမ္းထည္မ်ား ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎ေဆာက္လုပ္ဆဲ ရန္ကုန္ၿမိဳ႕မွ အေဆာက္အအုံကို သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက လည္းေကာင္း၊ မႏၲေလးၿမိဳ႕မွ အေဆာက္အအုံကို ျပန္ၾကားေရးဝန္ႀကီးဌာနကလည္းေကာင္း လက္ခံရယူၿပီးစီးေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.