အသက် ၁၀၅ နှစ်အရွယ် ထိုင်းအားကစားသမား ဆာဝမ်ဂျန်ပရန်မ် World Masters Games မှာ ရွှေတံဆိပ် ၄ ခုထိ ဆွတ်ခူးနိုင်ခဲ့

 44

ရောင်နီ (NP News) - မေ ၂၄

အသက် ၁၀၅ နှစ်အရွယ် ထိုင်း အားကစားသမား မစ္စတာ ဆာဝမ်ဂျန်ပရမ်ဟာ ထိုင်ဝမ်မှာ ပြုလုပ်တဲ့ World Masters Games မှာ ရွှေတံဆိပ် ၄ ခုထိ ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆာဝမ်ဟာ The men's 100 plus discus ၊ လှံပစ်၊ သံလုံးပစ်အားကစားနဲ့ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ စုစုပေါင်း ၄ ပွဲမှာ ရွှေတံဆိပ်ဆုတွေ ရရှိခဲ့တာဖြစ်ပါတယ်။
"မိသားစုအနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ ဆာဝမ်ရဲ့သမီးဖြစ်သူ အသက် ၇၃ နှစ်အရွယ်၊ မစ္စစရီပန် က ပြောကြားပါတယ်။ မစ္စတာ ဆာဝမ်ကတော့ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျန်းမာရေးအတွက် ယှဉ်ပြိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

World Masters Games ပြိုင်ပွဲဟာ ထိုင်ဝမ်၊ တိုင်ပေမှာ သီတင်း နှစ်ပတ်ကြာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှ အားကစားသမားပေါင်း ၂၅,၉၅၀ က ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ အဆိုပါပြိုင်ပွဲဟာ အသက် ၃၀ နဲ့ အထက် အားကစားသမားတွေသာ ပါဝင် ယှဉ်ပြိုင်ခွင့် ရှိတာဖြစ်ပါတယ်။ နောက်လာမယ့် World Masters Games ပြိုင်ပွဲကို ၂၀၂၇ ခုနှစ်မှာမှ ဂျပန်နိုင်ငံမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

Zawgyi Version:
အသက္ ၁၀၅ ႏွစ္အ႐ြယ္ ထိုင္းအားကစားသမား ဆာဝမ္ဂ်န္ပရန္မ္ World Masters Games မွာ ေ႐ႊတံဆိပ္ ၄ ခုထိ ဆြတ္ခူးႏိုင္ခဲ့
ေရာင္နီ (NP News) - ေမ ၂၄

အသက္ ၁၀၅ ႏွစ္အ႐ြယ္ ထိုင္း အားကစားသမား မစၥတာ ဆာဝမ္ဂ်န္ပရမ္ဟာ ထိုင္ဝမ္မွာ ျပဳလုပ္တဲ့ World Masters Games မွာ ေ႐ႊတံဆိပ္ ၄ ခုထိ ဆြတ္ခူးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ဆာဝမ္ဟာ The men's 100 plus discus ၊ လွံပစ္၊ သံလုံးပစ္အားကစားနဲ႔ မီတာ ၁၀၀ အေျပးၿပိဳင္ပြဲ၊ စုစုေပါင္း ၄ ပြဲမွာ ေ႐ႊတံဆိပ္ဆုေတြ ရရွိခဲ့တာျဖစ္ပါတယ္။
"မိသားစုအေနနဲ႔ ဂုဏ္ယူဝမ္းေျမာက္မိပါတယ္” လို႔ ဆာဝမ္ရဲ႕သမီးျဖစ္သူ အသက္ ၇၃ ႏွစ္အ႐ြယ္၊ မစၥစရီပန္ က ေျပာၾကားပါတယ္။ မစၥတာ ဆာဝမ္ကေတာ့ ဆုရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ က်န္းမာေရးအတြက္ ယွဥ္ၿပိဳင္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

World Masters Games ၿပိဳင္ပြဲဟာ ထိုင္ဝမ္၊ တိုင္ေပမွာ သီတင္း ႏွစ္ပတ္ၾကာ က်င္းပခဲ့ၿပီး ႏိုင္ငံေပါင္း ၁၀၇ ႏိုင္ငံမွ အားကစားသမားေပါင္း ၂၅,၉၅၀ က ပါဝင္ ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ေလးႏွစ္တစ္ႀကိမ္က်င္းပတဲ့ အဆိုပါၿပိဳင္ပြဲဟာ အသက္ ၃၀ နဲ႔ အထက္ အားကစားသမားေတြသာ ပါဝင္ ယွဥ္ၿပိဳင္ခြင့္ ရွိတာျဖစ္ပါတယ္။ ေနာက္လာမယ့္ World Masters Games ၿပိဳင္ပြဲကို ၂၀၂၇ ခုႏွစ္မွာမွ ဂ်ပန္ႏိုင္ငံမွာ ျပဳလုပ္မယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.