သဘာဝဘေးကယ်ဆယ်လိုသူများအတွက် Speed Boat မောင်း သင်တန်းကို မန္တလေးတွင် ပထမဆုံးအကြိမ် ဖွင့်လှစ် သင်ကြား

 301

ခင်လပြည့်ဝန်း (NP News) - မေ ၂၆
သဘာဝဘေးကယ်ဆယ်လိုသူများအတွက် Speed Boat မောင်း သင်တန်းကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ် အဖြစ် ဖွင့်လှစ် သင်ကြားပေးနေကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ) ထံက သိရသည်။
အဆိုပါ သင်တန်းကို မေလ ၂၅ ရက် မှ မေလ ၃၀ ရက် အထိ မန္တလေးမြို့ရှိ ကန်တော်ကြီး နှင့် ဒုဋ္ဌဝတီမြစ် အတွင်း စာတွေ့၊ လက်တွေ့ သင်ခန်းစာများဖြင့် သင်ကြားပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၏ ကယ်ဆယ်ရေးသင်တန်း (အခြေခံ) တက်ရောက်ပြီးသူများ ကိုသာ သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။
"လက်ရှိမှာ သင်တန်းသား (၄၀) ရှိတယ်။ သင်တန်းသားတွေကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးလုပ်နေတဲ့ မြို့နယ်နဲ့ တိုင်း ရုံးတွေက တစ်ဆင့်ခေါ်ယူတယ်။ သဘာဝဘေးဖြစ်လာရင် ကူညီနိုင်မယ်လူဖြစ်ဖို့တော့ လိုတာပေါ့" ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ) မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါ သင်တန်းတွင် Speed Boat မောင်းနှင်ခြင်း နှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များ၊ မောင်းနှင်ခြင်း၊ လုံခြုံရေး ဆိုင်ရာများ အပါအဝင် အခြား သင်ခန်းစာ များစွာကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
"မကြာခင် ဖြစ်ပေါ်နိုင်တဲ့ ရေကြီးရေလျှံမှုအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စနစ်တကျအကောင်အထည်ဖော်နိုင်ဖို့ စွမ်းရည်မြင့်မားတဲ့ ကယ်ဆယ်ရေးသမားတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး သင်တန်းကို ဖွင့်တာ ဖြစ်ပါတယ်" ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

Zawgyi Version:
သဘာဝေဘးကယ္ဆယ္လိုသူမ်ားအတြက္ Speed Boat ေမာင္း သင္တန္းကို မႏၲေလးတြင္ ပထမဆုံးအႀကိမ္ ဖြင့္လွစ္ သင္ၾကား
ခင္လျပည့္ဝန္း (NP News) - ေမ ၂၆
သဘာဝေဘးကယ္ဆယ္လိုသူမ်ားအတြက္ Speed Boat ေမာင္း သင္တန္းကို မႏၲေလးၿမိဳ႕တြင္ ပထမဆုံးအႀကိမ္ အျဖစ္ ဖြင့္လွစ္ သင္ၾကားေပးေနေၾကာင္း ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္းေဒသႀကီး ေကာ္မတီ) ထံက သိရသည္။
အဆိုပါ သင္တန္းကို ေမလ ၂၅ ရက္ မွ ေမလ ၃၀ ရက္ အထိ မႏၲေလးၿမိဳ႕ရွိ ကန္ေတာ္ႀကီး ႏွင့္ ဒု႒ဝတီျမစ္ အတြင္း စာေတြ႕၊ လက္ေတြ႕ သင္ခန္းစာမ်ားျဖင့္ သင္ၾကားေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။
သင္တန္းတြင္ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕၏ ကယ္ဆယ္ေရးသင္တန္း (အေျခခံ) တက္ေရာက္ၿပီးသူမ်ား ကိုသာ သင္ၾကားေပးျခင္း ျဖစ္ေၾကာင္း သိရသည္။
"လက္ရွိမွာ သင္တန္းသား (၄၀) ရွိတယ္။ သင္တန္းသားေတြကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးလုပ္ေနတဲ့ ၿမိဳ႕နယ္နဲ႔ တိုင္း ႐ုံးေတြက တစ္ဆင့္ေခၚယူတယ္။ သဘာဝေဘးျဖစ္လာရင္ ကူညီႏိုင္မယ္လူျဖစ္ဖို႔ေတာ့ လိုတာေပါ့" ဟု ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္းေဒသႀကီးေကာ္မတီ) မွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ သင္တန္းတြင္ Speed Boat ေမာင္းႏွင္ျခင္း ႏွင့္ ပတ္သက္၍ လိုက္နာရမည့္ အခ်က္မ်ား၊ ေမာင္းႏွင္ျခင္း၊ လုံၿခဳံေရး ဆိုင္ရာမ်ား အပါအဝင္ အျခား သင္ခန္းစာ မ်ားစြာကို သင္ၾကားေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
"မၾကာခင္ ျဖစ္ေပၚႏိုင္တဲ့ ေရႀကီးေရလွ်ံမႈအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ေရျပင္ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို စနစ္တက်အေကာင္အထည္ေဖာ္ႏိုင္ဖို႔ စြမ္းရည္ျမင့္မားတဲ့ ကယ္ဆယ္ေရးသမားေတြ ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ရည္႐ြယ္ၿပီး သင္တန္းကို ဖြင့္တာ ျဖစ္ပါတယ္" ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

Related news

© 2021. All rights reserved.