မြန်မာနိုင်ငံ၏ အာခိလိဖနောင့် (အပိုင်း ၅)

419

ဖြိုးဝေလင်း (ပုသိမ်) (NP News) - မေ ၃ဝ
နိုင်ငံတကာနှင့်လူမျိုးလိမ်
နိုင်ငံတကာမှ ဘင်္ဂါလီဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ်ထင်မြင်သည်မှာ IDP စခန်း များရှိ ဒုက္ခသည်များကို နေရပ်သို့ ပြန်လည် စေလွှတ်ခြင်းမရှိခြင်း၊ ဘင်္ဂါလီများ လွတ်လပ်စွာ ခရီးသွား လာခွင့်မရှိခြင်းနှင့် နိုင်ငံသားဖြစ်မှုကို ပိတ်ပင် တားဆီးလျက်ရှိသည်ဟု ထင်မြင်ယူဆလျက်ရှိပါသည်။
(၂၀၁၇) ခုနှစ် ဘင်္ဂါလီအကြမ်းဖက်ဖြစ်စဉ်မတိုင်မီ ဘင်္ဂါလီ IDP စခန်း (၂၂) ခုရှိပြီး စစ်တွေမြို့ နယ်တွင် (၁၂) ခု၊ ရသေ့တောင်မြို့နယ် (၂) ခု ၊ ပေါက်တော မြို့နယ် (၄) ခု ၊ ကျောက်တော် မြို့နယ် (၁) ခု၊ လူဦးရေ (၅၀ဝ) ခန့်၊ မြေပုံမြို့နယ် (၁) ခု ၊ လူဦးရေ (၃၀ဝဝ) ခန့်၊ ကျောက်ဖြူ မြို့နယ် (၁) ခု ၊ လူဦးရေ (၁၂၀ဝ) ခန့်၊ ရမ်းဗြဲမြို့နယ် (၁) ခု တို့ဖြစ်ပါသည်။ ထိုစခန်း (၂၂) ခုတွင် ဘင်္ဂါလီ (၁) သိန်းခန့် နေထိုင်ကြ ပါသည်။ ထို ဘင်္ဂါလီ (၁)သိန်းကို ထောက်ပံ့ရန် နိုင်ငံတကာအဖွဲ့အစည်းများစွာရှိပါသည်။ (၂၀၁၆) ခုနှစ် ဒီဇင်ဘာလအတွင်း စာရင်းများအရ စစ်တွေမြို့တွင် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း (၁၂) ခု။ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီရုံးခွဲ (၁) ခု၊ NGO အဖွဲ့အစည်း (၁၇) ခုရှိပါသည်။ မောင်တောမြို့တွင် ကုလသမဂ္ဂလက် အောက်ခံ အဖွဲ့အစည်း (၃) ခု၊ NGO အဖွဲ့အစည်း (၇) ခု ရှိပါသည်။ ဘူးသီးတောင် မြို့ တွင် NGO အဖွဲ့အစည်း (၅) ခုရှိပါသည်။ အဆိုပါ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် အခြေစိုက် UN နှင့် နိုင်ငံတကာ NGO အဖွဲ့အားလုံးသည် လက်ရှိအချိန်တွင် ခိုးဝင်ဘင်္ဂါလီများကို အဓိက ကူညီ ထောက်ပံ့ပေးနေသည့် အဖွဲ့များဖြစ်သည်။ သူတို့ကူညီသည်မှာ IDP စခန်းမှလူများသာမက ကျန် ဘင်္ဂါလီအားလုံးကိုပါ ကူညီပေးနေသည်ကို တွေ့ရသည်။ အစာရိက္ခာ ဆေးဝါးအဝတ်အစားမှစ၍ ထောက်ပံ့ပေးမှုများစွာ ဆောင်ရွက်ကြသည်။ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်နှင့်ပင် တစ်နှစ်လျှင် ဆန်တန်ချိန် (၆၀ဝဝ) မှ (၁၀ဝဝဝ) ကြားကို (၂၀၁၂) ခုနှစ်မှစ၍ ဘင်္ဂါလီများအား ဖြန့်ဖြူးထောက်ပံ့ သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီ ဒုက္ခသည်များကို UN နှင့် နိုင်ငံတကာ NGO များ၏ ကူညီမှုသည် သာမန်ဒုက္ခသည်ကူညီမှုထက်ပိုသော အဓိပ္ပာယ် ဆောင်နေသည်ဟု ဆိုရပါ မည်။ (၂၀၁၂) ခုနှစ်မှ (၂၀၁၆) ခုနှစ် မတ်လအထိ ဘင်္ဂါလီတစ်ဦးချင်းစီအတွက် တစ်လလျှင် (၁၂ ဒဿမ ၅) ဒေါ်လာနှင့် ညီမျှသည့် စားနပ်ရိက္ခာပြေစာများထောက်ပံ့ခဲ့ပါသည်။ (၂၀၁၆) ဧပြီလမှစ၍ (၁၂ ဒသမ ၅၀) ဒေါ်လာမှ (၆) ဒေါ်လာသို့ လျှော့ချခဲ့ပါသည်။ (၂၀၁၂) ဘင်္ဂါလီအကြမ်းဖက်မှုတွင် မောင်တောခရိုင် အတွင်း မီးရှို့ဖျက်ဆီးခံရသည်မှာ ရခိုင်တိုင်းရင်းသားရွာများနှင့် ဘုန်းကြီးကျောင်းများဖြစ်သည်။ မောင် တော အနီးရှိ ဝေသာလီ၊ ရွှေရင်အေး၊ ဗောဓိကုန်း၊ ခရေမြိုင်၊ ကင်းချောင်း၊ ရွှေဗဟို၊ သရေကုန်းပေါ်၊ ကိုင်း ကြီး၊ မောရဝတီ၊ ဥဒေါင်းစသည့် ရွာ (၁၀) ရွာခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ သို့သော် ထိုရွာများသို့ UN နှင့် နိုင်ငံတကာ NGO များ၏ အကူအညီ အနည်းငယ်သာရခဲ့ပြီး အစိုးရအုပ်ချုပ်ရေးပိုင်းကသာ အဓိက ကူညီ ပေးခဲ့ရသည်။ (၂၀၁၂) ခုနှစ် အရေးအခင်းအတွင်း ဖျက်ဆီးခံရသော ဘင်္ဂါလီရွာ မရှိပါ။ ထို IDP စခန်း များတွင်နေထိုင်သော ဘင်္ဂါလီများ သည် အလုပ်လုပ်ကိုင်လိုစိတ်မရှိတော့ဘဲ နိုင်ငံတကာအထောက်အပံ့ များကို ထာဝရမှီခိုစားသောက် လိုစိတ်ဖြစ်ပေါ်နေသကဲ့သို့ ထောက်ပံ့ရေးအဖွဲ့ အစည်းများမှ ဝန်ထမ်းများ မှလည်း IDP စခန်းများ ပိတ်သိမ်းလျှင် ゞင်းတို့ရရှိမည့်အကျိုးအမြတ်များ လျော့ပါးသွားမည်ကို စိုးရိမ် သဖြင့် နိုင်ငံတော်မှ ပြန်လည်နေရာချထားမည်ပြုသည့် အကြိမ်တိုင်းတွင် အကြောင်းအမျိုးမျိုးပြ ငြင်း ဆန်လျက်ရှိပါသည်။
နိုင်ငံတစ်နိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်သည် ဥပဒေအရ မှတ်ပုံတင်ထားသူသာရရှိနိုင် မည်ဖြစ်ပြီး မည်သည့်နိုင်ငံတွင်မှ အထောက်အထားမဲ့ လူပုဂ္ဂိုလ်များ ရွှေ့ပြောင်းသွားလာခွင့်မရှိပါ။ နိုင်ငံ သားဖြစ်မှုအတွက် လိုအပ်သော အထောက်အထားပြသမှုနှင့် လိုအပ်သည့် အစစ်ဆေးခံမှု မဖြစ်မနေ လိုအပ်သည်။ မြန်မာနိုင်ငံတိုင်းရင်းသား များဖြစ်ကြသည့် ရခိုင်ဖြစ်စေ၊ ကရင်ဖြစ်စေ၊ ရှမ်း ဖြစ်စေ၊ ကချင် ဖြစ်စေ၊ ဗမာဖြစ်စေ နိုင်ငံသား သက်သေခံလက်မှတ်အတွက် လိုအပ်သည့်အထောက်အထား စာရွက် စာတမ်းများ အစစ်ဆေးခံရန် လိုအပ် ပေသည်။ မည်သူမဆို အဆိုပါအထောက်အထားများကို တင်ပြ လျှောက်ထားရသည်သာ ဖြစ်သည်။ နိုင်ငံတော်အစိုးရမှ ဘင်္ဂါလီများအပေါ် နိုင်ငံသားစိစစ်မှု မလုပ်ဟူ၍ ငြင်းပယ်ထားသည်မဟုတ်ပေ။ (၂၀၁၄) ခုနှစ် သန်းခေါင်စာရင်းကောက်ယူစဉ် ကာလကတည်းက ဘင်္ဂါလီများဘက်က ပူးပေါင်းဆောင်ရွက်ရန် အားနည်းခဲ့သည်။ ထို့ပြင်နိုင်ငံသား လျှောက်ထားမှုအား အစိုးရဘက်မှ လမ်းဖွင့်ပေးထားခဲ့သည်။ သို့သော် မြို့နယ်တိုင်း၌ လာရောက် လျှောက်ထားသူ နည်းပါးခဲ့ သည်။ အများစုမှာ လာရောက် လျှောက်ထားခြင်းမရှိပါ။ ဤသို့ လျှောက်ထားခြင်း မပြုသည်မှာ ပြည့်စုံ သော အထောက်အထား မရှိသူက အများစုဖြစ်နေခြင်းကြောင့်ဟု သုံးသပ်ရ သည်။ မည်သည့်နိုင်ငံတွင်မျှ အထောက်အထားမဲ့ နေသည့် လူ (၁)သိန်းကျော်ကို နိုင်ငံသားဖြစ်ခွင့် ပေးခဲ့ခြင်း မရှိပါ။ နိုင်ငံသားကတ် မရှိ၍ ခရီးသွားခွင့် ကန့်သတ်ခံထားရသော ဘင်္ဂါလီများသည် မြန်မာပြည်တွင်းသို့ သွားလာခွင့်မရှိသော် လည်း ရခိုင်မြောက်ပိုင်းဒေသနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ အတားအဆီးမရှိ ဖြတ်သန်းသွားလာ၍ ကူးသန်း ရောင်းဝယ်လျက်ရှိကြပါသည်။ ထို့ကြောင့် နိုင်ငံတကာမှ ထင်မြင်သလို ဘင်္ဂါလီများသည် လူ့အခွင့် အ ရေးများ ဆုံးရှုံးနေခြင်းမဟုတ်ဘဲ အမှန်တကယ်ဆုံးရှုံးနေသည်မှာ ဒေသခံတိုင်းရင်းသားများပင် ဖြစ်ပါသည်။
မြန်မာ့လူငယ်ခေါင်းဆောင်များသို့
လူမျိုးလိမ်အရေးဆောင်ရွက်နေသူတို့ သည် ၎င်းတို့၏ လူငယ်မျိုးဆက်များကို လူမျိုးလိမ် အရေး နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်နိုင်ရန် မွေးထုတ်လျက်ရှိပါသည်။ ထိုမျိုးဆက်သစ်များသည် နိုင်ငံ တကာစင်မြင့်ပေါ်တွင်ဆွေးနွေးခြင်း၊ နိုင်ငံတကာ အတွေ့အကြုံများရယူခြင်း၊ ပညာရပ်များကို တိုးတက် မြင့်မားအောင်ဆောင်ရွက်နေခြင်းတို့ ပြုလုပ်နေကြပါသည်။ မြန်မာနိုင်ငံတွင် ထိုသူတို့ကို တန် ပြန်နိုင် မည့်လူငယ်မျိုးဆက်များကို မည်သည့်အစိုးရ၊ မည်သည့် ပါတီ၊ မည်သည့်အဖွဲ့အစည်းများမှ မွေးမြူ ထားခြင်းမရှိပါ။ ပြဿနာဖြစ်မှသာ စီတန်းဆန္ဒပြခြင်း၊ ကွင်းပြင်ကျယ်တွင် အာပေါင်အာရင်းသန်သန် ဟောပြောခြင်းများသာ ပြုလုပ်နိုင်သည်ကို စိတ်မ ကောင်းဖွယ်တွေ့ရပါသည်။ ထို့ကြောင့် နိုင်ငံတော်ဖြစ် စေ၊ ပါတီအသင်းအဖွဲ့ဖြစ်စေ၊ လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ ဘင်္ဂါလီအရေးသည် တာဝန်ရှိသူ အစိုးရနှင့် သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ တစ်မျိုးသား လုံးနှင့်သက်ဆိုင်သည့် ပြဿနာအဖြစ်ရှုမြင်ရန် လိုအပ်ပါ သည်။ မြန်မာနိုင်ငံ၏ အာခိလိဖနောင့်ကို ကာကွယ်နိုင်ရန် အောက်ပါအကြံပြုချက်အချို့ကို တင်ပြလိုပါသည်။
၁။ မြန်မာနိုင်ငံအား ဦးဆောင်မည့်ပုဂ္ဂိုလ်တို့ သည် Strong decision ချမှတ်နိုင်သည့် Strong Leader ဖြစ်ရန်လိုအပ်ပါသည်။ အိုင်စီဂျေ၊ အိုင်စီစီ စသည့်အဖွဲ့များနှင့် နိုင်ငံတကာမှ ဖိအားပေး မှုများကို ခံနိုင်ရည်ရှိပြီး နိုင်ငံအတွက် အကြောက်အလန့်မရှိ ဆောင်ရွက်နိုင်သည့် ခေါင်းဆောင်မျိုး လို အပ်ပါသည်။
၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်နေသည့် (၂၇၁) ကီလိုမီတာ (၁၆၈.၄ မိုင်) ကို စနစ်တကျ စောင့်ကြည့်ကာကွယ်ရန်လိုအပ်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တရားဥပဒေစိုးမိုးရန် ဆောင်ရွက် ရပါမည်။ ထိုဒေသတွင် တာဝန်ထမ်းဆောင်နေသူများထဲမှ နိုင်ငံတကာဖိအားကို ကြောက်ရွံ့နေသော လူ များနှင့် အဂတိဝန်ထမ်းများကို ဖယ်ရှားရပါမည်။
၃။ ဘင်္ဂါလီတို့သည် အကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်ရာတွင် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်း တိုက်ခိုက်သည်ဆိုခြင်းထက် ကျေးရွာလူအုပ်စုများအား စည်းရုံး၍ လူထုကိုအသုံးပြု၍တိုက်ခိုက်သည်ကို တွေ့ရသည်။ ထို့ကြောင့် ထိုဒေသအတွင်း ထောက် လှမ်းရေးကွန်ရက်အားကောင်းရန်လိုအပ်ပါသည်။ IDP စခန်းများတွင် စိမ့်ဝင်နေသော အကြမ်းဖက်များ ကိုဖော်ထုတ်နိုင်ရန် လိုအပ်ပါသည်။ ဖော်ထုတ်ရရှိမှု များကိုလည်း နိုင်ငံတကာသိအောင် ဆောင်ရွက်ရပါမည်။
၄။ ဘင်္ဂါလီများ၏ လှုပ်ရှားမှုများနောက်တွင် နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများရှိ ကြောင်း နိုင်ငံတကာအား သက်သေနှင့်တကွချပြနိုင်ရေး ဆောင်ရွက်ရပါမည်။
၅။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှ ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့စီးဝင်နေသည့် မူးယစ်ဆေးဝါး တင်သွင်းရောင်းဝယ်မှုကိုဦးတည်၍ မူးယစ်ဆေးဝါးကိုအကြောင်းပြုသော စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲ၍ တည်ငြိမ်အေးချမ်းမှု ပြန်လည်တည် ဆောက်သင့်သည်။
၆။ နိုင်ငံသားပြုခွင့်ကို စနစ်တကျစိစစ်ပြီး နိုင်ငံသားစိစစ်ရေးစံနှုန်းတွင် မြန်မာဘာသာ စကားတတ်မြောက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှု ဆိုင်ရာဥပဒေ၊ ဓလေ့ထုံးတမ်းဥပဒေများကို နားလည်မှုတို့ကို စစ်ဆေးသည့်အဆင့်ကို ထည့်သွင်းရပါမည်။
၇။ နိုင်ငံတကာမှပညာရှင်များသည် အချက် အလက်များကိုးကားသောအခါ သတင်းဌာန များ၊ လူမှုမီဒီယာမှ စကားလုံးများ၊ အကြောင်းအရာများကို ကိုးကားလေ့မရှိပါ။ အထောက်အထား ခိုင်မာ သည့် အစိုးရ၏ သတင်းအချက်အလက်များကို အားကိုးသည်ဖြစ်ရာ အစိုးရဝန်ကြီးဌာနများ၊ အစိုးရ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများတွင် ခိုးဝင်ဘင်္ဂါလီနှင့်ပတ်သက်၍ သီးခြား category တစ်ခုအနေဖြင့်ထားရှိပြီး နိုင်ငံခြားသားများလေ့လာနိုင်သည့် ခိုင်မာသည့် သတင်းအရင်းအမြစ်များ ဖြစ်အောင်ဆောင်ရွက်ရပါမည်။
၈။ သမိုင်းအစစ်အမှန်ဖြစ်သော မြန်မာ့မြေ ပေါ်တွင် ခိုးဝင်ဘင်္ဂါလီတို့သည် တိုင်းရင်းသား အဖြစ် မရှိခဲ့ကြောင်းနှင့် လူမျိုးလိမ်ဇာတ်လမ်းမှာ အလိမ် အညာသာဖြစ်ကြောင်းကို စာတမ်းပြုစု ရေး သား၍ နိုင်ငံတကာ တက္ကသိုလ်များတွင် စာတမ်းဖတ်ကြား၍ ဘွဲ့များရယူခြင်း၊ စာတမ်းဖတ်ပွဲများတွင် ဝင်ရောက် ဖတ်ကြားခြင်း၊ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများကို အနည်းဆုံး (၁) နှစ်လျှင် (၁) ကြိမ် ပြု လုပ်ရမည်။ မြန်မာနိုင်ငံတွင် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် (၃၆) ခုရှိပါ သည်။ တက္ကသိုလ်တစ်ခုချင်းစီမှ (၁) နှစ် လျှင် လူမျိုးလိမ်ဇာတ်လမ်းကိုချေပသည့် စာတမ်း (၂) စောင်ထွက်လျှင် နှစ်စဉ်နှစ်တိုင်း အထောက် အထား ခိုင်မာသည့် စာတမ်း (၇၂) စောင် ရရှိမည်ဖြစ်ပါသည်။ ထိုစာတမ်းများကို ပညာရေးဆိုင်ရာ website များဖြစ်သော Science Direct, Research Gate, Elsevier, Orcid စသကဲ့သို့ website များပေါ် ထားရှိ၍ နိုင်ငံတကာမှပညာရှင်များ မှန်ကန်သော အချက်များကို ရှာဖွေနိုင်ရန် ဆောင်ရွက်ရပါမည်။ ထိုစာတမ်းရေးသားသည့် လူငယ်များသည်လည်း လူမျိုးလိမ်ဇာတ်လမ်းမှ အချက်အလက်များကို သိရှိ သွားပြီး နိုင်ငံတကာနှင့် ပြည်တွင်းတွင် လူမျိုး လိမ်ဇာတ်လမ်းကို ချေဖျက်နိုင်သည့် မျိုးဆက်များ အဖြစ်အသွင်ကူးပြောင်းသွားမည်ဖြစ်ပါသည်။ အစိုးရမှ ပြည်သူတစ်ဦးချင်းစီတိုင်းကို လိုက်လံရှင်း လင်းပြသရန်မလိုအပ်ဘဲ ထိုလူငယ်တို့က မိမိပတ်ဝန်းကျင်ရှိ အခြားသူများကို ဝေငှပေးခြင်းဖြင့် တစ် နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူမျိုးလိမ်တို့၏ လှည့်ဖြားမှုဒဏ်ကို ကာကွယ်နိုင်မည်ဖြစ်သည်။
၉။ ပြည်ပရောက်မြန်မာနိုင်ငံသားတို့အပေါ် လိမ်လည်နေသည့် ဘင်္ဂါလီလူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများကို ပြည်ပရောက်နိုင်ငံသားတို့မှ အချက် အလက်ကျကျ ထောက်ပြနိုင်ရန်အတွက် မြန်မာ နိုင်ငံ သားအများအပြားရှိသည့် ပြည်ပနိုင်ငံများတွင် စာပေဟောပြောပွဲများကျင်းပ၍ သမိုင်းအမှန်ကို ဟောပြောခြင်း၊ စာအုပ်စာစောင်များလွယ်ကူစွာဖတ်ရှုနိုင်စေရန် ဆောင်ရွက်ခြင်းမျိုးများ ဆောင်ရွက် ရပါသည်။
၁၀။ ထို့ပြင် လူမျိုးလိမ်တို့၏ ဒေသခံများအပေါ် အကြမ်းဖက်မှုများကို ပြည်သူများကြည့်ရှု လေ့လာနိုင်စေရန် ပြတိုက်များဖွင့်လှစ်ရပါမည်။ နိုင်ငံ တကာမှ အမုန်းတရားဖြန့်ချိနေသည်ဟု ကန့်ကွက် မလာစေရန် ပြတိုက်အမည်များ၊ ပြတိုက်တွင် ခင်းကျင်းပြသမည့် အချက်အလက်များကို လိမ္မာပါးနပ်စွာ ဆောင်ရွက်သင့်ပါသည်။ ဥပမာ - ရခိုင်တိုင်းရင်းသားတို့၏ဝတ်စားဆင်ယင်မှုပြတိုက်တွင် မည်သည့် ခုနှစ်တွင် ဘင်္ဂါလီတို့မှ ရခိုင်တိုင်းရင်းသား အဝတ်အစားဝတ်ဆင်သည့်သူများကို အကြမ်းဖက် သတ် ဖြတ်ခဲ့မှုများရှိခဲ့ကြောင်း၊ ရခိုင်တိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ရမည်ကိုပင် ကြောက်ရွံ့ခဲ့ရကြောင်း စသဖြင့် လာရောက်ကြည့်ရှုသူတို့ကို ခိုးဝင်ဘင်္ဂါလီများ၏အကြမ်းဖက်မှုများကို လစ်ဟပြဖို့ လိုအပ်ပါ သည်။
၁၁။ လူမျိုးလိမ်ပြဿနာသည် ဤမျှကြီးလာ သည်မှာ နိုင်ငံရေးသားများ၊ နိုင်ငံဦးဆောင်သူ များ၏ ကိုယ်ကျိုးရှာ ဆောင်ရွက်မှုများကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် မိမိ အာဏာရရေး၊ မိမိတို့ ပါတီ၊ မိမိတို့အဖွဲ့အစည်း ကောင်းစားရေး ရှေးရှုမ ဆောင်ရွက်သင့်ပါ။ ထိုကဲ့သို့ ဆောင်ရွက်ခဲ့သူ များကို ပြည်သူများမှ မှတ်တမ်းတင်ခြင်း၊ သမိုင်းမှတ်တမ်း စာအုပ်ရေးသားခြင်း၊ အခွင့်အရေးရရှိပါက သမိုင်း မှတ်တမ်းပြတိုက်များ ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်သွားသင့်ပါသည်။
၁၂။ လူမျိုးလိမ်ပြဿနာနှင့်ပတ်သက်လျှင် အစိုးရတွင်သာတာဝန်ရှိသည်မဟုတ်ဘဲ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူ တစ်ဦးချင်းစီကလည်း တာဝန်သိစွာ ချေပရမည်ဖြစ် သည်။ အမျိုးသားရေးတာဝန်အဖြစ်ဆောင်ရွက်ရပါမည်။ နိုင်ငံတော်မှလည်း အမျိုးသားအဆင့် Campaign လုပ်ရမည်ဖြစ်သည်။
၁၃။ နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီ၊ လူမှု အဖွဲ့အစည်းများ၊ မီဒီယာများမှ လူမျိုးလိမ်တို့ကို တန်ပြန်နိုင်မည့် လူငယ်မျိုးဆက်များကို စတင် မွေးမြူရပါမည်။ ပါတီတိုင်း၏ လူငယ်အဖွဲ့များတွင် လူမျိုးလိမ်နှင့်ပတ်သက်၍ အထူးကျွမ်းကျင်သူများ မွေးထုတ်နိုင်ရန် ဆောင်ရွက်ရပါမည်။
၁၄။ နိုင်ငံတကာတွင် ဘင်္ဂါလီမွတ်စလင်များ၏ အတုအယောင် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များဖြင့် လုပ်ကြံဝါဒဖြန့်မှုများကို ပြန်လည် မှန်ကန်စွာ တုံ့ပြန်နိုင်ရန်အတွက် အစိုးရသတင်းဌာနတစ်ခုနှင့် မလုံလောက်ပေ။ တောင့်တင်း ခိုင်မာအားကောင်း သည့် မီဒီယာတစ်ရပ်လိုအပ်သည်။ ထိုကဲ့သို့ ဖြစ်ပေါ် လာစေရေး အစိုးရမှကူညီဆောင်ရွက်ရမည်။
၁၅။ လူမျိုးလိမ်တို့သည် မီဒီယာလောက ကိုသာမက ပညာရပ်လောကမှ သုတေသီများကို စည်းရုံးထားသည်ကို မိမိဘက်မှတန်ပြန်စည်းရုံး ရမည်။ အမှန်တရားဘက်မှပါဝင်လာမည့် နိုင်ငံတကာ သမိုင်းပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသူ များ၊ အထင်ကရပုဂ္ဂိုလ်များကို စည်းရုံးရမည်။
၁၆။ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်နေ သည့် ကုလားတန်မြစ်စီမံကိန်း၊ ကျောက်ဖြူရေ နက် စီမံကိန်းများ တည်ဆောက်ပြီးစီးပါက ဖြစ်ပေါ်လာမည့် အလုပ်အကိုင်အခွင့်အလမ်းများကို ခွဲဝေ ရာတွင် စနစ် တကျစီမံခန့်ခွဲရန်လိုအပ်ပါသည်။ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများသည် ဈေးပေါသော ခိုးဝင် ဘင်္ဂါလီများကို ခန့်အပ်တာဝန်ပေးခြင်းနှင့် မျှတမှုမရှိသော အလုပ် နေရာချထားမှုများကို မဖြစ်ပေါ်စေရန် ကုမ္ပဏီများ လိုက်နာရန် စည်းမျဉ်း၊ စည်းကမ်းများ ကြိုတင် ပြင်ဆင်ထားရသည်။
၁၇။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူဦးရေ တိုးပွား ခြင်းသည် ထိုဒေသတွင်းရှိ လူ့အဖွဲ့အစည်း ဟန်ချက် ပျက်နိုင်သဖြင့် ရခိုင်သို့ ဘင်္ဂါလီများခိုးဝင်မှု ထိန်း ချုပ်ရန်၊ ဘင်္ဂါလီမွတ်စလင်များ ဇနီးအများ အပြား ယူသည့်စနစ်နှင့် သားသမီး အကန့်အသတ်မရှိ မွေးဖွားမှုတို့နှင့် ပတ်သက်၍ ထိန်းချုပ်ရန် စနစ်တ ကျ ဆောင်ရွက်သင့်သည်။ သားဆက်ခြားစနစ်များ၊ တစ် လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ကို တိကျစွာကျင့်သုံးခြင်း၊ မိသားစုစီမံခန့်ခွဲမှုဆိုင်ရာ ပညာပေးခြင်း (Family Planning Education)၊ အရွယ်မရောက်သူများကို အိမ်ထောင်ချထားခြင်းမှ တားဆီးကာကွယ်ခြင်း စသည်တို့ ဆောင်ရွက်နိုင် ပါသည်။
၁၈။ IDP စခန်းများနှင့် အနီးတစ်ဝိုက်တွင် သို့မဟုတ် ရွှေ့ပြောင်းနေရာချထားလိုသည့်နေရာ တွင် အထည်ချုပ်စက်ရုံများထူထောင်၍ နိုင်ငံသား ပြုဆဲ ဘင်္ဂါလီများနှင့် စိစစ်ဆဲ ဘင်္ဂါလီများအတွက် အလုပ်အကိုင်ဖန်တီးပေးသင့်ပါသည်။ အထည်ချုပ် စက်ရုံများသည် အမျိုးသမီးအများစုလုပ်ကိုင်သည့် အလုပ်ဖြစ်သဖြင့် ခိုးဝင်ဘင်္ဂါလီတို့၏ လူဦးရေ အဆမတန်တိုးပွားမှုကို ထိန်းချုပ်နိုင်သလို အမျိုးသမီးများ ကိုစုစည်းစေခြင်းဖြင့် ဖိုဝါဒကြီးစိုးထားသည့်အခြေအနေကို ထိန်းကျောင်းသကဲ့သို့ဖြစ်သွားပါမည်။
၁၉။ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီတို့မှာ သမိုင်းအစဉ်အဆက် ရန်သူသဖွယ် သဘောထားဆက်ဆံရေးရှိသဖြင့် ကိုယ်ကျိုးရှာနိုင်ငံ ရေးသမားများ၊ အကြမ်းဖက်လက်နက်ကိုင်ခေါင်း ဆောင်များကြောင့် ပဋိပက္ခသည် အချိန်မရွေးဖြစ်ပွား လာနိုင်ပါသည်။ ထို့ကြောင့် ထိုဒေသအတွင်း သမိုင်းဆိုင်ရာ မကျေလည်မှုများရှိသည့် လူအုပ်စု (၂) စု၏ ထိပ်တိုက်ရင်ဆိုင်မှုများကိုရှောင်ရှားနိုင်ရန်နှင့် ထိန်းကျောင်းနိုင်ရန် ရခိုင်ဒေသအတွင်း ချင်း၊ ဒိုင်းနက်၊ မြို၊ မရမာကြီး၊ ခမီ၊ သက်စသော အခြားသော လူမျိုးစုများကို လူဦးရေ မြင့်မားတိုးတက်စေရန်စီမံပေး ခြင်း၊ အခြားတိုင်းရင်းသားများ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့အခြေချလာနိုင်ရန် အခြေအနေကောင်း များ ဖန်တီးပေးခြင်းမျိုးလုပ်ဆောင်သင့်ပါသည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် နတလ ကျေးရွာများကဲ့သို့မဖြစ်အောင်ဆောင်ရွက်ရပါမည်။ အတင်းအကြပ် ရွှေ့ပြောင်းစေခြင်းမဟုတ်ဘဲ မိမိဆန္ဒအရရွှေ့ပြောင်းလာနိုင်အောင်ဆောင်ရွက်ရပါမည်။
၂၀။ လူမျိုးလိမ်များကို စိစစ်လက်ခံ၍ နေရာပြန် လည်ချထားရာတွင် လူမျိုးစုတခုတည်း အား ကောင်းမလာစေရန် ပြန်လည်နေရာချထားမည့် ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်သည့် လူဦးရေ များ အား အချိုးကျစနစ်ဖြင့် နေရာချထားသင့်ပါသည်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံ Housing & Develop- ment Board (HDB) မှ ဆောင်ရွက်သည့် တိုက်ခန်းများတွင် နေရာချထားသည့် လူမျိုးစုပေါင်းစည်းရေး မူဝါဒ Ethnic Integration Policy (EIP) မျိုး ကဲ့သို့ ကျင့်သုံးသင့်ပါသည်။
နိဂုံး
မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် ဖြေရှင်းရမည့်ပြဿနာများစွာရှိသော်လည်း ခိုးဝင် ဘင်္ဂါလီ ပြဿနာသည် မြန်မာနိုင်ငံအတွက် နိုင်ငံ တကာမျက်နှာစာတွင် အဓိကအားနည်းချက် (Achilles heel) အဖြစ်ထင်ရှားလျက်ရှိနေပါသည်။ ဘင်္ဂါလီအရေးကိုအကြောင်းပြု၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ စီးပွား ရေးပိတ်ဆို့မှုများ၊ သံတမန် ရေးရာဖယ်ကြဉ်မှုများနှင့် ဖိအားပေးမှုများဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေလျက်ရှိပါသည်။ ဤပြဿနာသည် နိုင်ငံတော်၏ နိုင်ငံ တကာ ဆက်ဆံရေး၊ လုံခြုံရေး၊ ပြည်တွင်းနိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး များကိုပါ ကျယ်ပြန့်စွာ သက်ရောက်မှုရှိ နေပါသည်။ အာရပ်နှင့် ကုလားအုတ်ပုံပြင်ကဲ့သို့ပင် နှာခေါင်းလေး ဝင်ပါရစေဦး၊ ခြေထောက်လေးဝင်ပါရစေဦးနှင့် တစ်ကိုယ်လုံးဝင်ရောက်လာသော ကုလားအုတ်ကြောင့် တဲပိုင်ရှင် အာရပ်မထွက်ပြေးရအောင် လူမျိုး လိမ်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ဆောင်ရွက်ချက်တိုင်း၊ ဆောင်ရွက်သူတိုင်းကို နိုင်ငံသားအားလုံး တို့မှ ထိထိရောက်ရောက် တုံ့ပြန်ရပါမည်။ နိုင်ငံသား အားလုံး ၏ စည်းလုံးမှုသည် မြန်မာနိုင်ငံ၏ အားနည်းချက်ကို ကာကွယ်ရာတွင် အဓိကသော့ချက်ဖြစ်ပြီး နိုင်ငံသားအားလုံး၏ စည်းလုံးညီညာမှုစွမ်းအားဖြင့် မြန်မာနိုင်ငံ၏ အာခိလိဖနောင့်ကို ကာကွယ်နိုင်ပါစေကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
zawgyi version
ျမန္မာႏိုင္ငံ၏ အာခိလိဖေနာင့္ (အပိုင္း ၅)
ၿဖိဳးေဝလင္း (ပုသိမ္) (NP News) - ေမ ၃ဝ
ႏိုင္ငံတကာႏွင့္လူမ်ိဳးလိမ္
ႏိုင္ငံတကာမွ ဘဂၤါလီျဖစ္ရပ္ႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအေပၚထင္ျမင္သည္မွာ IDP စခန္း မ်ားရွိ ဒုကၡသည္မ်ားကို ေနရပ္သို႔ ျပန္လည္ ေစလႊတ္ျခင္းမရွိျခင္း၊ ဘဂၤါလီမ်ား လြတ္လပ္စြာ ခရီးသြား လာခြင့္မရွိျခင္းႏွင့္ ႏိုင္ငံသားျဖစ္မႈကို ပိတ္ပင္ တားဆီးလ်က္ရွိသည္ဟု ထင္ျမင္ယူဆလ်က္ရွိပါသည္။
(၂၀၁၇) ခုႏွစ္ ဘဂၤါလီအၾကမ္းဖက္ျဖစ္စဥ္မတိုင္မီ ဘဂၤါလီ IDP စခန္း (၂၂) ခုရွိၿပီး စစ္ေတြၿမိဳ႕ နယ္တြင္ (၁၂) ခု၊ ရေသ့ေတာင္ၿမိဳ႕နယ္ (၂) ခု ၊ ေပါက္ေတာ ၿမိဳ႕နယ္ (၄) ခု ၊ ေက်ာက္ေတာ္ ၿမိဳ႕နယ္ (၁) ခု၊ လူဦးေရ (၅၀ဝ) ခန႔္၊ ေျမပုံၿမိဳ႕နယ္ (၁) ခု ၊ လူဦးေရ (၃၀ဝဝ) ခန႔္၊ ေက်ာက္ျဖဴ ၿမိဳ႕နယ္ (၁) ခု ၊ လူဦးေရ (၁၂၀ဝ) ခန႔္၊ ရမ္းၿဗဲၿမိဳ႕နယ္ (၁) ခု တို႔ျဖစ္ပါသည္။ ထိုစခန္း (၂၂) ခုတြင္ ဘဂၤါလီ (၁) သိန္းခန႔္ ေနထိုင္ၾက ပါသည္။ ထို ဘဂၤါလီ (၁)သိန္းကို ေထာက္ပံ့ရန္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားစြာရွိပါသည္။ (၂၀၁၆) ခုႏွစ္ ဒီဇင္ဘာလအတြင္း စာရင္းမ်ားအရ စစ္ေတြၿမိဳ႕တြင္ ကုလသမဂၢလက္ေအာက္ခံ အဖြဲ႕အစည္း (၁၂) ခု။ ႏိုင္ငံတကာ ၾကက္ေျခနီ ေကာ္မတီ႐ုံးခြဲ (၁) ခု၊ NGO အဖြဲ႕အစည္း (၁၇) ခုရွိပါသည္။ ေမာင္ေတာၿမိဳ႕တြင္ ကုလသမဂၢလက္ ေအာက္ခံ အဖြဲ႕အစည္း (၃) ခု၊ NGO အဖြဲ႕အစည္း (၇) ခု ရွိပါသည္။ ဘူးသီးေတာင္ ၿမိဳ႕ တြင္ NGO အဖြဲ႕အစည္း (၅) ခုရွိပါသည္။ အဆိုပါ စစ္ေတြ၊ ေမာင္ေတာ၊ ဘူးသီးေတာင္ အေျခစိုက္ UN ႏွင့္ ႏိုင္ငံတကာ NGO အဖြဲ႕အားလုံးသည္ လက္ရွိအခ်ိန္တြင္ ခိုးဝင္ဘဂၤါလီမ်ားကို အဓိက ကူညီ ေထာက္ပံ့ေပးေနသည့္ အဖြဲ႕မ်ားျဖစ္သည္။ သူတို႔ကူညီသည္မွာ IDP စခန္းမွလူမ်ားသာမက က်န္ ဘဂၤါလီအားလုံးကိုပါ ကူညီေပးေနသည္ကို ေတြ႕ရသည္။ အစာရိကၡာ ေဆးဝါးအဝတ္အစားမွစ၍ ေထာက္ပံ့ေပးမႈမ်ားစြာ ေဆာင္႐ြက္ၾကသည္။ WFP ကမာၻ႔ စားနပ္ရိကၡာ အစီအစဥ္ႏွင့္ပင္ တစ္ႏွစ္လွ်င္ ဆန္တန္ခ်ိန္ (၆၀ဝဝ) မွ (၁၀ဝဝဝ) ၾကားကို (၂၀၁၂) ခုႏွစ္မွစ၍ ဘဂၤါလီမ်ားအား ျဖန႔္ျဖဴးေထာက္ပံ့ သည္ကို ေတြ႕ရွိရသည္။ ထို႔ေၾကာင့္ ရခိုင္ျပည္နယ္တြင္းရွိ ဘဂၤါလီ ဒုကၡသည္မ်ားကို UN ႏွင့္ ႏိုင္ငံတကာ NGO မ်ား၏ ကူညီမႈသည္ သာမန္ဒုကၡသည္ကူညီမႈထက္ပိုေသာ အဓိပၸာယ္ ေဆာင္ေနသည္ဟု ဆိုရပါ မည္။ (၂၀၁၂) ခုႏွစ္မွ (၂၀၁၆) ခုႏွစ္ မတ္လအထိ ဘဂၤါလီတစ္ဦးခ်င္းစီအတြက္ တစ္လလွ်င္ (၁၂ ဒႆမ ၅) ေဒၚလာႏွင့္ ညီမွ်သည့္ စားနပ္ရိကၡာေျပစာမ်ားေထာက္ပံ့ခဲ့ပါသည္။ (၂၀၁၆) ဧၿပီလမွစ၍ (၁၂ ဒသမ ၅၀) ေဒၚလာမွ (၆) ေဒၚလာသို႔ ေလွ်ာ့ခ်ခဲ့ပါသည္။ (၂၀၁၂) ဘဂၤါလီအၾကမ္းဖက္မႈတြင္ ေမာင္ေတာခ႐ိုင္ အတြင္း မီးရႈိ႕ဖ်က္ဆီးခံရသည္မွာ ရခိုင္တိုင္းရင္းသား႐ြာမ်ားႏွင့္ ဘုန္းႀကီးေက်ာင္းမ်ားျဖစ္သည္။ ေမာင္ ေတာ အနီးရွိ ေဝသာလီ၊ ေ႐ႊရင္ေအး၊ ေဗာဓိကုန္း၊ ခေရၿမိဳင္၊ ကင္းေခ်ာင္း၊ ေ႐ႊဗဟို၊ သေရကုန္းေပၚ၊ ကိုင္း ႀကီး၊ ေမာရဝတီ၊ ဥေဒါင္းစသည့္ ႐ြာ (၁၀) ႐ြာခန႔္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရသည္။ သို႔ေသာ္ ထို႐ြာမ်ားသို႔ UN ႏွင့္ ႏိုင္ငံတကာ NGO မ်ား၏ အကူအညီ အနည္းငယ္သာရခဲ့ၿပီး အစိုးရအုပ္ခ်ဳပ္ေရးပိုင္းကသာ အဓိက ကူညီ ေပးခဲ့ရသည္။ (၂၀၁၂) ခုႏွစ္ အေရးအခင္းအတြင္း ဖ်က္ဆီးခံရေသာ ဘဂၤါလီ႐ြာ မရွိပါ။ ထို IDP စခန္း မ်ားတြင္ေနထိုင္ေသာ ဘဂၤါလီမ်ား သည္ အလုပ္လုပ္ကိုင္လိုစိတ္မရွိေတာ့ဘဲ ႏိုင္ငံတကာအေထာက္အပံ့ မ်ားကို ထာဝရမွီခိုစားေသာက္ လိုစိတ္ျဖစ္ေပၚေနသကဲ့သို႔ ေထာက္ပံ့ေရးအဖြဲ႕ အစည္းမ်ားမွ ဝန္ထမ္းမ်ား မွလည္း IDP စခန္းမ်ား ပိတ္သိမ္းလွ်င္ ゞင္းတို႔ရရွိမည့္အက်ိဳးအျမတ္မ်ား ေလ်ာ့ပါးသြားမည္ကို စိုးရိမ္ သျဖင့္ ႏိုင္ငံေတာ္မွ ျပန္လည္ေနရာခ်ထားမည္ျပဳသည့္ အႀကိမ္တိုင္းတြင္ အေၾကာင္းအမ်ိဳးမ်ိဳးျပ ျငင္း ဆန္လ်က္ရွိပါသည္။
ႏိုင္ငံတစ္ႏိုင္ငံအတြင္း လြတ္လပ္စြာသြားလာခြင့္သည္ ဥပေဒအရ မွတ္ပုံတင္ထားသူသာရရွိႏိုင္ မည္ျဖစ္ၿပီး မည္သည့္ႏိုင္ငံတြင္မွ အေထာက္အထားမဲ့ လူပုဂၢိဳလ္မ်ား ေ႐ႊ႕ေျပာင္းသြားလာခြင့္မရွိပါ။ ႏိုင္ငံ သားျဖစ္မႈအတြက္ လိုအပ္ေသာ အေထာက္အထားျပသမႈႏွင့္ လိုအပ္သည့္ အစစ္ေဆးခံမႈ မျဖစ္မေန လိုအပ္သည္။ ျမန္မာႏိုင္ငံတိုင္းရင္းသား မ်ားျဖစ္ၾကသည့္ ရခိုင္ျဖစ္ေစ၊ ကရင္ျဖစ္ေစ၊ ရွမ္း ျဖစ္ေစ၊ ကခ်င္ ျဖစ္ေစ၊ ဗမာျဖစ္ေစ ႏိုင္ငံသား သက္ေသခံလက္မွတ္အတြက္ လိုအပ္သည့္အေထာက္အထား စာ႐ြက္ စာတမ္းမ်ား အစစ္ေဆးခံရန္ လိုအပ္ ေပသည္။ မည္သူမဆို အဆိုပါအေထာက္အထားမ်ားကို တင္ျပ ေလွ်ာက္ထားရသည္သာ ျဖစ္သည္။ ႏိုင္ငံေတာ္အစိုးရမွ ဘဂၤါလီမ်ားအေပၚ ႏိုင္ငံသားစိစစ္မႈ မလုပ္ဟူ၍ ျငင္းပယ္ထားသည္မဟုတ္ေပ။ (၂၀၁၄) ခုႏွစ္ သန္းေခါင္စာရင္းေကာက္ယူစဥ္ ကာလကတည္းက ဘဂၤါလီမ်ားဘက္က ပူးေပါင္းေဆာင္႐ြက္ရန္ အားနည္းခဲ့သည္။ ထို႔ျပင္ႏိုင္ငံသား ေလွ်ာက္ထားမႈအား အစိုးရဘက္မွ လမ္းဖြင့္ေပးထားခဲ့သည္။ သို႔ေသာ္ ၿမိဳ႕နယ္တိုင္း၌ လာေရာက္ ေလွ်ာက္ထားသူ နည္းပါးခဲ့ သည္။ အမ်ားစုမွာ လာေရာက္ ေလွ်ာက္ထားျခင္းမရွိပါ။ ဤသို႔ ေလွ်ာက္ထားျခင္း မျပဳသည္မွာ ျပည့္စုံ ေသာ အေထာက္အထား မရွိသူက အမ်ားစုျဖစ္ေနျခင္းေၾကာင့္ဟု သုံးသပ္ရ သည္။ မည္သည့္ႏိုင္ငံတြင္မွ် အေထာက္အထားမဲ့ ေနသည့္ လူ (၁)သိန္းေက်ာ္ကို ႏိုင္ငံသားျဖစ္ခြင့္ ေပးခဲ့ျခင္း မရွိပါ။ ႏိုင္ငံသားကတ္ မရွိ၍ ခရီးသြားခြင့္ ကန႔္သတ္ခံထားရေသာ ဘဂၤါလီမ်ားသည္ ျမန္မာျပည္တြင္းသို႔ သြားလာခြင့္မရွိေသာ္ လည္း ရခိုင္ေျမာက္ပိုင္းေဒသႏွင့္ ဘဂၤလားေဒ့ရွ္ဘက္သို႔ အတားအဆီးမရွိ ျဖတ္သန္းသြားလာ၍ ကူးသန္း ေရာင္းဝယ္လ်က္ရွိၾကပါသည္။ ထို႔ေၾကာင့္ ႏိုင္ငံတကာမွ ထင္ျမင္သလို ဘဂၤါလီမ်ားသည္ လူ႔အခြင့္ အ ေရးမ်ား ဆုံးရႈံးေနျခင္းမဟုတ္ဘဲ အမွန္တကယ္ဆုံးရႈံးေနသည္မွာ ေဒသခံတိုင္းရင္းသားမ်ားပင္ ျဖစ္ပါသည္။
ျမန္မာ့လူငယ္ေခါင္းေဆာင္မ်ားသို႔
လူမ်ိဳးလိမ္အေရးေဆာင္႐ြက္ေနသူတို႔ သည္ ၎တို႔၏ လူငယ္မ်ိဳးဆက္မ်ားကို လူမ်ိဳးလိမ္ အေရး ႏွင့္ ပတ္သက္၍ ဆက္လက္ေဆာင္႐ြက္ႏိုင္ရန္ ေမြးထုတ္လ်က္ရွိပါသည္။ ထိုမ်ိဳးဆက္သစ္မ်ားသည္ ႏိုင္ငံ တကာစင္ျမင့္ေပၚတြင္ေဆြးေႏြးျခင္း၊ ႏိုင္ငံတကာ အေတြ႕အႀကဳံမ်ားရယူျခင္း၊ ပညာရပ္မ်ားကို တိုးတက္ ျမင့္မားေအာင္ေဆာင္႐ြက္ေနျခင္းတို႔ ျပဳလုပ္ေနၾကပါသည္။ ျမန္မာႏိုင္ငံတြင္ ထိုသူတို႔ကို တန္ ျပန္ႏိုင္ မည့္လူငယ္မ်ိဳးဆက္မ်ားကို မည္သည့္အစိုးရ၊ မည္သည့္ ပါတီ၊ မည္သည့္အဖြဲ႕အစည္းမ်ားမွ ေမြးျမဴ ထားျခင္းမရွိပါ။ ျပႆနာျဖစ္မွသာ စီတန္းဆႏၵျပျခင္း၊ ကြင္းျပင္က်ယ္တြင္ အာေပါင္အာရင္းသန္သန္ ေဟာေျပာျခင္းမ်ားသာ ျပဳလုပ္ႏိုင္သည္ကို စိတ္မ ေကာင္းဖြယ္ေတြ႕ရပါသည္။ ထို႔ေၾကာင့္ ႏိုင္ငံေတာ္ျဖစ္ ေစ၊ ပါတီအသင္းအဖြဲ႕ျဖစ္ေစ၊ လူပုဂၢိဳလ္ တစ္ဦးခ်င္းျဖစ္ေစ ဘဂၤါလီအေရးသည္ တာဝန္ရွိသူ အစိုးရႏွင့္ သာ သက္ဆိုင္ျခင္းမဟုတ္ဘဲ တစ္မ်ိဳးသား လုံးႏွင့္သက္ဆိုင္သည့္ ျပႆနာအျဖစ္ရႈျမင္ရန္ လိုအပ္ပါ သည္။ ျမန္မာႏိုင္ငံ၏ အာခိလိဖေနာင့္ကို ကာကြယ္ႏိုင္ရန္ ေအာက္ပါအႀကံျပဳခ်က္အခ်ိဳ႕ကို တင္ျပလိုပါသည္။
၁။ ျမန္မာႏိုင္ငံအား ဦးေဆာင္မည့္ပုဂၢိဳလ္တို႔ သည္ Strong decision ခ်မွတ္ႏိုင္သည့္ Strong Leader ျဖစ္ရန္လိုအပ္ပါသည္။ အိုင္စီေဂ်၊ အိုင္စီစီ စသည့္အဖြဲ႕မ်ားႏွင့္ ႏိုင္ငံတကာမွ ဖိအားေပး မႈမ်ားကို ခံႏိုင္ရည္ရွိၿပီး ႏိုင္ငံအတြက္ အေၾကာက္အလန႔္မရွိ ေဆာင္႐ြက္ႏိုင္သည့္ ေခါင္းေဆာင္မ်ိဳး လို အပ္ပါသည္။
၂။ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ထိစပ္ေနသည့္ (၂၇၁) ကီလိုမီတာ (၁၆၈.၄ မိုင္) ကို စနစ္တက် ေစာင့္ၾကည့္ကာကြယ္ရန္လိုအပ္သည္။ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတြင္ တရားဥပေဒစိုးမိုးရန္ ေဆာင္႐ြက္ ရပါမည္။ ထိုေဒသတြင္ တာဝန္ထမ္းေဆာင္ေနသူမ်ားထဲမွ ႏိုင္ငံတကာဖိအားကို ေၾကာက္႐ြံ႕ေနေသာ လူ မ်ားႏွင့္ အဂတိဝန္ထမ္းမ်ားကို ဖယ္ရွားရပါမည္။
၃။ ဘဂၤါလီတို႔သည္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကို ျပဳလုပ္ရာတြင္ လက္နက္ကိုင္တပ္ဖြဲ႕ ဖြဲ႕စည္း တိုက္ခိုက္သည္ဆိုျခင္းထက္ ေက်း႐ြာလူအုပ္စုမ်ားအား စည္း႐ုံး၍ လူထုကိုအသုံးျပဳ၍တိုက္ခိုက္သည္ကို ေတြ႕ရသည္။ ထို႔ေၾကာင့္ ထိုေဒသအတြင္း ေထာက္ လွမ္းေရးကြန္ရက္အားေကာင္းရန္လိုအပ္ပါသည္။ IDP စခန္းမ်ားတြင္ စိမ့္ဝင္ေနေသာ အၾကမ္းဖက္မ်ား ကိုေဖာ္ထုတ္ႏိုင္ရန္ လိုအပ္ပါသည္။ ေဖာ္ထုတ္ရရွိမႈ မ်ားကိုလည္း ႏိုင္ငံတကာသိေအာင္ ေဆာင္႐ြက္ရပါမည္။
၄။ ဘဂၤါလီမ်ား၏ လႈပ္ရွားမႈမ်ားေနာက္တြင္ ႏိုင္ငံတကာအၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိ ေၾကာင္း ႏိုင္ငံတကာအား သက္ေသႏွင့္တကြခ်ျပႏိုင္ေရး ေဆာင္႐ြက္ရပါမည္။
၅။ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမွ ဘဂၤ လားေဒ့ရွ္ႏိုင္ငံသို႔စီးဝင္ေနသည့္ မူးယစ္ေဆးဝါး တင္သြင္းေရာင္းဝယ္မႈကိုဦးတည္၍ မူးယစ္ေဆးဝါးကိုအေၾကာင္းျပဳေသာ စစ္ဆင္ေရးတစ္ရပ္ ဆင္ႏႊဲ၍ တည္ၿငိမ္ေအးခ်မ္းမႈ ျပန္လည္တည္ ေဆာက္သင့္သည္။
၆။ ႏိုင္ငံသားျပဳခြင့္ကို စနစ္တက်စိစစ္ၿပီး ႏိုင္ငံသားစိစစ္ေရးစံႏႈန္းတြင္ ျမန္မာဘာသာ စကားတတ္ေျမာက္မႈ၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ျပစ္မႈ ဆိုင္ရာဥပေဒ၊ ဓေလ့ထုံးတမ္းဥပေဒမ်ားကို နားလည္မႈတို႔ကို စစ္ေဆးသည့္အဆင့္ကို ထည့္သြင္းရပါမည္။
၇။ ႏိုင္ငံတကာမွပညာရွင္မ်ားသည္ အခ်က္ အလက္မ်ားကိုးကားေသာအခါ သတင္းဌာန မ်ား၊ လူမႈမီဒီယာမွ စကားလုံးမ်ား၊ အေၾကာင္းအရာမ်ားကို ကိုးကားေလ့မရွိပါ။ အေထာက္အထား ခိုင္မာ သည့္ အစိုးရ၏ သတင္းအခ်က္အလက္မ်ားကို အားကိုးသည္ျဖစ္ရာ အစိုးရဝန္ႀကီးဌာနမ်ား၊ အစိုးရ အဖြဲ႕အစည္းမ်ား၏ အင္တာနက္စာမ်က္ႏွာမ်ားတြင္ ခိုးဝင္ဘဂၤါလီႏွင့္ပတ္သက္၍ သီးျခား category တစ္ခုအေနျဖင့္ထားရွိၿပီး ႏိုင္ငံျခားသားမ်ားေလ့လာႏိုင္သည့္ ခိုင္မာသည့္ သတင္းအရင္းအျမစ္မ်ား ျဖစ္ေအာင္ေဆာင္႐ြက္ရပါမည္။
၈။ သမိုင္းအစစ္အမွန္ျဖစ္ေသာ ျမန္မာ့ေျမ ေပၚတြင္ ခိုးဝင္ဘဂၤါလီတို႔သည္ တိုင္းရင္းသား အျဖစ္ မရွိခဲ့ေၾကာင္းႏွင့္ လူမ်ိဳးလိမ္ဇာတ္လမ္းမွာ အလိမ္ အညာသာျဖစ္ေၾကာင္းကို စာတမ္းျပဳစု ေရး သား၍ ႏိုင္ငံတကာ တကၠသိုလ္မ်ားတြင္ စာတမ္းဖတ္ၾကား၍ ဘြဲ႕မ်ားရယူျခင္း၊ စာတမ္းဖတ္ပြဲမ်ားတြင္ ဝင္ေရာက္ ဖတ္ၾကားျခင္း၊ စာတမ္းဖတ္ပြဲမ်ား၊ ေဆြးေႏြးပြဲမ်ားကို အနည္းဆုံး (၁) ႏွစ္လွ်င္ (၁) ႀကိမ္ ျပဳ လုပ္ရမည္။ ျမန္မာႏိုင္ငံတြင္ ဝိဇၨာ/သိပၸံတကၠသိုလ္ (၃၆) ခုရွိပါ သည္။ တကၠသိုလ္တစ္ခုခ်င္းစီမွ (၁) ႏွစ္ လွ်င္ လူမ်ိဳးလိမ္ဇာတ္လမ္းကိုေခ်ပသည့္ စာတမ္း (၂) ေစာင္ထြက္လွ်င္ ႏွစ္စဥ္ႏွစ္တိုင္း အေထာက္ အထား ခိုင္မာသည့္ စာတမ္း (၇၂) ေစာင္ ရရွိမည္ျဖစ္ပါသည္။ ထိုစာတမ္းမ်ားကို ပညာေရးဆိုင္ရာ website မ်ားျဖစ္ေသာ Science Direct, Research Gate, Elsevier, Orcid စသကဲ့သို႔ website မ်ားေပၚ ထားရွိ၍ ႏိုင္ငံတကာမွပညာရွင္မ်ား မွန္ကန္ေသာ အခ်က္မ်ားကို ရွာေဖြႏိုင္ရန္ ေဆာင္႐ြက္ရပါမည္။ ထိုစာတမ္းေရးသားသည့္ လူငယ္မ်ားသည္လည္း လူမ်ိဳးလိမ္ဇာတ္လမ္းမွ အခ်က္အလက္မ်ားကို သိရွိ သြားၿပီး ႏိုင္ငံတကာႏွင့္ ျပည္တြင္းတြင္ လူမ်ိဳး လိမ္ဇာတ္လမ္းကို ေခ်ဖ်က္ႏိုင္သည့္ မ်ိဳးဆက္မ်ား အျဖစ္အသြင္ကူးေျပာင္းသြားမည္ျဖစ္ပါသည္။ အစိုးရမွ ျပည္သူတစ္ဦးခ်င္းစီတိုင္းကို လိုက္လံရွင္း လင္းျပသရန္မလိုအပ္ဘဲ ထိုလူငယ္တို႔က မိမိပတ္ဝန္းက်င္ရွိ အျခားသူမ်ားကို ေဝငွေပးျခင္းျဖင့္ တစ္ ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ လူမ်ိဳးလိမ္တို႔၏ လွည့္ျဖားမႈဒဏ္ကို ကာကြယ္ႏိုင္မည္ျဖစ္သည္။
၉။ ျပည္ပေရာက္ျမန္မာႏိုင္ငံသားတို႔အေပၚ လိမ္လည္ေနသည့္ ဘဂၤါလီလူပုဂၢိဳလ္မ်ား၊ အဖြဲ႕ အစည္းမ်ားကို ျပည္ပေရာက္ႏိုင္ငံသားတို႔မွ အခ်က္ အလက္က်က် ေထာက္ျပႏိုင္ရန္အတြက္ ျမန္မာ ႏိုင္ငံ သားအမ်ားအျပားရွိသည့္ ျပည္ပႏိုင္ငံမ်ားတြင္ စာေပေဟာေျပာပြဲမ်ားက်င္းပ၍ သမိုင္းအမွန္ကို ေဟာေျပာျခင္း၊ စာအုပ္စာေစာင္မ်ားလြယ္ကူစြာဖတ္ရႈႏိုင္ေစရန္ ေဆာင္႐ြက္ျခင္းမ်ိဳးမ်ား ေဆာင္႐ြက္ ရပါသည္။
၁၀။ ထို႔ျပင္ လူမ်ိဳးလိမ္တို႔၏ ေဒသခံမ်ားအေပၚ အၾကမ္းဖက္မႈမ်ားကို ျပည္သူမ်ားၾကည့္ရႈ ေလ့လာႏိုင္ေစရန္ ျပတိုက္မ်ားဖြင့္လွစ္ရပါမည္။ ႏိုင္ငံ တကာမွ အမုန္းတရားျဖန႔္ခ်ိေနသည္ဟု ကန႔္ကြက္ မလာေစရန္ ျပတိုက္အမည္မ်ား၊ ျပတိုက္တြင္ ခင္းက်င္းျပသမည့္ အခ်က္အလက္မ်ားကို လိမၼာပါးနပ္စြာ ေဆာင္႐ြက္သင့္ပါသည္။ ဥပမာ - ရခိုင္တိုင္းရင္းသားတို႔၏ဝတ္စားဆင္ယင္မႈျပတိုက္တြင္ မည္သည့္ ခုႏွစ္တြင္ ဘဂၤါလီတို႔မွ ရခိုင္တိုင္းရင္းသား အဝတ္အစားဝတ္ဆင္သည့္သူမ်ားကို အၾကမ္းဖက္ သတ္ ျဖတ္ခဲ့မႈမ်ားရွိခဲ့ေၾကာင္း၊ ရခိုင္တိုင္းရင္းသား ဝတ္စုံကို ဝတ္ဆင္ရမည္ကိုပင္ ေၾကာက္႐ြံ႕ခဲ့ရေၾကာင္း စသျဖင့္ လာေရာက္ၾကည့္ရႈသူတို႔ကို ခိုးဝင္ဘဂၤါလီမ်ား၏အၾကမ္းဖက္မႈမ်ားကို လစ္ဟျပဖို႔ လိုအပ္ပါ သည္။
၁၁။ လူမ်ိဳးလိမ္ျပႆနာသည္ ဤမွ်ႀကီးလာ သည္မွာ ႏိုင္ငံေရးသားမ်ား၊ ႏိုင္ငံဦးေဆာင္သူ မ်ား၏ ကိုယ္က်ိဳးရွာ ေဆာင္႐ြက္မႈမ်ားေၾကာင့္ျဖစ္ပါသည္။ ထို႔ေၾကာင့္ အနာဂတ္တြင္ မိမိ အာဏာရေရး၊ မိမိတို႔ ပါတီ၊ မိမိတို႔အဖြဲ႕အစည္း ေကာင္းစားေရး ေရွးရႈမ ေဆာင္႐ြက္သင့္ပါ။ ထိုကဲ့သို႔ ေဆာင္႐ြက္ခဲ့သူ မ်ားကို ျပည္သူမ်ားမွ မွတ္တမ္းတင္ျခင္း၊ သမိုင္းမွတ္တမ္း စာအုပ္ေရးသားျခင္း၊ အခြင့္အေရးရရွိပါက သမိုင္း မွတ္တမ္းျပတိုက္မ်ား ဖြင့္လွစ္ျခင္းတို႔ ေဆာင္႐ြက္သြားသင့္ပါသည္။
၁၂။ လူမ်ိဳးလိမ္ျပႆနာႏွင့္ပတ္သက္လွ်င္ အစိုးရတြင္သာတာဝန္ရွိသည္မဟုတ္ဘဲ ႏိုင္ငံေရး ပါတီမ်ား၊ လူမႈအဖြဲ႕အစည္းမ်ားႏွင့္ ျပည္သူ တစ္ဦးခ်င္းစီကလည္း တာဝန္သိစြာ ေခ်ပရမည္ျဖစ္ သည္။ အမ်ိဳးသားေရးတာဝန္အျဖစ္ေဆာင္႐ြက္ရပါမည္။ ႏိုင္ငံေတာ္မွလည္း အမ်ိဳးသားအဆင့္ Campaign လုပ္ရမည္ျဖစ္သည္။
၁၃။ ႏိုင္ငံေတာ္အစိုးရ၊ ႏိုင္ငံေရးပါတီ၊ လူမႈ အဖြဲ႕အစည္းမ်ား၊ မီဒီယာမ်ားမွ လူမ်ိဳးလိမ္တို႔ကို တန္ျပန္ႏိုင္မည့္ လူငယ္မ်ိဳးဆက္မ်ားကို စတင္ ေမြးျမဴရပါမည္။ ပါတီတိုင္း၏ လူငယ္အဖြဲ႕မ်ားတြင္ လူမ်ိဳးလိမ္ႏွင့္ပတ္သက္၍ အထူးကြၽမ္းက်င္သူမ်ား ေမြးထုတ္ႏိုင္ရန္ ေဆာင္႐ြက္ရပါမည္။
၁၄။ ႏိုင္ငံတကာတြင္ ဘဂၤါလီမြတ္စလင္မ်ား၏ အတုအေယာင္ ဓာတ္ပုံမ်ား၊ ဗီဒီယိုဖိုင္မ်ားျဖင့္ လုပ္ႀကံဝါဒျဖန႔္မႈမ်ားကို ျပန္လည္ မွန္ကန္စြာ တုံ႔ျပန္ႏိုင္ရန္အတြက္ အစိုးရသတင္းဌာနတစ္ခုႏွင့္ မလုံေလာက္ေပ။ ေတာင့္တင္း ခိုင္မာအားေကာင္း သည့္ မီဒီယာတစ္ရပ္လိုအပ္သည္။ ထိုကဲ့သို႔ ျဖစ္ေပၚ လာေစေရး အစိုးရမွကူညီေဆာင္႐ြက္ရမည္။
၁၅။ လူမ်ိဳးလိမ္တို႔သည္ မီဒီယာေလာက ကိုသာမက ပညာရပ္ေလာကမွ သုေတသီမ်ားကို စည္း႐ုံးထားသည္ကို မိမိဘက္မွတန္ျပန္စည္း႐ုံး ရမည္။ အမွန္တရားဘက္မွပါဝင္လာမည့္ ႏိုင္ငံတကာ သမိုင္းပညာရွင္မ်ား၊ ထင္ေပၚေက်ာ္ၾကားသူ မ်ား၊ အထင္ကရပုဂၢိဳလ္မ်ားကို စည္း႐ုံးရမည္။
၁၆။ ရခိုင္ျပည္နယ္အတြင္းေဆာင္႐ြက္ေန သည့္ ကုလားတန္ျမစ္စီမံကိန္း၊ ေက်ာက္ျဖဴေရ နက္ စီမံကိန္းမ်ား တည္ေဆာက္ၿပီးစီးပါက ျဖစ္ေပၚလာမည့္ အလုပ္အကိုင္အခြင့္အလမ္းမ်ားကို ခြဲေဝ ရာတြင္ စနစ္ တက်စီမံခန႔္ခြဲရန္လိုအပ္ပါသည္။ ရင္းႏွီးျမႇဳပ္ႏွံသည့္ ကုမၸဏီမ်ားသည္ ေဈးေပါေသာ ခိုးဝင္ ဘဂၤါလီမ်ားကို ခန႔္အပ္တာဝန္ေပးျခင္းႏွင့္ မွ်တမႈမရွိေသာ အလုပ္ ေနရာခ်ထားမႈမ်ားကို မျဖစ္ေပၚေစရန္ ကုမၸဏီမ်ား လိုက္နာရန္ စည္းမ်ဥ္း၊ စည္းကမ္းမ်ား ႀကိဳတင္ ျပင္ဆင္ထားရသည္။
၁၇။ ရခိုင္ျပည္နယ္ရွိ ဘဂၤါလီ လူဦးေရ တိုးပြား ျခင္းသည္ ထိုေဒသတြင္းရွိ လူ႔အဖြဲ႕အစည္း ဟန္ခ်က္ ပ်က္ႏိုင္သျဖင့္ ရခိုင္သို႔ ဘဂၤါလီမ်ားခိုးဝင္မႈ ထိန္း ခ်ဳပ္ရန္၊ ဘဂၤါလီမြတ္စလင္မ်ား ဇနီးအမ်ား အျပား ယူသည့္စနစ္ႏွင့္ သားသမီး အကန႔္အသတ္မရွိ ေမြးဖြားမႈတို႔ႏွင့္ ပတ္သက္၍ ထိန္းခ်ဳပ္ရန္ စနစ္တ က် ေဆာင္႐ြက္သင့္သည္။ သားဆက္ျခားစနစ္မ်ား၊ တစ္ လင္တစ္မယား စနစ္က်င့္သုံးျခင္းဆိုင္ရာဥပေဒ ကို တိက်စြာက်င့္သုံးျခင္း၊ မိသားစုစီမံခန႔္ခြဲမႈဆိုင္ရာ ပညာေပးျခင္း (Family Planning Education)၊ အ႐ြယ္မေရာက္သူမ်ားကို အိမ္ေထာင္ခ်ထားျခင္းမွ တားဆီးကာကြယ္ျခင္း စသည္တို႔ ေဆာင္႐ြက္ႏိုင္ ပါသည္။
၁၈။ IDP စခန္းမ်ားႏွင့္ အနီးတစ္ဝိုက္တြင္ သို႔မဟုတ္ ေ႐ႊ႕ေျပာင္းေနရာခ်ထားလိုသည့္ေနရာ တြင္ အထည္ခ်ဳပ္စက္႐ုံမ်ားထူေထာင္၍ ႏိုင္ငံသား ျပဳဆဲ ဘဂၤါလီမ်ားႏွင့္ စိစစ္ဆဲ ဘဂၤါလီမ်ားအတြက္ အလုပ္အကိုင္ဖန္တီးေပးသင့္ပါသည္။ အထည္ခ်ဳပ္ စက္႐ုံမ်ားသည္ အမ်ိဳးသမီးအမ်ားစုလုပ္ကိုင္သည့္ အလုပ္ျဖစ္သျဖင့္ ခိုးဝင္ဘဂၤါလီတို႔၏ လူဦးေရ အဆမတန္တိုးပြားမႈကို ထိန္းခ်ဳပ္ႏိုင္သလို အမ်ိဳးသမီးမ်ား ကိုစုစည္းေစျခင္းျဖင့္ ဖိုဝါဒႀကီးစိုးထားသည့္အေျခအေနကို ထိန္းေက်ာင္းသကဲ့သို႔ျဖစ္သြားပါမည္။
၁၉။ ရခိုင္ျပည္နယ္တြင္ ရခိုင္လူမ်ိဳးမ်ားႏွင့္ ဘဂၤါလီတို႔မွာ သမိုင္းအစဥ္အဆက္ ရန္သူသဖြယ္ သေဘာထားဆက္ဆံေရးရွိသျဖင့္ ကိုယ္က်ိဳးရွာႏိုင္ငံ ေရးသမားမ်ား၊ အၾကမ္းဖက္လက္နက္ကိုင္ေခါင္း ေဆာင္မ်ားေၾကာင့္ ပဋိပကၡသည္ အခ်ိန္မေ႐ြးျဖစ္ပြား လာႏိုင္ပါသည္။ ထို႔ေၾကာင့္ ထိုေဒသအတြင္း သမိုင္းဆိုင္ရာ မေက်လည္မႈမ်ားရွိသည့္ လူအုပ္စု (၂) စု၏ ထိပ္တိုက္ရင္ဆိုင္မႈမ်ားကိုေရွာင္ရွားႏိုင္ရန္ႏွင့္ ထိန္းေက်ာင္းႏိုင္ရန္ ရခိုင္ေဒသအတြင္း ခ်င္း၊ ဒိုင္းနက္၊ ၿမိဳ၊ မရမာႀကီး၊ ခမီ၊ သက္စေသာ အျခားေသာ လူမ်ိဳးစုမ်ားကို လူဦးေရ ျမင့္မားတိုးတက္ေစရန္စီမံေပး ျခင္း၊ အျခားတိုင္းရင္းသားမ်ား ရခိုင္ျပည္နယ္သို႔ ေျပာင္းေ႐ႊ႕အေျခခ်လာႏိုင္ရန္ အေျခအေနေကာင္း မ်ား ဖန္တီးေပးျခင္းမ်ိဳးလုပ္ေဆာင္သင့္ပါသည္။ ထိုကဲ့သို႔ေဆာင္႐ြက္ရာတြင္ နတလ ေက်း႐ြာမ်ားကဲ့သို႔မျဖစ္ေအာင္ေဆာင္႐ြက္ရပါမည္။ အတင္းအၾကပ္ ေ႐ႊ႕ေျပာင္းေစျခင္းမဟုတ္ဘဲ မိမိဆႏၵအရေ႐ႊ႕ေျပာင္းလာႏိုင္ေအာင္ေဆာင္႐ြက္ရပါမည္။
၂၀။ လူမ်ိဳးလိမ္မ်ားကို စိစစ္လက္ခံ၍ ေနရာျပန္ လည္ခ်ထားရာတြင္ လူမ်ိဳးစုတခုတည္း အား ေကာင္းမလာေစရန္ ျပန္လည္ေနရာခ်ထားမည့္ ရပ္ကြက္၊ ေက်း႐ြာမ်ားတြင္ ေနထိုင္သည့္ လူဦးေရ မ်ား အား အခ်ိဳးက်စနစ္ျဖင့္ ေနရာခ်ထားသင့္ပါသည္။ ဥပမာအားျဖင့္ စင္ကာပူႏိုင္ငံ Housing & Develop- ment Board (HDB) မွ ေဆာင္႐ြက္သည့္ တိုက္ခန္းမ်ားတြင္ ေနရာခ်ထားသည့္ လူမ်ိဳးစုေပါင္းစည္းေရး မူဝါဒ Ethnic Integration Policy (EIP) မ်ိဳး ကဲ့သို႔ က်င့္သုံးသင့္ပါသည္။
နိဂုံး
ျမန္မာႏိုင္ငံအေနျဖင့္ လက္ရွိတြင္ ေျဖရွင္းရမည့္ျပႆနာမ်ားစြာရွိေသာ္လည္း ခိုးဝင္ ဘဂၤါလီ ျပႆနာသည္ ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံ တကာမ်က္ႏွာစာတြင္ အဓိကအားနည္းခ်က္ (Achilles heel) အျဖစ္ထင္ရွားလ်က္ရွိေနပါသည္။ ဘဂၤါလီအေရးကိုအေၾကာင္းျပဳ၍ ႏိုင္ငံတကာ အသိုင္းအဝိုင္းမွ စီးပြား ေရးပိတ္ဆို႔မႈမ်ား၊ သံတမန္ ေရးရာဖယ္ၾကဥ္မႈမ်ားႏွင့္ ဖိအားေပးမႈမ်ားေဆာင္႐ြက္လ်က္ရွိၿပီး ျမန္မာႏိုင္ငံ ႏွင့္ ႏိုင္ငံသားတို႔၏ ဂုဏ္သိကၡာကို ထိခိုက္ေစလ်က္ရွိပါသည္။ ဤျပႆနာသည္ ႏိုင္ငံေတာ္၏ ႏိုင္ငံ တကာ ဆက္ဆံေရး၊ လုံၿခဳံေရး၊ ျပည္တြင္းႏိုင္ငံေရး၊ လူမႈေရး ႏွင့္ စီးပြားေရး မ်ားကိုပါ က်ယ္ျပန႔္စြာ သက္ေရာက္မႈရွိ ေနပါသည္။ အာရပ္ႏွင့္ ကုလားအုတ္ပုံျပင္ကဲ့သို႔ပင္ ႏွာေခါင္းေလး ဝင္ပါရေစဦး၊ ေျခေထာက္ေလးဝင္ပါရေစဦးႏွင့္ တစ္ကိုယ္လုံးဝင္ေရာက္လာေသာ ကုလားအုတ္ေၾကာင့္ တဲပိုင္ရွင္ အာရပ္မထြက္ေျပးရေအာင္ လူမ်ိဳး လိမ္အေရးႏွင့္ပတ္သက္၍ ႏိုင္ငံတကာ၏ ေဆာင္႐ြက္ခ်က္တိုင္း၊ ေဆာင္႐ြက္သူတိုင္းကို ႏိုင္ငံသားအားလုံး တို႔မွ ထိထိေရာက္ေရာက္ တုံ႔ျပန္ရပါမည္။ ႏိုင္ငံသား အားလုံး ၏ စည္းလုံးမႈသည္ ျမန္မာႏိုင္ငံ၏ အားနည္းခ်က္ကို ကာကြယ္ရာတြင္ အဓိကေသာ့ခ်က္ျဖစ္ၿပီး ႏိုင္ငံသားအားလုံး၏ စည္းလုံးညီညာမႈစြမ္းအားျဖင့္ ျမန္မာႏိုင္ငံ၏ အာခိလိဖေနာင့္ကို ကာကြယ္ႏိုင္ပါေစေၾကာင္း အႀကံျပဳေရးသားလိုက္ရပါသည္။