ဒေါ်နယ်ထရမ့်ရဲ့ ဒုံးကျည်အကာအကွယ်အစီအစဉ်က အာကာသမှာ နျူကလီးယားစစ်ပွဲကို ပေါ်ပေါက်လာစေနိုင်တယ်လို့ မြောက်ကိုရီးယားဝေဖန်

604

Pika (NP News) - မေ ၂၉
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ “Golden Dome”ဒုံးကျည်အကာအကွယ်အစီအစဉ်ကို အာကာသမှာ နျူကလီးယားစစ်ပွဲကို ပေါ်ပေါက်လာစေမယ့် အန္တရာယ်များတဲ့ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြောက်ကိုရီးယားအစိုးရ က ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။ ဒုံးကျည်အကာအကွယ်အစီအစဉ်အတွက် အသေးစိတ်အချက်အလက် တွေနဲ့ ကနဦးရန်ပုံငွေအသစ်ကို ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အဲဒီအစီအစဉ်က အမေရိကန်နိုင်ငံရဲ့အောင်မြင်မှုနဲ့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အလွန်အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီအစီအစဉ်ဟာ သိသာထင်ရှားတဲ့နည်းပညာနဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး ကြီးမားတဲ့ကုန်ကျမှု တွေ ရှိလာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို နျူကလီးယားလက်နက်နိုင်ငံတွေရဲ့မဟာဗျူဟာမြောက်လုံခြုံရေးကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ထားတဲ့ အန္တရာယ် များတဲ့အစီအစဉ်တစ်ခုအဖြစ် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက “ဒုံးကျည်ကာကွယ်ရေးစနစ်သစ်ကို တည်ဆောက်ဖို့ အမေရိကန်ရဲ့အစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာနျူကလီးယားစစ်ပွဲနဲ့ အာကာသလက်နက်ပြိုင်ဆိုင်မှုကိုဖြစ်ပေါ်လာ စေနိုင်တဲ့ မူလဇစ်မြစ်တစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ေဒၚနယ္ထရမ့္ရဲ႕ ဒုံးက်ည္အကာအကြယ္အစီအစဥ္က အာကာသမွာ န်ဴကလီးယားစစ္ပြဲကို ေပၚေပါက္လာေစႏိုင္တယ္လို႔ ေျမာက္ကိုရီးယားေဝဖန္
Pika (NP News) - ေမ ၂၉
အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ “Golden Dome”ဒုံးက်ည္အကာအကြယ္အစီအစဥ္ကို အာကာသမွာ န်ဴကလီးယားစစ္ပြဲကို ေပၚေပါက္လာေစမယ့္ အႏၲရာယ္မ်ားတဲ့ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ေျမာက္ကိုရီးယားအစိုးရ က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ဒုံးက်ည္အကာအကြယ္အစီအစဥ္အတြက္ အေသးစိတ္အခ်က္အလက္ ေတြနဲ႔ ကနဦးရန္ပုံေငြအသစ္ကို ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့သီတင္းပတ္မွာ ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး အဲဒီအစီအစဥ္က အေမရိကန္ႏိုင္ငံရဲ႕ေအာင္ျမင္မႈနဲ႔ ရွင္သန္ရပ္တည္ႏိုင္ေရးအတြက္ အလြန္အေရးႀကီးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
အဲဒီအစီအစဥ္ဟာ သိသာထင္ရွားတဲ့နည္းပညာနဲ႔ ႏိုင္ငံေရးစိန္ေခၚမႈေတြကို ရင္ဆိုင္ေနရၿပီး ႀကီးမားတဲ့ကုန္က်မႈ ေတြ ရွိလာႏိုင္တယ္လို႔ ေလ့လာသုံးသပ္သူေတြက ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕အစီအစဥ္ကို န်ဴကလီးယားလက္နက္ႏိုင္ငံေတြရဲ႕မဟာဗ်ဴဟာေျမာက္လုံၿခဳံေရးကို ၿခိမ္းေျခာက္ဖို႔ ရည္႐ြယ္ထားတဲ့ အႏၲရာယ္ မ်ားတဲ့အစီအစဥ္တစ္ခုအျဖစ္ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက “ဒုံးက်ည္ကာကြယ္ေရးစနစ္သစ္ကို တည္ေဆာက္ဖို႔ အေမရိကန္ရဲ႕အစီအစဥ္ဟာ ကမာၻလုံးဆိုင္ရာန်ဴကလီးယားစစ္ပြဲနဲ႔ အာကာသလက္နက္ၿပိဳင္ဆိုင္မႈကိုျဖစ္ေပၚလာ ေစႏိုင္တဲ့ မူလဇစ္ျမစ္တစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။