နော်ဒစ်နိုင်ငံတွေက ဒိန်းမတ်၊ ဂရင်းလန်းကျွန်းတို့နဲ့အတူ ခိုင်မာစွာရပ်တည်သွားမယ်လို့ နော်ဝေးပြော

351

Pika (NP News) - မေ ၂၈
နော်ဒစ်နိုင်ငံတွေဟာ ဒိန်းမတ်နိုင်ငံ၊ ဂရင်းလန်းကျွန်းတို့နဲ့အတူ စည်းလုံးညီညွတ်စွာရပ်တည်နေတယ်လို့ နော်ဝေးဝန်ကြီးချုပ် Jonas Gahr Store က ပြောကြားခဲ့ပါတယ်။
ဂရင်းလန်းကျွန်းကို သိမ်းပိုက်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ခြိမ်းခြောက်မှုတွေရှိနေတဲ့ကြားက Jonas Gahr Store က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ Jonas Gahr Store က"ကျွန်တော်တို့ဟာ ဒိန်းမတ်နိုင်ငံ၊ ဂရင်းလန်းကျွန်းတို့နဲ့အတူ စည်းလုံးညီညွတ်စွာရပ်တည်နေတယ်ဆိုတာကို အပြည့်အဝစိတ်ချနိုင်ပါတယ်။ အာတိတ်ဒေသဟာ ကန့်သတ်နယ်မြေတစ်ခုဖြစ်ပြီး ပင်လယ်ဥပဒေက အကျုံးဝင်ပါတယ်။အဲ့ဒါကြောင့်မလို့ ဖိအားပေးခံနေရတဲ့ ဘယ်အသိုင်းအဝိုင်းနဲ့မဆို ကျွန်တော်တို့ ခိုင်မာစွာရပ်တည်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။
ဂရင်းလန်းကျွန်းကို သိမ်းယူဖို့အတွက် ခြိမ်းခြောက်မှုတွေကို ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လတွေအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဂရင်းလန်းကျွန်းဟာ စစ်ရေးအရ အရေးပါတဲ့နေရာတစ်ခုဖြစ်တာမလို့ အမေရိကန်က ဂရင်းလန်းကျွန်းကို ထိန်းချုပ်ဖို့လိုအပ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
zawgyi version
Pika (NP News) - မေ ၂၈