ငလျင်ဒဏ်သင့် ရှေးဟောင်းသမိုင်းဝင် သုံးပန်လှ ဘုန်းတော်ကြီးကျောင်း ကို ရှေးမူမပျက်စေရန် ပြုပြင်မည်

346

သုတကျော် (NP News) - ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းသမိုင်းဝင် သုံးပန်လှ ဘုန်းတော်ကြီးကျောင်း ကို ပြုပြင်ရာတွင် ရှေးမူမပျက်စေရန် ဆောင်ရွက်မည် ဖြစ်ကြေင်း သိရသည်။
အဆိုပါ ဘုန်းတော်ကြီး ကျောင်းသည် မန္တလေးငလျင်ကြီး ဒဏ်ကြောင့် ထိခိုက်သွားသည့် အတွက် အနီရောင် အဆင့် သတ်မှတ်ထားခြင်း ဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ (ဇွန်လ(၁)ရက်) မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သာသနိက အဆောက်အဦများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဝန်ကြီးချုပ်သည် သုံးပန်လှကျေးရွာရှိ ရှေးဟောင်းသုံးပန်လှ(၂)ထပ် ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြင်ဆင်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ရှေးမူလက်ရာမပျက် အလေးထားဆောင်ရွက်ရန်နှင့် တံခါးပေါက်များ၊ လှေခါများအား ခိုင်ခန့် မှုရှိစေရေး သံထောက်တိုင်များ တပ်ဆင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မှော်ဇာကျေးရွာ၊ သရေခေတ္တရာပျူမြို့ဟောင်းရှိ ဘောဘောကြီးစေတီနှင့် လေးမျက်နှာ စေတီတို့ ငလျင်ဒဏ်ကြောင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသုတေသနအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း စနစ်တကျ ပြင်ဆင်သွားရန်၊ စေတီအပေါ်မှ မိုးရေများ စိမ့်ဝင်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန်၊ စေတီတော်အတွင်းပိုင်းအထိ အက်ကွဲမှု ရှိ/မရှိ သေချာစွာစစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ဒဏ္သင့္ ေရွးေဟာင္းသမိုင္းဝင္ သုံးပန္လွ ဘုန္းေတာ္ႀကီးေက်ာင္း ကို ေရွးမူမပ်က္ေစရန္ ျပဳျပင္မည္
သုတေက်ာ္ (NP News) - ဇြန္ ၂
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕နယ္ ရွိ ငလ်င္ဒဏ္သင့္ ေရွးေဟာင္းသမိုင္းဝင္ သုံးပန္လွ ဘုန္းေတာ္ႀကီးေက်ာင္း ကို ျပဳျပင္ရာတြင္ ေရွးမူမပ်က္ေစရန္ ေဆာင္႐ြက္မည္ ျဖစ္ေၾကင္း သိရသည္။
အဆိုပါ ဘုန္းေတာ္ႀကီး ေက်ာင္းသည္ မႏၲေလးငလ်င္ႀကီး ဒဏ္ေၾကာင့္ ထိခိုက္သြားသည့္ အတြက္ အနီေရာင္ အဆင့္ သတ္မွတ္ထားျခင္း ျဖစ္ကာ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းက အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားႏွင့္ အတူ ယမန္ေန႔ (ဇြန္လ(၁)ရက္) မြန္းလြဲပိုင္းက ျပည္ၿမိဳ႕နယ္အတြင္း ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ခဲ့သည့္ သာသနိက အေဆာက္အဦမ်ားအား ကြင္းဆင္းၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
တိုင္းဝန္ႀကီးခ်ဳပ္သည္ သုံးပန္လွေက်း႐ြာရွိ ေရွးေဟာင္းသုံးပန္လွ(၂)ထပ္ ဘုန္းေတာ္ႀကီးေက်ာင္း ျပန္လည္ျပင္ဆင္ေနမႈအား ကြင္းဆင္းၾကည့္ရႈ စစ္ေဆးခဲ့ၿပီး ေရွးမူလက္ရာမပ်က္ အေလးထားေဆာင္႐ြက္ရန္ႏွင့္ တံခါးေပါက္မ်ား၊ ေလွခါမ်ားအား ခိုင္ခန႔္ မႈရွိေစေရး သံေထာက္တိုင္မ်ား တပ္ဆင္သြားရန္ တာဝန္ရွိသူမ်ားအား လမ္းၫႊန္မွာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေမွာ္ဇာေက်း႐ြာ၊ သေရေခတၱရာပ်ဴၿမိဳ႕ေဟာင္းရွိ ေဘာေဘာႀကီးေစတီႏွင့္ ေလးမ်က္ႏွာ ေစတီတို႔ ငလ်င္ဒဏ္ေၾကာင့္ အက္ကြဲေၾကာင္းမ်ား ျဖစ္ေပၚေနမႈအား ကြင္းဆင္းၾကည့္ရႈစစ္ေဆးခဲ့ၿပီး ေရွးေဟာင္းသုေတသနအဖြဲ႕၏ လမ္းၫႊန္ခ်က္မ်ားအတိုင္း စနစ္တက် ျပင္ဆင္သြားရန္၊ ေစတီအေပၚမွ မိုးေရမ်ား စိမ့္ဝင္မႈမရွိေစေရး အေလးထားေဆာင္႐ြက္သြားရန္၊ ေစတီေတာ္အတြင္းပိုင္းအထိ အက္ကြဲမႈ ရွိ/မရွိ ေသခ်ာစြာစစ္ေဆးေဆာင္႐ြက္သြားရန္ တာဝန္ရွိသူမ်ားအား လမ္းၫႊန္မွာၾကားခဲ့ေၾကာင္း သိရသည္။