တရုတ်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း Wutip ချဉ်းကပ်လာမှုနဲ့အတူ လူထောင်ပေါင်းများစွာကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်း

 340

Pika (NP News) - ဇွန် ၁၄
တိုင်ဖွန်းမုန်တိုင်း Wutip က ကုန်းတွင်းပိုင်းကိုဝင်ရောက်လာနိုင်ခြေရှိနေမှုနဲ့အတူ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းက အာဏာပိုင်တွေဟာ လူထောင်ပေါင်းများစွာကို ဘေးလွတ်ကင်းရာကိုရွှေ့ပြောင်းပေးခဲ့ပြီး စာသင် ကျောင်းတွေကို ပိတ်ပစ်ခဲ့ကာ ရထားလမ်းဝန်ဆောင်မှုတွေကို ရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။ အာဏာပိုင်တွေ ဟာ လူပေါင်း(၁၆၀၀၀)ကျော်ကို ဆောက်လုပ်ရေးနေရာတွေ၊ ရေလွှမ်းမိုးနိုင်ခြေရှိတဲ့ဧရိယာတွေ နဲ့ဒေသတွေ ကနေ ရွှေ့ပြောင်းပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆင်ဟွာသတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် လှေတွေပေါ်မှာ အလုပ်လုပ်နေတဲ့ လူပေါင်း(၄၀၀၀၀)ကျော်ကိုလည်း ကုန်းမြေပေါ်ကို ရွှေ့ပြောင်းပေးခဲ့ တယ်လို့ သိရပါတယ်။ တိုင်ဖွန်းမုန်တိုင်း Wutip ကြောင့် မြို့ကြီးနဲ့ကောင်တီခြောက်ခုမှာ မိုးရေချိန်(၁၀၀) မီလီမီတာကို ကျော်လွန်သွားနိုင်တဲ့ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေတိုက်နှုန်းက တစ်နာရီမှာ(၆၃)မိုင်အထိ ရှိနိုင်တယ်လို့ ဆင်ဟွာကရေးသားဖော်ပြထားပါတယ်။ တိုင်ဖွန်းမုန်တိုင်း Wutip ဟာ ယခုနှစ်အတွင်း တရုတ်နိုင်ငံ ကို ပထမဆုံးဝင်ရောက်တိုက်ခတ်မယ့်တိုင်ဖွန်းမုန်တိုင်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တောင်တရုတ်ပင်လယ် အတွင်းမှာ စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်တယ်လို့ တရုတ်မိုးလေဝသဌာန (CMA) က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံကို တိုင္ဖြန္းမုန္တိုင္း Wutip ခ်ဥ္းကပ္လာမႈနဲ႔အတူ လူေထာင္ေပါင္းမ်ားစြာကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္း
Pika (NP News) - ဇြန္ ၁၄
တိုင္ဖြန္းမုန္တိုင္း Wutip က ကုန္းတြင္းပိုင္းကိုဝင္ေရာက္လာႏိုင္ေျခရွိေနမႈနဲ႔အတူ တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ဟိုင္နန္ကြၽန္းက အာဏာပိုင္ေတြဟာ လူေထာင္ေပါင္းမ်ားစြာကို ေဘးလြတ္ကင္းရာကိုေ႐ႊ႕ေျပာင္းေပးခဲ့ၿပီး စာသင္ ေက်ာင္းေတြကို ပိတ္ပစ္ခဲ့ကာ ရထားလမ္းဝန္ေဆာင္မႈေတြကို ရပ္တန႔္ခဲ့တယ္လို႔ သိရပါတယ္။ အာဏာပိုင္ေတြ ဟာ လူေပါင္း(၁၆၀၀၀)ေက်ာ္ကို ေဆာက္လုပ္ေရးေနရာေတြ၊ ေရလႊမ္းမိုးႏိုင္ေျခရွိတဲ့ဧရိယာေတြ နဲ႔ေဒသေတြ ကေန ေ႐ႊ႕ေျပာင္းေပးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ဆင္ဟြာသတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ ေလွေတြေပၚမွာ အလုပ္လုပ္ေနတဲ့ လူေပါင္း(၄၀၀၀၀)ေက်ာ္ကိုလည္း ကုန္းေျမေပၚကို ေ႐ႊ႕ေျပာင္းေပးခဲ့ တယ္လို႔ သိရပါတယ္။ တိုင္ဖြန္းမုန္တိုင္း Wutip ေၾကာင့္ ၿမိဳ႕ႀကီးနဲ႔ေကာင္တီေျခာက္ခုမွာ မိုးေရခ်ိန္(၁၀၀) မီလီမီတာကို ေက်ာ္လြန္သြားႏိုင္တဲ့ မိုးသည္းထန္စြာ႐ြာသြန္းႏိုင္ၿပီး ေလတိုက္ႏႈန္းက တစ္နာရီမွာ(၆၃)မိုင္အထိ ရွိႏိုင္တယ္လို႔ ဆင္ဟြာကေရးသားေဖာ္ျပထားပါတယ္။ တိုင္ဖြန္းမုန္တိုင္း Wutip ဟာ ယခုႏွစ္အတြင္း တ႐ုတ္ႏိုင္ငံ ကို ပထမဆုံးဝင္ေရာက္တိုက္ခတ္မယ့္တိုင္ဖြန္းမုန္တိုင္းတစ္ခုျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက ေတာင္တ႐ုတ္ပင္လယ္ အတြင္းမွာ စတင္ျဖစ္ေပၚလာခဲ့တာျဖစ္တယ္လို႔ တ႐ုတ္မိုးေလဝသဌာန (CMA) က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.