ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းများစွာကို သက်ရောက်မှုရှိစေခဲ့တဲ့ service outage ပြဿနာဖြေရှင်းပြီးစီးကြောင်း Google ပြော

123
ရောင်နီ (NP News) - ဇွန် ၁၄
Google က ကြာသပတေးနေ့( ဇွန်လ ၁၂ ရက်) က ဖြစ်ပေါ်လာတဲ့ ကမ္ဘာလုံးဆိုင်ရာပလက်ဖောင်းများစွာကို သက်ရောက်မှုရှိစေတဲ့ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုပြတ်တောက်ခြင်းကို ဖြေရှင်းပေးခဲ့ပြီဖြစ်တယ်လို့ ဆိုပါ တယ်။
အဆိုပါပြတ်တောက်မှုဟာ Google ရဲ့ cloud စီမံခန့်ခွဲတဲ့ ဝန်ဆောင်မှုတွေနဲ့ Spotify၊ Snapchat ၊ Discord စတဲ့ ပလပ်ဖောင်းဝန်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ “Google Chat၊ Google Meet၊ Gmail၊ Google Calendar၊ Google Drive၊ Google Cloud Search၊ Google Tasks၊ Google Voice ဆိုင်ရာ ပြဿနာ အပေါ် သက်ရောက်မှုရှိတဲ့ သုံးစွဲသူအားလုံးအတွက် ဖြေရှင်းပြီးပါပြီ" "ကျွန်တော်တို့ အတွင်းပိုင်း စုံစမ်းစစ်ဆေးမှု ပြီးတာနဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာချက်ကို ထုတ်ပြန်ပါမယ်" လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ ကြာသပတေးနေ့ (ဇွန်လ ၁၂ ရက်) မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်က စတင် service outage ဖြစ်ခဲ့ပြီး ညနေ ၆ နာရီ ၁၈ မိနစ်မှာ ပြန်လည်ပြင်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ကမာၻလုံးဆိုင္ရာ ပလက္ေဖာင္းမ်ားစြာကို သက္ေရာက္မႈရွိေစခဲ့တဲ့ service outage ျပႆနာေျဖရွင္းၿပီးစီး ေၾကာင္း Google ေျပာ
ေရာင္နီ (NP News) - ဇြန္ ၁၄
Google က ၾကာသပေတးေန႔( ဇြန္လ ၁၂ ရက္) က ျဖစ္ေပၚလာတဲ့ ကမာၻလုံးဆိုင္ရာပလက္ေဖာင္းမ်ားစြာကို သက္ေရာက္မႈရွိေစတဲ့ ကမာၻလုံးဆိုင္ရာဝန္ေဆာင္မႈျပတ္ေတာက္ျခင္းကို ေျဖရွင္းေပးခဲ့ၿပီျဖစ္တယ္လို႔ ဆိုပါ တယ္။
အဆိုပါျပတ္ေတာက္မႈဟာ Google ရဲ႕ cloud စီမံခန႔္ခြဲတဲ့ ဝန္ေဆာင္မႈေတြနဲ႔ Spotify၊ Snapchat ၊ Discord စတဲ့ ပလပ္ေဖာင္းဝန္ေဆာင္မႈေတြကို အေႏွာင့္အယွက္ျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။ “Google Chat၊ Google Meet၊ Gmail၊ Google Calendar၊ Google Drive၊ Google Cloud Search၊ Google Tasks၊ Google Voice ဆိုင္ရာ ျပႆနာ အေပၚ သက္ေရာက္မႈရွိတဲ့ သုံးစြဲသူအားလုံးအတြက္ ေျဖရွင္းၿပီးပါၿပီ" "ကြၽန္ေတာ္တို႔ အတြင္းပိုင္း စုံစမ္းစစ္ေဆးမႈ ၿပီးတာနဲ႔ျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ခြဲျခမ္းစိတ္ျဖာခ်က္ကို ထုတ္ျပန္ပါမယ္" လို႔ ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။ ၾကာသပေတးေန႔ (ဇြန္လ ၁၂ ရက္) မြန္းလြဲ ၁ နာရီ ၅၀ မိနစ္ခန႔္က စတင္ service outage ျဖစ္ခဲ့ၿပီး ညေန ၆ နာရီ ၁၈ မိနစ္မွာ ျပန္လည္ျပင္ဆင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။