ငလျင်အပြီးရုန်းထနေရသော အင်းလေးတွင်စပါးခင်းဧကအများအပြား ရေမြုပ်နေပြန်

240

ချယ်ရီ (NP News) - ဇွန် ၁၄
ငလျင်ဒဏ်ကြုံရပြီးနောက် ပြန်လည်ထူထောင်စပြုနေသော အင်းလေးတွင် မိုးများစွာရွာသွန်းသည့်အတွက် ရေတက်ကာ စပါးအပါဝင် အခြားသီးပင်များစွာ ရေလွှမ်းမိုးနေကြောင်း သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်၊ စက်တင်ဘာလက ရာဂီမုန်တိုင်းဒဏ်ကြောင့် လနှင့်ချီရေလွှမ်းမိုးခဲ့သော အင်းလေဒေသတွင် ငလျင်ဒဏ်ကြုံတွေ့ခဲ့ရပြီးနောက် ယခုတစ်ကြိမ် ရေများတက်နေခြင်းဖြစ်သည်။
“ အင်းလေးမှာ ရေ(၄)ပေလောက် တက်တယ်။ အရင်နှစ်တွေက အခုလိုအထိရေတက်ဖို့ကို (၈)လပိုင်းလောက်မှ ဖြစ်တာ။ အခုအစောကြီးနဲ့ကို အဲဒီလောက်အထိ တက်တာ။ စပါးတွေအကုန် မြုပ်ကုန်ပြီလေ” ဟု ၎င်းက ဆိုသည်။
အင်းလေးဒေသခံများအနေဖြင့် ကျွန်းမျောစိုက်ပျိုးမှုကို နွေကာလတွင် အပြီးစိုက်ပျိုးထားပြီဖြစ်သော်လည်း စပါးအပါအဝင် အင်းလေးတောင်ပတ်လမ်းတစ်လျှောက်ရှိ နေကြာပင်၊ ကြံပင်နှင့် မြေပဲပင်စိုက်ပျိုးထားသော မြေနေရာများမှာ ရေလွှမ်းမိုးနေသည့်အတွက် ဒေသခံများ၏ စီးပွားဖြစ်စိုက်ပျိုးမှုများ အနည်းငယ်ထိခိုက်သွားကြောင်း ၎င်းကရှင်းပြသည်။
မိုးများစွာရွာသွန်းမှုကြောင့် လက်ရှိတွင် အင်းလေးသို့သွားမည့်လမ်းများအနက် တောင်လေးလုံးလမ်းနှင့် ရွှေညောင်အထွက် ညောင်ရွှေလမ်းများတွင် ရေလွှမ်းမိုးနေသောကြောင့် သွားလာရန်ခက်ခဲမှုများရှိနေကြောင်း သိရသည်။

Zawgyi Version:
ငလ်င္အၿပီး႐ုန္းထေနရေသာ အင္းေလးတြင္စပါးခင္းဧကအမ်ားအျပား ေရျမဳပ္ေနျပန္
ခ်ယ္ရီ (NP News) - ဇြန္ ၁၄
ငလ်င္ဒဏ္ႀကဳံရၿပီးေနာက္ ျပန္လည္ထူေထာင္စျပဳေနေသာ အင္းေလးတြင္ မိုးမ်ားစြာ႐ြာသြန္းသည့္အတြက္ ေရတက္ကာ စပါးအပါဝင္ အျခားသီးပင္မ်ားစြာ ေရလႊမ္းမိုးေနေၾကာင္း သစၥာမ႑ိဳင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္၊ စက္တင္ဘာလက ရာဂီမုန္တိုင္းဒဏ္ေၾကာင့္ လႏွင့္ခ်ီေရလႊမ္းမိုးခဲ့ေသာ အင္းေလေဒသတြင္ ငလ်င္ဒဏ္ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ ယခုတစ္ႀကိမ္ ေရမ်ားတက္ေနျခင္းျဖစ္သည္။
“ အင္းေလးမွာ ေရ(၄)ေပေလာက္ တက္တယ္။ အရင္ႏွစ္ေတြက အခုလိုအထိေရတက္ဖို႔ကို (၈)လပိုင္းေလာက္မွ ျဖစ္တာ။ အခုအေစာႀကီးနဲ႔ကို အဲဒီေလာက္အထိ တက္တာ။ စပါးေတြအကုန္ ျမဳပ္ကုန္ၿပီေလ” ဟု ၎က ဆိုသည္။
အင္းေလးေဒသခံမ်ားအေနျဖင့္ ကြၽန္းေမ်ာစိုက္ပ်ိဳးမႈကို ေႏြကာလတြင္ အၿပီးစိုက္ပ်ိဳးထားၿပီျဖစ္ေသာ္လည္း စပါးအပါအဝင္ အင္းေလးေတာင္ပတ္လမ္းတစ္ေလွ်ာက္ရွိ ေနၾကာပင္၊ ႀကံပင္ႏွင့္ ေျမပဲပင္စိုက္ပ်ိဳးထားေသာ ေျမေနရာမ်ားမွာ ေရလႊမ္းမိုးေနသည့္အတြက္ ေဒသခံမ်ား၏ စီးပြားျဖစ္စိုက္ပ်ိဳးမႈမ်ား အနည္းငယ္ထိခိုက္သြားေၾကာင္း ၎ကရွင္းျပသည္။
မိုးမ်ားစြာ႐ြာသြန္းမႈေၾကာင့္ လက္ရွိတြင္ အင္းေလးသို႔သြားမည့္လမ္းမ်ားအနက္ ေတာင္ေလးလုံးလမ္းႏွင့္ ေ႐ႊေညာင္အထြက္ ေညာင္ေ႐ႊလမ္းမ်ားတြင္ ေရလႊမ္းမိုးေနေသာေၾကာင့္ သြားလာရန္ခက္ခဲမႈမ်ားရွိေနေၾကာင္း သိရသည္။