BTS အဖွဲ့ဝင် SUGA က အော်တစ်ဇင်ကုသရေးစင်တာ တည်ထောင်ရေးအတွက် ဝမ် ၅ ဘီလီယံ လှူဒါန်း

113

ရောင်နီ (NSS) - ဇွန် ၂၄
BTS အဖွဲ့ဝင် SUGA (အမည်ရင်း မင်ယွန်ဂီ) ဟာ အော်တစ်ဇင် - Autism spectrum disorder (ASD) ရှိတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို ထောက်ပံ့ရေးအတွက် Severance ဆေးရုံနဲ့ပူးပေါင်းပြီး ဝမ် ၅ ဘီလီယံကို ဇွန်လ ၂၃ ရက်က လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ စင်တာနာမည်မှာ SUGA ရဲ့ နာမည်ရင်း မင်ယွန်ဂီ ပါဝင်ပြီး "Min Yoongi Treatment Center" လို့ အမည်ပေးထားပါတယ်။
ဒါဟာ တောင်ကိုရီးယားမှာ ဘယ်အနုပညာရှင်မှ မလုပ်ဖူးသေးတဲ့ လှူဒါန်းမှုဖြစ်တယ်လို့ သိရပါတယ်။ စင်တာဟာ အော်တစ်ဇင် ကလေးတွေအတွက် ဘာသာစကား၊ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူဆိုင်ရာ ကုထုံးတွေကို အဓိကထား လုပ်ဆောင်မှာဖြစ်ပြီး စိတ်ကျန်းမာရေးကို အထောက်အကူပြုဖို့ ဆေးခန်းနဲ့ သုတေသနခန်းလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ SUGA ဟာ သူ့ရဲ့အသက်မွေးဝမ်းကြောင်းတစ်လျှောက် ပရဟိတလုပ်ငန်း တွေကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပြီး စိတ်ကျန်းမာရေးပြဿနာတွေ၊ အထူးသဖြင့် လူငယ်စိတ်ကျရောဂါဆိုင်ရာ ကုသမှုတွေအတွက် အဓိက လှူဒါန်းလေ့ ရှိပါတယ်။ ဒီလှူဒါန်းမှုအတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက SUGA ဟာ Severance ဆေးရုံမှာ ကလေးစိတ်ရောဂါ အထူးကု ပါမောက္ခ ချန်ဂမ်အာနဲ့တွေ့ဆုံခဲ့ပြီး ASD ရောဂါရှိသူ တစ်ဦးချင်းစီအတွက် ရေရှည်ကုသမှု နည်းလမ်းတွေကို ဆွေးနွေးခဲ့ကာ Severance သို့မဟုတ် Yonsei ဆေးဘက် ဆိုင်ရာဌာနကို ဝမ် ၅ ဘီလီယံ လှူဒါန်းဖို့ ကတိပြုခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၄ ခုနှစ် အစောပိုင်းအထိ အတွင်းကလည်း SUGA နဲ့ ပရော်ဖက်ဆာချန်ဟာ ASD ရှိ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် MIND လို့ခေါ်တဲ့ ဂီတအခြေခံလူမှုရေးစွမ်းရည် ပရိုဂရမ် တစ်ခုကို တီထွင်ဖန်တီးခဲ့ပါသေးတယ်။

Zawgyi Version:
BTS အဖြဲ႕ဝင္ SUGA က ေအာ္တစ္ဇင္ကုသေရးစင္တာ တည္ေထာင္ေရးအတြက္ ဝမ္ ၅ ဘီလီယံ လႉဒါန္း
ေရာင္နီ (NP News) - ဇြန္ ၂၄
BTS အဖြဲ႕ဝင္ SUGA (အမည္ရင္း မင္ယြန္ဂီ) ဟာ ေအာ္တစ္ဇင္ - Autism spectrum disorder (ASD) ရွိတဲ့ ကေလးေတြနဲ႔ ဆယ္ေက်ာ္သက္ေတြကို ေထာက္ပံ့ေရးအတြက္ Severance ေဆး႐ုံနဲ႔ပူးေပါင္းၿပီး ဝမ္ ၅ ဘီလီယံကို ဇြန္လ ၂၃ ရက္က လႉဒါန္း ခဲ့တယ္လို႔ သိရပါတယ္။ စင္တာနာမည္မွာ SUGA ရဲ႕ နာမည္ရင္း မင္ယြန္ဂီ ပါဝင္ၿပီး "Min Yoongi Treatment Center" လို႔ အမည္ေပးထားပါတယ္။
ဒါဟာ ေတာင္ကိုရီးယားမွာ ဘယ္အႏုပညာရွင္မွ မလုပ္ဖူးေသးတဲ့ လႉဒါန္းမႈျဖစ္တယ္လို႔ သိရပါတယ္။ စင္တာဟာ ေအာ္တစ္ဇင္ ကေလးေတြအတြက္ ဘာသာစကား၊ စိတ္ပိုင္းဆိုင္ရာနဲ႔ အျပဳအမူဆိုင္ရာ ကုထုံးေတြကို အဓိကထား လုပ္ေဆာင္မွာျဖစ္ၿပီး စိတ္က်န္းမာေရးကို အေထာက္အကူျပဳဖို႔ ေဆးခန္းနဲ႔ သုေတသနခန္းလည္း ထည့္သြင္းထားတယ္လို႔ သိရပါတယ္။ SUGA ဟာ သူ႔ရဲ႕အသက္ေမြးဝမ္းေၾကာင္းတစ္ေလွ်ာက္ ပရဟိတလုပ္ငန္း ေတြကို တစိုက္မတ္မတ္လုပ္ေဆာင္ခဲ့ၿပီး စိတ္က်န္းမာေရးျပႆနာေတြ၊ အထူးသျဖင့္ လူငယ္စိတ္က်ေရာဂါဆိုင္ရာ ကုသမႈေတြအတြက္ အဓိက လႉဒါန္းေလ့ ရွိပါတယ္။ ဒီလႉဒါန္းမႈအတြက္ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက SUGA ဟာ Severance ေဆး႐ုံမွာ ကေလးစိတ္ေရာဂါ အထူးကု ပါေမာကၡ ခ်န္ဂမ္အာနဲ႔ေတြ႕ဆုံခဲ့ၿပီး ASD ေရာဂါရွိသူ တစ္ဦးခ်င္းစီအတြက္ ေရရွည္ကုသမႈ နည္းလမ္းေတြကို ေဆြးေႏြးခဲ့ကာ Severance သို႔မဟုတ္ Yonsei ေဆးဘက္ ဆိုင္ရာဌာနကို ဝမ္ ၅ ဘီလီယံ လႉဒါန္းဖို႔ ကတိျပဳခဲ့တာျဖစ္ပါတယ္။
၂၀၂၃ ခုႏွစ္ ေႏွာင္းပိုင္းမွ ၂၀၂၄ ခုႏွစ္ အေစာပိုင္းအထိ အတြင္းကလည္း SUGA နဲ႔ ပေရာ္ဖက္ဆာခ်န္ဟာ ASD ရွိ ကေလးေတြနဲ႔ ဆယ္ေက်ာ္သက္ေတြအတြက္ MIND လို႔ေခၚတဲ့ ဂီတအေျခခံလူမႈေရးစြမ္းရည္ ပ႐ိုဂရမ္ တစ္ခုကို တီထြင္ဖန္တီးခဲ့ပါေသးတယ္။