တရုတ်နိုင်ငံမှာ ပထမဆုံး အိမ်မွေးတိရစ္ဆာန်ကျွမ်းကျင်မေဂျာ ဘွဲ့ကြိုပရိုဂရမ် စတင်မိတ်ဆက်

69

ရောင်နီ (NP News) - ဇွန် ၂၆
တရုတ်နိုင်ငံ၊ China Agricultural University (CAU) က အိမ်မွေးတိရစ္ဆာန်လုပ်ငန်းရဲ့ကြီးထွားလာနေတဲ့ စွမ်းရည် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် တရုတ်နိုင်ငံရဲ့ပထမဆုံးသော အိမ်မွေးတိရစ္ဆာန် ကျွမ်းကျင် ဘွဲ့ကြိုပရိုဂရမ်ကို စတင် မိတ်ဆက်ခဲ့တယ်လို့ CCTV သတင်းအရ သိရပါတယ်။
တက္ကသိုလ်ရဲ့တိရစ္ဆာန်သိပ္ပံနှင့် နည်းပညာကောလိပ်က ကမ်းလှမ်းတဲ့ ဒီပရိုဂရမ်ဟာ လေးနှစ်ကြာ ပညာ သင်ယူရမှာဖြစ်ပြီး စိုက်ပျိုးရေးသိပ္ပံဘွဲ့ ချီးမြှင့်မယ်လို့ သိရပါတယ်။ မေဂျာအဖြစ် တိရစ္ဆာန်မွေးမြူမှုပုံစံ၊ အာဟာရနဲ့ ဇီဝကမ္မဖြစ်စဉ်တွေ၊ အစာကျွေးမှုပုံစံ၊ မျိုးပွားမှု ဆိုင်ရာ ဇီဝကမ္မဗေဒနဲ့ တိရစ္ဆာန်တွေရဲ့ အပြုအမူဆိုင်ရာတွေကို သင်ကြားရမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် ကျောင်းသား အရေအတွက် ၅၀ ထိသာ လက်ခံသွားမယ်လို့ သိရပါတယ်။ CAU တိရစ္ဆာန်သိပ္ပံနဲ့ နည်းပညာကောလိပ် လက်ထောက်ဌာနမှူး ပါမောက္ခ လူဂိုရှီ က တိရစ္ဆာန်စောင့်ရှောက်ရေး နယ်ပယ်မှာ ကျွမ်းကျင်ပညာရှင်တွေ လိုအပ်နေတာကြောင့် ဒီပညာရပ်ဟာ ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတယ် လို့ ဆိုပါတယ်။
"တက္ကသိုလ်တွေ၊ သုတေသနအဖွဲ့အစည်းတွေ၊ တိရစ္ဆာန်ဆေးပေးခန်းတွေနဲ့ သက်ဆိုင်ရာစီမံခန့်ခွဲရေးဌာန အဖွဲ့အစည်းတွေမှာ အိမ်မွေးတိရစ္ဆာန်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင် လိုအပ်ချက်တွေ ရှိတယ်” လို့ ၄င်းက ထက်လောင်း ပြောကြားပါတယ်။ သင်ရိုးညွှန်းတမ်းတွေဟာ ကြောင်၊ ခွေး နဲ့ မြင်း စတဲ့ တိရစ္ဆာန်တွေကို အာရုံစိုက် ထားပြီး ဘွဲ့ရတွေအနေနဲ့ အိမ်မွေးတိရစ္ဆာန်နဲ့ဆိုင်သောကုမ္ပဏီတွေ၊ မြင်းစီးကလပ်တွေမှာ အလုပ်ဝင်ရောက်ခွင့် ရရှိ နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့မြို့ပြအိမ်မွေးတိရစ္ဆာန် စျေးကွက်ဟာ ကိန်းဂဏန်းအရ ၂၀၂၄ ခုနှစ်မှာ ယွမ် ဘီလီယံ ၃၀၀ ကျော်လွန်ခဲ့ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေထက် ၁၁.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာတာ တွေ့ရပါတယ်။ ဒါအပြင် နိုင်ငံတစ်ဝှမ်း အိမ်မွေးတိရစ္ဆာန်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီပေါင်း ၅၀၀,၀၀၀ ကျော်ထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွာ ပထမဆုံး အိမ္ေမြးတိရစာၦန္ကြၽမ္းက်င္ေမဂ်ာ ဘြဲ႕ႀကိဳပ႐ိုဂရမ္ စတင္မိတ္ဆက္
ေရာင္နီ (NP News) - ဇြန္ ၂၆
တ႐ုတ္ႏိုင္ငံ၊ China Agricultural University (CAU) က အိမ္ေမြးတိရစာၦန္လုပ္ငန္းရဲ႕ႀကီးထြားလာေနတဲ့ စြမ္းရည္ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔အတြက္ တ႐ုတ္ႏိုင္ငံရဲ႕ပထမဆုံးေသာ အိမ္ေမြးတိရစာၦန္ ကြၽမ္းက်င္ ဘြဲ႕ႀကိဳပ႐ိုဂရမ္ကို စတင္ မိတ္ဆက္ခဲ့တယ္လို႔ CCTV သတင္းအရ သိရပါတယ္။
တကၠသိုလ္ရဲ႕တိရစာၦန္သိပၸံႏွင့္ နည္းပညာေကာလိပ္က ကမ္းလွမ္းတဲ့ ဒီပ႐ိုဂရမ္ဟာ ေလးႏွစ္ၾကာ ပညာ သင္ယူရမွာျဖစ္ၿပီး စိုက္ပ်ိဳးေရးသိပၸံဘြဲ႕ ခ်ီးျမႇင့္မယ္လို႔ သိရပါတယ္။ ေမဂ်ာအျဖစ္ တိရစာၦန္ေမြးျမဴမႈပုံစံ၊ အာဟာရနဲ႔ ဇီဝကမၼျဖစ္စဥ္ေတြ၊ အစာေကြၽးမႈပုံစံ၊ မ်ိဳးပြားမႈ ဆိုင္ရာ ဇီဝကမၼေဗဒနဲ႔ တိရစာၦန္ေတြရဲ႕ အျပဳအမူဆိုင္ရာေတြကို သင္ၾကားရမွာျဖစ္ၿပီး ၂၀၂၅ ခုႏွစ္အတြက္ ေက်ာင္းသား အေရအတြက္ ၅၀ ထိသာ လက္ခံသြားမယ္လို႔ သိရပါတယ္။ CAU တိရစာၦန္သိပၸံနဲ႔ နည္းပညာေကာလိပ္ လက္ေထာက္ဌာနမႉး ပါေမာကၡ လူဂိုရွီ က တိရစာၦန္ေစာင့္ေရွာက္ေရး နယ္ပယ္မွာ ကြၽမ္းက်င္ပညာရွင္ေတြ လိုအပ္ေနတာေၾကာင့္ ဒီပညာရပ္ဟာ ေဈးကြက္လိုအပ္ခ်က္နဲ႔ ကိုက္ညီတယ္ လို႔ ဆိုပါတယ္။
"တကၠသိုလ္ေတြ၊ သုေတသနအဖြဲ႕အစည္းေတြ၊ တိရစာၦန္ေဆးေပးခန္းေတြနဲ႔ သက္ဆိုင္ရာစီမံခန႔္ခြဲေရးဌာန အဖြဲ႕အစည္းေတြမွာ အိမ္ေမြးတိရစာၦန္နဲ႔ ပတ္သက္တဲ့ ကြၽမ္းက်င္ပညာရွင္ လိုအပ္ခ်က္ေတြ ရွိတယ္” လို႔ ၄င္းက ထက္ေလာင္း ေျပာၾကားပါတယ္။ သင္႐ိုးၫႊန္းတမ္းေတြဟာ ေၾကာင္၊ ေခြး နဲ႔ ျမင္း စတဲ့ တိရစာၦန္ေတြကို အာ႐ုံစိုက္ ထားၿပီး ဘြဲ႕ရေတြအေနနဲ႔ အိမ္ေမြးတိရစာၦန္နဲ႔ဆိုင္ေသာကုမၸဏီေတြ၊ ျမင္းစီးကလပ္ေတြမွာ အလုပ္ဝင္ေရာက္ခြင့္ ရရွိ ႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ဆိုပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕ၿမိဳ႕ျပအိမ္ေမြးတိရစာၦန္ ေစ်းကြက္ဟာ ကိန္းဂဏန္းအရ ၂၀၂၄ ခုႏွစ္မွာ ယြမ္ ဘီလီယံ ၃၀၀ ေက်ာ္လြန္ခဲ့ၿပီး ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြထက္ ၁၁.၉ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာတာ ေတြ႕ရပါတယ္။ ဒါအျပင္ ႏိုင္ငံတစ္ဝွမ္း အိမ္ေမြးတိရစာၦန္နဲ႔ ပတ္သက္တဲ့ ကုမၸဏီေပါင္း ၅၀၀,၀၀၀ ေက်ာ္ထိ ရွိလာခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္