ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများနှင့် လူမှုစီးပွားအခက်အခဲများကြောင့် ကလေးလုပ်သား ပမာဏတိုးလာ

234

Pearl(NP News)- ဇူလိုင် ၃
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုစီးပွားအခက်အခဲများကြောင့် ကလေးလုပ်သား ပိုများလာလျက်ရှိ ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့ကြီးများရှိ လုပ်ငန်းခွင်အချို့၌ ကလေးလုပ်သားများကို ပိုမိုတွေ့ရှိလာရပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများနှင့် လူမှုစီးပွားရေးအခက်အခဲများကြောင့် ယခုကဲ့သို့ ကလေးအလုပ်သမားများပိုများလာခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးလုပ်သားတွေ အရင်တုန်းက မြင်နေတာထက် ပိုများလာတာတွေ့ရတယ်။ လက်နက်ကိုင်ပဋိပက္ခ တွေဖြစ်လို့ မိသားစုတွေလက် နက်ကိုင်ပဋိပက္ခမရှိတဲ့ မြို့ကြီးပြကြီးကို တက်တဲ့အချိန်မှာ နောက်ဆက်တွဲပါလာတဲ့ ကလေးတွေက အရမ်းများလာတာ။ များတော့ ရုတ်တရက်လူဦးရေး တိုးတက်လာတဲ့အနေအထားမှာ နေမှုထိုင်မှု ရှင်သန်မှုအတွက်တော့ အလုပ်တွေလိုအပ်သလို ဝင်လုပ်ရတာတွေရှိတယ်။ နောက်တစ်ခုက ငလျင်ကြီးဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ တချို့သောကလေးတွေက အသက်ပြည့်ပြီ၊ မပြည့်ပြီ သွားပြောလို့မရဘူးပေါ့။ သူ့အိမ်က စီးပွားရေး ပြန်ကောင်းနိုင်ဖို့နဲ့ လည်ပတ်နိုင်ဖို့ ဝင်လုပ်ကြရတာရှိတယ်။ အကုန်လုံးတော့ ဆုံပြီးဖြစ်လာတဲ့ ကဏ္ဍတစ်ခုမှာပေါ့လေ” ဟု အထက်ပါသတင်းရင်းမြစ်က NP News သို့ပြောသည်။
ကလေးသူငယ်များအနေဖြင့် ငယ်စဉ်က ပညာသင်ယူခွင့်မရဘဲ အသက်အရွယ်နှင့်မမျှသည့် ခက်ခဲကြမ်းတမ်း သော လုပ်ငန်းခွင်အတွင်း ရောက်ရှိသွားပါက လူနေမှုဘဝမြင့်မားခြင်းမရှိဘဲ လမ်းမှား ရောက်သောအခြေအနေမျိုး ဖြစ်သွားနိုင်ကြောင်းလည်းသိရသည်။
ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး၊ လူမှုရေးနှင့်ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ကလေးသူငယ်တို့၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုမှာ ဆက်စပ်လျက်ရှိပြီး နိုင်ငံတကာတွင် ကလေးအလုပ်သမားများ ပေါများရခြင်းမှာ ဆင်းရဲနွမ်းပါးမှု အခြေအနေများ ကြောင့်ဖြစ်ကြောင်းလည်း သိရသည်။
“ကိစ္စရပ်တွေ အကုန်လုံးဆုံပြီးဖြစ်လာတဲ့အတွက်ကြောင့် ကလေးလုပ်သားများတာကို မြင်နေရတဲ့အနေ အထားပေါ့။ ဒါကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှသာ အဆင်ပြေမှာဖြစ်တဲ့အတွက် ကြောင့် လက်ရှိမှာလုပ်ဖို့လို မလားဆိုတာတော့ မေးခွန်းထုတ်စရာရှိတယ်။ လုပ်မယ်ဆိုရင်တောင် အချိန်ယူပြီး လုပ်ရမှာဖြစ်တဲ့အတွက် စောင့်ကြည့် ရမယ့်အနေအထားဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးသွားလို့ ရွေးကောက်ခံအစိုးရပေါ်လာရင် အဲဒီကျရင် ပိုပြီးထိထိမိမိလုပ် နိုင်ဖို့ လွယ်လိမ့်မယ်ထင်တယ်။ နစကအနေနဲ့က အထွေထွေရွေးကောက်ပွဲ တချို့ အပိုင်းတွေမှာ တကယ့် အရေးကြီးတဲ့ အပိုင်းတွေမှာ Focus လုပ်နေတဲ့အတွက်ကြောင့် ဒီအပိုင်းကျတော့ လက်ရှိမှာ လုပ်တော့လုပ်လိမ့်မယ်။ ဒါပေမဲ့ ထိ ရောက်တဲ့ စွမ်းဆောင်မှုမျိုး၊ ထိရောက်တဲ့လုပ်ငန်းစဉ်မျိုးတော့ လက်ရှိလုပ်နိုင်မယ်မထင်ဘူး” ဟု ၎င်းက ဆက်လက် ပြောသည်။
မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)၏ အငယ်ဆုံး အသက်ပြဋ္ဌာန်းချက် အမှတ်(၁၃၈)ကို သဘောတူ လက်မှတ်ရေးထိုးသည့် နိုင်ငံဖြစ်ပြီး ILO ၏ ခန့်မှန်း ခြေအရ ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်း၌ ကလေးလုပ်သားပေါင်း (၁ ဒသမ ၁၃) သန်းရှိကာ ၎င်းတို့အနက် ခြောက်သိန်းကျော်သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေကြရကြောင်း သိရသည်။

Zawgyi Version:
ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡမ်ားႏွင့္ လူမႈစီးပြားအခက္အခဲမ်ားေၾကာင့္ ကေလးလုပ္သား ပမာဏတိုးလာ
Pearl(NP News)- ဇူလိုင္ ၃
ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ လူမႈစီးပြားအခက္အခဲမ်ားေၾကာင့္ ကေလးလုပ္သား ပိုမ်ားလာလ်က္ရွိ ေၾကာင္း ႏိုင္ငံေရးေလ့လာသုံး သပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးမ်ားရွိ လုပ္ငန္းခြင္အခ်ိဳ႕၌ ကေလးလုပ္သားမ်ားကို ပိုမိုေတြ႕ရွိလာရၿပီး ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ား၊ သဘာဝေဘးအႏၲရာယ္က်ေရာက္မႈမ်ားႏွင့္ လူမႈစီးပြားေရးအခက္အခဲမ်ားေၾကာင့္ ယခုကဲ့သို႔ ကေလးအလုပ္သမားမ်ားပိုမ်ားလာျခင္းျဖစ္ေၾကာင္း သိရသည္။
“ကေလးလုပ္သားေတြ အရင္တုန္းက ျမင္ေနတာထက္ ပိုမ်ားလာတာေတြ႕ရတယ္။ လက္နက္ကိုင္ပဋိပကၡ ေတြျဖစ္လို႔ မိသားစုေတြလက္ နက္ကိုင္ပဋိပကၡမရွိတဲ့ ၿမိဳ႕ႀကီးျပႀကီးကို တက္တဲ့အခ်ိန္မွာ ေနာက္ဆက္တြဲပါလာတဲ့ ကေလးေတြက အရမ္းမ်ားလာတာ။ မ်ားေတာ့ ႐ုတ္တရက္လူဦးေရး တိုးတက္လာတဲ့အေနအထားမွာ ေနမႈထိုင္မႈ ရွင္သန္မႈအတြက္ေတာ့ အလုပ္ေတြလိုအပ္သလို ဝင္လုပ္ရတာေတြရွိတယ္။ ေနာက္တစ္ခုက ငလ်င္ႀကီးျဖစ္ပြားၿပီးတဲ့ ေနာက္ပိုင္းမွာ တခ်ိဳ႕ေသာကေလးေတြက အသက္ျပည့္ၿပီ၊ မျပည့္ၿပီ သြားေျပာလို႔မရဘူးေပါ့။ သူ႔အိမ္က စီးပြားေရး ျပန္ေကာင္းႏိုင္ဖို႔နဲ႔ လည္ပတ္ႏိုင္ဖို႔ ဝင္လုပ္ၾကရတာရွိတယ္။ အကုန္လုံးေတာ့ ဆုံၿပီးျဖစ္လာတဲ့ က႑တစ္ခုမွာေပါ့ေလ” ဟု အထက္ပါသတင္းရင္းျမစ္က NP News သို႔ေျပာသည္။
ကေလးသူငယ္မ်ားအေနျဖင့္ ငယ္စဥ္က ပညာသင္ယူခြင့္မရဘဲ အသက္အ႐ြယ္ႏွင့္မမွ်သည့္ ခက္ခဲၾကမ္းတမ္း ေသာ လုပ္ငန္းခြင္အတြင္း ေရာက္ရွိသြားပါက လူေနမႈဘဝျမင့္မားျခင္းမရွိဘဲ လမ္းမွား ေရာက္ေသာအေျခအေနမ်ိဳး ျဖစ္သြားႏိုင္ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ ႏိုင္ငံတစ္ႏိုင္ငံ၏စီးပြားေရး၊ လူမႈေရးႏွင့္ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈမ်ားႏွင့္ ကေလးသူငယ္တို႔၏ လူမႈဘဝ ဖြံ႕ၿဖိဳးတိုးတက္မႈမွာ ဆက္စပ္လ်က္ရွိၿပီး ႏိုင္ငံတကာတြင္ ကေလးအလုပ္သမားမ်ား ေပါမ်ားရျခင္းမွာ ဆင္းရဲႏြမ္းပါးမႈ အေျခအေနမ်ား ေၾကာင့္ျဖစ္ေၾကာင္းလည္း သိရသည္။
“ကိစၥရပ္ေတြ အကုန္လုံးဆုံၿပီးျဖစ္လာတဲ့အတြက္ေၾကာင့္ ကေလးလုပ္သားမ်ားတာကို ျမင္ေနရတဲ့အေန အထားေပါ့။ ဒါကို ထိထိေရာက္ေရာက္ ကိုင္တြယ္ႏိုင္မွသာ အဆင္ေျပမွာျဖစ္တဲ့အတြက္ ေၾကာင့္ လက္ရွိမွာလုပ္ဖို႔လို မလားဆိုတာေတာ့ ေမးခြန္းထုတ္စရာရွိတယ္။ လုပ္မယ္ဆိုရင္ေတာင္ အခ်ိန္ယူၿပီး လုပ္ရမွာျဖစ္တဲ့အတြက္ ေစာင့္ၾကည့္ ရမယ့္အေနအထားျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲၿပီးသြားလို႔ ေ႐ြးေကာက္ခံအစိုးရေပၚလာရင္ အဲဒီက်ရင္ ပိုၿပီးထိထိမိမိလုပ္ ႏိုင္ဖို႔ လြယ္လိမ့္မယ္ထင္တယ္။ နစကအေနနဲ႔က အေထြေထြေ႐ြးေကာက္ပြဲ တခ်ိဳ႕ အပိုင္းေတြမွာ တကယ့္ အေရးႀကီးတဲ့ အပိုင္းေတြမွာ Focus လုပ္ေနတဲ့အတြက္ေၾကာင့္ ဒီအပိုင္းက်ေတာ့ လက္ရွိမွာ လုပ္ေတာ့လုပ္လိမ့္မယ္။ ဒါေပမဲ့ ထိ ေရာက္တဲ့ စြမ္းေဆာင္မႈမ်ိဳး၊ ထိေရာက္တဲ့လုပ္ငန္းစဥ္မ်ိဳးေတာ့ လက္ရွိလုပ္ႏိုင္မယ္မထင္ဘူး” ဟု ၎က ဆက္လက္ ေျပာသည္။
ျမန္မာႏိုင္ငံသည္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕ခ်ဳပ္ (ILO)၏ အငယ္ဆုံး အသက္ျပ႒ာန္းခ်က္ အမွတ္(၁၃၈)ကို သေဘာတူ လက္မွတ္ေရးထိုးသည့္ ႏိုင္ငံျဖစ္ၿပီး ILO ၏ ခန႔္မွန္း ေျခအရ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္တြင္ ျမန္မာႏိုင္ငံ တစ္ဝန္း၌ ကေလးလုပ္သားေပါင္း (၁ ဒသမ ၁၃) သန္းရွိကာ ၎တို႔အနက္ ေျခာက္သိန္းေက်ာ္သည္ အႏၲရာယ္ရွိေသာ လုပ္ငန္းခြင္အတြင္း လုပ္ကိုင္ေနၾကရေၾကာင္း သိရသည္။