ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ ကန်ဒေါ်လာ သန်း(၇၅၀) ရရှိရန် ရည်ရွယ်ထား

 192

ချယ်ရီ(NP News)-ဇူလိုင် ၃
မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ပြည်ပသို့ ငါးများတင်ပို့လျက်ရှိရာ ယခု(၂၀၂၅- ၂၀၂၆)ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀)ရရှိရန် ရည်ရွယ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ငါးများပေါက်ဖွားရန် အခွင့်အလမ်းကောင်းများပိုမိုရရှိစေရေးအတွက် ရေချို၊ ရေငံငါးများကို နှစ်စဉ် ဧပြီလမှစတင်ကာ ဇွန်လကုန်အထိ ငါးမဖမ်းရ ရာသီသတ်မှတ်ထားရာ ပြည်ပသို့ ယခင်က သိုလှောင်ထားသောငါးများ အား လက်ရှိတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
‘အခုကတော့ ဌာနက နှစ်စဉ် (၄လ၊ ၅လ၊ ၆လ)ပိုင်းကို ငါးမဖမ်းရ ရာသီ သတ်မှတ်ထားပြီး ငါးတွေပေါက်ဖွားဖို့ အခွင့်လမ်းပိုကောင်းအောင်လို့။ တားတဲ့အချိန်ပါ။ (၆)လပိုင်းနောက်ပိုင်းပြန်ဖွင့်လို့ စက်တင်ဘာလကစပြီး ဒီဇင်ဘာလ အထိဆိုရင် ပမာဏက များလာပြီပေါ့နော်’ ဟု ၎င်းက ရှင်းပြသည်။ မြန်မာနိုင်ငံမှထွက်ရှိသော ရေငန်ငါးများ ဝယ်ယူမှု အများဆုံးနိုင်ငံအဖြစ် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ရပ်တည်နေပြီး ဂျပန်၊ အင်္ဂလန်၊ အရှေ့ အလယ်ပိုင်းနိုင်ငံများမှာ လည်း အရေးပါသည့် ဈေးကွက်အတွင်းရှိနေသော နိုင်ငံများဖြစ်နေကြောင်း သိရသည်။
‘နိုင်ငံအလိုက်မှာယူမှု အမျိုးအစားလေးတွေ ကွဲသွားတယ်။ ထိုင်းဆိုရင် ရေငန်ငါးကို ကော့သောင်းကနေ ရနောင်းကို ဝင်တယ်။ ဒါတွေကတော့ ဖမ်းပြီးတာနဲ့ ပင်လယ်ထဲကနေ ဟိုဘက်ကို တမ်းပို့ တာပေါ့။ တရုတ်က ရေငန် ငါးကို ကြိုက်တယ်။ သူ့ကို တင်ပို့မှုက (၂)ပိုင်းနဲ့ပို့ပါတယ်။ လေကြောင်းကနေ ဂဏာန်းတို့ ၊ ငါးရှဉ့်အရှင်တို့ကို ပို့ပါတယ်။ ကျန်တဲ့ ရေငန်ငါးတွေက ကွန်တိန်နာနဲ့ ရေကြောင်းကနေ ပို့ပါတယ်’ ဟု ၎င်းက ပြောသည်။ သဘာဝငါးအပြင် မွေးမြူ ရေးငါးများပါ ဝယ်လိုအားအမြင့်၌ပင်ရှိနေပြီး ငါးသလောက်နှင့် ငါးတန်၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးသိုင်းခေါင်းပွတို့မှာ ရောင်းအားအကောင်းဆုံး ငါးများဖြစ်နေကြောင်း သိရသည်။
‘ပို့ဖို့အမယ်ထဲမှာ ပိုပြီးအရေးပါလာတဲ့ငါးက မွေးမြူရေးငါးတန်ပါ။ သူ့ကို အဓိက ပန်းတနော်မှာ အများကြီးကို ကန်နဲ့အပြည့်အကျပ်ကိုမွေးထား တာဆိုတော့ ငါးတန်တွေက အများကြီး ထွက်နိုင် တယ်။ နည်းပညာတွေက ပြောင်း သွားပြီ။ နောက် တစ်ခုကတော့ ရေငန်ပုဇွန်အဖြူ (ဘနားမီး)ပေါ့။ သူ့ကိုလည်း တနင်္သာရီမှာ အများကြီးမွေးထားတာ။ မွေးတဲ့ကန်တွေကနေ ထွက်မယ့်ပုဇွန်နဲ့ ငါးတန်နဲ့ကို ချိန်ဆပြီးတော့ ဒီနှစ်မှာတော့ ယခင်နှစ်ထက် ပိုပြီး ထုတ်နိုင်မယ်။ အဲဒီဟာကြောင့်မို့ ကျွန်တော်တို့ရဲ့ လျာထားတဲ့အထဲကို သန်း(၇၅၀)ဆိုပြီး ထည့်လိုက်တာပါ’ ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် (၂၀၂၄- ၂၀၂၅) ဘဏ္ဍာရေးနှစ်၌ ရေကြီးကာ ငါးကန်ရေမြုပ်ခြင်းများ ကြုံတွေ့ခဲ့ပြီး တစ်နှစ်အတွင်း ပြည်ပငါးတင်ပို့မှု မက်ထရစ်တန်ချိန် (၅၅၀,ဝဝဝ) ကျော်အတွက် အမေရိကန်ဒေါ်လာ (၇၂၂) သန်းကျော်ရရှိခဲ့သည်။

Zawgyi Version:
ယခုဘ႑ာႏွစ္အတြင္း ျပည္ပသို႔ ငါးတင္ပို႔မႈမွ ကန္ေဒၚလာ သန္း(၇၅၀) ရရွိရန္ ရည္႐ြယ္ထား
ခ်ယ္ရီ(NP News)-ဇူလိုင္ ၃
ျမန္မာႏိုင္ငံအေနျဖင့္ ႏွစ္စဥ္ျပည္ပသို႔ ငါးမ်ားတင္ပို႔လ်က္ရွိရာ ယခု(၂၀၂၅- ၂၀၂၆)ဘ႑ာႏွစ္အတြင္း ျပည္ပသို႔ ငါးတင္ပို႔မႈမွ အေမရိကန္ေဒၚလာ သန္း (၇၅၀)ရရွိရန္ ရည္႐ြယ္ထားေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၊ ငါးလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ငါးမ်ားေပါက္ဖြားရန္ အခြင့္အလမ္းေကာင္းမ်ားပိုမိုရရွိေစေရးအတြက္ ေရခ်ိဳ၊ ေရငံငါးမ်ားကို ႏွစ္စဥ္ ဧၿပီလမွစတင္ကာ ဇြန္လကုန္အထိ ငါးမဖမ္းရ ရာသီသတ္မွတ္ထားရာ ျပည္ပသို႔ ယခင္က သိုေလွာင္ထားေသာငါးမ်ား အား လက္ရွိတင္ပို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။
‘အခုကေတာ့ ဌာနက ႏွစ္စဥ္ (၄လ၊ ၅လ၊ ၆လ)ပိုင္းကို ငါးမဖမ္းရ ရာသီ သတ္မွတ္ထားၿပီး ငါးေတြေပါက္ဖြားဖို႔ အခြင့္လမ္းပိုေကာင္းေအာင္လို႔။ တားတဲ့အခ်ိန္ပါ။ (၆)လပိုင္းေနာက္ပိုင္းျပန္ဖြင့္လို႔ စက္တင္ဘာလကစၿပီး ဒီဇင္ဘာလ အထိဆိုရင္ ပမာဏက မ်ားလာၿပီေပါ့ေနာ္’ ဟု ၎က ရွင္းျပသည္။ ျမန္မာႏိုင္ငံမွထြက္ရွိေသာ ေရငန္ငါးမ်ား ဝယ္ယူမႈ အမ်ားဆုံးႏိုင္ငံအျဖစ္ ထိုင္းႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔က ရပ္တည္ေနၿပီး ဂ်ပန္၊ အဂၤလန္၊ အေရွ႕ အလယ္ပိုင္းႏိုင္ငံမ်ားမွာ လည္း အေရးပါသည့္ ေဈးကြက္အတြင္းရွိေနေသာ ႏိုင္ငံမ်ားျဖစ္ေနေၾကာင္း သိရသည္။
‘ႏိုင္ငံအလိုက္မွာယူမႈ အမ်ိဳးအစားေလးေတြ ကြဲသြားတယ္။ ထိုင္းဆိုရင္ ေရငန္ငါးကို ေကာ့ေသာင္းကေန ရေနာင္းကို ဝင္တယ္။ ဒါေတြကေတာ့ ဖမ္းၿပီးတာနဲ႔ ပင္လယ္ထဲကေန ဟိုဘက္ကို တမ္းပို႔ တာေပါ့။ တ႐ုတ္က ေရငန္ ငါးကို ႀကိဳက္တယ္။ သူ႔ကို တင္ပို႔မႈက (၂)ပိုင္းနဲ႔ပို႔ပါတယ္။ ေလေၾကာင္းကေန ဂဏာန္းတို႔ ၊ ငါးရွဥ့္အရွင္တို႔ကို ပို႔ပါတယ္။ က်န္တဲ့ ေရငန္ငါးေတြက ကြန္တိန္နာနဲ႔ ေရေၾကာင္းကေန ပို႔ပါတယ္’ ဟု ၎က ေျပာသည္။ သဘာဝငါးအျပင္ ေမြးျမဴ ေရးငါးမ်ားပါ ဝယ္လိုအားအျမင့္၌ပင္ရွိေနၿပီး ငါးသေလာက္ႏွင့္ ငါးတန္၊ ငါးျမစ္ခ်င္း၊ ငါးၾကင္း၊ ငါးသိုင္းေခါင္းပြတို႔မွာ ေရာင္းအားအေကာင္းဆုံး ငါးမ်ားျဖစ္ေနေၾကာင္း သိရသည္။
‘ပို႔ဖို႔အမယ္ထဲမွာ ပိုၿပီးအေရးပါလာတဲ့ငါးက ေမြးျမဴေရးငါးတန္ပါ။ သူ႔ကို အဓိက ပန္းတေနာ္မွာ အမ်ားႀကီးကို ကန္နဲ႔အျပည့္အက်ပ္ကိုေမြးထား တာဆိုေတာ့ ငါးတန္ေတြက အမ်ားႀကီး ထြက္ႏိုင္ တယ္။ နည္းပညာေတြက ေျပာင္း သြားၿပီ။ ေနာက္ တစ္ခုကေတာ့ ေရငန္ပုဇြန္အျဖဴ (ဘနားမီး)ေပါ့။ သူ႔ကိုလည္း တနသၤာရီမွာ အမ်ားႀကီးေမြးထားတာ။ ေမြးတဲ့ကန္ေတြကေန ထြက္မယ့္ပုဇြန္နဲ႔ ငါးတန္နဲ႔ကို ခ်ိန္ဆၿပီးေတာ့ ဒီႏွစ္မွာေတာ့ ယခင္ႏွစ္ထက္ ပိုၿပီး ထုတ္ႏိုင္မယ္။ အဲဒီဟာေၾကာင့္မို႔ ကြၽန္ေတာ္တို႔ရဲ႕ လ်ာထားတဲ့အထဲကို သန္း(၇၅၀)ဆိုၿပီး ထည့္လိုက္တာပါ’ ဟု ၎က ဆိုသည္။
ၿပီးခဲ့သည့္ (၂၀၂၄- ၂၀၂၅) ဘ႑ာေရးႏွစ္၌ ေရႀကီးကာ ငါးကန္ေရျမဳပ္ျခင္းမ်ား ႀကဳံေတြ႕ခဲ့ၿပီး တစ္ႏွစ္အတြင္း ျပည္ပငါးတင္ပို႔မႈ မက္ထရစ္တန္ခ်ိန္ (၅၅၀,ဝဝဝ) ေက်ာ္အတြက္ အေမရိကန္ေဒၚလာ (၇၂၂) သန္းေက်ာ္ရရွိခဲ့သည္။

Related news

© 2021. All rights reserved.