အလုပ်မရသေးသည့် သင်္ဘောသားလူသစ် (၂)သောင်း ကျော်ရှိနေ

349

Pearl(NP News)-ဇူလိုင်၃
အလုပ်မရသေးသည့်သင်္ဘောသားလူသစ် (၂)သောင်းကျော်ရှိနေကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) မှ ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်က NP News သို့ပြောသည်။
လက်ရှိတွင် တရားဝင်သင်္ဘောသားမှတ်ပုံ တင်ထားသူဦးရေတစ်သိန်းခွဲခန့်ရှိပြီး သင်္ဘောလိုက်နိုင်သည့် အသက် အရွယ်ရှိသူ (၉)သောင်း ခန့်ရှိသည့်အနက် (၆)သောင်းကျော်ခန့်က သင်္ဘောအတက်အဆင်း ပြုလုပ်နေကြောင်း သိရ သည်။
“သင်္ဘောသားကတော့ On Board ကတော့ (၄)သောင်းလောက်တော့ရှိတယ်။ နားနေ တာကတော့ သင်္ဘော ပေါ် အချိန်မရွေးပြန်တက် နိုင်တဲ့လူကတော့ ခန့်မှန်းခြေ (၂)သောင်းလောက် ရှိတယ်။ နောက်တစ်ခုက အလုပ် မရသေး တဲ့လူက(၂)သောင်းကျော်လောက်ရှိမယ်။ သင်္ဘောပေါ် အချိန်မရွေးတက်လိုက်ဆင်းလိုက်လုပ်နေတဲ့လူက (၆)သောင်း လောက်ရှိတယ်။ သို့သော် လုံးဝအလုပ် မရသေးဘဲ စာရွက်စာတမ်းရှိတဲ့လူက (၂)သောင်း ကျော်လောက်ရှိတယ်။ သင်္ဘောသားမှတ်ပုံတင် အရေအတွက်အရ သင်္ဘောလိုက်နိုင်တဲ့အရွယ်က (၉)သောင်းလောက်ရှိပြီးတော့ အခုက တရား ဝင်မှတ် ပုံတင်တာက (၁)သိန်းခွဲလောက်ဖြစ်ပြီဆိုတော့ (၆)သောင်းလောက်က အငြိမ်းစားယူထားတဲ့ သဘောလို့ ပြောလို့ရတာပေါ့” ဟု ကပ္ပတိန် စိုးမင်းအောင်က NP News သို့ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်အနေဖြင့် ကျန်ရှိသည့်သင်္ဘောသား လူသစ် (၂)သောင်း ကျော်ခန့်အတွက် အရည်အချင်းပြည့်မီစေ ရေးအတွက် သင်တန်းများအခမဲ့ပို့ချပေးနေကြောင်း လည်း သိရသည်။
“လူသစ်တွေက အလုပ်မရသေးတာပေါ့။ သူ့မှာ အလုပ်ရှင်ကလိုအပ်တဲ့ အရည်အသွေးမပြည့် မီတာလည်း ဖြစ်မယ်၊ ဘာသာစကား မကျွမ်းကျင်တာလည်း ဖြစ်မယ်ပေါ့နော်။ အလုပ်မရသေးတဲ့ (၂)သောင်းအတွက်ကတော့ ကျွန်တော်တို့ဘက်က ဘာလုပ်ပေးနိုင်လဲဆိုရင် သူတို့ရဲ့ အရည်အသွေး တက်လာအောင်ပဲ ဝိုင်းပြီးတော့ သင်ကြား ပေးတာ၊ ဗဟုသုတမျှဝေပေးတာပဲ လုပ်နိုင်တယ်လေ။ အလုပ်အကိုင်ရှာဖွေဖို့ကျ သူတို့ကိုယ်တိုင် အားစိုက်မှ ရမှာ။ အဲဒီတော့ အလုပ်ရှာမယ်၊ အလုပ်ခန့်မယ်ဆို တဲ့လူတွေဆီ သူတို့ကိုယ်တိုင်သွားစကားပြောရမယ်။ သင်တန်းပေး နေတာ တော့ရှိပါတယ်။ တစ်လကို (၃)မျိုးပေးပါတယ်။ တစ်ပတ်စဉ်စီပေးနေတာပေါ့လေ။ အခမဲ့သင်တန်းပေးနေတာ (၁)နှစ် ကျော်တောင် ရှိလာပြီ။ ကုန်းပတ်သင်တန်းဆိုလည်း အပတ်စဉ် (၁၂)တောင်ရှိလာပြီ” ဟု ကပ္ပတိန် စိုးမင်းအောင်က ဆက်လက် ပြောသည်။
သင်္ဘောသား အလုပ်အကိုင်သည် မြန်မာနိုင်ငံတွင် လူစိတ်ဝင်စားမှုများပြားသော အလုပ်အကိုင်အမျိုးအစား တစ်မျိုးဖြစ်သကဲ့သို့ တစ်ဖက် တွင်လည်း လိမ်လည်ခံရမှုများပြားသော အလုပ်အကိုင်နယ်ပယ်တစ်ခုဖြစ်နေသည်။

Zawgyi Version:
အလုပ္မရေသးသည့္ သေဘၤာသားလူသစ္ (၂)ေသာင္း ေက်ာ္ရွိေန
Pearl(NP News)-ဇူလိုင္၃
အလုပ္မရေသးသည့္သေဘၤာသားလူသစ္ (၂)ေသာင္းေက်ာ္ရွိေနေၾကာင္း ျမန္မာႏိုင္ငံ ပင္လယ္ကူး သေဘၤာသား အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ (MSF) မွ ဥကၠ႒ ကပၸတိန္ စိုးမင္းေအာင္က NP News သို႔ေျပာသည္။
လက္ရွိတြင္ တရားဝင္သေဘၤာသားမွတ္ပုံ တင္ထားသူဦးေရတစ္သိန္းခြဲခန႔္ရွိၿပီး သေဘၤာလိုက္ႏိုင္သည့္ အသက္ အ႐ြယ္ရွိသူ (၉)ေသာင္း ခန႔္ရွိသည့္အနက္ (၆)ေသာင္းေက်ာ္ခန႔္က သေဘၤာအတက္အဆင္း ျပဳလုပ္ေနေၾကာင္း သိရ သည္။
“သေဘၤာသားကေတာ့ On Board ကေတာ့ (၄)ေသာင္းေလာက္ေတာ့ရွိတယ္။ နားေန တာကေတာ့ သေဘၤာ ေပၚ အခ်ိန္မေ႐ြးျပန္တက္ ႏိုင္တဲ့လူကေတာ့ ခန႔္မွန္းေျခ (၂)ေသာင္းေလာက္ ရွိတယ္။ ေနာက္တစ္ခုက အလုပ္ မရေသး တဲ့လူက(၂)ေသာင္းေက်ာ္ေလာက္ရွိမယ္။ သေဘၤာေပၚ အခ်ိန္မေ႐ြးတက္လိုက္ဆင္းလိုက္လုပ္ေနတဲ့လူက (၆)ေသာင္း ေလာက္ရွိတယ္။ သို႔ေသာ္ လုံးဝအလုပ္ မရေသးဘဲ စာ႐ြက္စာတမ္းရွိတဲ့လူက (၂)ေသာင္း ေက်ာ္ေလာက္ရွိတယ္။ သေဘၤာသားမွတ္ပုံတင္ အေရအတြက္အရ သေဘၤာလိုက္ႏိုင္တဲ့အ႐ြယ္က (၉)ေသာင္းေလာက္ရွိၿပီးေတာ့ အခုက တရား ဝင္မွတ္ ပုံတင္တာက (၁)သိန္းခြဲေလာက္ျဖစ္ၿပီဆိုေတာ့ (၆)ေသာင္းေလာက္က အၿငိမ္းစားယူထားတဲ့ သေဘာလို႔ ေျပာလို႔ရတာေပါ့” ဟု ကပၸတိန္ စိုးမင္းေအာင္က NP News သို႔ေျပာသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံပင္လယ္ကူး သေဘၤာသားအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္အေနျဖင့္ က်န္ရွိသည့္သေဘၤာသား လူသစ္ (၂)ေသာင္း ေက်ာ္ခန႔္အတြက္ အရည္အခ်င္းျပည့္မီေစ ေရးအတြက္ သင္တန္းမ်ားအခမဲ့ပို႔ခ်ေပးေနေၾကာင္း လည္း သိရသည္။
“လူသစ္ေတြက အလုပ္မရေသးတာေပါ့။ သူ႔မွာ အလုပ္ရွင္ကလိုအပ္တဲ့ အရည္အေသြးမျပည့္ မီတာလည္း ျဖစ္မယ္၊ ဘာသာစကား မကြၽမ္းက်င္တာလည္း ျဖစ္မယ္ေပါ့ေနာ္။ အလုပ္မရေသးတဲ့ (၂)ေသာင္းအတြက္ကေတာ့ ကြၽန္ေတာ္တို႔ဘက္က ဘာလုပ္ေပးႏိုင္လဲဆိုရင္ သူတို႔ရဲ႕ အရည္အေသြး တက္လာေအာင္ပဲ ဝိုင္းၿပီးေတာ့ သင္ၾကား ေပးတာ၊ ဗဟုသုတမွ်ေဝေပးတာပဲ လုပ္ႏိုင္တယ္ေလ။ အလုပ္အကိုင္ရွာေဖြဖို႔က် သူတို႔ကိုယ္တိုင္ အားစိုက္မွ ရမွာ။ အဲဒီေတာ့ အလုပ္ရွာမယ္၊ အလုပ္ခန႔္မယ္ဆို တဲ့လူေတြဆီ သူတို႔ကိုယ္တိုင္သြားစကားေျပာရမယ္။ သင္တန္းေပး ေနတာ ေတာ့ရွိပါတယ္။ တစ္လကို (၃)မ်ိဳးေပးပါတယ္။ တစ္ပတ္စဥ္စီေပးေနတာေပါ့ေလ။ အခမဲ့သင္တန္းေပးေနတာ (၁)ႏွစ္ ေက်ာ္ေတာင္ ရွိလာၿပီ။ ကုန္းပတ္သင္တန္းဆိုလည္း အပတ္စဥ္ (၁၂)ေတာင္ရွိလာၿပီ” ဟု ကပၸတိန္ စိုးမင္းေအာင္က ဆက္လက္ ေျပာသည္။
သေဘၤာသား အလုပ္အကိုင္သည္ ျမန္မာႏိုင္ငံတြင္ လူစိတ္ဝင္စားမႈမ်ားျပားေသာ အလုပ္အကိုင္အမ်ိဳးအစား တစ္မ်ိဳးျဖစ္သကဲ့သို႔ တစ္ဖက္ တြင္လည္း လိမ္လည္ခံရမႈမ်ားျပားေသာ အလုပ္အကိုင္နယ္ပယ္တစ္ခုျဖစ္ေနသည္။