BRICS ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ နှင့် ရုရှားသမ္မတ မတက်ရောက်

547

ဂျန်ဇက် (NP News) - ဇူလိုင် ၇
BRICS အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ဘရာဇီးလ်တွင် တနင်္ဂနွေနေ့တွင် စတင် ကျင်းပသော်လည်း ၎င်း၏ သြဇာအာဏာအရှိဆုံး အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင့် နှင့် ရုရှားသမ္မတပူတင်တို့ တက်ရောက်ခြင်းမျိုးမရှိကြောင်း သိရသည်။
တရုတ်သမ္မတသည် အဆိုပါအဖွဲ့၏ အစည်းအဝေးကို ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက နှစ်စဉ်နှစ်တိုင်း တက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် တက်ရောက်ခြင်းမရှိဘဲ ၎င်းအစား တရုတ်နိုင်ငံကိုယ်စားပြုအဖြစ် ဝန်ကြီးချုပ်အဖြစ် Li Qiang တက်ရောက်ခဲ့ကြောင်း သိရသည်။ ရုရှားသမ္မတပူတင်သည် အစည်းအဝေးကို တက်ရောက်လိုသော်လည်း (ICC) အဖွဲ့ ၏ ဖမ်းဝရမ်းအမိန့်ကြောင့် မတက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
BRICS အဖွဲ့ဝင်နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်နှစ်ဦးမတက်ရောက်ခြင်းသည် ကမ္ဘာစည်းလုံးညီညွှတ်မှု နှင့် သြဇာ အာဏာရှိမှုများအပေါ် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးတွင် နှစ်ရက်ကြာ ထိပ်သီး အစည်းအဝေးကို တရုတ်နှင့် ရုရှားသမ္မတို့မတက်ရောက်သော်လည်း အိန္ဒိယ၊ တောင်အာဖရိက၊ အီဂျစ်၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား နှင့် အီရန်တို့မှ ခေါင်းဆောင်များ မတက်ရောက်ခဲ့ ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ချမှတ်မည့် အမေရိကန်အကောက်ခွန်များ ညှိနှိုင်းရန် ဇူလိုင် ၉ ရက် နောက်ဆုံးထားသတ်မှတ်ရက်ကို အဖွဲ့ဝင်အချို့က ဆန့်ကျင်နေကြပြီး စည်းလုံးညီညွှတ်မှုကို ပြသနေသည့် ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေကြရသည်။
ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင့်တက်ရောက်ရန် ပျက်ကွက်မှုသည် အမေရိကန်အကောက်ခွန် များနှင့် ဆက်နွယ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။ ထို့ပြင် ရှီ၏ ပျက်ကွက်မှုသည် အငြင်းပွားမှု များရှိနေချိန်တွင် တည်ငြိမ်သည့် ခေါင်းဆောင်အဖြစ်ပြသရန် အဓိကအခွင့်အရေးကို ဆုံးရှုံးနေခြင်းဖြစ်သည်။ ရှီကျင့်ဖျင့်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက ပြည်ပနိုင်ငံများကို သွားရောက်မှု နည်းပါးသည့် ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ရှီကျင့်ဖျင့်သည် စစ်ရေးနှင့် စစ်ရေးစိန်ခေါ်မှုများရှိနေချိန်တွင် လူမြင်ကွင်းမှ အတန်ကြာ ပျောက်ကွယ်နေခဲ့သူဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ရှီကျင့်ဖျင့်သည် ပြီးခဲ့သည့်ဇွန်လအတွင်းတွင် လူမြင်ကွင်းသို့မထွက်ခဲ့ဘဲ ရုပ်သံဖိုင်နှစ်ခုသာ ပေးပို့ခဲ့ပြီး အာဏာရကွန်မြူနစ် ပါတီအတွင်း ခေါင်းဆောင်အပြောင်းအလဲဖြစ်လာနိုင်ကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေသည်။

Zawgyi Version:
BRICS ထိပ္သီးအစည္းအေဝးကို တ႐ုတ္သမၼတ ႏွင့္ ႐ုရွားသမၼတ မတက္ေရာက္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၇
BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ား၏ ထိပ္သီးအစည္းအေဝးကို ဘရာဇီးလ္တြင္ တနဂၤေႏြေန႔တြင္ စတင္ က်င္းပေသာ္လည္း ၎၏ ၾသဇာအာဏာအရွိဆုံး အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္သည့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္ ႏွင့္ ႐ုရွားသမၼတပူတင္တို႔ တက္ေရာက္ျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။
တ႐ုတ္သမၼတသည္ အဆိုပါအဖြဲ႕၏ အစည္းအေဝးကို ၂၀၁၂ ခုႏွစ္ေနာက္ပိုင္းကတည္းက ႏွစ္စဥ္ႏွစ္တိုင္း တက္ေရာက္ခဲ့ေသာ္လည္း ယခုႏွစ္တြင္ တက္ေရာက္ျခင္းမရွိဘဲ ၎အစား တ႐ုတ္ႏိုင္ငံကိုယ္စားျပဳအျဖစ္ ဝန္ႀကီးခ်ဳပ္အျဖစ္ Li Qiang တက္ေရာက္ခဲ့ေၾကာင္း သိရသည္။ ႐ုရွားသမၼတပူတင္သည္ အစည္းအေဝးကို တက္ေရာက္လိုေသာ္လည္း (ICC) အဖြဲ႕ ၏ ဖမ္းဝရမ္းအမိန႔္ေၾကာင့္ မတက္ေရာက္ျခင္းျဖစ္ေၾကာင္း သိရသည္။
BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ထိပ္သီးေခါင္းေဆာင္ႏွစ္ဦးမတက္ေရာက္ျခင္းသည္ ကမာၻစည္းလုံးညီၫႊတ္မႈ ႏွင့္ ၾသဇာ အာဏာရွိမႈမ်ားအေပၚ ေမးခြန္းထုတ္စရာျဖစ္လာခဲ့သည္။ ဘရာဇီးႏိုင္ငံ ရီယိုဒီဂ်ေန႐ိုးတြင္ ႏွစ္ရက္ၾကာ ထိပ္သီး အစည္းအေဝးကို တ႐ုတ္ႏွင့္ ႐ုရွားသမၼတို႔မတက္ေရာက္ေသာ္လည္း အိႏၵိယ၊ ေတာင္အာဖရိက၊ အီဂ်စ္၊ အာရပ္ ေစာ္ဘြားမ်ား ျပည္ေထာင္စု၊ အီသီယိုးပီးယား၊ အင္ဒိုနီးရွား ႏွင့္ အီရန္တို႔မွ ေခါင္းေဆာင္မ်ား မတက္ေရာက္ခဲ့ ေၾကာင္း သိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က ခ်မွတ္မည့္ အေမရိကန္အေကာက္ခြန္မ်ား ညႇိႏႈိင္းရန္ ဇူလိုင္ ၉ ရက္ ေနာက္ဆုံးထားသတ္မွတ္ရက္ကို အဖြဲ႕ဝင္အခ်ိဳ႕က ဆန႔္က်င္ေနၾကၿပီး စည္းလုံးညီၫႊတ္မႈကို ျပသေနသည့္ ကမာၻ႔စီးပြားေရး မေသခ်ာမေရရာမႈမ်ားႏွင့္ ရင္ဆိုင္ေနၾကရသည္။
ထိပ္သီးအစည္းအေဝးကို တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္တက္ေရာက္ရန္ ပ်က္ကြက္မႈသည္ အေမရိကန္အေကာက္ခြန္ မ်ားႏွင့္ ဆက္ႏြယ္ဖြယ္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ ထို႔ျပင္ ရွီ၏ ပ်က္ကြက္မႈသည္ အျငင္းပြားမႈ မ်ားရွိေနခ်ိန္တြင္ တည္ၿငိမ္သည့္ ေခါင္းေဆာင္အျဖစ္ျပသရန္ အဓိကအခြင့္အေရးကို ဆုံးရႈံးေနျခင္းျဖစ္သည္။ ရွီက်င့္ဖ်င့္သည္ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းကတည္းက ျပည္ပႏိုင္ငံမ်ားကို သြားေရာက္မႈ နည္းပါးသည့္ ေခါင္းေဆာင္တစ္ဦးျဖစ္ခဲ့ၿပီး ရွီက်င့္ဖ်င့္သည္ စစ္ေရးႏွင့္ စစ္ေရးစိန္ေခၚမႈမ်ားရွိေနခ်ိန္တြင္ လူျမင္ကြင္းမွ အတန္ၾကာ ေပ်ာက္ကြယ္ေနခဲ့သူျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သည္။ ရွီက်င့္ဖ်င့္သည္ ၿပီးခဲ့သည့္ဇြန္လအတြင္းတြင္ လူျမင္ကြင္းသို႔မထြက္ခဲ့ဘဲ ႐ုပ္သံဖိုင္ႏွစ္ခုသာ ေပးပို႔ခဲ့ၿပီး အာဏာရကြန္ျမဴနစ္ ပါတီအတြင္း ေခါင္းေဆာင္အေျပာင္းအလဲျဖစ္လာႏိုင္ေၾကာင္း ထင္ေၾကးေပးမႈမ်ားလည္း ရွိေနသည္။