ဩစတြေးလျ မန်ဒရင်း တရုတ်ဘာသာစကားပြောဆိုသူများကို ကျားဖျန့် ခြောက်လှန့် ငွေညှစ်မှု ပိုမိုဆိုးရွားလာ

 92

Htay Oung (NP News) - ဇူလိုင် ၇

တရုတ်အာဏာပိုင်အဖွဲ့အစည်းများအဖြစ် ဟန်ဆောင်နေတဲ့ ကျားဖျန့်လိမ်လည်သူတွေဟာ ဩစတြေးလျရောက် နိုင်ငံတကာကျောင်းသားများကို ပိုမိုအာရုံစိုက်လာကြပါတယ်။ “အကြီးအကျယ် အခက်တွေ့ရလိမ့်မယ်” “၂၄ နာရီ စောင့်ကြည့်ခံရလိမ့်မယ်” စသဖြင့် ခြိမ်းခြောက်ပြီး ငွေညှစ်ယူနေကြပါတယ်။ ဒီအတွက် လွန်ခဲ့တဲ့ ငါးလအတွင်း ဆုံးရှုံးငွေပမာဏဟာ အမေရိကန်ဒေါ်လာ ငါးသန်းကျော်ရှိခဲ့တယ်လို့ ဗြိတိန်အခြေစိုက် “ဂါးဒီးယန်း” ၂ဝ၂၅ ခုနှစ် ဇွန်လ ၂၉ ရက်က ရေးသားပါတယ်။
လိမ်လည်သူတွေဟာ တရုတ် တရားဥပဒေစိုးမိုးရေးအရာရှိတွေအဖြစ် ဟန်ဆောင်ပြီး သားကောင် ဖြစ်ရသူ တို့ထံ ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် ငွေကြေးများ လွှဲပြောင်းပေးရန် တောင်းဆိုလေ့ရှိပါတယ်။ ကျောင်းသားတချို့ကို ပတ်စ်ပို့အတု (သို့) ခရက်ဒစ်ကတ် လက်ခံရရှိတာ မျိုးလို ရာဇဝတ်မှုတွေကို ကျူးလွန်နေ တယ်လို့ စွပ်စွဲကြပါတယ်။ ဖြစ်စဉ်အချို့အရ မိမိရဲ့ကိုယ်ရေးအချက်အလက်တွေကို ငွေကြေးဆိုင်ရာ ဒုစရိုက်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုနေတယ်လို့ ပြောဆိုလေ့ရှိကြောင်း၊ ဩစတြေးလျအာဏာပိုင်တွေက ဗီဇာစည်းမျဉ်း ချိုးဖောက်မှုနဲ့ဖမ်းဆီးပြီး နှင်ထုတ်တော့မယ်လို့လည်း လိမ်လည်ပြောဆိုတတ်ကြောင်း သိရှိရပါတယ်။ ယခုလို လိမ်လည်မှုတွေကို ဥပဒေစိုးမိုးရေးအဖွဲ့တွေက စိုးရိမ်နေခဲ့တာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပါပြီ။ ယခုအခါ အဲ့ဒီခြိမ်းခြောက်မှုတွေ ပိုမိုပြင်း ထန်လာတယ်လို့ အမျိုးသားလိမ်လည်မှုကာကွယ် ရေးစင်တာ (National Anti-Scam Centre ) က သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ စင်တာ ကို ဩစတြေးလျ ဈေးကွက်ပြိုင်ဆိုင်မှုနဲ့ စားသုံးသူ ရေးရာ ကော်မရှင် (ACCC) က စီမံအုပ်ချုပ်လျက်ရှိပါ တယ်။ လိမ်လည်မှုတွေမှာ (၂၄) နာရီစောင့် ကြည့်ခံ ရလိမ့်မယ်လို့ ခြိမ်းခြောက်မှုအကြိမ် ပိုမိုပါဝင်လာ ကြောင်း တွေ့မြင်နေရပြီး မတ်လနောက်ပိုင်း ဖြစ်စဉ် (၁၆)ခုနဲ့ မေလ တစ်လတည်းမှာ (၈)ခုရှိနေတယ်လို့ အစီရင်ခံတင်ပြထားပါတယ်။
ရာဇဝတ်မှုမကင်းတဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်းသက်သေပြဖို့ တစ်စုံတစ် ယောက်က ဖုန်းဆက်တဲ့အခါ စိတ်သောက မဖြစ်ပါနဲ့၊ ပြန်မဖြေပါနဲ့၊ ဖုန်းချလိုက်ပါ၊ ပြန်လည်ဆက်သွယ်မနေဘဲ သူတို့ ညွှန်ကြားချက်ကိုလည်း မလိုက်နာ ပါနဲ့။ အဲဒါတွေကို လိုက်လုပ်နေမိမယ်ဆိုရင် အတင့်ရဲလာပြီး ခြိမ်းခြောက်မှု နည်းလမ်းအမျိုးမျိုးနဲ့ ငွေညှစ် ခံရနိုင်တယ်လို့ အကြံပြုထားပါတယ်။
တရုတ်အာဏာပိုင်ဟန်ဆောင်ပြီး လိမ် လည်ရန် ကြိုးစားမှုတွေဟာ (၂၀၂၅) ခုနှစ် ပထမ (၅)လ အတွင်း အကြိမ် ပေါင်း ၆၈၀ နီးပါးရှိခဲ့ပါတယ်။ အဲဒီအထဲ (၅.၅ ရာခိုင်နှုန်း) သာ အောင်မြင်တယ်ဆိုပေမယ့် ဆုံးရှုံး ရတဲ့ငွေဟာ အမေရိကန်ဒေါ်လာ (၅.၁) သန်း ခန့်ရှိပါတယ်။ အလိမ်ခံရသူ တစ်ဦးချင်းရဲ့ ပျမ်းမျှ ဆုံးရှုံးငွေ မှာ ဒေါ်လာ (၁၃၈ယဝ၁၈) ရှိ တယ်လို့ ပြောရ ပါလိမ့်မယ်။ ဩစတြေးလျအစိုးရရဲ့အဆိုအရ အလိမ်ခံရ သူများရဲ့ ပျမ်းမျှအသက်အပိုင်းအခြားမှာ (၁၈) နှစ်မှ (၂၄) နှစ်အတွင်း အများစုဖြစ်ပါတယ်။ ပညာသင်ယူနေတဲ့ ကျောင်းသား (၂၁) ဦးချည်း သက်သက် ဒေါ်လာ (၃.၃) သန်း ဆုံးရှုံးခဲ့ရပြီး လိမ်လည် ခံရသူ (၃၇) ဦးမှာ အဲ့ဒီထက် အသက်ပို ကြီးတဲ့ကျောင်းသား (၁၀)ဦး ပါဝင်နေပါတယ်။ “ပြန်ပေးဆွဲခံရ လေဟန်” လိမ်လည်နည်းဟာ တရုတ်ကျောင်းသားတွေကို ပစ်မှတ်ထားခဲ့ကြောင်း ACCC က အရင်က သတိပေးခဲ့ဖူးပါတယ်။ ဖြစ်စဉ် တစ်ခုမှာ တရုတ်ရဲအရာရှိဟန်ဆောင်သူများက အသက် (၁၈) နှစ်အရွယ် ကျောင်းသူတစ်ဦးကို သူ့ဖာ သာတိုက်ခန်းထဲမှာ ပုန်းအောင်းနေစေပြီး လူပြန်ပေး ဆွဲခံရလေဟန် အထင် မှားစေရန် လှည့်ဖြားခဲ့ပါတယ်။ ကျောင်းသူအမျိုးသမီးဟာ သူပြန်ပေးဆွဲခံရကြောင်း သူ့မိသားစု ထံသို့ တရုတ်လူမှုကွန်ရက် ဝီချက် (WeChat) မှတစ်ဆင့် ဓာတ်ပုံနဲ့ ဗီဒီယို အတော်များများ ပို့ခဲ့ရပါတယ်။ သူမသိတာက တရုတ်အာဏာပိုင် ဟန်ဆောင်သူတွေက မိသားစုထံဆက်သွယ်နေပြီး သူ့ကိုလွတ် မြောက်စေချင်ရင် ငွေလွှဲပေးဖို့တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ညွှန်ကြားတယ်ဆိုတိုင်း သင့်ကင်မရာကို မဖွင့်ထားမိ ပါစေပါနဲ့လို့ ACCC ပြောရေးဆိုခွင့်ရှိသူက သတိပေးပါတယ်။ သင်ဟာ စုံစမ်းစစ်ဆေးခံနေရတယ်လို့ တစ်စုံတစ်ယောက်က ပြောလာ မယ်ဆိုရင် ဩစတြေးလျရှိ ဒေသဆိုင်ရာရဲတပ်ဖွဲ့၊ သင်တက်ရောက်သင်ယူနေတဲ့တက္ကသိုလ်ရဲ့ နိုင်ငံတကာကျောင်းသားများကူညီရေးအဖွဲ့ (သို့) ဒေသတွင်း ဩစတြေးလျ-တရုတ်အသိုင်းအဝိုင်းဝန်ဆောင်မှု အသင်းများနဲ့ တိုင်ပင်ဆွေးနွေးပါလို့ဆိုပါတယ်။
များသောအားဖြင့် လိမ်လည်သူတွေဟာ တရုတ်မန်ဒရင်းဘာသာစကားဖြင့် ဖုန်းဆက်ပြီး ရုတ် တရက် စတင်လေ့ရှိပါတယ်။ လူချင်းမတွေ့ခဲ့ရင် “အရေးကြီးတယ် ချက်ချင်းပြန်ဆက်ပါ” လို့ သတင်း စကား ချန်ထားတတ်ပါတယ်။ အဲ့ဒီနောက် ပြစ်မှုကင်းစင်ကြောင်း သက်သေပြဖို့အတွက် ပိုက်ဆံတော့ ကုန်လိမ့်မယ်လို့ မဟုတ်မမှန်ပြောလေ့ရှိပါတယ်။ ယုံကြည်ကိုးကွယ်မှုကိုအခြေခံပြီး တစ်ပတ်ရိုက် လိမ် လည်မှုမျိုးလည်း ရှိတတ်ပါတယ်။ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ဘောက်စ်ဟေးလ် ရပ်ကွက် လိမ် လည်မှုတစ်ခုမှာဆိုရင် သက်ကြီးရွယ်အို အထူးသဖြင့် အာရှနွယ်ဖွားရုပ်ရည်သွင်ပြင်ရှိတဲ့ အမျိုးသမီး များ ကြီးများကိုပစ်မှတ်ထားပြီး “ဘိုးတော် လိုလို နတ်လိုလို” လိမ်လည်ခြင်းဖြစ်ပါတယ်။ မိသားစု အတွင်း အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိတယ်၊ ပယောဂအတိုက်အခိုက်များကို ဖယ်ရှားပစ်ဖို့လိုအပ်ကြောင်း ခြောက်လှန့်ပြောဆိုပြီး တန်ဖိုးကြီးလက်ဝတ်ရတနာနဲ့ ငွေကြေးတွေကို ပိပိရိရိလိမ်ယူခြင်းဖြစ်ပါတယ်။ သိုက်လိုလို ဝိဇ္ဇာလိုလိုပုဂ္ဂိုလ်က အဆတိုးပွားအောင် သိဒ္ဓိတင်ပေးမယ်လို့ ယူလာတဲ့ရွေငွေပစ္စည်းတွေကို အိတ်တစ်ခုထဲထည့် မျက်စိမှိတ်ခိုင်းထားပြီး မန်းမှုတ်ရွတ်ဖတ်ပါတယ်။ အဲ့ဒီအတောအတွင်း ငွေ/ အဖိုး တန်ပစ္စည်းများကို အတုတွေနဲ့ အစားထိုးပါတယ်။ အိမ်ရောက်မှ ဖွင့်ကြည့်ရမှာဖြစ်တဲ့အတွက် အလိမ်ခံရ ကြောင်း သိရှိတဲ့အခါ အချိန်နှောင်းသွားပါပြီ။ ဒီလိုနည်းနဲ့ သက်ကြီးရွယ်အို အမျိုးသမီးကြီး (၃)ဦးမှာ တစ်ဦးက ဒေါ်လာ တစ်သိန်းငါးသောင်း၊ ကျန် (၂)ဦးက ဒေါ်လာ ငါးသောင်းခန့်စီ အသီးသီး အလိမ်ခံလိုက် ရပါတယ်။ (၂၀၂၁)ခုနှစ် သန်းခေါင်စာရင်းအရ မဲလ်ဘုန်းအရှေ့ပိုင်း ဘောက်စ်ဟေးလ် ဆင်ခြေဖုံး ရပ် ကွက်ရဲ့ (၄ဝ ရာခိုင်နှုန်း) ဟာ အာရှနွယ်ဖွားတွေဖြစ်ကြပြီး (၂၇ ရာခိုင်နှုန်း) ဟာ တရုတ် မန်ဒရင်းဘာသာစကားပြောဆို ကြပါတယ်။ တချို့မှာ အင်္ဂလိပ်လိုမပြောတတ်ကြပါဘူး။ အလိမ်ခံလိုက်ရလို့ ငွေကြေးဆုံးရှုံးမှုထက် ယုံ ကြည်မှုပျက်စီးခြင်း နက်ရှိုင်းစွာ စိတ်ဒဏ်ရာရရှိခြင်းက ပိုမိုဆိုးရွားပါတယ်။ လူမှုရေးအရ ရှက်ရွံ့ခြင်း ကြောင့် အတိုင်အတော မလုပ်ကြတဲ့အတွက် လူမသိ သူမသိအမှုတွေ အများကြီးရှိပါလိမ့်မယ်။ အလိမ်ခံ ရသူတွေဟာ အင်္ဂလိပ် ဘာသာစကား မပြောဆိုတတ်သူ အသက် (၇၀) ကျော် (၈၀) အရွယ်တွေ ဖြစ်ကြ ပါတယ်။ အဲ့ဒီလိုလိမ်နည်းမျိုးကို ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ အတွင်းမှာ စတင်ဖြစ်ပွားခဲ့ပြီး ဩစတြေး လျ ဗစ်တိုးရီးယားပြည်နယ်နဲ့ နယူးဆောက်သ်ဝေးလ်ပြည် နယ်တို့မှာလည်းတွေ့ရှိလာရခြင်း ဖြစ်ပါ တယ်။ နိုင်ငံတကာလှည့်ပြီး လိမ်လည်မှုကျုးလွန်နေတဲ့ ပုံစံမျိုးဖြစ်ပြီး ဩစတြေးလျပြည်နယ်ရဲတပ်ဖွဲ့က အနီးကပ်စောင့်ကြည့်လျက်ရှိပါတယ်။
ဒီလိုလိမ်နည်းအကြောင်း ဘောက်စ်ဟေးလ် ရပ်ကွက်နေထိုင်သူများကို အာရှဘာသာစကားနဲ့ အသိပေးထားရပါတယ်။ တရုတ်မန်ဒရင်း ဘာသာ ပြောအသိုင်းအဝိုင်း အထူးသဖြင့် တရုတ်နွယ်ဖွား ကျောင်းသားများ သက်ကြီးရွယ်အိုများကို ပစ်မှတ်ထားလာကြောင်း၊ သဘာဝလွန် သံသယဖြစ်ဖွယ် လူ အုပ်စုကိုတွေ့ရှိလျှင် (ဝဝဝ) ( ဩစတြေးလျ အရေးပေါ် ဖုန်းနံပတ်)ကို ဆက်သွယ်ရန်၊ လမ်းမပေါ် ပြော ဆိုသည်ထက် တရားဝင် ဘာသာရေး/လူ မှုရေးအဖွဲ့များရဲ့အကူအညီကို ရယူသင့်ကြောင်း တိုက်တွန်း ထားပါတယ်။ ချဉ်းကပ်လာသူရဲ့ အထောက်အထားစိစစ်ခွင့်ကို သံသယရှိပါက ငွေကြေး သို့မဟုတ် ကိုယ် ရေးအချက်အလက်များ မပေးအပ်မိစေရန်၊ လိမ်လည်သူတွေဟာ သူတို့ပစ်မှတ်ထား သူတွေအနေနဲ့ ဘာ လုပ်ရမှန်းမသိ၊ သေချာ စဉ်းစားချိန်မရရှိစေဘဲ “ခုချက်ချင်း လုပ်မှဖြစ်မယ်” ဆိုတဲ့ စိတ်ခံစားမှုပေါ်ပေါက် စေရန် ဖန်တီးလေ့ရှိတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ပါတယ်။

Zawgyi Version:
ဩစေၾတးလ် မန္ဒရင္း တ႐ုတ္ဘာသာစကားေျပာဆိုသူမ်ားကို က်ားဖ်န႔္ ေျခာက္လွန႔္ ေငြညႇစ္မႈ ပိုမိုဆိုး႐ြားလာ
Htay Oung (NP News) - ဇူလိုင္ ၇
တ႐ုတ္အာဏာပိုင္အဖြဲ႕အစည္းမ်ားအျဖစ္ ဟန္ေဆာင္ေနတဲ့ က်ားဖ်န႔္လိမ္လည္သူေတြဟာ ဩစေၾတးလ်ေရာက္ ႏိုင္ငံတကာေက်ာင္းသားမ်ားကို ပိုမိုအာ႐ုံစိုက္လာၾကပါတယ္။ “အႀကီးအက်ယ္ အခက္ေတြ႕ရလိမ့္မယ္” “၂၄ နာရီ ေစာင့္ၾကည့္ခံရလိမ့္မယ္” စသျဖင့္ ၿခိမ္းေျခာက္ၿပီး ေငြညႇစ္ယူေနၾကပါတယ္။ ဒီအတြက္ လြန္ခဲ့တဲ့ ငါးလအတြင္း ဆုံးရႈံးေငြပမာဏဟာ အေမရိကန္ေဒၚလာ ငါးသန္းေက်ာ္ရွိခဲ့တယ္လို႔ ၿဗိတိန္အေျခစိုက္ “ဂါးဒီးယန္း” ၂ဝ၂၅ ခုႏွစ္ ဇြန္လ ၂၉ ရက္က ေရးသားပါတယ္။
လိမ္လည္သူေတြဟာ တ႐ုတ္ တရားဥပေဒစိုးမိုးေရးအရာရွိေတြအျဖစ္ ဟန္ေဆာင္ၿပီး သားေကာင္ ျဖစ္ရသူ တို႔ထံ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ား သို႔မဟုတ္ ေငြေၾကးမ်ား လႊဲေျပာင္းေပးရန္ ေတာင္းဆိုေလ့ရွိပါတယ္။ ေက်ာင္းသားတခ်ိဳ႕ကို ပတ္စ္ပို႔အတု (သို႔) ခရက္ဒစ္ကတ္ လက္ခံရရွိတာ မ်ိဳးလို ရာဇဝတ္မႈေတြကို က်ဴးလြန္ေန တယ္လို႔ စြပ္စြဲၾကပါတယ္။ ျဖစ္စဥ္အခ်ိဳ႕အရ မိမိရဲ႕ကိုယ္ေရးအခ်က္အလက္ေတြကို ေငြေၾကးဆိုင္ရာ ဒုစ႐ိုက္မႈေတြ က်ဴးလြန္ရာမွာ အသုံးျပဳေနတယ္လို႔ ေျပာဆိုေလ့ရွိေၾကာင္း၊ ဩစေၾတးလ်အာဏာပိုင္ေတြက ဗီဇာစည္းမ်ဥ္း ခ်ိဳးေဖာက္မႈနဲ႔ဖမ္းဆီးၿပီး ႏွင္ထုတ္ေတာ့မယ္လို႔လည္း လိမ္လည္ေျပာဆိုတတ္ေၾကာင္း သိရွိရပါတယ္။ ယခုလို လိမ္လည္မႈေတြကို ဥပေဒစိုးမိုးေရးအဖြဲ႕ေတြက စိုးရိမ္ေနခဲ့တာ ႏွစ္အနည္းငယ္ ၾကာျမင့္ခဲ့ပါၿပီ။ ယခုအခါ အဲ့ဒီၿခိမ္းေျခာက္မႈေတြ ပိုမိုျပင္း ထန္လာတယ္လို႔ အမ်ိဳးသားလိမ္လည္မႈကာကြယ္ ေရးစင္တာ (National Anti-Scam Centre ) က သတိေပးခ်က္ထုတ္ျပန္လိုက္ပါတယ္။ အဲ့ဒီ စင္တာ ကို ဩစေၾတးလ် ေဈးကြက္ၿပိဳင္ဆိုင္မႈနဲ႔ စားသုံးသူ ေရးရာ ေကာ္မရွင္ (ACCC) က စီမံအုပ္ခ်ဳပ္လ်က္ရွိပါ တယ္။ လိမ္လည္မႈေတြမွာ (၂၄) နာရီေစာင့္ ၾကည့္ခံ ရလိမ့္မယ္လို႔ ၿခိမ္းေျခာက္မႈအႀကိမ္ ပိုမိုပါဝင္လာ ေၾကာင္း ေတြ႕ျမင္ေနရၿပီး မတ္လေနာက္ပိုင္း ျဖစ္စဥ္ (၁၆)ခုနဲ႔ ေမလ တစ္လတည္းမွာ (၈)ခုရွိေနတယ္လို႔ အစီရင္ခံတင္ျပထားပါတယ္။
ရာဇဝတ္မႈမကင္းတဲ့ကိစၥေတြမွာ ပါဝင္ပတ္သက္ျခင္းမရွိေၾကာင္းသက္ေသျပဖို႔ တစ္စုံတစ္ ေယာက္က ဖုန္းဆက္တဲ့အခါ စိတ္ေသာက မျဖစ္ပါနဲ႔၊ ျပန္မေျဖပါနဲ႔၊ ဖုန္းခ်လိုက္ပါ၊ ျပန္လည္ဆက္သြယ္မေနဘဲ သူတို႔ ၫႊန္ၾကားခ်က္ကိုလည္း မလိုက္နာ ပါနဲ႔။ အဲဒါေတြကို လိုက္လုပ္ေနမိမယ္ဆိုရင္ အတင့္ရဲလာၿပီး ၿခိမ္းေျခာက္မႈ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ေငြညႇစ္ ခံရႏိုင္တယ္လို႔ အႀကံျပဳထားပါတယ္။
တ႐ုတ္အာဏာပိုင္ဟန္ေဆာင္ၿပီး လိမ္ လည္ရန္ ႀကိဳးစားမႈေတြဟာ (၂၀၂၅) ခုႏွစ္ ပထမ (၅)လ အတြင္း အႀကိမ္ ေပါင္း ၆၈၀ နီးပါးရွိခဲ့ပါတယ္။ အဲဒီအထဲ (၅.၅ ရာခိုင္ႏႈန္း) သာ ေအာင္ျမင္တယ္ဆိုေပမယ့္ ဆုံးရႈံး ရတဲ့ေငြဟာ အေမရိကန္ေဒၚလာ (၅.၁) သန္း ခန႔္ရွိပါတယ္။ အလိမ္ခံရသူ တစ္ဦးခ်င္းရဲ႕ ပ်မ္းမွ် ဆုံးရႈံးေငြ မွာ ေဒၚလာ (၁၃၈ယဝ၁၈) ရွိ တယ္လို႔ ေျပာရ ပါလိမ့္မယ္။ ဩစေၾတးလ်အစိုးရရဲ႕အဆိုအရ အလိမ္ခံရ သူမ်ားရဲ႕ ပ်မ္းမွ်အသက္အပိုင္းအျခားမွာ (၁၈) ႏွစ္မွ (၂၄) ႏွစ္အတြင္း အမ်ားစုျဖစ္ပါတယ္။ ပညာသင္ယူေနတဲ့ ေက်ာင္းသား (၂၁) ဦးခ်ည္း သက္သက္ ေဒၚလာ (၃.၃) သန္း ဆုံးရႈံးခဲ့ရၿပီး လိမ္လည္ ခံရသူ (၃၇) ဦးမွာ အဲ့ဒီထက္ အသက္ပို ႀကီးတဲ့ေက်ာင္းသား (၁၀)ဦး ပါဝင္ေနပါတယ္။ “ျပန္ေပးဆြဲခံရ ေလဟန္” လိမ္လည္နည္းဟာ တ႐ုတ္ေက်ာင္းသားေတြကို ပစ္မွတ္ထားခဲ့ေၾကာင္း ACCC က အရင္က သတိေပးခဲ့ဖူးပါတယ္။ ျဖစ္စဥ္ တစ္ခုမွာ တ႐ုတ္ရဲအရာရွိဟန္ေဆာင္သူမ်ားက အသက္ (၁၈) ႏွစ္အ႐ြယ္ ေက်ာင္းသူတစ္ဦးကို သူ႔ဖာ သာတိုက္ခန္းထဲမွာ ပုန္းေအာင္းေနေစၿပီး လူျပန္ေပး ဆြဲခံရေလဟန္ အထင္ မွားေစရန္ လွည့္ျဖားခဲ့ပါတယ္။ ေက်ာင္းသူအမ်ိဳးသမီးဟာ သူျပန္ေပးဆြဲခံရေၾကာင္း သူ႔မိသားစု ထံသို႔ တ႐ုတ္လူမႈကြန္ရက္ ဝီခ်က္ (WeChat) မွတစ္ဆင့္ ဓာတ္ပုံနဲ႔ ဗီဒီယို အေတာ္မ်ားမ်ား ပို႔ခဲ့ရပါတယ္။ သူမသိတာက တ႐ုတ္အာဏာပိုင္ ဟန္ေဆာင္သူေတြက မိသားစုထံဆက္သြယ္ေနၿပီး သူ႔ကိုလြတ္ ေျမာက္ေစခ်င္ရင္ ေငြလႊဲေပးဖို႔ေတာင္းဆိုခဲ့တာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ေယာက္ေယာက္က ၫႊန္ၾကားတယ္ဆိုတိုင္း သင့္ကင္မရာကို မဖြင့္ထားမိ ပါေစပါနဲ႔လို႔ ACCC ေျပာေရးဆိုခြင့္ရွိသူက သတိေပးပါတယ္။ သင္ဟာ စုံစမ္းစစ္ေဆးခံေနရတယ္လို႔ တစ္စုံတစ္ေယာက္က ေျပာလာ မယ္ဆိုရင္ ဩစေၾတးလ်ရွိ ေဒသဆိုင္ရာရဲတပ္ဖြဲ႕၊ သင္တက္ေရာက္သင္ယူေနတဲ့တကၠသိုလ္ရဲ႕ ႏိုင္ငံတကာေက်ာင္းသားမ်ားကူညီေရးအဖြဲ႕ (သို႔) ေဒသတြင္း ဩစေၾတးလ်-တ႐ုတ္အသိုင္းအဝိုင္းဝန္ေဆာင္မႈ အသင္းမ်ားနဲ႔ တိုင္ပင္ေဆြးေႏြးပါလို႔ဆိုပါတယ္။
မ်ားေသာအားျဖင့္ လိမ္လည္သူေတြဟာ တ႐ုတ္မန္ဒရင္းဘာသာစကားျဖင့္ ဖုန္းဆက္ၿပီး ႐ုတ္ တရက္ စတင္ေလ့ရွိပါတယ္။ လူခ်င္းမေတြ႕ခဲ့ရင္ “အေရးႀကီးတယ္ ခ်က္ခ်င္းျပန္ဆက္ပါ” လို႔ သတင္း စကား ခ်န္ထားတတ္ပါတယ္။ အဲ့ဒီေနာက္ ျပစ္မႈကင္းစင္ေၾကာင္း သက္ေသျပဖို႔အတြက္ ပိုက္ဆံေတာ့ ကုန္လိမ့္မယ္လို႔ မဟုတ္မမွန္ေျပာေလ့ရွိပါတယ္။ ယုံၾကည္ကိုးကြယ္မႈကိုအေျခခံၿပီး တစ္ပတ္႐ိုက္ လိမ္ လည္မႈမ်ိဳးလည္း ရွိတတ္ပါတယ္။ ဩစေၾတးလ်ႏိုင္ငံ မဲလ္ဘုန္းၿမိဳ႕ ေဘာက္စ္ေဟးလ္ ရပ္ကြက္ လိမ္ လည္မႈတစ္ခုမွာဆိုရင္ သက္ႀကီး႐ြယ္အို အထူးသျဖင့္ အာရွႏြယ္ဖြား႐ုပ္ရည္သြင္ျပင္ရွိတဲ့ အမ်ိဳးသမီး မ်ား ႀကီးမ်ားကိုပစ္မွတ္ထားၿပီး “ဘိုးေတာ္ လိုလို နတ္လိုလို” လိမ္လည္ျခင္းျဖစ္ပါတယ္။ မိသားစု အတြင္း အသက္ေသဆုံးတဲ့အထိ အႏၲရာယ္ရွိတယ္၊ ပေယာဂအတိုက္အခိုက္မ်ားကို ဖယ္ရွားပစ္ဖို႔လိုအပ္ေၾကာင္း ေျခာက္လွန႔္ေျပာဆိုၿပီး တန္ဖိုးႀကီးလက္ဝတ္ရတနာနဲ႔ ေငြေၾကးေတြကို ပိပိရိရိလိမ္ယူျခင္းျဖစ္ပါတယ္။ သိုက္လိုလို ဝိဇၨာလိုလိုပုဂၢိဳလ္က အဆတိုးပြားေအာင္ သိဒၶိတင္ေပးမယ္လို႔ ယူလာတဲ့ေ႐ြေငြပစၥည္းေတြကို အိတ္တစ္ခုထဲထည့္ မ်က္စိမွိတ္ခိုင္းထားၿပီး မန္းမႈတ္႐ြတ္ဖတ္ပါတယ္။ အဲ့ဒီအေတာအတြင္း ေငြ/ အဖိုး တန္ပစၥည္းမ်ားကို အတုေတြနဲ႔ အစားထိုးပါတယ္။ အိမ္ေရာက္မွ ဖြင့္ၾကည့္ရမွာျဖစ္တဲ့အတြက္ အလိမ္ခံရ ေၾကာင္း သိရွိတဲ့အခါ အခ်ိန္ေႏွာင္းသြားပါၿပီ။ ဒီလိုနည္းနဲ႔ သက္ႀကီး႐ြယ္အို အမ်ိဳးသမီးႀကီး (၃)ဦးမွာ တစ္ဦးက ေဒၚလာ တစ္သိန္းငါးေသာင္း၊ က်န္ (၂)ဦးက ေဒၚလာ ငါးေသာင္းခန႔္စီ အသီးသီး အလိမ္ခံလိုက္ ရပါတယ္။ (၂၀၂၁)ခုႏွစ္ သန္းေခါင္စာရင္းအရ မဲလ္ဘုန္းအေရွ႕ပိုင္း ေဘာက္စ္ေဟးလ္ ဆင္ေျခဖုံး ရပ္ ကြက္ရဲ႕ (၄ဝ ရာခိုင္ႏႈန္း) ဟာ အာရွႏြယ္ဖြားေတြျဖစ္ၾကၿပီး (၂၇ ရာခိုင္ႏႈန္း) ဟာ တ႐ုတ္ မန္ဒရင္းဘာသာစကားေျပာဆို ၾကပါတယ္။ တခ်ိဳ႕မွာ အဂၤလိပ္လိုမေျပာတတ္ၾကပါဘူး။ အလိမ္ခံလိုက္ရလို႔ ေငြေၾကးဆုံးရႈံးမႈထက္ ယုံ ၾကည္မႈပ်က္စီးျခင္း နက္ရႈိင္းစြာ စိတ္ဒဏ္ရာရရွိျခင္းက ပိုမိုဆိုး႐ြားပါတယ္။ လူမႈေရးအရ ရွက္႐ြံ႕ျခင္း ေၾကာင့္ အတိုင္အေတာ မလုပ္ၾကတဲ့အတြက္ လူမသိ သူမသိအမႈေတြ အမ်ားႀကီးရွိပါလိမ့္မယ္။ အလိမ္ခံ ရသူေတြဟာ အဂၤလိပ္ ဘာသာစကား မေျပာဆိုတတ္သူ အသက္ (၇၀) ေက်ာ္ (၈၀) အ႐ြယ္ေတြ ျဖစ္ၾက ပါတယ္။ အဲ့ဒီလိုလိမ္နည္းမ်ိဳးကို ေဟာင္ေကာင္နဲ႔ တ႐ုတ္ႏိုင္ငံ အတြင္းမွာ စတင္ျဖစ္ပြားခဲ့ၿပီး ဩစေၾတး လ် ဗစ္တိုးရီးယားျပည္နယ္နဲ႔ နယူးေဆာက္သ္ေဝးလ္ျပည္ နယ္တို႔မွာလည္းေတြ႕ရွိလာရျခင္း ျဖစ္ပါ တယ္။ ႏိုင္ငံတကာလွည့္ၿပီး လိမ္လည္မႈက်ဳးလြန္ေနတဲ့ ပုံစံမ်ိဳးျဖစ္ၿပီး ဩစေၾတးလ်ျပည္နယ္ရဲတပ္ဖြဲ႕က အနီးကပ္ေစာင့္ၾကည့္လ်က္ရွိပါတယ္။
ဒီလိုလိမ္နည္းအေၾကာင္း ေဘာက္စ္ေဟးလ္ ရပ္ကြက္ေနထိုင္သူမ်ားကို အာရွဘာသာစကားနဲ႔ အသိေပးထားရပါတယ္။ တ႐ုတ္မန္ဒရင္း ဘာသာ ေျပာအသိုင္းအဝိုင္း အထူးသျဖင့္ တ႐ုတ္ႏြယ္ဖြား ေက်ာင္းသားမ်ား သက္ႀကီး႐ြယ္အိုမ်ားကို ပစ္မွတ္ထားလာေၾကာင္း၊ သဘာဝလြန္ သံသယျဖစ္ဖြယ္ လူ အုပ္စုကိုေတြ႕ရွိလွ်င္ (ဝဝဝ) ( ဩစေၾတးလ် အေရးေပၚ ဖုန္းနံပတ္)ကို ဆက္သြယ္ရန္၊ လမ္းမေပၚ ေျပာ ဆိုသည္ထက္ တရားဝင္ ဘာသာေရး/လူ မႈေရးအဖြဲ႕မ်ားရဲ႕အကူအညီကို ရယူသင့္ေၾကာင္း တိုက္တြန္း ထားပါတယ္။ ခ်ဥ္းကပ္လာသူရဲ႕ အေထာက္အထားစိစစ္ခြင့္ကို သံသယရွိပါက ေငြေၾကး သို႔မဟုတ္ ကိုယ္ ေရးအခ်က္အလက္မ်ား မေပးအပ္မိေစရန္၊ လိမ္လည္သူေတြဟာ သူတို႔ပစ္မွတ္ထား သူေတြအေနနဲ႔ ဘာ လုပ္ရမွန္းမသိ၊ ေသခ်ာ စဥ္းစားခ်ိန္မရရွိေစဘဲ “ခုခ်က္ခ်င္း လုပ္မွျဖစ္မယ္” ဆိုတဲ့ စိတ္ခံစားမႈေပၚေပါက္ ေစရန္ ဖန္တီးေလ့ရွိတယ္လို႔ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက သတင္းထုတ္ျပန္ပါတယ္။

Related news

© 2021. All rights reserved.