ဗြိတိန်မှာ အမေရိကန်ရဲ့နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ချထားနိုင်ဖွယ်ရှိတယ်လို့ Bloomberg ဖော်ပြ

 512

Pika (NP News) - ဇူလိုင် ၃၁
ရုရှားနိုင်ငံကို သတိပေးတဲ့အနေနဲ့ အချိန်(၁၅)နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံဟာ ဗြိတိန်နိုင်ငံမှာ နျူကလီးယားလက်နက်တွေကို ဖြန့်ကျက်ချထားနိုင်ဖွယ်ရှိတယ်လို့ Bloomberg သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ(၁၆)ရက်မှာ အမေရိကန်စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းဟာ နယူးမက္ကဆီ ကိုပြည်နယ် Kirtland လေတပ်အခြေစိုက်စခန်းကနေ အင်္ဂလန်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ RAF Lakenheath လေတပ် အခြေစိုက်စခန်းကို ပျံသန်းသွားခဲ့တယ်လို့ အစီရင်ခံစာတစ်ခုမှာ ရေးသားဖော်ပြထားပါတယ်။
အဲဒီလေယာဉ်ဟာ B61-12 သာမိုနျူကလီးယားဗုံးတွေ သယ်ဆောင်လာတယ်လို့ ယူဆရပြီး (၂၀၀၈)ခုနှစ် နောက်ပိုင်း ဗြိတိန်နိုင်ငံမှာ အမေရိကန်ရဲ့ပထမဆုံးနျူကလီးယားလက်နက်ဖြန့်ကျက်ချထားမှု ဖြစ်နိုင်ဖွယ်ရှိတယ် လို့ ကာကွယ်ရေးဆိုင်ရာလေ့လာသုံးသပ်သူ အများအပြားက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်ရဲ့အချက်ပြမှုတွေကို ချန်ထားခဲ့တာဟာ ရုရှားကို သတင်းစကားပေးပို့တာ ရည်ရွယ်ထားတာဖြစ်နိုင်တယ်လို့ နေတိုးအဖွဲ့လက်နက်ထိန်းချုပ်ရေး အကြီးတန်းအရာရှိ ဟောင်း William Alberque က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
၎င်းက “ဒါက နေတိုးအဖွဲ့ရဲ့ဟန့်တားမှုဆိုင်ရာအနေအထားတွေက ပိုပြီးအားကောင်းလာပြီဆိုတာ ပြသနေတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ ဗြိတိန်မှာ အမေရိကန်ရဲ့နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ချထားတာဟာ သေးငယ်တဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ၿဗိတိန္မွာ အေမရိကန္ရဲ႕န်ဴကလီးယားလက္နက္ေတြ ျဖန႔္က်က္ခ်ထားႏိုင္ဖြယ္ရွိတယ္လို႔ Bloomberg ေဖာ္ျပ
Pika (NP News) - ဇူလိုင္ ၃၁
႐ုရွားႏိုင္ငံကို သတိေပးတဲ့အေနနဲ႔ အခ်ိန္(၁၅)ႏွစ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ အေမရိကန္ႏိုင္ငံဟာ ၿဗိတိန္ႏိုင္ငံမွာ န်ဴကလီးယားလက္နက္ေတြကို ျဖန႔္က်က္ခ်ထားႏိုင္ဖြယ္ရွိတယ္လို႔ Bloomberg သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဇူလိုင္လ(၁၆)ရက္မွာ အေမရိကန္စစ္ဘက္ဆိုင္ရာသယ္ယူပို႔ေဆာင္ေရးေလယာဥ္တစ္စင္းဟာ နယူးမကၠဆီ ကိုျပည္နယ္ Kirtland ေလတပ္အေျခစိုက္စခန္းကေန အဂၤလန္ႏိုင္ငံအေရွ႕ပိုင္းမွာရွိတဲ့ RAF Lakenheath ေလတပ္ အေျခစိုက္စခန္းကို ပ်ံသန္းသြားခဲ့တယ္လို႔ အစီရင္ခံစာတစ္ခုမွာ ေရးသားေဖာ္ျပထားပါတယ္။
အဲဒီေလယာဥ္ဟာ B61-12 သာမိုန်ဴကလီးယားဗုံးေတြ သယ္ေဆာင္လာတယ္လို႔ ယူဆရၿပီး (၂၀၀၈)ခုႏွစ္ ေနာက္ပိုင္း ၿဗိတိန္ႏိုင္ငံမွာ အေမရိကန္ရဲ႕ပထမဆုံးန်ဴကလီးယားလက္နက္ျဖန႔္က်က္ခ်ထားမႈ ျဖစ္ႏိုင္ဖြယ္ရွိတယ္ လို႔ ကာကြယ္ေရးဆိုင္ရာေလ့လာသုံးသပ္သူ အမ်ားအျပားက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္စစ္ဘက္ဆိုင္ရာသယ္ယူပို႔ေဆာင္ေရးေလယာဥ္ရဲ႕အခ်က္ျပမႈေတြကို ခ်န္ထားခဲ့တာဟာ ႐ုရွားကို သတင္းစကားေပးပို႔တာ ရည္႐ြယ္ထားတာျဖစ္ႏိုင္တယ္လို႔ ေနတိုးအဖြဲ႕လက္နက္ထိန္းခ်ဳပ္ေရး အႀကီးတန္းအရာရွိ ေဟာင္း William Alberque က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
၎က “ဒါက ေနတိုးအဖြဲ႕ရဲ႕ဟန႔္တားမႈဆိုင္ရာအေနအထားေတြက ပိုၿပီးအားေကာင္းလာၿပီဆိုတာ ျပသေနတဲ့ အခ်က္တစ္ခုပဲျဖစ္ပါတယ္။ ၿဗိတိန္မွာ အေမရိကန္ရဲ႕န်ဴကလီးယားလက္နက္ေတြ ျဖန႔္က်က္ခ်ထားတာဟာ ေသးငယ္တဲ့ကိစၥတစ္ခု မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.