အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုများပြားလွန်းသည့်အတွက် စပါးစိုက်ရန် လယ်ပင်မကျန်တော့

163

သက်ပိုင် (NP News)-နိုဝင်ဘာ ၁၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုများ အဆမတန်များပြား လာနေသည့်အတွက် စပါးစိုက်ပျိုးရန် လယ်မြေများပင် မကျန်ရှိတော့ကြောင်း ဒေသခံများထံမှ သိရ သည်။ အင်းတော်ကြီးဒေသရှိ မမုံကိုင်၊ မိုင်းနောင် အစရှိသော ကျေးရွာအနီးပတ်ဝန်းကျင်များတွင် လုပ် ငန်းရှင်များက ဒေသခံများ၏လယ်မြေများကို စုပေါင်းဝယ်ယူကာ တရားမဝင်စည်းကမ်းမဲ့ ရွှေတူးဖော်နေ ကြခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“ဒေသအခြေအနေက သိပ်မကောင်းတော့ လယ်သမားတွေက လယ်လုပ်ဖို့ အရင်းအနှီး မရှိလို့ လယ်မလုပ်နိုင်တဲ့အချိန်မှာ လုပ်ငန်းရှင်တွေပေါင်းပြီး လယ်တွေကိုဝယ်လိုက်တယ်။ ပြီးတော့ ရွှေတူး တယ်။ ဘယ်လောက်တောင်တူးသလဲဆိုရင် စပါးစိုက်ဖို့နေ ရာတောင် မရှိတော့ဘူး။ တူးပြီး မြေ ပြန်ဖို့ရင် လည်း အဲဒီမြေမှာ ဘာမှစိုက်လို့ရတာမဟုတ်ဘူး။ တစ်ခါတည်းအဆုံးပဲ” ဟု အမည်မဖော်လိုသည့် မမုံ ကိုင် ဒေသခံတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် (၂၀၂၀) ခန့်မှ စတင်ကာ အင်းတော်ကြီးဒေသတွင် တရားမဝင်ရွှေတူးဖော်မှုများ တဖြည်းဖြည်းများပြားလာခဲ့ပြီး တပ်မတော်မှ တရားမဝင်တူးဖော်သူများကို ဖမ်းဆီးအရေးယူမှုအချို့ရှိခဲ့ သော်လည်း ယခုနောက်ပိုင်း ပြန်လည်များပြားလာနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“အရင်က မိုင်းနောင်ဘက်မှာ ရွှေတူးလို့ဆိုပြီး ဘက်ဟိုးတွေကိုသိမ်းတာ၊ ဖမ်းတာတွေတော့ ရှိခဲ့ တယ်။ အခုနောက်ပိုင်းကျတော့ အရေးယူမှုလည်း အားနည်းလာတယ်။ ဒီတော့ တူးတဲ့သူတွေက စိတ် ကြိုက်ကိုတူးနေကြတာ။ တချို့ဆိုရင် လယ်တွေမှာ တူးတာအပြင် ခြံဝိုင်းတွေကိုပါရောင်းစားပြီး တူးခဲ့ကြ တာ။ မိုင်းနောင်အနောက်ဘက်ခြမ်းမှာဆို ဘာမှမကျန်တော့ဘူး။ အရင်က တောတွေမှာ အပင်ကိုလှဲပြီး တူးတာ။ အခုနောက်ပိုင်းမှာ လယ်တွေ၊ ခြံတွေထဲ အထိ ဖြစ်လာတာ။ ဒါတွေကို ထိထိရောက်ရောက် အရေးယူပေးစေလိုပါတယ် ”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။
လက်ရှိတွင် မိုင်းနောင်ဘက်အခြမ်းမှ ကုန်သည်များသည် မမုံကိုင်ရွာသို့ရောက်ရှိလာနေပြီဖြစ် ပြီး ကားလမ်းနံဘေးနားအထိပါ တူးဖော်မှုများ ပြုလုပ်နေကြောင်းနှင့်ဆက်လက်တူးဖော်ပါက မြန်မာ နိုင်ငံတွင် အကြီးဆုံးကန်ဖြစ်ပြီး အာဆီယံ အမွေအနှစ် ဘေးမဲ့တောဥယျာဉ်အဖြစ်ပါ သတ်မှတ်ထားခြင်း ခံထားရသည့်အင်းတော်ကြီး ရေကန်ပါ ပျက်စီးလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

Zawgyi Version:
အင္းေတာ္ႀကီးေဒသတြင္ ေ႐ႊတူးေဖာ္မႈမ်ားျပားလြန္းသည့္အတြက္ စပါးစိုက္ရန္ လယ္ပင္မက်န္ေတာ့
သက္ပိုင္ (NP News)-ႏိုဝင္ဘာ ၁၀
ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ အင္းေတာ္ႀကီးေဒသတြင္ ေ႐ႊတူးေဖာ္မႈမ်ား အဆမတန္မ်ားျပား လာေနသည့္အတြက္ စပါးစိုက္ပ်ိဳးရန္ လယ္ေျမမ်ားပင္ မက်န္ရွိေတာ့ေၾကာင္း ေဒသခံမ်ားထံမွ သိရ သည္။ အင္းေတာ္ႀကီးေဒသရွိ မမုံကိုင္၊ မိုင္းေနာင္ အစရွိေသာ ေက်း႐ြာအနီးပတ္ဝန္းက်င္မ်ားတြင္ လုပ္ ငန္းရွင္မ်ားက ေဒသခံမ်ား၏လယ္ေျမမ်ားကို စုေပါင္းဝယ္ယူကာ တရားမဝင္စည္းကမ္းမဲ့ ေ႐ႊတူးေဖာ္ေန ၾကျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားကဆိုသည္။
“ေဒသအေျခအေနက သိပ္မေကာင္းေတာ့ လယ္သမားေတြက လယ္လုပ္ဖို႔ အရင္းအႏွီး မရွိလို႔ လယ္မလုပ္ႏိုင္တဲ့အခ်ိန္မွာ လုပ္ငန္းရွင္ေတြေပါင္းၿပီး လယ္ေတြကိုဝယ္လိုက္တယ္။ ၿပီးေတာ့ ေ႐ႊတူး တယ္။ ဘယ္ေလာက္ေတာင္တူးသလဲဆိုရင္ စပါးစိုက္ဖို႔ေန ရာေတာင္ မရွိေတာ့ဘူး။ တူးၿပီး ေျမ ျပန္ဖို႔ရင္ လည္း အဲဒီေျမမွာ ဘာမွစိုက္လို႔ရတာမဟုတ္ဘူး။ တစ္ခါတည္းအဆုံးပဲ” ဟု အမည္မေဖာ္လိုသည့္ မမုံ ကိုင္ ေဒသခံတစ္ဦးကဆိုသည္။
ၿပီးခဲ့သည့္ (၂၀၂၀) ခန႔္မွ စတင္ကာ အင္းေတာ္ႀကီးေဒသတြင္ တရားမဝင္ေ႐ႊတူးေဖာ္မႈမ်ား တျဖည္းျဖည္းမ်ားျပားလာခဲ့ၿပီး တပ္မေတာ္မွ တရားမဝင္တူးေဖာ္သူမ်ားကို ဖမ္းဆီးအေရးယူမႈအခ်ိဳ႕ရွိခဲ့ ေသာ္လည္း ယခုေနာက္ပိုင္း ျပန္လည္မ်ားျပားလာေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားကေျပာသည္။
“အရင္က မိုင္းေနာင္ဘက္မွာ ေ႐ႊတူးလို႔ဆိုၿပီး ဘက္ဟိုးေတြကိုသိမ္းတာ၊ ဖမ္းတာေတြေတာ့ ရွိခဲ့ တယ္။ အခုေနာက္ပိုင္းက်ေတာ့ အေရးယူမႈလည္း အားနည္းလာတယ္။ ဒီေတာ့ တူးတဲ့သူေတြက စိတ္ ႀကိဳက္ကိုတူးေနၾကတာ။ တခ်ိဳ႕ဆိုရင္ လယ္ေတြမွာ တူးတာအျပင္ ၿခံဝိုင္းေတြကိုပါေရာင္းစားၿပီး တူးခဲ့ၾက တာ။ မိုင္းေနာင္အေနာက္ဘက္ျခမ္းမွာဆို ဘာမွမက်န္ေတာ့ဘူး။ အရင္က ေတာေတြမွာ အပင္ကိုလွဲၿပီး တူးတာ။ အခုေနာက္ပိုင္းမွာ လယ္ေတြ၊ ၿခံေတြထဲ အထိ ျဖစ္လာတာ။ ဒါေတြကို ထိထိေရာက္ေရာက္ အေရးယူေပးေစလိုပါတယ္ ”ဟု အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးကဆိုသည္။
လက္ရွိတြင္ မိုင္းေနာင္ဘက္အျခမ္းမွ ကုန္သည္မ်ားသည္ မမုံကိုင္႐ြာသို႔ေရာက္ရွိလာေနၿပီျဖစ္ ၿပီး ကားလမ္းနံေဘးနားအထိပါ တူးေဖာ္မႈမ်ား ျပဳလုပ္ေနေၾကာင္းႏွင့္ဆက္လက္တူးေဖာ္ပါက ျမန္မာ ႏိုင္ငံတြင္ အႀကီးဆုံးကန္ျဖစ္ၿပီး အာဆီယံ အေမြအႏွစ္ ေဘးမဲ့ေတာဥယ်ာဥ္အျဖစ္ပါ သတ္မွတ္ထားျခင္း ခံထားရသည့္အင္းေတာ္ႀကီး ေရကန္ပါ ပ်က္စီးလာမည္ကို ေဒသခံမ်ားက စိုးရိမ္ေနၾကသည္။