ဂရမ်မီဆုအတွက် ဆန်ကာတင်ရွေးချယ်ခံရမှုထဲ မပါဝင်ခဲ့တဲ့ တေလာဆွဖ်

 171

ရောင်နီ (NP News) - နိုဝင်ဘာ ၉

အမေရိကန်အဆိုတော် တေလာဆွဖ်ဟာ ရိုးရှင်းတဲ့အကြောင်းပြချက်တစ်ခုတည်းကြောင့် ၂၀၂၆ ခုနှစ် ဂရမ်မီဆုပေးပွဲမှာ ဆန်ကာတင်ရွေးချယ်ခံရခြင်း မရှိပါဘူး။
သောကြာနေ့(နိုဝင်ဘာ ၇ ရက်) က တရားဝင်ကြေညာခဲ့တဲ့ ဂရမ်မီဆုအတွက် ဆန်ကာတင်စာရင်းမှာ သူမရဲ့ "The Life of a Showgirl” သီချင်း မပါဝင်ခဲ့ပါဘူး။ အကြောင်းကတော့ ၆၈ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲ အတွက် အရည်အချင်းပြည့်မီဖို့အတွက် ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက်မှ ၂၀၂၅ ခုနှစ် သြဂုတ်လ ၃၀ ရက်ကြား ထွက်ရှိတဲ့ တေးသီချင်းတွေမှသာ ပါဝင်နိုင်မှာဖြစ်ပါတယ်။ အောက်တိုဘာလ ၃ ရက်က ထွက်ရှိခဲ့တဲ့ သူမရဲ့ သီချင်း သစ် "The Life of a Showgirl” ဟာ ဒီလိုအပ်ချက်ကို မပြည့်မီခဲ့ဘူးလို့ သိရပါတယ်။
တေလာဆွဖ် ဟာ သူမရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ ဂရမ်မီဆု ၅၈ ဆုအတွက် ဆန်ကာတင်စာရင်း ဝင်ခဲ့ပြီး ဂရမ်မီဆု ၁၄ ဆု ရရှိထားပါတယ်။ ၂၀၂၄ ခုနှစ်ကတော့ သူမဟာ ၂၀၂၂ ခုနှစ်ထွက် “Midnights” အယ်လ်ဘမ်နဲ့ တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဂရမ်မီဆုကို လေးကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ ပထမဆုံး အနုပညာရှင်အဖြစ် သမိုင်းတွင် မှတ်တမ်းတွင်ထားပါတယ်။ ၂၀၂၆ ဂရမ်မီဆုပေးပွဲကို ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့မှာ လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ Crypto.com အားကစားကွင်းမှ တိုက်ရိုက်ထုတ်လွှင့်မယ်လို့ သိရပါတယ်။

Zawgyi Version;
ဂရမ္မီဆုအတြက္ ဆန္ကာတင္ေ႐ြးခ်ယ္ခံရမႈထဲ မပါဝင္ခဲ့တဲ့ ေတလာဆြဖ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၉
အေမရိကန္အဆိုေတာ္ ေတလာဆြဖ္ဟာ ႐ိုးရွင္းတဲ့အေၾကာင္းျပခ်က္တစ္ခုတည္းေၾကာင့္ ၂၀၂၆ ခုႏွစ္ ဂရမ္မီဆုေပးပြဲမွာ ဆန္ကာတင္ေ႐ြးခ်ယ္ခံရျခင္း မရွိပါဘူး။
ေသာၾကာေန႔(ႏိုဝင္ဘာ ၇ ရက္) က တရားဝင္ေၾကညာခဲ့တဲ့ ဂရမ္မီဆုအတြက္ ဆန္ကာတင္စာရင္းမွာ သူမရဲ႕ "The Life of a Showgirl” သီခ်င္း မပါဝင္ခဲ့ပါဘူး။ အေၾကာင္းကေတာ့ ၆၈ ႀကိမ္ေျမာက္ ဂရမ္မီဆုေပးပြဲ အတြက္ အရည္အခ်င္းျပည့္မီဖို႔အတြက္ ၂၀၂၄ ခုႏွစ္ ၾသဂုတ္လ ၃၁ ရက္မွ ၂၀၂၅ ခုႏွစ္ ၾသဂုတ္လ ၃၀ ရက္ၾကား ထြက္ရွိတဲ့ ေတးသီခ်င္းေတြမွသာ ပါဝင္ႏိုင္မွာျဖစ္ပါတယ္။ ေအာက္တိုဘာလ ၃ ရက္က ထြက္ရွိခဲ့တဲ့ သူမရဲ႕ သီခ်င္း သစ္ "The Life of a Showgirl” ဟာ ဒီလိုအပ္ခ်က္ကို မျပည့္မီခဲ့ဘူးလို႔ သိရပါတယ္။
ေတလာဆြဖ္ ဟာ သူမရဲ႕အႏုပညာသက္တမ္းတစ္ေလွ်ာက္မွာ ဂရမ္မီဆု ၅၈ ဆုအတြက္ ဆန္ကာတင္စာရင္း ဝင္ခဲ့ၿပီး ဂရမ္မီဆု ၁၄ ဆု ရရွိထားပါတယ္။ ၂၀၂၄ ခုႏွစ္ကေတာ့ သူမဟာ ၂၀၂၂ ခုႏွစ္ထြက္ “Midnights” အယ္လ္ဘမ္နဲ႔ တစ္ႏွစ္တာအေကာင္းဆုံး အယ္လ္ဘမ္ဂရမ္မီဆုကို ေလးႀကိမ္တိုင္တိုင္ ရရွိခဲ့တဲ့ ပထမဆုံး အႏုပညာရွင္အျဖစ္ သမိုင္းတြင္ မွတ္တမ္းတြင္ထားပါတယ္။ ၂၀၂၆ ဂရမ္မီဆုေပးပြဲကို ေဖေဖာ္ဝါရီ ၁ ရက္၊ တနဂၤေႏြေန႔မွာ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕လယ္ရွိ Crypto.com အားကစားကြင္းမွ တိုက္႐ိုက္ထုတ္လႊင့္မယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.