ဖွေးဖွေးနှင့် အလင်းရောင်တို့ ဖမ်းဆီးခံရခြင်း မရှိသည့်အပြင် ရွေးကောက်ပွဲကို လိုလိုလားလား ကူညီပေးနေပြီဟု သိရ

748

Iris (NP News) - နိုဝင်ဘာ ၉
သရုပ်ဆောင် ဖွေဖွေးနှင့် အလင်းရောင်တို့ ဖမ်းဆီးခံရခြင်း လုံးဝမရှိသည့်အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အပေါ် နိုဝင်ဘာ (၆) ရက်မှစ၍ လိုလို လားလား ပူးပေါင်းပါဝင်လာပြီဖြစ်ကြောင်း စုံစမ်းသိ ရှိရသည်။ ပြည်ပြေးသတင်း ဌာနများနှင့် ပြည်ပြေး အနုပညာသမားအချို့၏ လူမှုကွန်ရက်စာမျက်နှာ များတွင်မူ သရုပ်ဆောင်ဖွေးဖွေးနှင့် အလင်းရောင် တို့ကို အစိုးရက ဖမ်းဆီးသွားပြီဖြစ်ကြောင်း ရေးသား ဖော်ပြမှုများ ရှိနေသကဲ့သို့ ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ထပ်ဆင့်ဖော်ပြမှု များရှိနေသည်ကို နိုဝင်ဘာ (၇) ရက်အထိ တွေ့မြင် နေရသည်။
‘ကျွန်တော်တို့ဆီမှာ ဖမ်းထားတာ မရှိပါ ဘူး။ သွားရောက်တွေ့ဆုံ စကားပြောခဲ့တာပဲ ရှိတယ်။ သူတို့က (၅၀၅) ငြိပြီးသားတွေပဲဗျာ။ မဖမ်းချင်လို့ ပြန်လွှတ်ပေးထားခဲ့တာကို ဘာလို့ဖမ်းရမှာတုံး’ ဟု လုံခြုံရေးနှင့်ဆိုင်သော အသိုင်း အဝိုင်း သတင်းရင်း မြစ်တစ်ဦးက ပြောသည်။
လူမှုကွန်ရက်ပေါ်၌ နိုဝင်ဘာ(၇)ရက်အထိ ဆက်လက်ပျံ့နှံ့နေသော သတင်းများတွင်မူ ဖွေးဖွေးကို ပြင်ဦးလွင်၌ ဖမ်းဆီးပြီး အလင်းရောင်ကို ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့သည်ဟုတွေ့ရသည်။ “ ဖွေးဖွေး ဆိုရင် မနေ့ညကတည်းက သူ့အိမ်မှာ သူ ပြန်ရောက်နေပြီ။ သူကိုယ်တိုင်ကလည်း ပြန်/ဆက်လူကြီး တစ် ယောက်ဆီကို ဖုန်းဆက်ပြီးတော့ ဘဘရေ သမီးတို့ ပူးပေါင်းကူညီမှာပါ။ ရိုက်ကွင်းတွေ ဆက်တိုက်ဖြစ်နေ လို့ ဖုန်းမကိုင်ဖြစ်တာပါဆိုပြီး ပြောတယ်။ ဒီနေ့ဆိုရင် ရွေးကောက်ပွဲ ကမ်ပိန်းတွေအတွက် ရိုက်ကူးရေး လာလုပ်ပေးပြီးသွားပြီ။ မြင်ရသမျှတော့ သူလည်း ပျော် ပျော်ရွှင်ရွှင်နဲ့ကို ပူးပေါင်းပါဝင်ရိုက်ကူးပေးနေတာပါ” ဟု နိုဝင်ဘာ(၇)ရက် ရိုက်ကွင်းကို မြင်တွေ့ကြားသိခဲ့ရ သူ NP News သတင်းရင်း မြစ်တစ်ဦးက ပြောသည်။
သရုပ်ဆောင် အလင်းရောင်သည်လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သီးခြား သွားရောက် တွေ့ဆုံခဲ့သည့်အပြင် ရွေးကောက်ပွဲအတွက် ကူညီအားဖြည့်ရမည့်လုပ်ငန်းစဉ်များကို နိုဝင်ဘာ (၆) ရက်ကတည်းက လုပ်ဆောင်သွားခဲ့ ကြောင်းသိရသည်။ သရုပ်ဆောင်ဖွေးဖွေးနှင့် အလင်းရောင်အပါအဝင် အခြားသောအနုပညာရှင် အ သီးသီးကိုလည်း နိုင်ငံတော်တာဝန်ရှိသူများက သီးခြားတွေ့ဆုံမှုများလုပ်ဆောင်ခဲ့ပြီး အနုပညာရှင်များ၏အခက်အခဲကို လေးလေးစားစားမေးမြန်းခဲ့ကြောင်း အနုပညာလောကသားတစ်ဦးကပြောသည်။ “ရိုက်ကူးပေးဖို့အတွက် ဘာအခက် အခဲရှိလဲ။ ဘယ်သူတွေ ကမရိုက်ပေးရဲအောင် ခြိမ်းခြောက်သလဲ။ ဘာကို စိုးရိမ်မှုရှိသလဲနဲ့ ဘယ်လိုမျိုးလေး ပါဝင်ပေးလို့ ရမလဲဆို တာမျိုးမေးသလို ကူညီအားဖြည့်ပေးရင် ဘယ်လိုကာ ကွယ်ပေးရမလဲဆိုတာမျိုးတွေ အဓိကပြောပါတယ်။
အနုပညာရှင်တော်တော်များများက ပါဝင်ကူညီပေး နေပြီဆိုတာလည်း ပြောပါတယ်”ဟု အနုပညာရှင် တစ်ဦး က ပြောသည်။ NLD အစိုးရခေတ်ကာလ အတွင်း၌ ဦးဇင်ဝိုင်း၊ ဦးလူမင်းတို့ ဦးဆောင်ပါသော အဖွဲ့က အခြားသော အနုပညာရှင်အသီးသီးကို ဦးဆောင်စည်းရုံး၍ NLD အတွက် မဲဆွယ်ကမ်ပိန်း များကို ဖိအားပေးလှုံ့ဆော်ရိုက်ကူးစေခဲ့ ကြောင်း အချို့အနုပညာရှင်များက ရင်ဖွင့်လာသည်။
NLD အတွက် ရိုက်မပေးနိုင်ပါက လူထု၏ဖယ်ကြဉ်မှုကို ခံရနိုင်ကြောင်း၊ ရိုက်ကူးပေးပါက အနုပညာအလုပ်များ အပေါ် လူထုထောက်ခံမှုရစေ မည်ဖြစ်ကြောင်း စည်းရုံးလှုံ့ဆော်ခြင်းမျိုးဖြစ်ကြောင်း ဆိုသည်။ “အခုက အနုပညာရှင် တွေကို စကားအများကြီး ရှင်းပြစရာမလိုတော့ဘူး။ ရောက်လာတာနဲ့ ကျွန်တော်တို့ ပါဝင်ရမှာကို လက်ခံတယ်။ ဘယ်လို လုပ်ပေးရမလဲ ပြောဆိုတာမျိုး တော်တော်များများက ပြောကြတယ်။ သူတို့တောင်းဆိုတာ သို့မဟုတ် ကြောက်တာ တစ်ခုပဲရှိတယ်။ ပြည်ပြေး နီပိန်းတွေက အမြီးပြတ် ခွေးတွေလို အရမ်းဟောင်ကြ ကိုက်ကြတာ မျိုးပဲ။ အဲဒါကို ပြည်တွင်းက တချို့တွေ ရောယောင်ပြီး အဟုတ်ထင်မှာ စိုးတာမျိုးပေါ့။ အခုက ရွေးကောက်ပွဲ ကမ်ပိန်းအတွက် ပြည်တွင်းမှာရှိတဲ့ သရုပ်ဆောင် အနုပညာရှင် အကုန်လုံးပူးပေါင်းပါဝင်လာပြီ။ တချို့ ဆိုရင် သူတို့ကိုမဆက်သွယ် လို့ဆိုပြီး သူတို့ဘက်က လာပြီးတော့ကို လိုလိုလားလား ပူးပေါင်းတာ” ဟု ဌာနဆိုင်ရာသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
သို့သော်လည်း မတတ်သာ၍ ကူညီပေးရ သည်ဆိုသည့်သဘောမျိုးဖြင့် လူမှုကွန်ရက်စာမျက်နှာ များနှင့် သီးခြားလူမှုအသိုင်းအဝိုင်းများအတွင်း၌ ဟန်ဆောင်ကောင်းနေခြင်းများရှိနေနိုင်ကြောင်းလည်း အချို့သတိပေးထား သည်။ ယင်းအချက်ကို ရိပ်စားမိ သည့်အတွက်လည်း နိုင်ငံတော်၏လုပ်ငန်းစဉ်၌ ၎င်း တို့ပူးပေါင်းပါဝင်ခြင်းသည် မတတ်သာ၍ ပူးပေါင်းခြင်း ဟုတ်မဟုတ်ကို သီးသန့်မှတ်တမ်းတင်ထားခြင်းများရှိနေကြောင်း အစိုးရသတင်းရင်းမြစ် များထံမှ ပြန်လည်ကြားသိရသည်။
လက်ရှိတွင်မူ (၂၀၂၀) ရွေးကောက်ပွဲ ကာလအတွင်းက NLD အတွက် မဲဆွယ်ပေးခဲ့သော အနုပညာရှင်များထဲမှ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဒါရိုက်တာဝိုင်း အစရှိသော ပုဂ္ဂိုလ်များ အားလုံး နိုင်ငံတော်၏ရွေးကောက်ပွဲ လုပ်ငန်းစဉ်၌ ပူးပေါင်းပါဝင်လာသကဲ့သို့ နာမည်ကျော်များဖြစ်သည့် ဟာသသရုပ်ဆောင် ခင်လှိုင်၊ မိုးဟေကို၊ ဝတ်မှုံရွှေရည်တို့လည်း ပါဝင်ကူညီထားကြကြောင်း သိရသည်။

Zawgyi Version;
ေဖြးေဖြးႏွင့္ အလင္းေရာင္တို႔ ဖမ္းဆီးခံရျခင္း မရွိသည့္အျပင္ ေ႐ြးေကာက္ပြဲကို လိုလိုလားလား ကူညီေပးေနၿပီဟု သိရ
Iris (NP News) - ႏိုဝင္ဘာ ၉
သ႐ုပ္ေဆာင္ ေဖြေဖြးႏွင့္ အလင္းေရာင္တို႔ ဖမ္းဆီးခံရျခင္း လုံးဝမရွိသည့္အျပင္ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ အေပၚ ႏိုဝင္ဘာ (၆) ရက္မွစ၍ လိုလို လားလား ပူးေပါင္းပါဝင္လာၿပီျဖစ္ေၾကာင္း စုံစမ္းသိ ရွိရသည္။ ျပည္ေျပးသတင္း ဌာနမ်ားႏွင့္ ျပည္ေျပး အႏုပညာသမားအခ်ိဳ႕၏ လူမႈကြန္ရက္စာမ်က္ႏွာ မ်ားတြင္မူ သ႐ုပ္ေဆာင္ေဖြးေဖြးႏွင့္ အလင္းေရာင္ တို႔ကို အစိုးရက ဖမ္းဆီးသြားၿပီျဖစ္ေၾကာင္း ေရးသား ေဖာ္ျပမႈမ်ား ရွိေနသကဲ့သို႔ ေခၚယူစစ္ေဆးၿပီးေနာက္ ျပန္လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း ထပ္ဆင့္ေဖာ္ျပမႈ မ်ားရွိေနသည္ကို ႏိုဝင္ဘာ (၇) ရက္အထိ ေတြ႕ျမင္ ေနရသည္။
‘ကြၽန္ေတာ္တို႔ဆီမွာ ဖမ္းထားတာ မရွိပါ ဘူး။ သြားေရာက္ေတြ႕ဆုံ စကားေျပာခဲ့တာပဲ ရွိတယ္။ သူတို႔က (၅၀၅) ၿငိၿပီးသားေတြပဲဗ်ာ။ မဖမ္းခ်င္လို႔ ျပန္လႊတ္ေပးထားခဲ့တာကို ဘာလို႔ဖမ္းရမွာတုံး’ ဟု လုံၿခဳံေရးႏွင့္ဆိုင္ေသာ အသိုင္း အဝိုင္း သတင္းရင္း ျမစ္တစ္ဦးက ေျပာသည္။
လူမႈကြန္ရက္ေပၚ၌ ႏိုဝင္ဘာ(၇)ရက္အထိ ဆက္လက္ပ်ံ႕ႏွံ႔ေနေသာ သတင္းမ်ားတြင္မူ ေဖြးေဖြးကို ျပင္ဦးလြင္၌ ဖမ္းဆီးၿပီး အလင္းေရာင္ကို ရန္ကုန္ၿမိဳ႕၌ ဖမ္းဆီးခဲ့သည္ဟုေတြ႕ရသည္။ “ ေဖြးေဖြး ဆိုရင္ မေန႔ညကတည္းက သူ႔အိမ္မွာ သူ ျပန္ေရာက္ေနၿပီ။ သူကိုယ္တိုင္ကလည္း ျပန္/ဆက္လူႀကီး တစ္ ေယာက္ဆီကို ဖုန္းဆက္ၿပီးေတာ့ ဘဘေရ သမီးတို႔ ပူးေပါင္းကူညီမွာပါ။ ႐ိုက္ကြင္းေတြ ဆက္တိုက္ျဖစ္ေန လို႔ ဖုန္းမကိုင္ျဖစ္တာပါဆိုၿပီး ေျပာတယ္။ ဒီေန႔ဆိုရင္ ေ႐ြးေကာက္ပြဲ ကမ္ပိန္းေတြအတြက္ ႐ိုက္ကူးေရး လာလုပ္ေပးၿပီးသြားၿပီ။ ျမင္ရသမွ်ေတာ့ သူလည္း ေပ်ာ္ ေပ်ာ္႐ႊင္႐ႊင္နဲ႔ကို ပူးေပါင္းပါဝင္႐ိုက္ကူးေပးေနတာပါ” ဟု ႏိုဝင္ဘာ(၇)ရက္ ႐ိုက္ကြင္းကို ျမင္ေတြ႕ၾကားသိခဲ့ရ သူ NP News သတင္းရင္း ျမစ္တစ္ဦးက ေျပာသည္။
သ႐ုပ္ေဆာင္ အလင္းေရာင္သည္လည္း ျပန္ၾကားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ သီးျခား သြားေရာက္ ေတြ႕ဆုံခဲ့သည့္အျပင္ ေ႐ြးေကာက္ပြဲအတြက္ ကူညီအားျဖည့္ရမည့္လုပ္ငန္းစဥ္မ်ားကို ႏိုဝင္ဘာ (၆) ရက္ကတည္းက လုပ္ေဆာင္သြားခဲ့ ေၾကာင္းသိရသည္။ သ႐ုပ္ေဆာင္ေဖြးေဖြးႏွင့္ အလင္းေရာင္အပါအဝင္ အျခားေသာအႏုပညာရွင္ အ သီးသီးကိုလည္း ႏိုင္ငံေတာ္တာဝန္ရွိသူမ်ားက သီးျခားေတြ႕ဆုံမႈမ်ားလုပ္ေဆာင္ခဲ့ၿပီး အႏုပညာရွင္မ်ား၏အခက္အခဲကို ေလးေလးစားစားေမးျမန္းခဲ့ေၾကာင္း အႏုပညာေလာကသားတစ္ဦးကေျပာသည္။ “႐ိုက္ကူးေပးဖို႔အတြက္ ဘာအခက္ အခဲရွိလဲ။ ဘယ္သူေတြ ကမ႐ိုက္ေပးရဲေအာင္ ၿခိမ္းေျခာက္သလဲ။ ဘာကို စိုးရိမ္မႈရွိသလဲနဲ႔ ဘယ္လိုမ်ိဳးေလး ပါဝင္ေပးလို႔ ရမလဲဆို တာမ်ိဳးေမးသလို ကူညီအားျဖည့္ေပးရင္ ဘယ္လိုကာ ကြယ္ေပးရမလဲဆိုတာမ်ိဳးေတြ အဓိကေျပာပါတယ္။
အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားက ပါဝင္ကူညီေပး ေနၿပီဆိုတာလည္း ေျပာပါတယ္”ဟု အႏုပညာရွင္ တစ္ဦး က ေျပာသည္။ NLD အစိုးရေခတ္ကာလ အတြင္း၌ ဦးဇင္ဝိုင္း၊ ဦးလူမင္းတို႔ ဦးေဆာင္ပါေသာ အဖြဲ႕က အျခားေသာ အႏုပညာရွင္အသီးသီးကို ဦးေဆာင္စည္း႐ုံး၍ NLD အတြက္ မဲဆြယ္ကမ္ပိန္း မ်ားကို ဖိအားေပးလႈံ႕ေဆာ္႐ိုက္ကူးေစခဲ့ ေၾကာင္း အခ်ိဳ႕အႏုပညာရွင္မ်ားက ရင္ဖြင့္လာသည္။
NLD အတြက္ ႐ိုက္မေပးႏိုင္ပါက လူထု၏ဖယ္ၾကဥ္မႈကို ခံရႏိုင္ေၾကာင္း၊ ႐ိုက္ကူးေပးပါက အႏုပညာအလုပ္မ်ား အေပၚ လူထုေထာက္ခံမႈရေစ မည္ျဖစ္ေၾကာင္း စည္း႐ုံးလႈံ႕ေဆာ္ျခင္းမ်ိဳးျဖစ္ေၾကာင္း ဆိုသည္။ “အခုက အႏုပညာရွင္ ေတြကို စကားအမ်ားႀကီး ရွင္းျပစရာမလိုေတာ့ဘူး။ ေရာက္လာတာနဲ႔ ကြၽန္ေတာ္တို႔ ပါဝင္ရမွာကို လက္ခံတယ္။ ဘယ္လို လုပ္ေပးရမလဲ ေျပာဆိုတာမ်ိဳး ေတာ္ေတာ္မ်ားမ်ားက ေျပာၾကတယ္။ သူတို႔ေတာင္းဆိုတာ သို႔မဟုတ္ ေၾကာက္တာ တစ္ခုပဲရွိတယ္။ ျပည္ေျပး နီပိန္းေတြက အၿမီးျပတ္ ေခြးေတြလို အရမ္းေဟာင္ၾက ကိုက္ၾကတာ မ်ိဳးပဲ။ အဲဒါကို ျပည္တြင္းက တခ်ိဳ႕ေတြ ေရာေယာင္ၿပီး အဟုတ္ထင္မွာ စိုးတာမ်ိဳးေပါ့။ အခုက ေ႐ြးေကာက္ပြဲ ကမ္ပိန္းအတြက္ ျပည္တြင္းမွာရွိတဲ့ သ႐ုပ္ေဆာင္ အႏုပညာရွင္ အကုန္လုံးပူးေပါင္းပါဝင္လာၿပီ။ တခ်ိဳ႕ ဆိုရင္ သူတို႔ကိုမဆက္သြယ္ လို႔ဆိုၿပီး သူတို႔ဘက္က လာၿပီးေတာ့ကို လိုလိုလားလား ပူးေပါင္းတာ” ဟု ဌာနဆိုင္ရာသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
သို႔ေသာ္လည္း မတတ္သာ၍ ကူညီေပးရ သည္ဆိုသည့္သေဘာမ်ိဳးျဖင့္ လူမႈကြန္ရက္စာမ်က္ႏွာ မ်ားႏွင့္ သီးျခားလူမႈအသိုင္းအဝိုင္းမ်ားအတြင္း၌ ဟန္ေဆာင္ေကာင္းေနျခင္းမ်ားရွိေနႏိုင္ေၾကာင္းလည္း အခ်ိဳ႕သတိေပးထား သည္။ ယင္းအခ်က္ကို ရိပ္စားမိ သည့္အတြက္လည္း ႏိုင္ငံေတာ္၏လုပ္ငန္းစဥ္၌ ၎ တို႔ပူးေပါင္းပါဝင္ျခင္းသည္ မတတ္သာ၍ ပူးေပါင္းျခင္း ဟုတ္မဟုတ္ကို သီးသန႔္မွတ္တမ္းတင္ထားျခင္းမ်ားရွိေနေၾကာင္း အစိုးရသတင္းရင္းျမစ္ မ်ားထံမွ ျပန္လည္ၾကားသိရသည္။
လက္ရွိတြင္မူ (၂၀၂၀) ေ႐ြးေကာက္ပြဲ ကာလအတြင္းက NLD အတြက္ မဲဆြယ္ေပးခဲ့ေသာ အႏုပညာရွင္မ်ားထဲမွ လူမင္း၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ေဖြးေဖြး၊ ဒါ႐ိုက္တာဝိုင္း အစရွိေသာ ပုဂၢိဳလ္မ်ား အားလုံး ႏိုင္ငံေတာ္၏ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္၌ ပူးေပါင္းပါဝင္လာသကဲ့သို႔ နာမည္ေက်ာ္မ်ားျဖစ္သည့္ ဟာသသ႐ုပ္ေဆာင္ ခင္လႈိင္၊ မိုးေဟကို၊ ဝတ္မႈံေ႐ႊရည္တို႔လည္း ပါဝင္ကူညီထားၾကေၾကာင္း သိရသည္။