အိန္ဒိယအတွက် ဒေသတွင်း မဟာဗျူဟာမြောက်နယ်မြေများကို ကာကွယ်ရန် နှင့် ဘင်္ဂလားအော်ကို စိုးမိုးထားနိုင်ရန် အရေးတကြီး လိုအပ်နေ

 402

Htay Oung(NP News) - သြဂုတ် ၁
အိန္ဒိယရဲ့ “ညီအစ်မ ခုနစ်ဖော်” လို့ တင်စားကြတဲ့ အာရူနာချယ်ပရာဒက်ရှ်၊ အာသံ၊ မဏိပူရ၊ မီဂါ လာယာ၊ မီဇိုရမ်၊ နာဂလန်းနဲ့ တြိပူရစသည်ဖြင့် အရှေ့မြောက်ဖျား ပြည်နယ် (၇)ခုတို့ဟာ ဒေသတွင်း မဟာ ဗျူဟာနဲ့ စီးပွားရေးအရ အရေးပါတဲ့ဒေသဖြစ်ပါ တယ်။ အဲဒီပြည်နယ်တွေဟာ နယူးဒေလီ ဗဟို အုပ်ချုပ်ရေးနဲ့အလှမ်းဝေးနေပြီး ကျဉ်းမြောင်းတဲ့ “ဆီလီ ဂူရီစင်္ကြံ” တစ်ခုတည်းနဲ့သာ သွားလာဆက် သွယ်နေရပါတယ်။ အိန္ဒိယပြည်မကြီးမှ အထီးကျန်သဖွယ်ဖြစ်နေတဲ့ အဲဒီပြည်နယ်တွေကို ဖွံ့ဖြိုးတိုး တက်အောင် ဖန်တီးပေးရေးမှာ လုံခြုံရေးဆိုင်ရာထူးခြားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ RAW အိန္ဒိယ ထောက်လှမ်းရေး သတင်းပြန်ကြားရေး ဒီဂျစ်တယ် စာမျက်နှာဖြစ်တဲ့ IDRW က ၂ဝ၂၅ ခုနှစ် ဇူလိုင်လ ၂ဝ ရက်မှာ ရေးသားပါတယ်။
ဒေသတစ်ခွင်လုံးရဲ့ကံကြမ္မာကို ပြောင်းလဲပေး နိုင်ဖွယ် အရေးပါတဲ့အချက်တစ်ခုမှာ ညီအစ်မ ခုနစ် ဖော်အတွက် အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်ရဲ့မဟာ ဗျူဟာမြောက် စစ်တကောင်း ဆိပ်ကမ်းမှ တစ် ဆင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဝင်ရောက်နိုင်တာပဲ ဖြစ်ပါတယ်။ အိန္ဒိယအနေနဲ့ နိုင်ငံ့အရှေ့မြောက် ဒေသကိုကာကွယ်ဖို့၊ အိမ်နီးချင်းတိုင်းပြည်တွေ အပါအဝင် ကမ္ဘာကြီးတစ်ခုလုံးနဲ့ စီးပွားရေး၊ မဟာဗျူ ဟာမြောက်ပေါင်းစည်းရေးအတွက် စစ်တကောင်း ဒေသကို ဦးစားပေးစိုးမိုးထားဖို့လိုအပ်ပါလိမ့်မယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ စစ်တကောင်းဟာ ဘင်္ဂလားပင်လယ်အော်သို့ဝင် ပေါက်ဖြစ်ပြီး ဒေသတွင်းရေကြောင်းကုန်သွယ်မှု အတွက် အရေးပါတဲ့အချက်အချာနေရာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ (၁၂၄) မိုင် အကွာမှာ တည်ရှိပြီး ညီအစ်မ ခုနစ်ခုနှင့် အနီးဆုံး အဓိက ဆိပ်ကမ်းဖြစ်နေပါတယ်။ ကုန်းတွင်းပိတ်ဒေသအတွက် စစ်တကောင်းလို ရေနက်ဆိပ်ကမ်းကို ဝင် ရောက်နိုင်တာဟာ ဂိမ်းပြောင်းလဲမှုတစ်ခုဖြစ်နိုင်ပါတယ်။ ကုန်သွယ်မှုကိုပိုမိုမြန်ဆန်စေပြီး ကုန်ကျ စရိတ်သက်သာမှု၊ ဆက်သွယ်သွားလာမှုကို ပိုမိုကောင်းမွန်စေပြီး စီးပွားရေးတိုးတက်မှုကို မြှင့်တင် ပေးနိုင်ပါတယ်။ ဆိပ်ကမ်းရဲ့ ဗျူဟာမြောက်အရေး ပါမှုဟာ အိန္ဒိယအရှေ့မြောက်ဒေသရဲ့ လုံခြုံရေး အသွင်သဏ္ဌာန်ကိုပုံဖော်နိုင်ပြီး စီးပွားရေးထက် ကျော်လွန်တဲ့ပထဝီနိုင်ငံရေးချိတ်ဆက်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။
ပထဝီဝင်အနေအထားအရ ကုန်းမကြီးအိန္ဒိယ နဲ့ ညီအစ်မခုနစ်ဖော်ကို ထောက်ပံ့ပို့ဆောင်ရေး ဟာ အကျယ်ဆုံးနေရာမှာ (၁၄) မိုင်ခန့်သာရှိတဲ့ ဆီလီဂူရီ စင်္ကြံတစ်ခုတည်းနဲ့သာ ကုန်းလမ်းချိတ်ဆက် နိုင်ပါတယ်။ အဲဒီဒေသဟာ ငလျင်လှုပ်/မြေပြို သဘာဝ ဘေးအန္တရာယ်တွေ၊ ခွဲထွက်ရေးလက်နက်ကိုင် သောင်းကျန်းမှုတွေ၊ လူမျိုးစုအချင်းချင်းကြား အဓိက ရုဏ်းတွေ သို့မဟုတ် ပြင်ပခြိမ်းခြောက်မှုတွေ ကြောင့် အနှောင့်အယှက်တွေရှိနေပါတယ်။ တရုတ်၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နီးကပ်တဲ့ စင်္ကြံလမ်းဟာ အိန္ဒိယရဲ့အမျိုးသားလုံခြုံရေးတွက်ဆရာမှာ ပိုမို ရှုပ်ထွေးစေပါတယ်။
ဒါ့ပြင် အရှေ့မြောက်ဒေသဟာ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်တို့နဲ့ နိုင်ငံတကာနယ်နိ မိတ်ချင်းထိစပ်နေပြီး နယ်စပ်ဖြတ်ကျော် ဆူပူသောင်းကျန်းမှု၊ လူမှောင်ခိုမှုနဲ့ ပထဝီဝင်နိုင်ငံရေးတင်းမာမှု တွေအတွက် အချက်အချာနေရာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ပြိုင်ဘက် တရုတ်နိုင်ငံက “ရပ်ဝန်းနဲ့ လမ်းအစီအစဉ်” (BRI) နဲ့ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေပါတယ်။ အဲဒီကတစ်ဆင့်ဒေသတွင်း တရုတ်ရဲ့ဩဇာလွှမ်းမိုးမှု ကြီးထွားလာမှုဟာ အိန္ဒိယရဲ့လုံခြုံရေးအကျိုးစီးပွား အတွက် တိုက်ရိုက်စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ခိုင်မာ တဲ့ ပင်လယ်ရေကြောင်းထွက်ပေါက်သာ မရရှိခဲ့ ရင် အရှေ့မြောက်ဒေသဟာ စီးပွားရေးအရအဟန့်အတားဖြစ်လာပြီး ဗျူဟာမြောက် အကျပ်အတည်း တွေနဲ့ လုံးချာလိုက်နေရပါလိမ့်မယ်။
စစ်တကောင်းမြို့ကို ဝင်ရောက်ခွင့်သေချာစေတာဟာ ညီအစ်မခုနစ်ဖော်အတွက် တိုက်ရိုက်ရေ ကြောင်းတံခါးပေါက်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ ကန့်သတ်မှုများပြားလှတဲ့ စင်္ကြံလမ်းအပေါ် မှီခိုအား ထားမှုကိုလျှော့ချပြီး ကုန်သွယ်မှုနဲ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် လမ်းသစ်တွေကို ဖွင့်လှစ်ပေးပါလိမ့်မယ်။ လက်ရှိမှာတော့ အရှေ့မြောက်ဒေသမှ ကုန်စည်တွေဟာ ကာလကတ္တား သို့မဟုတ် (ကာလကတ္တား တောင်ဘက် ဟူဂလီ မြစ်ဝ) “ဟယ်လ်ဒီးယားစက်မှုဇုန်” ဆိပ်ကမ်းတွေအရောက် မိုင် (၁၀ဝဝ)ခန့် တစ် ကွေ့တစ်ပတ်ကြီး သွားလာနေရပါတယ်။ ဒီအတွက် ကုန်စည်သယ်ပို့ချိန် ကြာမြင့်ပြီး စရိတ်စကများပြား လှပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် စစ်တကောင်း ဆိပ် ကမ်းဟာ အရှေ့မြောက်ဖျားပြည်နယ်တွေနဲ့ ခရီး အကွာအဝေးပိုနီးပါတယ်။ ကုန်စည်ပို့ဆောင်မှု ထိရောက်မှုရှိပြီး ကမ္ဘာ့ဈေးကွက်တွေဆီ ပိုမိုမြန်ဆန်စွာ သယ်ယူတင်ပို့နိုင်ပါလိမ့်မယ်။
ဒါ့ပြင် စစ်တကောင်းဆိပ်ကမ်းဟာ အိန္ဒိယရဲ့ “အရှေ့မျှော်မူဝါဒ” နဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ- မြန်မာစီးပွားရေးစင်္ကြံ (BCIM) လို အစီအစဉ်မှာ ဒေသတွင်းချိတ်ဆက်မှုအတွက် အချက်အချာ အဖြစ်လည်း ဆောင်ရွက်နိုင်ပါတယ်။ စစ်တ ကောင်းဆိပ်ကမ်းကိုအသုံးချခြင်းဖြင့် အိန္ဒိယအနေနဲ့ အရှေ့ မြောက်အာရှနိုင်ငံတွေနဲ့ပေါင်းစည်းနိုင်ပြီး ဒေသတွင်းလက်ဖက်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ လက်မှု အနုပညာကဲ့သို့ ဈေးကွက်ဝင်လုပ်ငန်းတွေကို မြှင့်တင်နိုင်ပါလိမ့်မယ်။
အထူးသဖြင့် တရုတ်နိုင်ငံရဲ့ ကျောက်ဖြူ (မြန်မာ) နဲ့ ဟမ်ဘန်တိုတာ (သီရိလင်္ကာ) ဆိပ်ကမ်း တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကတစ်ဆင့် ဘင်္ဂလားပင်လယ် အော်ဒေသ ဩဇာလွှမ်းမိုးမှုတိုးပွားလာတာဟာ အိန္ဒိယ အနေနဲ့လည်း စစ်တကောင်းလိုနေရာမျိုးကို စိုးမိုးထားဖို့လိုအပ်ကြောင်း မီးမောင်းထိုးပြနေပါ တယ်။ တရုတ်ဩဇာလွှမ်းမိုးတဲ့ ဘင်္ဂလားပင်လယ်အော်ဟာ အိန္ဒိယရဲ့ အရှေ့မြောက်ဘက်ဒေသကို ဝိုင်းပတ်ထားသလိုဖြစ်လာပြီး ဗျူဟာမြောက်လှုပ်ရှားနိုင်မှုကို ကန့်သတ်ထားပါလိမ့်မယ်။ စစ်တကောင်း ဒေသသို့ ဝင်ရောက်ခွင့်ရရှိရေး ဘင်္ဂလားဒေ့ရှ်နဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကို မွေးမြူထားရပါလိမ့် မယ်။ အိန္ဒိယဟာ တရုတ်နိုင်ငံရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ရည်မှန်းချက်တွေကို ဟန်ချက်ညီညီထိန်း ကျောင်းနိုင်ပြီး အရှေ့မြောက်ဖျား ပြည်နယ်တွေကိုလည်း စုစုစည်းစည်းဖြစ်သွားစေပါလိမ့်မယ်။
စစ်တကောင်းဟာ အိန္ဒိယရဲ့ အရေးပါရေတပ်စခန်းဖြစ်တဲ့ အက်ဒမန်နဲ့ နီကိုဘာကျွန်းတွေရဲ့ အနီး ဝန်းကျင်ရေပြင်ရဲ့ဗျူဟာမြောက်တန်ဖိုးကို မြှင့်တင်ပေးနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်း ဆောင်ရွက်ရေးမူဘောင်တစ်ရပ်ဟာ အိန္ဒိယကို ဘင်္ဂလားပင် လယ်အော်ရေပြင်အတွင်း ပါဝါစီမံကိန်းပြု လုပ်နိုင်စေပြီး၊ ပင်လယ်ရေကြောင်းဆိုင်ရာ အကျိုးစီးပွားကို ကာကွယ်ခြင်းအားဖြင့် အလားအလာရှိတဲ့ ရန်သူတွေကို ဟန့်တားနိုင်ပါတယ်။
ညီအစ်မ ခုနစ်ဖော်ပြည်နယ်တွေရဲ့ စီးပွားရေးအရ အထီးကျန်မှုဟာ အခြေခံအဆောက်အအုံ တည်ဆောက်ဖို့ကန့်သတ်ထားသလိုရှိနေပြီး ဖွံ့ဖြိုးတိုး တက်မှုကို အတားအဆီးဖြစ်နေရပါတယ်။ အိန္ဒိယ နဲ့ အနီးဆုံးဖြစ်တဲ့ စစ်တကောင်းဆိပ်ကမ်းကို အသုံးပြုခွင့်သာရရှိမယ်ဆိုရင် အရှေ့မြောက်ဖျားဒေသရဲ့ ကုန်သွယ်မှု ကုန်ကျစရိတ်တွေကိုလျှော့ချနိုင်ပြီး စက်မှုလုပ်ငန်းများ ယှဉ်ပြိုင်မှု အားကောင်းလာပါလိမ့် မယ်။ စစ်တကောင်းမြို့ဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ချစ် ကြည်ရေးပေါင်းကူးမှုနဲ့ မြန်မာနိုင်ငံ “ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း” တို့လို တခြား အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေကို ချောမွေ့စွာ ချိတ်ဆက်ပေးနိုင်ပါလိမ့်မယ်။ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒအရ အာဆီယံနိုင်ငံတွေနဲ့ ကုန် သွယ်မှုအတွက် အချက်အချာနေရာအဖြစ် ဆောင်ရွက်နိုင် ပြီး အရှေ့တောင်အာရှတစ်ခွင်လုံးနဲ့ စီးပွား ရေးအရ ကူးလူးဆက်ဆံမှုကို မြှင့်တင်နိုင်ပါတယ်။ အရှေ့ မြောက်ဒေသမှာ အဓိကဖြစ်ထွန်းတဲ့ စိုက်ပျိုး ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တို့လို ကဏ္ဍများမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံ လိုစိတ် ဖြစ်လာအောင် ဆွဲဆောင်နိုင်ပါလိမ့်မယ်။

Zawgyi Version:
အိႏၵိယအတြက္ ေဒသတြင္း မဟာဗ်ဴဟာေျမာက္နယ္ေျမမ်ားကို ကာကြယ္ရန္ ႏွင့္ ဘဂၤလားေအာ္ကို စိုးမိုးထားႏိုင္ရန္ အေရးတႀကီး လိုအပ္ေန
Htay Oung(NP News) - ၾသဂုတ္ ၁
အိႏၵိယရဲ႕ “ညီအစ္မ ခုနစ္ေဖာ္” လို႔ တင္စားၾကတဲ့ အာ႐ူနာခ်ယ္ပရာဒက္ရွ္၊ အာသံ၊ မဏိပူရ၊ မီဂါ လာယာ၊ မီဇိုရမ္၊ နာဂလန္းနဲ႔ ႀတိပူရစသည္ျဖင့္ အေရွ႕ေျမာက္ဖ်ား ျပည္နယ္ (၇)ခုတို႔ဟာ ေဒသတြင္း မဟာ ဗ်ဴဟာနဲ႔ စီးပြားေရးအရ အေရးပါတဲ့ေဒသျဖစ္ပါ တယ္။ အဲဒီျပည္နယ္ေတြဟာ နယူးေဒလီ ဗဟို အုပ္ခ်ဳပ္ေရးနဲ႔အလွမ္းေဝးေနၿပီး က်ဥ္းေျမာင္းတဲ့ “ဆီလီ ဂူရီစႀကႍ” တစ္ခုတည္းနဲ႔သာ သြားလာဆက္ သြယ္ေနရပါတယ္။ အိႏၵိယျပည္မႀကီးမွ အထီးက်န္သဖြယ္ျဖစ္ေနတဲ့ အဲဒီျပည္နယ္ေတြကို ဖြံ႕ၿဖိဳးတိုး တက္ေအာင္ ဖန္တီးေပးေရးမွာ လုံၿခဳံေရးဆိုင္ရာထူးျခားတဲ့စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ RAW အိႏၵိယ ေထာက္လွမ္းေရး သတင္းျပန္ၾကားေရး ဒီဂ်စ္တယ္ စာမ်က္ႏွာျဖစ္တဲ့ IDRW က ၂ဝ၂၅ ခုႏွစ္ ဇူလိုင္လ ၂ဝ ရက္မွာ ေရးသားပါတယ္။
ေဒသတစ္ခြင္လုံးရဲ႕ကံၾကမၼာကို ေျပာင္းလဲေပး ႏိုင္ဖြယ္ အေရးပါတဲ့အခ်က္တစ္ခုမွာ ညီအစ္မ ခုနစ္ ေဖာ္အတြက္ အထူးသျဖင့္ ဘဂၤလားေဒ့ရွ္ရဲ႕မဟာ ဗ်ဴဟာေျမာက္ စစ္တေကာင္း ဆိပ္ကမ္းမွ တစ္ ဆင့္ ဘဂၤလားပင္လယ္ေအာ္အတြင္း ဝင္ေရာက္ႏိုင္တာပဲ ျဖစ္ပါတယ္။ အိႏၵိယအေနနဲ႔ ႏိုင္ငံ့အေရွ႕ေျမာက္ ေဒသကိုကာကြယ္ဖို႔၊ အိမ္နီးခ်င္းတိုင္းျပည္ေတြ အပါအဝင္ ကမာၻႀကီးတစ္ခုလုံးနဲ႔ စီးပြားေရး၊ မဟာဗ်ဴ ဟာေျမာက္ေပါင္းစည္းေရးအတြက္ စစ္တေကာင္း ေဒသကို ဦးစားေပးစိုးမိုးထားဖို႔လိုအပ္ပါလိမ့္မယ္။
ဘဂၤလားေဒ့ရွ္ရဲ႕ အဓိကဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ စစ္တေကာင္းဟာ ဘဂၤလားပင္လယ္ေအာ္သို႔ဝင္ ေပါက္ျဖစ္ၿပီး ေဒသတြင္းေရေၾကာင္းကုန္သြယ္မႈ အတြက္ အေရးပါတဲ့အခ်က္အခ်ာေနရာျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွ (၁၂၄) မိုင္ အကြာမွာ တည္ရွိၿပီး ညီအစ္မ ခုနစ္ခုႏွင့္ အနီးဆုံး အဓိက ဆိပ္ကမ္းျဖစ္ေနပါတယ္။ ကုန္းတြင္းပိတ္ေဒသအတြက္ စစ္တေကာင္းလို ေရနက္ဆိပ္ကမ္းကို ဝင္ ေရာက္ႏိုင္တာဟာ ဂိမ္းေျပာင္းလဲမႈတစ္ခုျဖစ္ႏိုင္ပါတယ္။ ကုန္သြယ္မႈကိုပိုမိုျမန္ဆန္ေစၿပီး ကုန္က် စရိတ္သက္သာမႈ၊ ဆက္သြယ္သြားလာမႈကို ပိုမိုေကာင္းမြန္ေစၿပီး စီးပြားေရးတိုးတက္မႈကို ျမႇင့္တင္ ေပးႏိုင္ပါတယ္။ ဆိပ္ကမ္းရဲ႕ ဗ်ဴဟာေျမာက္အေရး ပါမႈဟာ အိႏၵိယအေရွ႕ေျမာက္ေဒသရဲ႕ လုံၿခဳံေရး အသြင္သဏၭာန္ကိုပုံေဖာ္ႏိုင္ၿပီး စီးပြားေရးထက္ ေက်ာ္လြန္တဲ့ပထဝီႏိုင္ငံေရးခ်ိတ္ဆက္မႈတစ္ခုလို႔ ဆိုႏိုင္ပါတယ္။
ပထဝီဝင္အေနအထားအရ ကုန္းမႀကီးအိႏၵိယ နဲ႔ ညီအစ္မခုနစ္ေဖာ္ကို ေထာက္ပံ့ပို႔ေဆာင္ေရး ဟာ အက်ယ္ဆုံးေနရာမွာ (၁၄) မိုင္ခန႔္သာရွိတဲ့ ဆီလီဂူရီ စႀကႍတစ္ခုတည္းနဲ႔သာ ကုန္းလမ္းခ်ိတ္ဆက္ ႏိုင္ပါတယ္။ အဲဒီေဒသဟာ ငလ်င္လႈပ္/ေျမၿပိဳ သဘာဝ ေဘးအႏၲရာယ္ေတြ၊ ခြဲထြက္ေရးလက္နက္ကိုင္ ေသာင္းက်န္းမႈေတြ၊ လူမ်ိဳးစုအခ်င္းခ်င္းၾကား အဓိက ႐ုဏ္းေတြ သို႔မဟုတ္ ျပင္ပၿခိမ္းေျခာက္မႈေတြ ေၾကာင့္ အေႏွာင့္အယွက္ေတြရွိေနပါတယ္။ တ႐ုတ္၊ နီေပါ၊ ဘူတန္၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔နဲ႔ နီးကပ္တဲ့ စႀကႍလမ္းဟာ အိႏၵိယရဲ႕အမ်ိဳးသားလုံၿခဳံေရးတြက္ဆရာမွာ ပိုမို ရႈပ္ေထြးေစပါတယ္။
ဒါ့ျပင္ အေရွ႕ေျမာက္ေဒသဟာ တ႐ုတ္၊ ျမန္မာ၊ ဘဂၤလားေဒ့ရွ္၊ ဘူတန္တို႔နဲ႔ ႏိုင္ငံတကာနယ္နိ မိတ္ခ်င္းထိစပ္ေနၿပီး နယ္စပ္ျဖတ္ေက်ာ္ ဆူပူေသာင္းက်န္းမႈ၊ လူေမွာင္ခိုမႈနဲ႔ ပထဝီဝင္ႏိုင္ငံေရးတင္းမာမႈ ေတြအတြက္ အခ်က္အခ်ာေနရာတစ္ခု ျဖစ္ပါတယ္။ အထူးသျဖင့္ ၿပိဳင္ဘက္ တ႐ုတ္ႏိုင္ငံက “ရပ္ဝန္းနဲ႔ လမ္းအစီအစဥ္” (BRI) နဲ႔ ျမန္မာႏိုင္ငံ ေက်ာက္ျဖဴဆိပ္ကမ္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြျပဳလုပ္ေနပါတယ္။ အဲဒီကတစ္ဆင့္ေဒသတြင္း တ႐ုတ္ရဲ႕ဩဇာလႊမ္းမိုးမႈ ႀကီးထြားလာမႈဟာ အိႏၵိယရဲ႕လုံၿခဳံေရးအက်ိဳးစီးပြား အတြက္ တိုက္႐ိုက္စိန္ေခၚမႈတစ္ရပ္ျဖစ္ပါတယ္။ ခိုင္မာ တဲ့ ပင္လယ္ေရေၾကာင္းထြက္ေပါက္သာ မရရွိခဲ့ ရင္ အေရွ႕ေျမာက္ေဒသဟာ စီးပြားေရးအရအဟန႔္အတားျဖစ္လာၿပီး ဗ်ဴဟာေျမာက္ အက်ပ္အတည္း ေတြနဲ႔ လုံးခ်ာလိုက္ေနရပါလိမ့္မယ္။
စစ္တေကာင္းၿမိဳ႕ကို ဝင္ေရာက္ခြင့္ေသခ်ာေစတာဟာ ညီအစ္မခုနစ္ေဖာ္အတြက္ တိုက္႐ိုက္ေရ ေၾကာင္းတံခါးေပါက္တစ္ခုကို ေပးစြမ္းႏိုင္ပါတယ္။ ကန႔္သတ္မႈမ်ားျပားလွတဲ့ စႀကႍလမ္းအေပၚ မွီခိုအား ထားမႈကိုေလွ်ာ့ခ်ၿပီး ကုန္သြယ္မႈနဲ႔ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ လမ္းသစ္ေတြကို ဖြင့္လွစ္ေပးပါလိမ့္မယ္။ လက္ရွိမွာေတာ့ အေရွ႕ေျမာက္ေဒသမွ ကုန္စည္ေတြဟာ ကာလကတၱား သို႔မဟုတ္ (ကာလကတၱား ေတာင္ဘက္ ဟူဂလီ ျမစ္ဝ) “ဟယ္လ္ဒီးယားစက္မႈဇုန္” ဆိပ္ကမ္းေတြအေရာက္ မိုင္ (၁၀ဝဝ)ခန႔္ တစ္ ေကြ႕တစ္ပတ္ႀကီး သြားလာေနရပါတယ္။ ဒီအတြက္ ကုန္စည္သယ္ပို႔ခ်ိန္ ၾကာျမင့္ၿပီး စရိတ္စကမ်ားျပား လွပါတယ္။ ဆန႔္က်င္ဘက္အားျဖင့္ စစ္တေကာင္း ဆိပ္ ကမ္းဟာ အေရွ႕ေျမာက္ဖ်ားျပည္နယ္ေတြနဲ႔ ခရီး အကြာအေဝးပိုနီးပါတယ္။ ကုန္စည္ပို႔ေဆာင္မႈ ထိေရာက္မႈရွိၿပီး ကမာၻ႔ေဈးကြက္ေတြဆီ ပိုမိုျမန္ဆန္စြာ သယ္ယူတင္ပို႔ႏိုင္ပါလိမ့္မယ္။
ဒါ့ျပင္ စစ္တေကာင္းဆိပ္ကမ္းဟာ အိႏၵိယရဲ႕ “အေရွ႕ေမွ်ာ္မူဝါဒ” နဲ႔ ဘဂၤလားေဒ့ရွ္-တ႐ုတ္-အိႏၵိယ- ျမန္မာစီးပြားေရးစႀကႍ (BCIM) လို အစီအစဥ္မွာ ေဒသတြင္းခ်ိတ္ဆက္မႈအတြက္ အခ်က္အခ်ာ အျဖစ္လည္း ေဆာင္႐ြက္ႏိုင္ပါတယ္။ စစ္တ ေကာင္းဆိပ္ကမ္းကိုအသုံးခ်ျခင္းျဖင့္ အိႏၵိယအေနနဲ႔ အေရွ႕ ေျမာက္အာရွႏိုင္ငံေတြနဲ႔ေပါင္းစည္းႏိုင္ၿပီး ေဒသတြင္းလက္ဖက္လုပ္ငန္း၊ ခရီးသြားလုပ္ငန္းနဲ႔ လက္မႈ အႏုပညာကဲ့သို႔ ေဈးကြက္ဝင္လုပ္ငန္းေတြကို ျမႇင့္တင္ႏိုင္ပါလိမ့္မယ္။
အထူးသျဖင့္ တ႐ုတ္ႏိုင္ငံရဲ႕ ေက်ာက္ျဖဴ (ျမန္မာ) နဲ႔ ဟမ္ဘန္တိုတာ (သီရိလကၤာ) ဆိပ္ကမ္း ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကတစ္ဆင့္ ဘဂၤလားပင္လယ္ ေအာ္ေဒသ ဩဇာလႊမ္းမိုးမႈတိုးပြားလာတာဟာ အိႏၵိယ အေနနဲ႔လည္း စစ္တေကာင္းလိုေနရာမ်ိဳးကို စိုးမိုးထားဖို႔လိုအပ္ေၾကာင္း မီးေမာင္းထိုးျပေနပါ တယ္။ တ႐ုတ္ဩဇာလႊမ္းမိုးတဲ့ ဘဂၤလားပင္လယ္ေအာ္ဟာ အိႏၵိယရဲ႕ အေရွ႕ေျမာက္ဘက္ေဒသကို ဝိုင္းပတ္ထားသလိုျဖစ္လာၿပီး ဗ်ဴဟာေျမာက္လႈပ္ရွားႏိုင္မႈကို ကန႔္သတ္ထားပါလိမ့္မယ္။ စစ္တေကာင္း ေဒသသို႔ ဝင္ေရာက္ခြင့္ရရွိေရး ဘဂၤလားေဒ့ရွ္နဲ႔ ခိုင္မာတဲ့ ပူးေပါင္းေဆာင္႐ြက္မႈကို ေမြးျမဴထားရပါလိမ့္ မယ္။ အိႏၵိယဟာ တ႐ုတ္ႏိုင္ငံရဲ႕ ပင္လယ္ေရေၾကာင္းဆိုင္ရာ ရည္မွန္းခ်က္ေတြကို ဟန္ခ်က္ညီညီထိန္း ေက်ာင္းႏိုင္ၿပီး အေရွ႕ေျမာက္ဖ်ား ျပည္နယ္ေတြကိုလည္း စုစုစည္းစည္းျဖစ္သြားေစပါလိမ့္မယ္။
စစ္တေကာင္းဟာ အိႏၵိယရဲ႕ အေရးပါေရတပ္စခန္းျဖစ္တဲ့ အက္ဒမန္နဲ႔ နီကိုဘာကြၽန္းေတြရဲ႕ အနီး ဝန္းက်င္ေရျပင္ရဲ႕ဗ်ဴဟာေျမာက္တန္ဖိုးကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ ဘဂၤလားေဒ့ရွ္နဲ႔ ပူးေပါင္း ေဆာင္႐ြက္ေရးမူေဘာင္တစ္ရပ္ဟာ အိႏၵိယကို ဘဂၤလားပင္ လယ္ေအာ္ေရျပင္အတြင္း ပါဝါစီမံကိန္းျပဳ လုပ္ႏိုင္ေစၿပီး၊ ပင္လယ္ေရေၾကာင္းဆိုင္ရာ အက်ိဳးစီးပြားကို ကာကြယ္ျခင္းအားျဖင့္ အလားအလာရွိတဲ့ ရန္သူေတြကို ဟန႔္တားႏိုင္ပါတယ္။
ညီအစ္မ ခုနစ္ေဖာ္ျပည္နယ္ေတြရဲ႕ စီးပြားေရးအရ အထီးက်န္မႈဟာ အေျခခံအေဆာက္အအုံ တည္ေဆာက္ဖို႔ကန႔္သတ္ထားသလိုရွိေနၿပီး ဖြံ႕ၿဖိဳးတိုး တက္မႈကို အတားအဆီးျဖစ္ေနရပါတယ္။ အိႏၵိယ နဲ႔ အနီးဆုံးျဖစ္တဲ့ စစ္တေကာင္းဆိပ္ကမ္းကို အသုံးျပဳခြင့္သာရရွိမယ္ဆိုရင္ အေရွ႕ေျမာက္ဖ်ားေဒသရဲ႕ ကုန္သြယ္မႈ ကုန္က်စရိတ္ေတြကိုေလွ်ာ့ခ်ႏိုင္ၿပီး စက္မႈလုပ္ငန္းမ်ား ယွဥ္ၿပိဳင္မႈ အားေကာင္းလာပါလိမ့္ မယ္။ စစ္တေကာင္းၿမိဳ႕ဟာ အိႏၵိယ-ဘဂၤလားေဒ့ရွ္ ခ်စ္ ၾကည္ေရးေပါင္းကူးမႈနဲ႔ ျမန္မာႏိုင္ငံ “ကုလားတန္ ဘက္စုံ သယ္ယူပို႔ေဆာင္ေရးစီမံကိန္း” တို႔လို တျခား အေျခခံအေဆာက္အအုံဆိုင္ရာ စီမံကိန္းေတြကို ေခ်ာေမြ႕စြာ ခ်ိတ္ဆက္ေပးႏိုင္ပါလိမ့္မယ္။ အိႏၵိယရဲ႕ အေရွ႕ေမွ်ာ္မူဝါဒအရ အာဆီယံႏိုင္ငံေတြနဲ႔ ကုန္ သြယ္မႈအတြက္ အခ်က္အခ်ာေနရာအျဖစ္ ေဆာင္႐ြက္ႏိုင္ ၿပီး အေရွ႕ေတာင္အာရွတစ္ခြင္လုံးနဲ႔ စီးပြား ေရးအရ ကူးလူးဆက္ဆံမႈကို ျမႇင့္တင္ႏိုင္ပါတယ္။ အေရွ႕ ေျမာက္ေဒသမွာ အဓိကျဖစ္ထြန္းတဲ့ စိုက္ပ်ိဳး ေရး၊ ခရီးသြားလုပ္ငန္းနဲ႔ ျပန္လည္ ျပည့္ၿဖိဳးၿမဲစြမ္းအင္တို႔လို က႑မ်ားမွာ ႏိုင္ငံတကာက ရင္းႏွီးျမႇဳပ္ႏွံ လိုစိတ္ ျဖစ္လာေအာင္ ဆြဲေဆာင္ႏိုင္ပါလိမ့္မယ္။

Related news

© 2021. All rights reserved.