အမေရိကန်ကို တရုတ်သမ္မတရှီကျင့်ဖျင် လာရောက်လည်ပတ်နိုင်ကြောင်း ဒေါ်နယ်ထရမ့်မှတ်ချက်ပေး

232

Pika (NP News) - သြဂုတ် ၂
တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးစဉ်အပြင် တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်ကို လာရောက် လည်ပတ်နိုင်ခြေတို့နှင့်ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အရိပ်အမြွက်ပြပြောကြားခဲ့ကြောင်း သိရသည်။ Breitbart သတင်းစာနှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုအတွင်း ဒေါ်နယ်ထရမ့်က ၎င်းသည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် မျှော်လင့်နေကြောင်းနှင့် အဆိုပါခရီးစဉ်မှာ မကြာမီအချိန်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံကြားဖြစ်ပွားနေသော ကုန်သွယ်ရေးအငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ရှီကျင့်ဖျင်က ၎င်းနှင့် တွေ့ဆုံလိုကြောင်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့်က ‘ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို ကျွန်တော်တို့ တွေ့မြင်ရမှာပါ။ ဒီနှစ်မကုန်ခင်မှာပဲ တရုတ်ကို ကျွန်တော်သွားရောက်လည်ပတ်ဖို့ ဖြစ်လာနိုင်ပါ တယ်။ ပြီးတော့ ရှီကျင့်ဖျင်ကလည်း အမေရိကန်ကို လာရောက်လည်ပတ်ပါလိမ့်မယ်’ဟုပြောဆိုခဲ့သည်။ ထို့ပြင် ရှီကျင့်ဖျင်နှင့်တွေ့ဆုံမည့် အလားအလာများနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောဆိုခဲ့ကြောင်း လည်း သိရသည်။
ဒေါ်နယ်ထရမ့်က ‘ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားမှုရှိမှသာ တရုတ်ကို ကျွန်တော်သွားရောက်လည်ပတ်မှာပါ။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ စိတ်မဝင်စားပါဘူး’ ဟု ပြောခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားများအတွင်း တရုတ်သို့သွားရောက်လည်ပတ်မည့် ဒေါ်နယ်ထရမ့်၏ အလားအလာရှိ သော ခရီးစဉ်အတွက် ကောလာဟလများထွက်ပေါ်နေချိန်တွင် အဆိုပါမှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
အေမရိကန္ကို တ႐ုတ္သမၼတရွီက်င့္ဖ်င္ လာေရာက္လည္ပတ္ႏိုင္ေၾကာင္း ေဒၚနယ္ထရမ့္မွတ္ခ်က္ေပး
Pika (NP News) - ၾသဂုတ္ ၂
တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္လည္ပတ္မည့္ ခရီးစဥ္အျပင္ တ႐ုတ္သမၼတရွီက်င့္ဖ်င္က အေမရိကန္ကို လာေရာက္ လည္ပတ္ႏိုင္ေျခတို႔ႏွင့္ပတ္သက္ၿပီး အေမရိကန္သမၼတေဒၚနယ္ထရမ့္က အရိပ္အႁမြက္ျပေျပာၾကားခဲ့ေၾကာင္း သိရသည္။ Breitbart သတင္းစာႏွင့္ျပဳလုပ္ခဲ့ေသာ အင္တာဗ်ဴးတစ္ခုအတြင္း ေဒၚနယ္ထရမ့္က ၎သည္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္လည္ပတ္ရန္ ေမွ်ာ္လင့္ေနေၾကာင္းႏွင့္ အဆိုပါခရီးစဥ္မွာ မၾကာမီအခ်ိန္အတြင္း ျဖစ္လာႏိုင္ဖြယ္ရွိေၾကာင္း ထုတ္ျပန္ေျပာၾကားခဲ့သည္။
ထို႔ျပင္ ႏွစ္ႏိုင္ငံၾကားျဖစ္ပြားေနေသာ ကုန္သြယ္ေရးအျငင္းပြားမႈမ်ားကို ေျဖရွင္းရန္အတြက္ ရွီက်င့္ဖ်င္က ၎ႏွင့္ ေတြ႕ဆုံလိုေၾကာင္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့သည္။ ေဒၚနယ္ထရမ့္က ‘ဘာေတြဆက္ျဖစ္လာမလဲ ဆိုတာကို ကြၽန္ေတာ္တို႔ ေတြ႕ျမင္ရမွာပါ။ ဒီႏွစ္မကုန္ခင္မွာပဲ တ႐ုတ္ကို ကြၽန္ေတာ္သြားေရာက္လည္ပတ္ဖို႔ ျဖစ္လာႏိုင္ပါ တယ္။ ၿပီးေတာ့ ရွီက်င့္ဖ်င္ကလည္း အေမရိကန္ကို လာေရာက္လည္ပတ္ပါလိမ့္မယ္’ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ ရွီက်င့္ဖ်င္ႏွင့္ေတြ႕ဆုံမည့္ အလားအလာမ်ားႏွင့္ပတ္သက္ၿပီး ေဒၚနယ္ထရမ့္က မွတ္ခ်က္ျပဳေျပာဆိုခဲ့ေၾကာင္း လည္း သိရသည္။
ေဒၚနယ္ထရမ့္က ‘ရွီက်င့္ဖ်င္ရဲ႕ ဖိတ္ၾကားမႈရွိမွသာ တ႐ုတ္ကို ကြၽန္ေတာ္သြားေရာက္လည္ပတ္မွာပါ။ အဲဒီလို မဟုတ္ဘူးဆိုရင္ေတာ့ စိတ္မဝင္စားပါဘူး’ ဟု ေျပာခဲ့သည္။ ဒုတိယကမာၻစစ္ၿပီးဆုံးျခင္း ႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္ အခမ္းအနားမ်ားအတြင္း တ႐ုတ္သို႔သြားေရာက္လည္ပတ္မည့္ ေဒၚနယ္ထရမ့္၏ အလားအလာရွိ ေသာ ခရီးစဥ္အတြက္ ေကာလာဟလမ်ားထြက္ေပၚေနခ်ိန္တြင္ အဆိုပါမွတ္ခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။