ရန်ကုန်နှင့်ပဲခူးတွင် (၂)ရက်အတွင်း (၂)ဘီလျံကျော်တန်ဖိုးရှိ တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမိ

 1100

ချယ်ရီ (NP News) - ဩဂုတ် (၃)
ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဩဂုတ်လ(၁၊ ၂) ရက်အတွင်း (၂)ဘီလျံကျော်တန်ဖိုးရှိ တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်သြဂုတ်လ (၁) ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ (၇၂) လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ငွေကျပ် (၂,၅၇၅,၁၇၇,၉၃၂)တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သြဂုတ် (၂) ရက်က ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ ငွေကျပ် (၂၇၁,၁၈၄)တန်ဖိုးရှိ တရားမဝင်မီးသွေး (၂၈ ဒသမ ၈၀၀) တန်နှင့် အခြားသစ် ((၁ ဒသမ ၅၂၅) တန်တို့ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ကော်မတီမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် သြဂုတ်(၁) ရက်နှင့် (၂) ရက်တို့တွင် ဖမ်းဆီးရမိမှု အမှုတွဲစုစုပေါင်း (၄) မှုမှ ငွေကျပ် (၂,၅၇၅,၄၄၉,၁၁၆)တန်ဖိုးရှိ တရားမဝင်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၂၉) ရက်မှ ဩဂုတ်လ (၁)ရက်အထိ (၄) ရက်အတွင်း တိုင်းနှင့်ပြည်နယ် (၅)ခုမှ ငွေကျပ် (၄ ဒသမ ၂၃၂)ဘီလျံကျော်တန်ဖိုးရှိ စက်သုံးဆီများ၊ ကျောက်စိမ်းများအပါဝင် တရားမဝင်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းများလည်း ရှိသည်။

Zawgyi Version:
ရန္ကုန္ႏွင့္ပဲခူးတြင္ (၂)ရက္အတြင္း (၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ တရားမဝင္ပစၥည္းမ်ား ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ဇူလိုင္ (၃)
ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔တြင္ ဩဂုတ္လ(၁၊ ၂) ရက္အတြင္း (၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ တရားမဝင္ပစၥည္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ၾသဂုတ္လ (၁) ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီးရွိ ေအးရွားေဝါလ္ဆိပ္ကမ္း၌ ကုန္ေသတၱာ (၇၂) လုံးအတြင္းမွ တရားဝင္စာ႐ြက္စာတမ္း အေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ ေငြက်ပ္ (၂,၅၇၅,၁၇၇,၉၃၂)တန္ဖိုးရွိ လုပ္ငန္းသုံးပစၥည္းမ်ားကို ဖမ္းဆီးရမိခဲ့ၿပီး အေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ၾသဂုတ္ (၂) ရက္က ပဲခူးခ႐ိုင္ႏွင့္ ေတာင္ငူခ႐ိုင္တို႔အတြင္း၌ ေငြက်ပ္ (၂၇၁,၁၈၄)တန္ဖိုးရွိ တရားမဝင္မီးေသြး (၂၈ ဒသမ ၈၀၀) တန္ႏွင့္ အျခားသစ္ ((၁ ဒသမ ၅၂၅) တန္တို႔ကို ဖမ္းဆီးရမိခဲ့ၿပီး သစ္ေတာဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း အဆိုပါ ေကာ္မတီမွ ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ၾသဂုတ္(၁) ရက္ႏွင့္ (၂) ရက္တို႔တြင္ ဖမ္းဆီးရမိမႈ အမႈတြဲစုစုေပါင္း (၄) မႈမွ ေငြက်ပ္ (၂,၅၇၅,၄၄၉,၁၁၆)တန္ဖိုးရွိ တရားမဝင္ပစၥည္းမ်ားကို ဖမ္းဆီးရမိခဲ့ၿပီး လူမႈစီးပြားေရးက႑အေပၚ မ်ားစြာဆိုးက်ိဳးသက္ေရာက္ျခင္းမ်ားေၾကာင့္ ၎တရားမဝင္ တင္သြင္းမႈမ်ားအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ယခုထက္ပိုမို၍ တားဆီးစစ္ေဆးၾကပ္မတ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီမွ ထုတ္ျပန္ထားသည္။
အလားတူ ၿပီးခဲ့သည့္ ဇူလိုင္လ (၂၉) ရက္မွ ဩဂုတ္လ (၁)ရက္အထိ (၄) ရက္အတြင္း တိုင္းႏွင့္ျပည္နယ္ (၅)ခုမွ ေငြက်ပ္ (၄ ဒသမ ၂၃၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ စက္သုံးဆီမ်ား၊ ေက်ာက္စိမ္းမ်ားအပါဝင္ တရားမဝင္ပစၥည္းမ်ားကို ဖမ္းဆီးရမိခဲ့ျခင္းမ်ားလည္း ရွိသည္။

Related news

© 2021. All rights reserved.