ရွေးကောက်ပွဲတွင် လုံခြုံရေး စိတ်ချရရန် (၆၃)မြို့နယ်ကို (၃)လ အရေးပေါ်အခြေအနေ ကြေညာခြင်း ဖြစ်နိုင်ဟု သုံးသပ်မှုများရှိနေ

404

သန့်ဇင် (NP News)-ဩဂုတ် ၃
လာမည့် အထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးပိုင်းဆိုင်ရာများ ပိုမိုတင်းကြပ် လုပ်ဆောင် ရန် မြို့နယ်ပေါင်း (၆၃) မြို့နယ်ကို (၃) လ စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများထံ NP News ကဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရ သည်။
တိုင်းနှင့်ပြည်နယ်(၁၀)ခုမှ မြို့နယ်ပေါင်း (၆၃) မြို့နယ်ကို အရေးပေါ်အခြေအနေ၊ စစ်အုပ်ချုပ် ရေးအဖြစ် ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် (၃၁) ရက်၊ ညပိုင်းတွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုသို့ အရေးပေါ်အခြေအနေ၊ စစ်အုပ်ချုပ်ရေး ထုတ် ပြန်လိုက်ခြင်းသည် ယခင်က စစ်အုပ်ချုပ်ရေးအားနည်းခဲ့သည့်ဒေသများကို ရွေးကောက်ပွဲအနီး လုံခြုံ ရေးပိုင်းဆိုင်ရာ ပိုမိုထိရောက်စွာဆောင်ရွက်ရန် ထုတ်ပြန် ခြင်းဖြစ်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဆိုသည်။
“အထူးသဖြင့် လက်ရှိဖြစ်နေတဲ့အချိန်မှာ နိုင်ငံရဲ့ အလယ်ပိုင်းလောက်မှာဖြစ်တဲ့နေရာတွေက တဖြည်းဖြည်းငြိမ်လာပြီးတော့ နယ်စပ်ဒေသတွေမှာ ပြောရရင်တော့ အရင်တုန်းက စစ်အုပ်ချုပ်ရေးနဲ့ ပတ် သက်လို့ ထိထိမိမိမလုပ်ခဲ့တဲ့နေရာလေးတွေမှာ ရွေး ကောက်ပွဲနဲ့ပတ်သက်လို့ နီးလာတဲ့အခါမှာ ဒီနေရာ တွေနဲ့ပတ်သက်ပြီး လုံခြုံရေးအရ ထိထိမိမိဆောင် ရွက်ဖို့လိုလာတယ်။ အဲဒါကြောင့် စစ်အုပ်ချုပ် ရေး ကြေညာပြီးတော့ လုံခြုံရေးပိုင်းဆိုင်ရာကို ဖိဖိစီးစီး လုပ်မယ့်သဘောလို့ သုံးသပ်ပါတယ်”ဟု ဦးသိန်း ထွန်းဦးက ပြောသည်။
အဆိုပါ စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်များတွင် တပ်မတော်မှ လုံခြုံရေးကိစ္စများ ဆောင်ရွက်သည့်အခါတွင် တပ်မတော်အား တော် လှန်ပုန်ကန်တိုက်ခိုက်နေသောအဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာနိုင်ကြောင်းလည်း ဦးသိန်းထွန်းဦးက သုံးသပ်ထားသည်။
အထက်ပါ အရေးပေါ်အခြေအနေ ကြေညာထားသည့်မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့် နှင့် တာဝန်များကို ကိုယ်တိုင်ကျင့်သုံးနိုင်သည့် အပြင် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။
“မာရှယ်လောရဲ့သဘောတရားကိုက အဲဒီတိုင်းရဲ့ တိုင်းမှူးကို အာဏာအပြည့်လွှဲပေးထားတာ။ အဲဒါမှာမှ ပြစ်ဒဏ်စီရင်ရေးဆိုတာရှိပါတယ်။ သေဒဏ်ဆိုရင် ဘယ်သူက ခွင့်ပြုရမယ်ဘာညာပေါ့။ ကာ ကွယ်ရေးဦးစီးချုပ်အနေနဲ့ကတော့ သူရဲ့ကွပ်ကဲမှု တစ်ခုယူထားပြီးသားရှိတယ်။ သာမန်ကိစ္စတွေကို တော့ သက်ဆိုင်ရာတိုင်းမှူးတွေကပဲ တာဝန်ယူပြီးတော့ ဖြေရှင်းရမယ့်အနေအထား။ အဲဒီတော့ သက် ဆိုင်ရာတိုင်းမှူးတွေရဲ့ သူတို့ရင်ဆိုင်နေရတဲ့ မြေပြင် အနေအထားအပေါ်မူတည်ပြီး ဘယ်လိုဖြစ်လာမလဲ ဆိုတာအပေါ် သုံးသပ်ရမှာပေါ့။ အခြေအနေပေါ်ပဲမူ တည်ပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။
အဆိုပါ စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့်မြို့နယ်များအတွင်း ရှမ်းပြည်မှ (၁၅)မြို့နယ် ပါဝင် ပြီး ထူးခြားချက်အနေဖြင့် “ဝ” အထူးဒေသ အတွင်းမှ ဟိုပန်မြို့နယ်၊ မိုင်းလားအထူးဒေသမှ မိုင်းလားမြို့ နယ်နှင့် ကိုးကန့်အထူးဒေသမှ လောက်ကိုင်မြို့တို့ပါဝင်လာခဲ့ကြောင်း သိရသည်။ “လောက်ကိုင်ကတော့ အင်မတန်ရှုပ်ထွေးတဲ့ ဒေသပေါ့နော်။ မိုင်းလားမှာတော့ မိုင်းလားမြို့ပေါ်တော့ မထင်ဘူး။ မိုင်းလားမြို့ နယ်ဧရိယာထဲမှာပါတဲ့ တချို့သောနေရာတွေမှာ အခုဆိုရင် တိုက်ပွဲဖြစ်ပွားမှု လေးတွေရှိတယ်။ အဲဒါ ကြောင့် ထူးခြားချက်အနေနဲ့ ပါဝင်လာတယ်လို့ မြင်တယ်”ဟု ရှမ်းပြည်နယ် မြောက်ပိုင်းမှ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ထို့ကြောင့် အရေးပေါ်အခြေအနေကာလ (၃) လတာအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ် ရေးအရှိန်များမြင့်တက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။ “ ဒီရက်ပေါင်း (၉၀) အတွင်းမှာ စစ်ရေးအရှိန် တွေပိုမြင့်လာနိုင်တယ်။ ရှေ့ရက်ကလည်း ကျောက်မဲ မှာ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တယ်ပေါ့။ တစ် ဖက်ကကြည့်ရင်လည်း ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကို တပ်မတော်က ပြန်လည်ရရှိအောင်လုပ်ဆောင် လိမ့်မယ်။ အဲဒီလိုလုပ်လိမ့်မယ်လို့လည်း မျှော်လင့်ရတယ်။ နောင်ချိုဆိုရင်လည်း အဲဒီလိုမျိုး ပြန်ပြီးရ လာတဲ့ အနေအထားမှာ နယ်မြေရလာလိမ့်မယ်။ စစ်ရှိန်ကတော့ မြင့်လာလိမ့်မယ်။ ရှမ်းမြောက်မှာဆိုရင် အရမ်းကို ဥပ ဒေကင်းမဲ့သွားခဲ့တဲ့ ဒေသတွေဖြစ်ခဲ့တယ်။ အကြမ်းဖက်မှုတွေ အချင်းချင်းသတ်ဖြတ်မှုတွေ ဥပဒေချိုး ဖောက်မှုတွေ အင်မတန်များတယ်။ အဲဒါကြောင့် အရေးကြီးလို့ နိုင်ငံတော်အစိုးရအနေနဲ့ ရက် ပေါင်း (၉၀) အတွင်းဆောင်ရွက်တယ်လို့ မြင်တယ်”ဟု ၎င်းကဆိုသည်။ အရေးပေါ်အခြေအနေ ကြေညာ သည့်မြို့နယ်များအတွင်း ကချင်ပြည်နယ်မှ (၅) မြို့နယ်၊ ကယားပြည်နယ်မှ (၃) မြို့နယ်၊ ကရင်ပြည် နယ်မှ (၂)မြို့နယ်၊ ချင်းပြည်နယ်မှ (၇) မြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးတွင် (၉) မြို့နယ်၊ မကွေးတိုင်း ဒေသကြီးတွင် (၅) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ (၃) မြို့နယ်၊ ရခိုင်ပြည်နယ်မှ (၁၄) မြို့ နယ်နှင့် ရှမ်းပြည် နယ်မှ (၁၅) မြို့နယ်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲတြင္ လုံၿခဳံေရး စိတ္ခ်ရရန္ (၆၃)ၿမိဳ႕နယ္ကို (၃)လ အေရးေပၚအေျခအေန ေၾကညာျခင္း ျဖစ္ႏိုင္ဟု သုံးသပ္မႈမ်ားရွိေန
သန႔္ဇင္ (NP News)-ဩဂုတ္ ၃
လာမည့္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ လုံၿခဳံေရးပိုင္းဆိုင္ရာမ်ား ပိုမိုတင္းၾကပ္ လုပ္ေဆာင္ ရန္ ၿမိဳ႕နယ္ေပါင္း (၆၃) ၿမိဳ႕နယ္ကို (၃) လ စစ္အုပ္ခ်ဳပ္ေရးေၾကညာျခင္းျဖစ္ႏိုင္ေၾကာင္း ႏိုင္ငံေရး ေလ့လာသုံးသပ္သူမ်ားထံ NP News ကဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရ သည္။
တိုင္းႏွင့္ျပည္နယ္(၁၀)ခုမွ ၿမိဳ႕နယ္ေပါင္း (၆၃) ၿမိဳ႕နယ္ကို အေရးေပၚအေျခအေန၊ စစ္အုပ္ခ်ဳပ္ ေရးအျဖစ္ ယာယီသမၼတ (တာဝန္) ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဇူလိုင္ (၃၁) ရက္၊ ညပိုင္းတြင္ လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ အေရးေပၚအေျခအေန၊ စစ္အုပ္ခ်ဳပ္ေရး ထုတ္ ျပန္လိုက္ျခင္းသည္ ယခင္က စစ္အုပ္ခ်ဳပ္ေရးအားနည္းခဲ့သည့္ေဒသမ်ားကို ေ႐ြးေကာက္ပြဲအနီး လုံၿခဳံ ေရးပိုင္းဆိုင္ရာ ပိုမိုထိေရာက္စြာေဆာင္႐ြက္ရန္ ထုတ္ျပန္ ျခင္းျဖစ္ႏိုင္ေၾကာင္း ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက ဆိုသည္။
“အထူးသျဖင့္ လက္ရွိျဖစ္ေနတဲ့အခ်ိန္မွာ ႏိုင္ငံရဲ႕ အလယ္ပိုင္းေလာက္မွာျဖစ္တဲ့ေနရာေတြက တျဖည္းျဖည္းၿငိမ္လာၿပီးေတာ့ နယ္စပ္ေဒသေတြမွာ ေျပာရရင္ေတာ့ အရင္တုန္းက စစ္အုပ္ခ်ဳပ္ေရးနဲ႔ ပတ္ သက္လို႔ ထိထိမိမိမလုပ္ခဲ့တဲ့ေနရာေလးေတြမွာ ေ႐ြး ေကာက္ပြဲနဲ႔ပတ္သက္လို႔ နီးလာတဲ့အခါမွာ ဒီေနရာ ေတြနဲ႔ပတ္သက္ၿပီး လုံၿခဳံေရးအရ ထိထိမိမိေဆာင္ ႐ြက္ဖို႔လိုလာတယ္။ အဲဒါေၾကာင့္ စစ္အုပ္ခ်ဳပ္ ေရး ေၾကညာၿပီးေတာ့ လုံၿခဳံေရးပိုင္းဆိုင္ရာကို ဖိဖိစီးစီး လုပ္မယ့္သေဘာလို႔ သုံးသပ္ပါတယ္”ဟု ဦးသိန္း ထြန္းဦးက ေျပာသည္။
အဆိုပါ စစ္အုပ္ခ်ဳပ္ေရးေၾကညာထားသည့္ၿမိဳ႕နယ္မ်ားတြင္ တပ္မေတာ္မွ လုံၿခဳံေရးကိစၥမ်ား ေဆာင္႐ြက္သည့္အခါတြင္ တပ္မေတာ္အား ေတာ္ လွန္ပုန္ကန္တိုက္ခိုက္ေနေသာအဖြဲ႕မ်ားႏွင့္ ထိေတြ႕ တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားလာႏိုင္ေၾကာင္းလည္း ဦးသိန္းထြန္းဦးက သုံးသပ္ထားသည္။
အထက္ပါ အေရးေပၚအေျခအေန ေၾကညာထားသည့္ၿမိဳ႕နယ္မ်ားတြင္ အုပ္ခ်ဳပ္ေရး၊ ရပ္႐ြာ ေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔ သည္ မူလအေျခအေနသို႔ ျပန္လည္ေရာက္ရွိရန္ တပ္ မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ယင္းလုပ္ပိုင္ခြင့္ ႏွင့္ တာဝန္မ်ားကို ကိုယ္တိုင္က်င့္သုံးႏိုင္သည့္ အျပင္ စစ္ဘက္အာဏာပိုင္တစ္ဦးဦးကို က်င့္သုံးေဆာင္႐ြက္ေစႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
“မာရွယ္ေလာရဲ႕သေဘာတရားကိုက အဲဒီတိုင္းရဲ႕ တိုင္းမႉးကို အာဏာအျပည့္လႊဲေပးထားတာ။ အဲဒါမွာမွ ျပစ္ဒဏ္စီရင္ေရးဆိုတာရွိပါတယ္။ ေသဒဏ္ဆိုရင္ ဘယ္သူက ခြင့္ျပဳရမယ္ဘာညာေပါ့။ ကာ ကြယ္ေရးဦးစီးခ်ဳပ္အေနနဲ႔ကေတာ့ သူရဲ႕ကြပ္ကဲမႈ တစ္ခုယူထားၿပီးသားရွိတယ္။ သာမန္ကိစၥေတြကို ေတာ့ သက္ဆိုင္ရာတိုင္းမႉးေတြကပဲ တာဝန္ယူၿပီးေတာ့ ေျဖရွင္းရမယ့္အေနအထား။ အဲဒီေတာ့ သက္ ဆိုင္ရာတိုင္းမႉးေတြရဲ႕ သူတို႔ရင္ဆိုင္ေနရတဲ့ ေျမျပင္ အေနအထားအေပၚမူတည္ၿပီး ဘယ္လိုျဖစ္လာမလဲ ဆိုတာအေပၚ သုံးသပ္ရမွာေပါ့။ အေျခအေနေပၚပဲမူ တည္ပါလိမ့္မယ္”ဟု ၎ကဆိုသည္။
အဆိုပါ စစ္အုပ္ခ်ဳပ္ေရးေၾကညာလိုက္သည့္ၿမိဳ႕နယ္မ်ားအတြင္း ရွမ္းျပည္မွ (၁၅)ၿမိဳ႕နယ္ ပါဝင္ ၿပီး ထူးျခားခ်က္အေနျဖင့္ “ဝ” အထူးေဒသ အတြင္းမွ ဟိုပန္ၿမိဳ႕နယ္၊ မိုင္းလားအထူးေဒသမွ မိုင္းလားၿမိဳ႕ နယ္ႏွင့္ ကိုးကန႔္အထူးေဒသမွ ေလာက္ကိုင္ၿမိဳ႕တို႔ပါဝင္လာခဲ့ေၾကာင္း သိရသည္။ “ေလာက္ကိုင္ကေတာ့ အင္မတန္ရႈပ္ေထြးတဲ့ ေဒသေပါ့ေနာ္။ မိုင္းလားမွာေတာ့ မိုင္းလားၿမိဳ႕ေပၚေတာ့ မထင္ဘူး။ မိုင္းလားၿမိဳ႕ နယ္ဧရိယာထဲမွာပါတဲ့ တခ်ိဳ႕ေသာေနရာေတြမွာ အခုဆိုရင္ တိုက္ပြဲျဖစ္ပြားမႈ ေလးေတြရွိတယ္။ အဲဒါ ေၾကာင့္ ထူးျခားခ်က္အေနနဲ႔ ပါဝင္လာတယ္လို႔ ျမင္တယ္”ဟု ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ ႏိုင္ငံေရး ေလ့လာသုံးသပ္သူတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ အေရးေပၚအေျခအေနကာလ (၃) လတာအတြင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ စစ္ ေရးအရွိန္မ်ားျမင့္တက္လာႏိုင္ေၾကာင္း ၎က ဆိုသည္။ “ ဒီရက္ေပါင္း (၉၀) အတြင္းမွာ စစ္ေရးအရွိန္ ေတြပိုျမင့္လာႏိုင္တယ္။ ေရွ႕ရက္ကလည္း ေက်ာက္မဲ မွာ ေလေၾကာင္းတိုက္ခိုက္မႈေတြရွိခဲ့တယ္ေပါ့။ တစ္ ဖက္ကၾကည့္ရင္လည္း ဆုံးရႈံးခဲ့တဲ့နယ္ေျမေတြကို တပ္မေတာ္က ျပန္လည္ရရွိေအာင္လုပ္ေဆာင္ လိမ့္မယ္။ အဲဒီလိုလုပ္လိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ရတယ္။ ေနာင္ခ်ိဳဆိုရင္လည္း အဲဒီလိုမ်ိဳး ျပန္ၿပီးရ လာတဲ့ အေနအထားမွာ နယ္ေျမရလာလိမ့္မယ္။ စစ္ရွိန္ကေတာ့ ျမင့္လာလိမ့္မယ္။ ရွမ္းေျမာက္မွာဆိုရင္ အရမ္းကို ဥပ ေဒကင္းမဲ့သြားခဲ့တဲ့ ေဒသေတြျဖစ္ခဲ့တယ္။ အၾကမ္းဖက္မႈေတြ အခ်င္းခ်င္းသတ္ျဖတ္မႈေတြ ဥပေဒခ်ိဳး ေဖာက္မႈေတြ အင္မတန္မ်ားတယ္။ အဲဒါေၾကာင့္ အေရးႀကီးလို႔ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ရက္ ေပါင္း (၉၀) အတြင္းေဆာင္႐ြက္တယ္လို႔ ျမင္တယ္”ဟု ၎ကဆိုသည္။ အေရးေပၚအေျခအေန ေၾကညာ သည့္ၿမိဳ႕နယ္မ်ားအတြင္း ကခ်င္ျပည္နယ္မွ (၅) ၿမိဳ႕နယ္၊ ကယားျပည္နယ္မွ (၃) ၿမိဳ႕နယ္၊ ကရင္ျပည္ နယ္မွ (၂)ၿမိဳ႕နယ္၊ ခ်င္းျပည္နယ္မွ (၇) ၿမိဳ႕နယ္၊ စစ္ကိုင္း တိုင္းေဒသႀကီးတြင္ (၉) ၿမိဳ႕နယ္၊ မေကြးတိုင္း ေဒသႀကီးတြင္ (၅) ၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီးမွ (၃) ၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္မွ (၁၄) ၿမိဳ႕ နယ္ႏွင့္ ရွမ္းျပည္ နယ္မွ (၁၅) ၿမိဳ႕နယ္တို႔ ပါဝင္ခဲ့ေၾကာင္း သိရသည္။