ဆွေးနွေးပွဲတွေကို ယူကရိန်းက ငြင်းပယ်ခဲ့မယ်ဆိုရင်တောင် စောင့်ဆိုင်းသွားဖို့ ပြင်ဆင်ထားတယ်လို့ ရုရှားသမ္မတပြော

218

Pika (NP News) - သြဂုတ် ၃
ယူကရိန်းဘက်က ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့မယ်ဆိုရင်တောင် ရုရှားဘက်ကစောင့်ဆိုင်းမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ပူတင်က “အကယ်၍ စောင့်ဆိုင်းမှုတွေလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယူကရိန်းခေါင်းဆောင်ပိုင်းက ယုံကြည်တယ် ဆိုရင် အဲဒါကို ကျွန်တော်တို့လက်ခံသွားမှာပါ။စောင့်ဆိုင်းမှုတွေလုပ်ဆောင်ဖို့ ကျွန်တော်တို့ပြင်ဆင်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေက အမြဲတမ်းလိုအပ်ပြီး အရေးကြီးတယ်လို့ ရုရှားအစိုးရ က ယုံကြည်တယ်လို့ ပူတင်က ထပ်မံပြောဆိုခဲ့ပါတယ်။ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲတွေအတွင်း ရရှိခဲ့တဲ့ စစ်သုံ့ပန်းအပြန်အလှန်လဲလှယ်မှုနဲ့ သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေပြန်လည်ပေးအပ်ဖို့ သဘောတူညီချက်တွေဟာ အပြုသဘောဆောင်တဲ့ရလဒ်တွေဖြစ်တယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။
ပူတင်ဟာ ဘီလာရုစ်သမ္မတလူကာရှန်ကို နဲ့ တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရုရှားနိုင်ငံဟာ ဘီလာရုစ်နိုင်ငံရဲ့ အရင်းနှီးဆုံးမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၎င်းရဲ့အမျိုးသားလုံခြုံရေးကိုအာမခံပေးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့လည်း လူကာရှန်ကိုကအလေးပေး ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေဆြးေႏြးပြဲေတြကို ယူကရိန္းက ျငင္းပယ္ခဲ့မယ္ဆိုရင္ေတာင္ ေစာင့္ဆိုင္းသြားဖို႔ ျပင္ဆင္ထားတယ္လို႔ ႐ုရွားသမၼတေျပာ
Pika (NP News) - ၾသဂုတ္ ၃
ယူကရိန္းဘက္က ေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ ျငင္းပယ္ခဲ့မယ္ဆိုရင္ေတာင္ ႐ုရွားဘက္ကေစာင့္ဆိုင္းမႈေတြ လုပ္ေဆာင္ဖို႔ ျပင္ဆင္ထားတယ္လို႔ ႐ုရွားသမၼတပူတင္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ပူတင္က “အကယ္၍ ေစာင့္ဆိုင္းမႈေတြလုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ယူကရိန္းေခါင္းေဆာင္ပိုင္းက ယုံၾကည္တယ္ ဆိုရင္ အဲဒါကို ကြၽန္ေတာ္တို႔လက္ခံသြားမွာပါ။ေစာင့္ဆိုင္းမႈေတြလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ျပင္ဆင္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ၿငိမ္းခ်မ္းေရးကို ရရွိဖို႔အတြက္ ေဆြးေႏြးညႇိႏႈိင္းမႈေတြက အၿမဲတမ္းလိုအပ္ၿပီး အေရးႀကီးတယ္လို႔ ႐ုရွားအစိုးရ က ယုံၾကည္တယ္လို႔ ပူတင္က ထပ္မံေျပာဆိုခဲ့ပါတယ္။ မၾကာေသးခင္က လုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲေတြအတြင္း ရရွိခဲ့တဲ့ စစ္သုံ႔ပန္းအျပန္အလွန္လဲလွယ္မႈနဲ႔ ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြျပန္လည္ေပးအပ္ဖို႔ သေဘာတူညီခ်က္ေတြဟာ အျပဳသေဘာေဆာင္တဲ့ရလဒ္ေတြျဖစ္တယ္လို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။
ပူတင္ဟာ ဘီလာ႐ုစ္သမၼတလူကာရွန္ကို နဲ႔ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ႐ုရွားႏိုင္ငံဟာ ဘီလာ႐ုစ္ႏိုင္ငံရဲ႕ အရင္းႏွီးဆုံးမိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ၎ရဲ႕အမ်ိဳးသားလုံၿခဳံေရးကိုအာမခံေပးထားတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္တယ္လို႔လည္း လူကာရွန္ကိုကအေလးေပး ေျပာၾကားခဲ့ပါတယ္။