သင့်လျော်တဲ့ဒေသတွေမှာ နျူကလီးယားရေငုပ်သင်္ဘောနှစ်စီး ဖြန့်ကျက်ချထားဖို့ ဒေါ်နယ်ထရမ့် အမိန့်ပေး

260

Pika (NP News) - သြဂုတ် ၃
ယူကရိန်းအရေး၊ အခွန်စည်းကြပ်မှုတွေနဲ့ပတ်သက်ပြီး ရုရှားအရာရှိတစ်ဦးနဲ့ အွန်လိုင်းမှာ အချေအတင်ပြောဆိုမှု တွေဖြစ်ပွားခဲ့ပြီးနောက် နျူကလီးယားရေငုပ်သင်္ဘောနှစ်စီးကို ဖြန့်ကျက်ချထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ ရုရှားလုံခြုံရေးကောင်စီရဲ့ဒုဥက္ကဋ္ဌ ဒီမစ်ထရီမက်ဗီဒက်တို့ဟာ ယူကရိန်းအရေး၊ အခွန်စည်းကြပ်မှု တွေနဲ့ပတ်သက်ပြီး ရက်အတော်ကြာအောင် အချေအတင်ပြောဆိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ပြင်းထန်တဲ့ရန်စပြောဆိုမှုတွေအပေါ် အခြေခံပြီး ဒီထက်ပိုဆိုးလာခဲ့မယ်ဆိုရင် သင့်လျော်တဲ့ ဒေသတွေမှာ နျူကလီးယားရေငုပ်သင်္ဘောနှစ်စီးကို ဖြန့်ကျက်ချထားဖို့ အမိန့်ပေးထားပါတယ်။ စကားလုံးတွေ ဆိုတာ အရမ်းအရေးကြီးပြီး မလိုလားအပ်တဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါက အဲဒီဖြစ်ရပ်တွေ ထဲက တစ်ခုမဟုတ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ၎င်းရဲ့ပြောဆိုချက်တွေဟာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောလား ဒါမှမဟုတ် နျူကလီးယားလက်နက်တွေ တပ်ဆင်ထားတဲ့ရေငုပ်သင်္ဘောလားဆိုတဲ့အသေးစိတ်အချက်အလက်တွေကို ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်စစ်တပ်က လျှို့ဝှက်ထားလေ့ရှိတဲ့ ရေငုပ်သင်္ဘောဖြန့်ကျက်ချထားရာ နေရာတွေနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
သင့္ေလ်ာ္တဲ့ေဒသေတြမွာ န်ဴကလီးယားေရငုပ္သေဘၤာႏွစ္စီး ျဖန႔္က်က္ခ်ထားဖို႔ ေဒၚနယ္ထရမ့္ အမိန႔္ေပး
Pika (NP News) - ၾသဂုတ္ ၃
ယူကရိန္းအေရး၊ အခြန္စည္းၾကပ္မႈေတြနဲ႔ပတ္သက္ၿပီး ႐ုရွားအရာရွိတစ္ဦးနဲ႔ အြန္လိုင္းမွာ အေခ်အတင္ေျပာဆိုမႈ ေတြျဖစ္ပြားခဲ့ၿပီးေနာက္ န်ဴကလီးယားေရငုပ္သေဘၤာႏွစ္စီးကို ျဖန႔္က်က္ခ်ထားဖို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။
ေဒၚနယ္ထရမ့္နဲ႔ ႐ုရွားလုံၿခဳံေရးေကာင္စီရဲ႕ဒုဥကၠ႒ ဒီမစ္ထရီမက္ဗီဒက္တို႔ဟာ ယူကရိန္းအေရး၊ အခြန္စည္းၾကပ္မႈ ေတြနဲ႔ပတ္သက္ၿပီး ရက္အေတာ္ၾကာေအာင္ အေခ်အတင္ေျပာဆိုမႈေတြ ျဖစ္ပြားခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “ျပင္းထန္တဲ့ရန္စေျပာဆိုမႈေတြအေပၚ အေျခခံၿပီး ဒီထက္ပိုဆိုးလာခဲ့မယ္ဆိုရင္ သင့္ေလ်ာ္တဲ့ ေဒသေတြမွာ န်ဴကလီးယားေရငုပ္သေဘၤာႏွစ္စီးကို ျဖန႔္က်က္ခ်ထားဖို႔ အမိန႔္ေပးထားပါတယ္။ စကားလုံးေတြ ဆိုတာ အရမ္းအေရးႀကီးၿပီး မလိုလားအပ္တဲ့ အက်ိဳးဆက္ေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါက အဲဒီျဖစ္ရပ္ေတြ ထဲက တစ္ခုမဟုတ္ဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ၎ရဲ႕ေျပာဆိုခ်က္ေတြဟာ န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာလား ဒါမွမဟုတ္ န်ဴကလီးယားလက္နက္ေတြ တပ္ဆင္ထားတဲ့ေရငုပ္သေဘၤာလားဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကို ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္စစ္တပ္က လွ်ိဳ႕ဝွက္ထားေလ့ရွိတဲ့ ေရငုပ္သေဘၤာျဖန႔္က်က္ခ်ထားရာ ေနရာေတြနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။