အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းသွားမယ်လို့ ကမ္ဘောဒီးယားအစိုးရအဖွဲ့ဆို

90

ဂျန်ဇက် (NP News) - သြဂုတ် ၃
ကမ္ဘောဒီးယားအစိုးရအနေနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်အမည်စာရင်းတင်သွင်းသွားမယ်လို့ ကမ္ဘောဒီးယားအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြားဖြစ်ပွားခဲ့တဲ့ စစ်ပွဲကိုအပစ်ခတ်ရပ်စဲနိုင်အောင် ကြားဝင်ကူညီပေးခဲ့ပြီးနောက် ကမ္ဘောဒီးယားအစိုးရက အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်က ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ငြိမ်းချမ်းရေးရယူနိုင်အောင်ကြိုးပမ်းမှုများအတွက် ဒေါ်နယ်ထရမ့်ကိုကျေးဇူးတင်ကြောင်း၊ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရဖို့ ထိုက်တန်သူဖြစ်ကြောင်း ပြောပါတယ်။
ဒေါ်နယ်ထရမ့်ကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု အပြင် ပါကစ္စတန်အစိုးရတို့ကလည်း နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ်တာဝန်ယူပြီးနောက် ၈လနီးပါးအတွင်း ကမ္ဘာတဝှမ်းမှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲအချို့ကို အပစ်ခတ်ရပ်စဲရေးရယူနိုင်အောင်ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ ဂါဇာစစ်ပွဲတို့ကို အပစ်ခတ်ရပ်စဲရေးရယူနိုင်အောင်ကြိုးပမ်းပေးနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အပေါ် ကုန်သွယ်ခွန်လျော့ချကောက်ခံခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version:
အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုအတြက္ အမည္စာရင္း တင္သြင္းသြားမယ္လို႔ ကေမာၻဒီးယားအစိုးရအဖြဲ႕ဆို
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၃
ကေမာၻဒီးယားအစိုးရအေနနဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုအတြက္အမည္စာရင္းတင္သြင္းသြားမယ္လို႔ ကေမာၻဒီးယားအစိုးရအဖြဲ႕ ဒုတိယဝန္ႀကီးခ်ဳပ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကားျဖစ္ပြားခဲ့တဲ့ စစ္ပြဲကိုအပစ္ခတ္ရပ္စဲႏိုင္ေအာင္ ၾကားဝင္ကူညီေပးခဲ့ၿပီးေနာက္ ကေမာၻဒီးယားအစိုးရက အခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ပါတယ္။ ကေမာၻဒီးယားဒုတိယဝန္ႀကီးခ်ဳပ္က ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား ၿငိမ္းခ်မ္းေရးရယူႏိုင္ေအာင္ႀကိဳးပမ္းမႈမ်ားအတြက္ ေဒၚနယ္ထရမ့္ကိုေက်းဇူးတင္ေၾကာင္း၊ ေဒၚနယ္ထရမ့္ဟာ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးဆုေတြထဲမွာ အျမင့္ဆုံးျဖစ္တဲ့ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုရဖို႔ ထိုက္တန္သူျဖစ္ေၾကာင္း ေျပာပါတယ္။
ေဒၚနယ္ထရမ့္ကို အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု အျပင္ ပါကစၥတန္အစိုးရတို႔ကလည္း ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုအတြက္ အမည္စာရင္းတင္သြင္းမယ္လို႔ ေျပာဆိုခဲ့ဖူးပါတယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ၈လနီးပါးအတြင္း ကမာၻတဝွမ္းမွာျဖစ္ပြားခဲ့တဲ့ စစ္ပြဲအခ်ိဳ႕ကို အပစ္ခတ္ရပ္စဲေရးရယူႏိုင္ေအာင္ႀကိဳးပမ္းေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ေဒၚနယ္ထရမ့္ဟာ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ ဂါဇာစစ္ပြဲတို႔ကို အပစ္ခတ္ရပ္စဲေရးရယူႏိုင္ေအာင္ႀကိဳးပမ္းေပးႏိုင္ျခင္းမရွိေသးေၾကာင္း သိရပါတယ္။ အေမရိကန္အစိုးရဟာ အပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈရရွိခဲ့တဲ့ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔အေပၚ ကုန္သြယ္ခြန္ေလ်ာ့ခ်ေကာက္ခံျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။