ရုရှားနိုင်ငံက ရေနံမဝယ်ယူဖို့ အမေရိကန်အစိုးရ တောင်းဆိုမှုကို အိန္ဒိယအစိုးရ ငြင်းဆန်ပယ်ချ

 329

ဂျန်ဇက် (NP News) - သြဂုတ် ၃
အိန္ဒိယအစိုးရဟာ ရုရှားနိုင်ငံထံကနေ ရေနံဝယ်ယူမှုတွေ ရပ်တန့်ဖို့ အမေရိကန်အစိုးရရဲ့တောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ ယူကရိန်းစစ်ပွဲနဲ့ဆက်နွယ်ပြီး ရုရှားနိုင်ငံရဲ့ကုန်သွယ်ဖက်နိုင်ငံတွေကို ဖိအားပေးလျက်ရှိနေချိန်မှာ အိန္ဒိယနိုင်ငံက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယနိုင်ငံဟာ ရုရှားရေနံများကို ဆက်လက်ဝယ်ယူမယ်ဆိုရင် အိန္ဒိယနဲ့အမေရိကန်နိုင်ငံကြားဆက်ဆံရေး ထိခိုက်ဖွယ်ရှိတယ်လို့ သတိပေးခဲ့ပါတယ်။
ဒါပေမယ့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက "အိန္ဒိယအစိုးရဟာ ပြည်သူတွေ အဆင်ပြေရေးကို ဦးစားပေးမှာပါ၊ကျွန်တော်တို့ နိုင်ငံရဲ့ရေနံဝယ်ယူမှုတွေက ဈေးကွက်အခြေနေနဲ့ ဈေးနှုန်းအပေါ်မှာမူတည်တယ်’’ လို့ပြောပါတယ်။
အမေရိကန်အစိုးရဟာ ကမ္ဘာတဝှမ်းက နိုင်ငံတွေကို ကုန်သွယ်ကောက်ခံမယ့် နှုန်းထားတွေ ထုတ်ပြန်ခဲ့ရာ အိန္ဒိယနိုင်ငံကို ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမယ်လို့ သတင်းထုတ်ပြန်ထားပြီး ရုရှားနိုင်ငံထံကနေ ရေနံတွေ ထပ်မံဝယ်ယူမယ်ဆိုရင် ကုန်သွယ်ခွန် ထပ်တိုးကောက်သွားဖွယ်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံရှိ လူပေါင်း ၁ ဒသမ ၄ဘီလျံရဲ့ စီးပွားရေးတိုးတက်ဖို့ ရေနံကုန်သွယ်မှုတွေဟာ အိန္ဒိယအစိုးရအတွက် အဓိကအရေးပါတဲ့ အချက်ဖြစ်လျက်ရှိနေပါတယ်။ အမေရိကန်နိုင်ငံဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက် ရုရှားစွမ်းအင်လုပ်ငန်းကို ပိတ်ဆို့မှုချမှတ်ခဲ့ပေမယ့် ရုရှားဟာ ရေနံ နဲ့ ဓါတ်ငွေတွေကို လျော့ဈေးနဲ့ ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရက အိန္ဒိယဟာ ရုရှားနိုင်ငံရဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ကြိုးပမ်းအားထုတ်မှုတွေကို ကူညီပေးနေတယ်လို့ စွပ်စွဲထားပါတယ်။

Zawgyi Version:
႐ုရွားႏိုင္ငံက ေရနံမဝယ္ယူဖို႔ အေမရိကန္အစိုးရ ေတာင္းဆိုမႈကို အိႏၵိယအစိုးရ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၃
အိႏၵိယအစိုးရဟာ ႐ုရွားႏိုင္ငံထံကေန ေရနံဝယ္ယူမႈေတြ ရပ္တန႔္ဖို႔ အေမရိကန္အစိုးရရဲ႕ေတာင္းဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္း သိရပါတယ္။
အေမရိကန္အစိုးရဟာ ယူကရိန္းစစ္ပြဲနဲ႔ဆက္ႏြယ္ၿပီး ႐ုရွားႏိုင္ငံရဲ႕ကုန္သြယ္ဖက္ႏိုင္ငံေတြကို ဖိအားေပးလ်က္ရွိေနခ်ိန္မွာ အိႏၵိယႏိုင္ငံက တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက အိႏၵိယႏိုင္ငံဟာ ႐ုရွားေရနံမ်ားကို ဆက္လက္ဝယ္ယူမယ္ဆိုရင္ အိႏၵိယနဲ႔အေမရိကန္ႏိုင္ငံၾကားဆက္ဆံေရး ထိခိုက္ဖြယ္ရွိတယ္လို႔ သတိေပးခဲ့ပါတယ္။
ဒါေပမယ့္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက "အိႏၵိယအစိုးရဟာ ျပည္သူေတြ အဆင္ေျပေရးကို ဦးစားေပးမွာပါ၊ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ေရနံဝယ္ယူမႈေတြက ေဈးကြက္အေျခေနနဲ႔ ေဈးႏႈန္းအေပၚမွာမူတည္တယ္’’ လို႔ေျပာပါတယ္။
အေမရိကန္အစိုးရဟာ ကမာၻတဝွမ္းက ႏိုင္ငံေတြကို ကုန္သြယ္ေကာက္ခံမယ့္ ႏႈန္းထားေတြ ထုတ္ျပန္ခဲ့ရာ အိႏၵိယႏိုင္ငံကို ကုန္သြယ္ခြန္ ၂၅ ရာခိုင္ႏႈန္းေကာက္ခံမယ္လို႔ သတင္းထုတ္ျပန္ထားၿပီး ႐ုရွားႏိုင္ငံထံကေန ေရနံေတြ ထပ္မံဝယ္ယူမယ္ဆိုရင္ ကုန္သြယ္ခြန္ ထပ္တိုးေကာက္သြားဖြယ္ရွိေနပါတယ္။ အိႏၵိယႏိုင္ငံရွိ လူေပါင္း ၁ ဒသမ ၄ဘီလ်ံရဲ႕ စီးပြားေရးတိုးတက္ဖို႔ ေရနံကုန္သြယ္မႈေတြဟာ အိႏၵိယအစိုးရအတြက္ အဓိကအေရးပါတဲ့ အခ်က္ျဖစ္လ်က္ရွိေနပါတယ္။ အေမရိကန္ႏိုင္ငံဟာ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ႐ုရွားစြမ္းအင္လုပ္ငန္းကို ပိတ္ဆို႔မႈခ်မွတ္ခဲ့ေပမယ့္ ႐ုရွားဟာ ေရနံ နဲ႔ ဓါတ္ေငြေတြကို ေလ်ာ့ေဈးနဲ႔ ေရာင္းခ်ေပးခဲ့ေၾကာင္း သိရပါတယ္။
အေမရိကန္အစိုးရက အိႏၵိယဟာ ႐ုရွားႏိုင္ငံရဲ႕စစ္ပြဲနဲ႔ပတ္သက္ၿပီး ႀကိဳးပမ္းအားထုတ္မႈေတြကို ကူညီေပးေနတယ္လို႔ စြပ္စြဲထားပါတယ္။

Related news

© 2021. All rights reserved.