ဖားကန့်တွင် KIA ကွမ်းယာဆိုင်ပင်မချန်ဘဲ အဆမတန်ဆက်ကြေးကောက်ခံနေ

621

သက်ပိုင်(NP News)-ဩဂုတ် ၃
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် KIA အဖွဲ့က ကွမ်းယာဆိုင်များပင်မချန်ဘဲ အဆမတန် ဆက်ကြေးများ ကောက်ခံလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
ဆက်ကြေးကောက်ခံရာတွင် လစဉ် ကောက်ခံသောအဖွဲ့၊ သုံးလတစ်ကြိမ် ကောက်ခံသော အဖွဲ့နှင့် ခြောက်လတစ်ကြိမ် ကောက်ခံသော အဖွဲ့ဟူ၍ သုံးဖွဲ့ရှိကြောင်းနှင့် ကွမ်းယာဆိုင် ရောင်းချသူများထံမှ တစ်လလျှင် ငွေကျပ် (၁၀)သိန်းအထိ ဆက်ကြေးကောက်ခံနေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။
“ တပ်မဟာ(၉)ဆိုတာက တစ်ဖွဲ့ကောက်တယ်။ နောက်ပြီး ရင်း(၆) ဆိုတဲ့အဖွဲ့ကလည်း ကောက်တယ်။ မြို့အုပ်ချုပ်ရေးမှူးဆိုတဲ့အဖွဲ့ကလည်း ကောက်တယ်။ ကွမ်းယာဆိုင်တွေ၊ လမ်ဘေးမှာရောင်းနေတဲ့ ဆီဆိုင်သေးသေးလေးတွေ၊စျေးဆိုင်လေးတွေကိုဆိုရင် တစ်လကို (၁၀)သိန်းပေးရမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အစည်းအဝေးခေါ်ပြောတယ်။ စားသောက်ဆိုင်ကြီးတွေ၊ KTV တွေနဲ့ ဆီဆိုင်ကြီးတွေကို ကျတော့ တစ်လကို အနည်းဆုံး သိန်း(၅၀)ကနေ သိန်း(၁၀၀)အကြားတောင်းတယ် ”ဟု အဆိုပါဒေသခံကပြောသည်။
စစ်ရေးတင်းမာမှုများနှင့် ၎င်းတို့ လက်လွှတ်ရသည့်နေရာပိုများလာနေသည့်အတွက် KIA အဖွဲ့အနေဖြင့် ဖားကန့်ဒေသတွင်း သွားလာရေးကို ကန့်သတ်မှုများပြုလုပ်ခြင်းနှင့် ယခုကဲ့သို့ ဆက်ကြေး ပိုမိုကောက်ခံခြင်းတို့ကို လုပ်ဆောင်လာနေခြင်းဖြစ်ကြောင်း ဆိုင်းတောင်ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့က ကျောက်အောင်တဲ့ ကျောက်သမားတွေကိုလည်း တစ်ဝက်တိတိ ဆက်ကြေးတောင်းတာတွေ ရှိတယ်။ သူတို့ ထိန်းချုပ်ထားတဲ့နေရာတွေမှာပေါ့။ ရေမဆေးကျောက်တောင် နေရာတိုင်းရှာခွင့် မပေးဘူး။ ရလာရင်လည်း တစ်ဝက်ကို ဆက်ကြေးကောက်တာမျိုးပေါ့။ အခု ဆိုင်းတောင်ကြားမှာ ရှိတဲ့နေရာတစ်ခုကို တပ်ကထပ်ရသွားတော့ ဆိုင်းတောင်နဲ့ ဖားကန့်ကို သွာလာခွင့်ပိတ်တာမျိုးတွေပါ လုပ်လာနေတယ် ” ဟု ၎င်းကပြောသည်။
လက်ရှိ ဖားကန့်ဒေသတွင် တပ်မတော်မှ KIA ထိန်းချုပ်ရာနေရာများကို ပြန်လည် ရယူလျက်ရှိပြီး ယနေ့(ဩဂုတ်လ ၃ရက်) အထိ တပ်မတော်မှ ပြန်လည်ထိန်းချုပ်ထားသည့် နေရာ (၁၃) နေရာအထိရှိလာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Zawgyi Version:
ဖားကန႔္တြင္ KIA ကြမ္းယာဆိုင္ပင္မခ်န္ဘဲ အဆမတန္ဆက္ေၾကးေကာက္ခံေန
သက္ပိုင္(NP News)-ဩဂုတ္ ၃
ကခ်င္ျပည္နယ္၊ဖားကန႔္ၿမိဳ႕နယ္တြင္ KIA အဖြဲ႕က ကြမ္းယာဆိုင္မ်ားပင္မခ်န္ဘဲ အဆမတန္ ဆက္ေၾကးမ်ား ေကာက္ခံလ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ဆက္ေၾကးေကာက္ခံရာတြင္ လစဥ္ ေကာက္ခံေသာအဖြဲ႕၊ သုံးလတစ္ႀကိမ္ ေကာက္ခံေသာ အဖြဲ႕ႏွင့္ ေျခာက္လတစ္ႀကိမ္ ေကာက္ခံေသာ အဖြဲ႕ဟူ၍ သုံးဖြဲ႕ရွိေၾကာင္းႏွင့္ ကြမ္းယာဆိုင္ ေရာင္းခ်သူမ်ားထံမွ တစ္လလွ်င္ ေငြက်ပ္ (၁၀)သိန္းအထိ ဆက္ေၾကးေကာက္ခံေနေၾကာင္း အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးကဆိုသည္။
“ တပ္မဟာ(၉)ဆိုတာက တစ္ဖြဲ႕ေကာက္တယ္။ ေနာက္ၿပီး ရင္း(၆) ဆိုတဲ့အဖြဲ႕ကလည္း ေကာက္တယ္။ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးဆိုတဲ့အဖြဲ႕ကလည္း ေကာက္တယ္။ ကြမ္းယာဆိုင္ေတြ၊ လမ္ေဘးမွာေရာင္းေနတဲ့ ဆီဆိုင္ေသးေသးေလးေတြ၊ေစ်းဆိုင္ေလးေတြကိုဆိုရင္ တစ္လကို (၁၀)သိန္းေပးရမယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက အစည္းအေဝးေခၚေျပာတယ္။ စားေသာက္ဆိုင္ႀကီးေတြ၊ KTV ေတြနဲ႔ ဆီဆိုင္ႀကီးေတြကို က်ေတာ့ တစ္လကို အနည္းဆုံး သိန္း(၅၀)ကေန သိန္း(၁၀၀)အၾကားေတာင္းတယ္ ”ဟု အဆိုပါေဒသခံကေျပာသည္။
စစ္ေရးတင္းမာမႈမ်ားႏွင့္ ၎တို႔ လက္လႊတ္ရသည့္ေနရာပိုမ်ားလာေနသည့္အတြက္ KIA အဖြဲ႕အေနျဖင့္ ဖားကန႔္ေဒသတြင္း သြားလာေရးကို ကန႔္သတ္မႈမ်ားျပဳလုပ္ျခင္းႏွင့္ ယခုကဲ့သို႔ ဆက္ေၾကး ပိုမိုေကာက္ခံျခင္းတို႔ကို လုပ္ေဆာင္လာေနျခင္းျဖစ္ေၾကာင္း ဆိုင္းေတာင္ေဒသခံတစ္ဦးက ဆိုသည္။
“သူတို႔က ေက်ာက္ေအာင္တဲ့ ေက်ာက္သမားေတြကိုလည္း တစ္ဝက္တိတိ ဆက္ေၾကးေတာင္းတာေတြ ရွိတယ္။ သူတို႔ ထိန္းခ်ဳပ္ထားတဲ့ေနရာေတြမွာေပါ့။ ေရမေဆးေက်ာက္ေတာင္ ေနရာတိုင္းရွာခြင့္ မေပးဘူး။ ရလာရင္လည္း တစ္ဝက္ကို ဆက္ေၾကးေကာက္တာမ်ိဳးေပါ့။ အခု ဆိုင္းေတာင္ၾကားမွာ ရွိတဲ့ေနရာတစ္ခုကို တပ္ကထပ္ရသြားေတာ့ ဆိုင္းေတာင္နဲ႔ ဖားကန႔္ကို သြာလာခြင့္ပိတ္တာမ်ိဳးေတြပါ လုပ္လာေနတယ္ ” ဟု ၎ကေျပာသည္။
လက္ရွိ ဖားကန႔္ေဒသတြင္ တပ္မေတာ္မွ KIA ထိန္းခ်ဳပ္ရာေနရာမ်ားကို ျပန္လည္ ရယူလ်က္ရွိၿပီး ယေန႔(ဩဂုတ္လ ၃ရက္) အထိ တပ္မေတာ္မွ ျပန္လည္ထိန္းခ်ဳပ္ထားသည့္ ေနရာ (၁၃) ေနရာအထိရွိလာေနၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။