YPS စက်မတပ်သည့်ယာဉ်လိုင်းကုမ္ပဏီများကို ပြင်းပြင်းထန်ထန်အရေးယူရန် လိုအပ်နေ

 2267

သက်ပိုင် (NP News) - သြဂုတ် ၄
ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YPS စက် တပ်ဆင်ခြင်းမရှိသည့် ယာဉ်လိုင်း ကုမ္ပဏီများကို ပြင်းပြင်းထန်ထန် အရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ပြည်သူများနှင့် အများပိုင်ယာဉ်လိုင်းပိုင်ရှင်များက The Statesman ဂျာနယ်သို့ ပြောသည်။
ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်အစီးရေ(၄ဝဝဝ)ကျော်ရှိပြီး အဆိုပါယာဉ်လိုင်း များအားလုံးတွင် YPS ကတ်အသုံးပြုသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ပြောဆိုထားသော်လည်း လက်ရှိ ပြေးဆွဲနေသော YBS ယာဉ်လိုင်းအချို့နှင့် ယာဉ်အချို့တွင် YPS စက် တပ်ဆင်ခြင်းမရှိသေးကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ဆိုသည်။
“ကတ်စနစ်သွားမယ်ဆိုလို့ ကတ်တွေလုပ်လိုက်တယ်။ ဒါပေမယ့် ကားတွေမှာက စက်တွေမပါတာတွေ၊ စက်တွေကို ဖြုတ်ထားတာတွေ၊ စက်တွေပျက်နေတယ်ဆိုပြီး ပြောတာတွေအများကြီးပဲ။ ကားပေါ်မှာ YPS စက်တွေတစ်ခုခုဖြစ်ရင် တိုင်ဖို့ဆိုပြီး စာတွေတော့ ကပ်ထားတယ်။ အဲဒီဖုန်းကို ဆက်ရင် ဆက်လို့ကိုမရဘူး။ကားသမားတွေကလည်း ငါးရာပေးရင် တစ်ရာကို အကြွေမရှိဘူးဆိုပြီး ပြန်မပေးကြတာများတယ်။ဒီတော့ ဒီကတ်တွေ ထုတ်ပေးထားတာက ဘာအသုံးဝင်မှာလဲ။ ဒါတွေကိုထိထိရောက်ရောက် အရေးယူစိစစ်စေလိုပါတယ် ”ဟု YBS စီးနင်းသူ ပြည်သူတစ်ဦးက ပြောသည်။

YBS ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့် အများပိုင်စနစ်ပီပီပြင်ပြင် ဖြစ်ပေါ်ခြင်းမရှိဘဲ ရှယ်ယာရှင် အမည်ခံကာ ယာဉ်မောင်းကို ပုတ်ပြတ်ပေးသည့် စနစ်များ ရှိနေသည့်အတွက်ကြောင့် YBS ကတ်စနစ် အကောင်ထည်မဖော်နိုင်ဖြစ်နေရခြင်းဖြစ်ကြောင်း YBS အများပိုင်ယာဉ်လိုင်းပိုင်ရှင် တစ်ဦးကဆိုသည်။

“အများပိုင်ကုမ္ပဏီလို့တော့ နာမည်တပ်ထားတယ်။ သို့သော်လည်း အများပိုင်ကုမ္ပဏီဖြစ်မလာတဲ့ ဟာတွေရှိနေသေးတယ်။ရှယ်ယာရှင်အနေနဲ့ ဝင်ပြီးတော့ ကိုယ့်ကားကို ကိုယ်အုပ်ချုပ်တဲ့အခါကျတော့ အရင်တုန်းကလိုပဲ မောင်းမယ့် ယာဉ်မောင်းကို ပုတ်ပြတ်ပေးလိုက်တယ်။ တစ်နေ့ ဘယ်လောက်သွင်း ဆိုတာမျိုးပေါ့။ပြီးတော့ ကတ်နဲ့ငွေချေတာကိုကျတော့ ပိုင်ရှင်ကပဲယူတယ်။ကတ်နဲ့ငွေချေပြီး စီးတာတွေ ကျတော့ ယာဉ်မောင်းကမရဘူး။ ယာဉ်မောင်းက သူမရတော့ မထူးဆိုပြီး ကတ်ဖြတ်တဲ့စက်တွေကို ဖြုတ်တာတို့ မီးမလာအောင်ပိတ်ထားတာလုပ်ကုန်တော့တာပဲ။ ဒီတော့ ကတ်စနစ် အောင်မြင်ချင်တယ် ဆိုရင် ပုတ်ပြတ်ပေးတဲ့စနစ်ကို လုံးဝပပျောက်သွားအောင် လုပ်ဖို့လိုမယ်။ ဒီလို ပပျောက်ဖို့ဆိုရင် ပြင်းပြင်းထန်ထန်အရေးယူတာတွေ လုပ်ဖို့လိုပါမယ် ” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။
လက်ရှိတွင် ကတ်ဖြင့်စီးနင်းသူများလာသည့်အတွက် အဆိုပါ YPS ကတ်ငွေချေခြင်းအား ဘဏ်များဖြင့် ချိတ်ဆက်ကာ ငွေသွင်းမှုများ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ခြင်း၊ ယာဥ်မောင်းများအား ငွေပေးချေရာတွင် အဆိုပါ YPS ကတ်စနစ်မှ ရငွေများကိုပါ ထည့်သွင်းကာ ပေးချေခြင်းများ ပြုလုပ်ရန်ကိုလည်း စီစဥ်ဆောင်ရွက်သင့်ကြောင်း ၄င်းက ထပ်လောင်း ပြောဆိုသည်။
ရန်ကုန်မြို့တွင် YPS ကတ်စနစ်ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပြီး ယာဥ်လိုင်းအားလုံးတွင် အသုံးပြုနိုင်ရန်စီစဥ်သွားမည်ဟု ကြွေးကြော်မှုများ ရှိခဲ့သော်လည်း ငါးနှစ်ကြာမြင့်သည့် ယခု(ယခု၂၀၂၅ ခုနှစ်) ဇူလိုင်လကုန်သည်အထိ အကောင်အထည်မဖော်နိုင်စွမ်း မရှိခြင်းလည်း ဖြစ်သည်။

Zawgyi Version:
YPS စက္မတပ္သည့္ယာဥ္လိုင္းကုမၸဏီမ်ားကို ျပင္းျပင္းထန္ထန္အေရးယူရန္ လိုအပ္ေန
သက္ပိုင္ (NP News) - ၾသဂုတ္ ၄
ရန္ကုန္ၿမိဳ႕တြင္ ေျပးဆြဲေနသည့္ YBS ယာဥ္မ်ားတြင္ YPS စက္ တပ္ဆင္ျခင္းမရွိသည့္ ယာဥ္လိုင္း ကုမၸဏီမ်ားကို ျပင္းျပင္းထန္ထန္ အေရးယူမႈမ်ား လုပ္ေဆာင္ရန္ လိုအပ္ေနေၾကာင္း ျပည္သူမ်ားႏွင့္ အမ်ားပိုင္ယာဥ္လိုင္းပိုင္ရွင္မ်ားက The Statesman ဂ်ာနယ္သို႔ ေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနသည့္ YBS ယာဥ္အစီးေရ(၄ဝဝဝ)ေက်ာ္ရွိၿပီး အဆိုပါယာဥ္လိုင္း မ်ားအားလုံးတြင္ YPS ကတ္အသုံးျပဳသြားမည္ျဖစ္ ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC) မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ ၂၀ ရက္ေန႔က ေျပာဆိုထားေသာ္လည္း လက္ရွိ ေျပးဆြဲေနေသာ YBS ယာဥ္လိုင္းအခ်ိဳ႕ႏွင့္ ယာဥ္အခ်ိဳ႕တြင္ YPS စက္ တပ္ဆင္ျခင္းမရွိေသးေၾကာင္း ရန္ကုန္ၿမိဳ႕ေန ျပည္သူမ်ားက ဆိုသည္။
“ကတ္စနစ္သြားမယ္ဆိုလို႔ ကတ္ေတြလုပ္လိုက္တယ္။ ဒါေပမယ့္ ကားေတြမွာက စက္ေတြမပါတာေတြ၊ စက္ေတြကို ျဖဳတ္ထားတာေတြ၊ စက္ေတြပ်က္ေနတယ္ဆိုၿပီး ေျပာတာေတြအမ်ားႀကီးပဲ။ ကားေပၚမွာ YPS စက္ေတြတစ္ခုခုျဖစ္ရင္ တိုင္ဖို႔ဆိုၿပီး စာေတြေတာ့ ကပ္ထားတယ္။ အဲဒီဖုန္းကို ဆက္ရင္ ဆက္လို႔ကိုမရဘူး။ကားသမားေတြကလည္း ငါးရာေပးရင္ တစ္ရာကို အေႂကြမရွိဘူးဆိုၿပီး ျပန္မေပးၾကတာမ်ားတယ္။ဒီေတာ့ ဒီကတ္ေတြ ထုတ္ေပးထားတာက ဘာအသုံးဝင္မွာလဲ။ ဒါေတြကိုထိထိေရာက္ေရာက္ အေရးယူစိစစ္ေစလိုပါတယ္ ”ဟု YBS စီးနင္းသူ ျပည္သူတစ္ဦးက ေျပာသည္။

YBS ယာဥ္လိုင္းကုမၸဏီမ်ားအေနျဖင့္ အမ်ားပိုင္စနစ္ပီပီျပင္ျပင္ ျဖစ္ေပၚျခင္းမရွိဘဲ ရွယ္ယာရွင္ အမည္ခံကာ ယာဥ္ေမာင္းကို ပုတ္ျပတ္ေပးသည့္ စနစ္မ်ား ရွိေနသည့္အတြက္ေၾကာင့္ YBS ကတ္စနစ္ အေကာင္ထည္မေဖာ္ႏိုင္ျဖစ္ေနရျခင္းျဖစ္ေၾကာင္း YBS အမ်ားပိုင္ယာဥ္လိုင္းပိုင္ရွင္ တစ္ဦးကဆိုသည္။

“အမ်ားပိုင္ကုမၸဏီလို႔ေတာ့ နာမည္တပ္ထားတယ္။ သို႔ေသာ္လည္း အမ်ားပိုင္ကုမၸဏီျဖစ္မလာတဲ့ ဟာေတြရွိေနေသးတယ္။ရွယ္ယာရွင္အေနနဲ႔ ဝင္ၿပီးေတာ့ ကိုယ့္ကားကို ကိုယ္အုပ္ခ်ဳပ္တဲ့အခါက်ေတာ့ အရင္တုန္းကလိုပဲ ေမာင္းမယ့္ ယာဥ္ေမာင္းကို ပုတ္ျပတ္ေပးလိုက္တယ္။ တစ္ေန႔ ဘယ္ေလာက္သြင္း ဆိုတာမ်ိဳးေပါ့။ၿပီးေတာ့ ကတ္နဲ႔ေငြေခ်တာကိုက်ေတာ့ ပိုင္ရွင္ကပဲယူတယ္။ကတ္နဲ႔ေငြေခ်ၿပီး စီးတာေတြ က်ေတာ့ ယာဥ္ေမာင္းကမရဘူး။ ယာဥ္ေမာင္းက သူမရေတာ့ မထူးဆိုၿပီး ကတ္ျဖတ္တဲ့စက္ေတြကို ျဖဳတ္တာတို႔ မီးမလာေအာင္ပိတ္ထားတာလုပ္ကုန္ေတာ့တာပဲ။ ဒီေတာ့ ကတ္စနစ္ ေအာင္ျမင္ခ်င္တယ္ ဆိုရင္ ပုတ္ျပတ္ေပးတဲ့စနစ္ကို လုံးဝပေပ်ာက္သြားေအာင္ လုပ္ဖို႔လိုမယ္။ ဒီလို ပေပ်ာက္ဖို႔ဆိုရင္ ျပင္းျပင္းထန္ထန္အေရးယူတာေတြ လုပ္ဖို႔လိုပါမယ္ ” ဟု အဆိုပါ လုပ္ငန္းရွင္က ေျပာသည္။
လက္ရွိတြင္ ကတ္ျဖင့္စီးနင္းသူမ်ားလာသည့္အတြက္ အဆိုပါ YPS ကတ္ေငြေခ်ျခင္းအား ဘဏ္မ်ားျဖင့္ ခ်ိတ္ဆက္ကာ ေငြသြင္းမႈမ်ား လုပ္ေဆာင္ႏိုင္ရန္ ေဆာင္႐ြက္ျခင္း၊ ယာဥ္ေမာင္းမ်ားအား ေငြေပးေခ်ရာတြင္ အဆိုပါ YPS ကတ္စနစ္မွ ရေငြမ်ားကိုပါ ထည့္သြင္းကာ ေပးေခ်ျခင္းမ်ား ျပဳလုပ္ရန္ကိုလည္း စီစဥ္ေဆာင္႐ြက္သင့္ေၾကာင္း ၄င္းက ထပ္ေလာင္း ေျပာဆိုသည္။
ရန္ကုန္ၿမိဳ႕တြင္ YPS ကတ္စနစ္ကို ၂၀၂၀ ခုႏွစ္ ဇူလိုင္လ ၂၁ ရက္ေန႔တြင္ စတင္ျပဳလုပ္ခဲ့ၿပီး ယာဥ္လိုင္းအားလုံးတြင္ အသုံးျပဳႏိုင္ရန္စီစဥ္သြားမည္ဟု ေႂကြးေၾကာ္မႈမ်ား ရွိခဲ့ေသာ္လည္း ငါးႏွစ္ၾကာျမင့္သည့္ ယခု(ယခု၂၀၂၅ ခုႏွစ္) ဇူလိုင္လကုန္သည္အထိ အေကာင္အထည္မေဖာ္ႏိုင္စြမ္း မရွိျခင္းလည္း ျဖစ္သည္။

Picture

ဝင်း ဇော်ထွန်း

09/08/2025 10:16

ငွေကြွေတစ်ရာ ပြန်မအမ်းတာရယ်။စိတ်ထင်တိုင်းလျောက်မောင်းတဲ့ ယဉ်မောင်းတွေရယ်။ခရီးသည်တွေအပေါ် လေးစားမှုမရှိဘူးဗျာ။ ခရီးသည်တင်ယဉ်မှာ ကုန်စည်တွေ သယ်တဲ့ ခရီးသည်ပြသနာကလဲ Ybsပေါ်ကနေ့စဉ်မြင်ကွင်းပဲ။လိုအပ်တာထက်ပိုတဲ့ ဝန်ပိုတင်ဆောင်မှုတွေကို ပြောလိုတာမျိုး။ ခရီးသည်နဲ့ယဉ်မောင်းကြားမှာ ပြသနာတွေလျော့ချဖို့တော့ ပိုစဉ်းစားဖို့လိုတယ်။ ဖြစ်သလို ဘဝတွေထဲက နေ့စဉ်ဒုက္ခတွေ အဆင်ပြေစေချင်ပါတယ်ဗျာ။

Related news

© 2021. All rights reserved.