ဂါဇာအတွက် ပထမဆုံးအကူအညီတွေကို ဘယ်လ်ဂျီယံအစိုးရပေးပို့

 171

Pika (NP News) - သြဂုတ် ၅
ဘယ်လ်ဂျီယံလေတပ်ဟာ ဂျော်ဒန်နိုင်ငံနဲ့ပူးပေါင်းပြီး ဂါဇာကမ်းမြောင်ဒေသကို ၎င်းရဲ့ပထမဆုံးအကူအညီတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံလေတပ်ဟာ ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ပေါင်း များစွာကို လေကြောင်းကနေတစ်ဆင့် ချပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ထောက်ပံ့ပေးမှုပမာဏဟာ အကန့်အသတ်နဲ့တိုးတက်လာပေမယ့်လည်း လုံလောက်မှုမရှိသေးဘူးလို့ ဂျာမနီအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ဘယ်လ်ဂျီယံအစိုးရရဲ့ပေးပို့မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ အပြည့်အဝပေးအပ်ဖို့ အစ္စရေးအစိုးရမှာ တာဝန်ရှိတယ်လို့လည်း ဂျာမနီအစိုးရကထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးရေးထရပ်ကားတွေ ပိုမို ဝင်ရောက်ခွင့်ပြုဖို့ နိုင်ငံတကာက အစ္စရေးကို ဖိအားပေးနေချိန်မှာပဲ နိုင်ငံပေါင်းများစွာဟာ ဂါဇာကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ဆက်တိုက်ပေးပို့နေခဲ့တယ်လို့လည်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေချပေးမှုကို ပြန်လည်စတင်သွားမယ်လို့ ယူအေအီးအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဂါဇာကို အကူအညီဆက်တိုက်ပေးပို့မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဂါဇာအတြက္ ပထမဆုံးအကူအညီေတြကို ဘယ္လ္ဂ်ီယံအစိုးရေပးပို႔
Pika (NP News) - ၾသဂုတ္ ၅
ဘယ္လ္ဂ်ီယံေလတပ္ဟာ ေဂ်ာ္ဒန္ႏိုင္ငံနဲ႔ပူးေပါင္းၿပီး ဂါဇာကမ္းေျမာင္ေဒသကို ၎ရဲ႕ပထမဆုံးအကူအညီေတြ ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။
ဘယ္လ္ဂ်ီယံေလတပ္ဟာ ဂါဇာကမ္းေျမာင္ေဒသအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီ ေပါင္း မ်ားစြာကို ေလေၾကာင္းကေနတစ္ဆင့္ ခ်ေပးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဂါဇာကမ္းေျမာင္ေဒသကို အကူအညီေတြ ေထာက္ပံ့ေပးမႈပမာဏဟာ အကန႔္အသတ္နဲ႔တိုးတက္လာေပမယ့္လည္း လုံေလာက္မႈမရွိေသးဘူးလို႔ ဂ်ာမနီအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ဘယ္လ္ဂ်ီယံအစိုးရရဲ႕ေပးပို႔မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသကို အကူအညီေတြ အျပည့္အဝေပးအပ္ဖို႔ အစၥေရးအစိုးရမွာ တာဝန္ရွိတယ္လို႔လည္း ဂ်ာမနီအစိုးရကထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသကို အကူအညီေပးေရးထရပ္ကားေတြ ပိုမို ဝင္ေရာက္ခြင့္ျပဳဖို႔ ႏိုင္ငံတကာက အစၥေရးကို ဖိအားေပးေနခ်ိန္မွာပဲ ႏိုင္ငံေပါင္းမ်ားစြာဟာ ဂါဇာကို လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြ ဆက္တိုက္ေပးပို႔ေနခဲ့တယ္လို႔လည္း သိရပါတယ္။
ဂါဇာကမ္းေျမာင္ေဒသကို ေလေၾကာင္းကေန လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြခ်ေပးမႈကို ျပန္လည္စတင္သြားမယ္လို႔ ယူေအအီးအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ဂါဇာကို အကူအညီဆက္တိုက္ေပးပို႔မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.