ဖြစ်ပေါ်လာနိုင်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေအားလုံးအတွက် ပြင်ဆင်ထားရမယ်လို့ ဒေါ်နယ်ထရမ့်ပြော

435

Pika (NP News) - သြဂုတ် ၅
နျူကလီးယားလက်နက်ဆိုင်ရာဆွေးနွေးပွဲတွေအားလုံးကို ပေါ့ပေါ့တန်တန်ဆက်ဆံလို့မရသလို အမေရိကန်အနေ နဲ့ဖြစ်ပေါ်လာနိုင်တဲ့ထိပ်တိုက်တွေ့ဆုံမှုတွေအားလုံးအတွက် အမြဲတမ်းပြင်ဆင်ထားရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်တို့ကြား ယူကရိန်းအရေး၊ အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး အချေအတင်ပြောဆိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အမေရိကန်ရဲ့နျူကလီးယားရေငုပ်သင်္ဘောနှစ်စီးကို သင့်လျော်တဲ့ဒေသတွေမှာ ဖြန့်ကျက်ချထားဖို့ ဒေါ်နယ်ထရမ့် က အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ပြင်းထန်တဲ့ ရန်စ ပြောဆိုမှုတွေအပေါ် အခြေခံပြီး ဒီထက်ပိုဆိုးလာခဲ့မယ်ဆိုရင် သင့်လျော်တဲ့ဒေသတွေမှာ နျူကလီးယားရေငုပ်သင်္ဘောနှစ်စီးကို ဖြန့်ကျက်ချထားဖို့ အမိန့်ပေးထားပါတယ်။ စကားလုံးတွေဆိုတာ အရမ်းအရေးကြီးပြီး မလိုလားအပ်တဲ့ အကျိုးဆက်တွေကိုဖြစ်ပေါ် စေနိုင်ပါတယ်။ ဒါက အဲဒီဖြစ်ရပ်တွေထဲက တစ်ခုမဟုတ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်အနေနဲ့ထိပ်တိုက်တွေ့ဆုံမှုတွေအားလုံးအတွက် ပြင်ဆင်ထားသင့်တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “အဲဒါကို ကျွန်တော်တို့ လုပ်ကိုလုပ်ရပါမယ်။ ကျွန်တော်တို့ အရာအားလုံးကို သတိထားရပါမယ်။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ ဘေးကင်းရေးကို အခြေခံပြီး အဲဒါကိုလုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
Pika (NP News) - သြဂုတ် ၅