အမြောက်နဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုတွေကို ရုရှားနဲ့ တရုတ်ရေတပ်တို့ပြုလုပ်

302

Pika (NP News) - သြဂုတ် ၅
ရုရှားနဲ့ တရုတ်ရေတပ်တို့ဟာ စီစဉ်ထားတဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဂျပန်ပင်လယ်မှာ အမြောက်နဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ ရုရှားရဲ့ပစိဖိတ်ရေတပ် က ပြောကြားခဲ့ပါတယ်။ နျူကလီးယားရေငုပ်သင်္ဘောနှစ်စီးကို သင့်လျော်တဲ့ဒေသတွေမှာ ဖြန့်ကျက်ချထားဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ပြီးနောက် နှစ်ရက်အကြာမှာ ယခုလိုစစ်ရေးလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရုရှားနဲ့တရုတ်တို့ဟာ ဒေါ်နယ်ထရမ့်ရဲ့အမိန့်ပေးမှုမတိုင်ခင်တည်းက ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ ရုရှားနဲ့တရုတ်တို့ဟာ ရုရှားရဲ့ ရေငုပ်သင်္ဘော ဆန့်ကျင်ရေးသင်္ဘောကြီးတစ်စီးနဲ့ တရုတ်ဖျက်သင်္ဘောနှစ်စီးတို့ပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို လုပ်ဆောင်နေတယ်လို့ Interfax သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် အဲဒီစစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံစလုံးက ဒီဇယ်-လျှပ်စစ်ရေငုပ်သင်္ဘောတွေအပြင် တရုတ်ရေငုပ်သင်္ဘော ကယ်ဆယ်ရေးသင်္ဘောတစ်စီးလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ လာမယ့် ဩဂုတ်လ (၉)ရက်မှာ ပြီးဆုံးဖို့ စီစဉ်ထားတဲ့ “Maritime Interaction-2025” စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေျမာက္နဲ႔ ေရငုပ္သေဘၤာတိုက္ဖ်က္ေရး စစ္ေရးေလ့က်င့္မႈေတြကို ႐ုရွားနဲ႔ တ႐ုတ္ေရတပ္တို႔ျပဳလုပ္
Pika (NP News) - ၾသဂုတ္ ၅
႐ုရွားနဲ႔ တ႐ုတ္ေရတပ္တို႔ဟာ စီစဥ္ထားတဲ့ပူးတြဲစစ္ေရးေလ့က်င့္မႈရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ဂ်ပန္ပင္လယ္မွာ အေျမာက္နဲ႔ ေရငုပ္သေဘၤာတိုက္ဖ်က္ေရးစစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ ႐ုရွားရဲ႕ပစိဖိတ္ေရတပ္ က ေျပာၾကားခဲ့ပါတယ္။ န်ဴကလီးယားေရငုပ္သေဘၤာႏွစ္စီးကို သင့္ေလ်ာ္တဲ့ေဒသေတြမွာ ျဖန႔္က်က္ခ်ထားဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့ၿပီးေနာက္ ႏွစ္ရက္အၾကာမွာ ယခုလိုစစ္ေရးေလ့က်င့္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ဒါေပမယ့္လည္း ႐ုရွားနဲ႔တ႐ုတ္တို႔ဟာ ေဒၚနယ္ထရမ့္ရဲ႕အမိန႔္ေပးမႈမတိုင္ခင္တည္းက ပူးတြဲစစ္ေရးေလ့က်င့္မႈ လုပ္ေဆာင္ဖို႔ စီစဥ္ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ႐ုရွားနဲ႔တ႐ုတ္တို႔ဟာ ႐ုရွားရဲ႕ ေရငုပ္သေဘၤာ ဆန႔္က်င္ေရးသေဘၤာႀကီးတစ္စီးနဲ႔ တ႐ုတ္ဖ်က္သေဘၤာႏွစ္စီးတို႔ပါဝင္တဲ့ ပူးတြဲစစ္ေရးေလ့က်င့္မႈတစ္ခုကို လုပ္ေဆာင္ေနတယ္လို႔ Interfax သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီစစ္ေရးေလ့က်င့္မႈမွာ ႏွစ္ႏိုင္ငံစလုံးက ဒီဇယ္-လွ်ပ္စစ္ေရငုပ္သေဘၤာေတြအျပင္ တ႐ုတ္ေရငုပ္သေဘၤာ ကယ္ဆယ္ေရးသေဘၤာတစ္စီးလည္း ပါဝင္တယ္လို႔ သိရပါတယ္။ အဲဒီစစ္ေရးေလ့က်င့္မႈဟာ လာမယ့္ ဩဂုတ္လ (၉)ရက္မွာ ၿပီးဆုံးဖို႔ စီစဥ္ထားတဲ့ “Maritime Interaction-2025” စစ္ေရးေလ့က်င့္မႈရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္တယ္လို႔လည္း သိရပါတယ္။