နယူးဇီလန်နိုင်ငံမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို ခရီးဆောင်အိတ်ထဲထည့်ကာ သွားလာနေတဲ့ အမျိုးသမီး အဖမ်းခံရ

 1524

ရောင်နီ (NP News) - သြဂုတ် ၅

နယူးဇီလန်နိုင်ငံမှာ အသက်၂ နှစ်အရွယ် ကလေးငယ်ကို ခရီးဆောင်အိတ်ထဲထည့်ကာ လျှောက်သွားနေတဲ့ အမျိုးသမီးတစ်ဦးကို ဘတ်စ်ကား တစ်စီးပေါ်မှာ ဩဂုတ် ၃ ရက်က တွေ့ရှိ ဖမ်းမိခဲ့ပါတယ်။
စုံထောက် ဆိုင်မွန်ဟာရီဆွန်ရဲ့အဆိုအရ အမျိုးသမီးကို ကလေးတစ်ဦးအပေါ် မတော်မတရားပြုမူ၊ လျစ်လျူရှုမှု တွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသမီး စီးနင်းလာတဲ့ ဘတ်စ်ကားမှ ဒရိုင်ဘာက ဘတ်စ်ကားရဲ့ခရီးဆောင်အိတ်တွေထားတဲ့ အခန်းထဲမှာ သူ့အလိုလိုရွေ့လျားနေတဲ့ ခရီးဆောင်အိတ်ကို သတိထားမိပြီး ရဲတပ်ဖွဲ့ကို ဖုန်းခေါ်ဆိုကာ အော့ကလန်မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိ ကိုင်ဝါကာ ဘတ်စ်ကားဂိတ်ကို လာရောက်ကြည့်ရှုစစ်ဆေးဖို့ အကြောင်းကြားခဲ့ပါတယ်။ ယာဉ်မောင်းက ခရီးဆောင်အိတ်ကို ဖွင့်လိုက်တဲ့အခါ အသက် (၂)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တွေ့ရှိခဲ့ပြီး ကလေးက ပူအိုက်နေတယ်လို့ ထင်ရ ပေမယ့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတော့ မတွေ့ရှိရဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ကလေးငယ်ဟာ ဆေးကုသမှု ခံယူနေရပြီး အသက် ၂၇ နှစ်အရွယ် ခရီးဆောင်အိတ် ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
နယူးဇီလန္ႏိုင္ငံမွာ အသက္ ၂ ႏွစ္အ႐ြယ္ ကေလးငယ္ကို ခရီးေဆာင္အိတ္ထဲထည့္ကာ သြားလာေနတဲ့ အမ်ိဳးသမီး အဖမ္းခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၅
နယူးဇီလန္ႏိုင္ငံမွာ အသက္၂ ႏွစ္အ႐ြယ္ ကေလးငယ္ကို ခရီးေဆာင္အိတ္ထဲထည့္ကာ ေလွ်ာက္သြားေနတဲ့ အမ်ိဳးသမီးတစ္ဦးကို ဘတ္စ္ကား တစ္စီးေပၚမွာ ဩဂုတ္ ၃ ရက္က ေတြ႕ရွိ ဖမ္းမိခဲ့ပါတယ္။
စုံေထာက္ ဆိုင္မြန္ဟာရီဆြန္ရဲ႕အဆိုအရ အမ်ိဳးသမီးကို ကေလးတစ္ဦးအေပၚ မေတာ္မတရားျပဳမူ၊ လ်စ္လ်ဴရႈမႈ ေတြနဲ႔ တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။ အဆိုပါ အမ်ိဳးသမီး စီးနင္းလာတဲ့ ဘတ္စ္ကားမွ ဒ႐ိုင္ဘာက ဘတ္စ္ကားရဲ႕ခရီးေဆာင္အိတ္ေတြထားတဲ့ အခန္းထဲမွာ သူ႔အလိုလိုေ႐ြ႕လ်ားေနတဲ့ ခရီးေဆာင္အိတ္ကို သတိထားမိၿပီး ရဲတပ္ဖြဲ႕ကို ဖုန္းေခၚဆိုကာ ေအာ့ကလန္ေျမာက္ဘက္ ကီလိုမီတာ ၁၀၀ အကြာရွိ ကိုင္ဝါကာ ဘတ္စ္ကားဂိတ္ကို လာေရာက္ၾကည့္ရႈစစ္ေဆးဖို႔ အေၾကာင္းၾကားခဲ့ပါတယ္။ ယာဥ္ေမာင္းက ခရီးေဆာင္အိတ္ကို ဖြင့္လိုက္တဲ့အခါ အသက္ (၂)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးကို ေတြ႕ရွိခဲ့ၿပီး ကေလးက ပူအိုက္ေနတယ္လို႔ ထင္ရ ေပမယ့္ ႐ုပ္ပိုင္းဆိုင္ရာထိခိုက္မႈေတာ့ မေတြ႕ရွိရဘူးလို႔ ဆိုပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ကေလးငယ္ဟာ ေဆးကုသမႈ ခံယူေနရၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ ခရီးေဆာင္အိတ္ ပိုင္ရွင္အမ်ိဳးသမီးကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.