မင်းသား ဆောင်ယောင်းယူ အသက် ၅၅ နှစ်အရွယ်မှာ ကွယ်လွန်

 1870

ရောင်နီ (NP News) - သြဂုတ် ၅

အရက်မူးပြီး ကားမောင်းတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး မကြာသေးခင်က သတင်းတွေထွက်ပေါ်ခဲ့တဲ့ တောင်ကိုရီးယား သရုပ်ဆောင် မင်းသား ဆောင်ယောင်းယူ (အသက် ၅၅ နှစ်) ကို ၄င်းရဲ့ကားပေါ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ရပါ တယ်။
Yongin Dongbu ရဲစခန်းမှ တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ သြဂုတ် ၄ ရက် နံနက် ၈ နာရီအချိန်ခန့်မှာ အမျိုးသမီးတစ်ဦးရဲ့သတင်းပေးပို့ချက်အရ ဆောင် ဟာ ယုံဂင်ရပ်ကွက်ရှိ ရပ်ထားတဲ့ယာဉ်ပေါ်မှာ သေဆုံးနေတာ ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အာဏာပိုင်တွေက လူသေဆုံးရတဲ့အကြောင်းရင်းနဲ့ ပတ်ဝန်းကျင် အခြေ အနေကို စုံစမ်းစစ်ဆေးနေပါတယ်။
ဆောင်ယောင်းယူဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် ည ၁၁ နာရီခန့်က ဂီဟောင်းဂူမှ ချယ်အွန်းဂူကို ကားမောင်းနှင်နေစဉ် သွေးတွင်းအယ်လ်ကိုဟော ပမာဏ ဝ.၁ ရာခိုင်နှုန်း ကျော် စမ်းသပ်တွေ့ရှိခဲ့ပြီး လိုင်စင် ရုတ်သိမ်းခံခဲ့ရဖူးပါတယ်။ မင်းသားဆောင်ယောင်းယူဟာ "Extreme Job" "Anti Gym" "Hwarang" စတဲ့ နာမည်ကျော် တောင်ကိုရီးယားဇာတ်ကားတွေမှာ ပါဝင်ဖူးပြီး မြန်မာပရိသတ်နဲ့မစိမ်းလှတဲ့ သရုပ်ဆောင် ဖြစ်ပါတယ်။

Zawgyi Version:
မင္းသား ေဆာင္ေယာင္းယူ အသက္ ၅၅ ႏွစ္အ႐ြယ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ၾသဂုတ္ ၅
အရက္မူးၿပီး ကားေမာင္းတဲ့ျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မၾကာေသးခင္က သတင္းေတြထြက္ေပၚခဲ့တဲ့ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ မင္းသား ေဆာင္ေယာင္းယူ (အသက္ ၅၅ ႏွစ္) ကို ၄င္းရဲ႕ကားေပၚမွာ ေသဆုံးလ်က္ေတြ႕ရွိခဲ့ရပါ တယ္။
Yongin Dongbu ရဲစခန္းမွ တာဝန္ရွိသူေတြရဲ႕ေျပာၾကားခ်က္အရ ၾသဂုတ္ ၄ ရက္ နံနက္ ၈ နာရီအခ်ိန္ခန႔္မွာ အမ်ိဳးသမီးတစ္ဦးရဲ႕သတင္းေပးပို႔ခ်က္အရ ေဆာင္ ဟာ ယုံဂင္ရပ္ကြက္ရွိ ရပ္ထားတဲ့ယာဥ္ေပၚမွာ ေသဆုံးေနတာ ကို ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ လက္ရွိ အာဏာပိုင္ေတြက လူေသဆုံးရတဲ့အေၾကာင္းရင္းနဲ႔ ပတ္ဝန္းက်င္ အေျခ အေနကို စုံစမ္းစစ္ေဆးေနပါတယ္။
ေဆာင္ေယာင္းယူဟာ ၿပီးခဲ့တဲ့ ဇြန္လ ၁၉ ရက္ ည ၁၁ နာရီခန႔္က ဂီေဟာင္းဂူမွ ခ်ယ္အြန္းဂူကို ကားေမာင္းႏွင္ေနစဥ္ ေသြးတြင္းအယ္လ္ကိုေဟာ ပမာဏ ဝ.၁ ရာခိုင္ႏႈန္း ေက်ာ္ စမ္းသပ္ေတြ႕ရွိခဲ့ၿပီး လိုင္စင္ ႐ုတ္သိမ္းခံခဲ့ရဖူးပါတယ္။ မင္းသားေဆာင္ေယာင္းယူဟာ "Extreme Job" "Anti Gym" "Hwarang" စတဲ့ နာမည္ေက်ာ္ ေတာင္ကိုရီးယားဇာတ္ကားေတြမွာ ပါဝင္ဖူးၿပီး ျမန္မာပရိသတ္နဲ႔မစိမ္းလွတဲ့ သ႐ုပ္ေဆာင္ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.