တိုက်ပွဲများကြောင့် ရာနှုန်းပြည့်နီးပါး ပျက်စီးခဲ့သည့် မြို့များမှပြည်သူများ စစ်ပွဲများကို စိတ်နာနေ

 1371

သန့်ဇင် (NP News) - သြဂုတ် ၅

တိုက်ပွဲများဖော်ဆောင်မှုကြောင့် ရာနှုန်းပြည့်နီးပါး ပျက်စီးခဲ့သည့် မြို့များမှပြည်သူများ စစ်ပွဲများကို စိတ်နာနေကြောင်း ထန်တလန်နှင့် ဗန်းမော်မြို့ခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်ရှိ ထန်တလန်မြို့သည့် CAN၊ CDF၊ PDF ပူးပေါင်း အဖွဲ့၏ တိုက်ပွဲများဖော်ဆောင်မှုကြောင့် ရာနှုန်းပြည့်နီးပါး မြို့ပျက်စီးခဲ့ရပြီး မြို့နေပြည်သူအားလုံးသည်လည်း နေရပ်စွန့်ခွာစစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ထန်တလန်မြို့မှနေရပ်စွန့်ခွာ စစ်ဘေးရှောင်နေသူများသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့အပြင် အခြားသောဒေသများ နှင့် အိန္ဒိယတွင်လည်းရှိနေပြီး နေအိမ်များပျက်စီးကာ ပစ္စည်းဥစ္စာများဆုံးရှုံးခဲ့ရသဖြင့် စစ်ပွဲများအပေါ် စိတ်နာနေကြောင်း ထန်တလန်မြို့မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဆိုသည်။
"ထန်တလန်မှာက ရာနှုန်းပြည့်မြို့ပျက်ခဲ့ပေမယ့် မြေကျန်သေးတယ်။ ပြန်ပြီးတော့ ခေတ်ကောင်းလာရင်တော့ နေရပ်ပြန်ပြီး အိမ်ဆောက်မယ်။ ကျွန်တော်တို့ ထန်တလန်ကလူတွေ အခု ရန်ကုန်တို့ မန္တလေးတို့မှာ စစ်ဘေးရှောင်နေကြတာရှိတယ်။ အိန္ဒိယဘက်မှာလည်း ရှိတယ်။ ချင်းပြည်နယ်က မင်းတပ်၊ မတူပီ၊ ဖလမ်းကို တပ်က ပြန်ပြီးထိန်းချုပ်လို့ရသွားပြီဆိုရင်တော့ ထန်တလန်က ပြန်သွားလို့ရရင် အိမ်ပြန်ဆောက်ပြီး ပြန်နေမှာပါ။ အခုကတော့ စိတ်ကူးယဉ်နေရတဲ့အချိန်ပေါ့ဗျာ။ ဒီစစ်ပွဲတွေ မြန်မြန်ပြီးစေချင်ပြီ" ဟု ၎င်းက ပြောသည်။
အလားတူ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ကိုလည်း KIA ၊ PDF ပူးပေါင်းအဖွဲ့က (၂ဝ၂၄) ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ တိုက်ပွဲဖော်ဆောင်ခဲ့ရာ (၈) လအကြာတွင် မြို့၏ (၇ဝ) ရာခိုင် နှုန်းနီးပါး ပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် တိုက်ပွဲဖြစ်ကာလအတွင်း ဒေသခံများစွာနေရပ်စွန့် စစ်ဘေးရှောင်ကြရာ ကျန်ရှိခဲ့သည့် ဒေသခံများ၏ နေအိမ်များသည်လည်း ခိုးဆိုးလုယက်သူများက ဖောက်ထွင်းယူဆောင်မှုများရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဗန်းမော်မြို့ခံများသည် စစ်ပွဲများအကြား ဒုက္ခများစွာရောက်ရှိခဲ့ပြီး ပိုင်ဆိုင်မှုများစွာဆုံးရှုံးခဲ့သောကြောင့် စစ်ပွဲအပေါ်များစွာ နာကြည်းနေကြောင်း မန္တလေးမြို့သို့ စစ်ဘေးရှောင်နေသူ ဗန်းမော်မြို့ခံတစ်ဦးက ဆိုသည်။
"ဒီတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတာ မြန်မာနိုင်ငံသားတွေပါ။ အဲဒီ နှစ်ဖက်မြန်မာနိုင်ငံ သားတွေလည်း သေကျေပျက်စီးကြရတယ်။ ဒါမျိုး တွေက မကြုံတော့ရင်အကောင်းဆုံးပေါ့ဗျာ။ မြို့ပြန် လည်ထူထောင်ရေးလုပ်ဖို့ဆိုရင် နှစ်ရှည်စီမံကိန်းနဲ့လုပ်မှရတော့မယ်။ (၅)နှစ်ကနေ (၁၀)နှစ်လောက် အထိ ကြာမြင့်နိုင်ပါတယ်။ အခုစစ်ဘေးရှောင်နေတဲ့ ဗန်းမော်မြို့ခံက ကျွန်တော်စစ်တမ်း ကောက်ယူထား သလောက်ဆိုရင် ပြင်ဦးလွင်နဲ့ မန္တလေးမှာ အိမ် ထောင်စုတင် (၁၆၀ဝ)ကျော်ရှိတယ်။ အဲဒါ လက်လှမ်းမီသလောက်ပဲရှိသေးတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိဖြစ်ပေါ်နေသော စစ်ပွဲများကို ဆန့်ကျင်နေသည့် ပြည်သူ(၉ဝ)ရာခိုင်နှုန်းကျော် သည် မြို့ပျက်စီးကာ ဆုံးရှုံးမှုများပြားခဲ့သည့် ဒေသခံများအပေါ် စာနာကာ စစ်ပွဲများဆန့်ကျင်မှုကို အသံထွက်ပြောရန် လိုအပ်လာပြီဖြစ်ကြောင်း အမျိုး သားဒီမိုကရေစီအင်အားစုပါတီ ဒုတိယဥက္ကဋ္ဌဦး ထက်အောင်ကျော်က တိုက်တွန်းထားသည်။

" တကယ့်ကို စစ်ကိုမုန်းတီးတဲ့များရာ လူစုက ဒီနိုင်ငံမှာ (၉၀)ရာခိုင်နှုန်းမကဘူး။ ဒါကို လက်မခံပါဘူးဆိုတဲ့ လူတွေရဲ့ အသံက ပျောက်နေတယ်။ အဲဒါကို ကျွန် တော်တို့တွေက ဖော်ထုတ်ရမယ်။ သူတို့တွေ ဘယ်လောက်ခံစားရတယ်။ ဘယ်လောက်အထိ ထိခိုက် နစ်နာသွားတယ်ဆိုတဲ့ဟာတွေကို ပြောလည်း ပြောရမယ်။ မဖြစ်သေးတဲ့လူတွေကလည်း ကိုယ်ချင်းစာပြီးတော့ ဘယ်လို အသံထွက်ပေးမလဲပေါ့နော်။ ကျွန်တော်တို့ စစ်ကို တကယ့်ကို ပြည်သူ တစ်ရပ်လုံးက ဆန့်ကျင်မှရတော့မယ်။ ဒီစစ်ဖြစ်နေ တာကို ရပ်ပါတော့ဆိုတာကို ကျွန်တော်တို့ ပြည်သူ တစ်ရပ်လုံးက ရပ်ပါတော့ဆိုတာကို ဝိုင်းပြောရမှာပေါ့ဗျာ။ မီဒီယာတွေအနေနဲ့ကလည်းပြောပေးမယ် ကျွန်တော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ကလည်း ပြောပေးမယ် ပြည်သူတွေကလည်းပြောပေးမယ် လူထုလူတန်းစားအကုန်က ဝိုင်းပြောကြမယ်ဆိုရင် လုပ်နေတဲ့လူက အခုက သူတို့ကို လူထု ထောက်ခံမှု ရှိသယောင် ပုံဖော်ထားတာ။ အခုက ဘာမှရှိတော့မှာ မဟုတ်ဘူးလေ။ အဲဒါကို လူထုက စိတ်ပျက်နေပါပြီ ဆိုတဲ့ အကြောင်းကို များများပြောပေးဖို့လိုတယ်}}ဟု ဦးထက်အောင်ကျော်က ပြောသည်။ တိုက်ပွဲများ ကြောင့် ထန်တလန်မြို့၊ ကော့ကရိတ်မြို့၊ လွိုင်ကော်မြို့၊ အင်းတော်မြို့၊ ဗန်းမော်မြို့၊ ဆီဆိုင်မြို့၊ ဖားဆောင်းမြို့နှင့်မိုးဗြဲမြို့တို့သည် ထိခိုက်ပျက်စီးမှုများခဲ့သည့် မြို့များဖြစ်ကြောင်း NP News က စုစည်းထားသည့် အချက်အလက်များအရ သိရသည်။

Zawgyi Version:
တိုက္ပြဲမ်ားေၾကာင့္ ရာႏႈန္းျပည့္နီးပါး ပ်က္စီးခဲ့သည့္ ၿမိဳ႕မ်ားမွျပည္သူမ်ား စစ္ပြဲမ်ားကို စိတ္နာေန
သန႔္ဇင္ (NP News) - ၾသဂုတ္ ၅
တိုက္ပြဲမ်ားေဖာ္ေဆာင္မႈေၾကာင့္ ရာႏႈန္းျပည့္နီးပါး ပ်က္စီးခဲ့သည့္ ၿမိဳ႕မ်ားမွျပည္သူမ်ား စစ္ပြဲမ်ားကို စိတ္နာေနေၾကာင္း ထန္တလန္ႏွင့္ ဗန္းေမာ္ၿမိဳ႕ခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ျမန္မာ-အိႏၵိယနယ္စပ္၊ ခ်င္းျပည္နယ္ရွိ ထန္တလန္ၿမိဳ႕သည့္ CAN၊ CDF၊ PDF ပူးေပါင္း အဖြဲ႕၏ တိုက္ပြဲမ်ားေဖာ္ေဆာင္မႈေၾကာင့္ ရာႏႈန္းျပည့္နီးပါး ၿမိဳ႕ပ်က္စီးခဲ့ရၿပီး ၿမိဳ႕ေနျပည္သူအားလုံးသည္လည္း ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ခဲ့ရေၾကာင္း သိရသည္။
လက္ရွိတြင္ ထန္တလန္ၿမိဳ႕မွေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနသူမ်ားသည္ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕အျပင္ အျခားေသာေဒသမ်ား ႏွင့္ အိႏၵိယတြင္လည္းရွိေနၿပီး ေနအိမ္မ်ားပ်က္စီးကာ ပစၥည္းဥစၥာမ်ားဆုံးရႈံးခဲ့ရသျဖင့္ စစ္ပြဲမ်ားအေပၚ စိတ္နာေနေၾကာင္း ထန္တလန္ၿမိဳ႕မွ စစ္ေဘးေရွာင္အမ်ိဳးသားတစ္ဦးက ဆိုသည္။
"ထန္တလန္မွာက ရာႏႈန္းျပည့္ၿမိဳ႕ပ်က္ခဲ့ေပမယ့္ ေျမက်န္ေသးတယ္။ ျပန္ၿပီးေတာ့ ေခတ္ေကာင္းလာရင္ေတာ့ ေနရပ္ျပန္ၿပီး အိမ္ေဆာက္မယ္။ ကြၽန္ေတာ္တို႔ ထန္တလန္ကလူေတြ အခု ရန္ကုန္တို႔ မႏၲေလးတို႔မွာ စစ္ေဘးေရွာင္ေနၾကတာရွိတယ္။ အိႏၵိယဘက္မွာလည္း ရွိတယ္။ ခ်င္းျပည္နယ္က မင္းတပ္၊ မတူပီ၊ ဖလမ္းကို တပ္က ျပန္ၿပီးထိန္းခ်ဳပ္လို႔ရသြားၿပီဆိုရင္ေတာ့ ထန္တလန္က ျပန္သြားလို႔ရရင္ အိမ္ျပန္ေဆာက္ၿပီး ျပန္ေနမွာပါ။ အခုကေတာ့ စိတ္ကူးယဥ္ေနရတဲ့အခ်ိန္ေပါ့ဗ်ာ။ ဒီစစ္ပြဲေတြ ျမန္ျမန္ၿပီးေစခ်င္ၿပီ" ဟု ၎က ေျပာသည္။
အလားတူ ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕ ကိုလည္း KIA ၊ PDF ပူးေပါင္းအဖြဲ႕က (၂ဝ၂၄) ခုႏွစ္၊ ဒီဇင္ဘာလ ပထမပတ္မွစတင္ကာ တိုက္ပြဲေဖာ္ေဆာင္ခဲ့ရာ (၈) လအၾကာတြင္ ၿမိဳ႕၏ (၇ဝ) ရာခိုင္ ႏႈန္းနီးပါး ပ်က္စီးေနၿပီျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ တိုက္ပြဲျဖစ္ကာလအတြင္း ေဒသခံမ်ားစြာေနရပ္စြန႔္ စစ္ေဘးေရွာင္ၾကရာ က်န္ရွိခဲ့သည့္ ေဒသခံမ်ား၏ ေနအိမ္မ်ားသည္လည္း ခိုးဆိုးလုယက္သူမ်ားက ေဖာက္ထြင္းယူေဆာင္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဗန္းေမာ္ၿမိဳ႕ခံမ်ားသည္ စစ္ပြဲမ်ားအၾကား ဒုကၡမ်ားစြာေရာက္ရွိခဲ့ၿပီး ပိုင္ဆိုင္မႈမ်ားစြာဆုံးရႈံးခဲ့ေသာေၾကာင့္ စစ္ပြဲအေပၚမ်ားစြာ နာၾကည္းေနေၾကာင္း မႏၲေလးၿမိဳ႕သို႔ စစ္ေဘးေရွာင္ေနသူ ဗန္းေမာ္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။
"ဒီတိုက္ပြဲေတြမွာ ပါဝင္တိုက္ခိုက္ေနတာ ျမန္မာႏိုင္ငံသားေတြပါ။ အဲဒီ ႏွစ္ဖက္ျမန္မာႏိုင္ငံ သားေတြလည္း ေသေက်ပ်က္စီးၾကရတယ္။ ဒါမ်ိဳး ေတြက မႀကဳံေတာ့ရင္အေကာင္းဆုံးေပါ့ဗ်ာ။ ၿမိဳ႕ျပန္ လည္ထူေထာင္ေရးလုပ္ဖို႔ဆိုရင္ ႏွစ္ရွည္စီမံကိန္းနဲ႔လုပ္မွရေတာ့မယ္။ (၅)ႏွစ္ကေန (၁၀)ႏွစ္ေလာက္ အထိ ၾကာျမင့္ႏိုင္ပါတယ္။ အခုစစ္ေဘးေရွာင္ေနတဲ့ ဗန္းေမာ္ၿမိဳ႕ခံက ကြၽန္ေတာ္စစ္တမ္း ေကာက္ယူထား သေလာက္ဆိုရင္ ျပင္ဦးလြင္နဲ႔ မႏၲေလးမွာ အိမ္ ေထာင္စုတင္ (၁၆၀ဝ)ေက်ာ္ရွိတယ္။ အဲဒါ လက္လွမ္းမီသေလာက္ပဲရွိေသးတယ္" ဟု ၎က ေျပာသည္။
လက္ရွိျဖစ္ေပၚေနေသာ စစ္ပြဲမ်ားကို ဆန႔္က်င္ေနသည့္ ျပည္သူ(၉ဝ)ရာခိုင္ႏႈန္းေက်ာ္ သည္ ၿမိဳ႕ပ်က္စီးကာ ဆုံးရႈံးမႈမ်ားျပားခဲ့သည့္ ေဒသခံမ်ားအေပၚ စာနာကာ စစ္ပြဲမ်ားဆန႔္က်င္မႈကို အသံထြက္ေျပာရန္ လိုအပ္လာၿပီျဖစ္ေၾကာင္း အမ်ိဳး သားဒီမိုကေရစီအင္အားစုပါတီ ဒုတိယဥကၠ႒ဦး ထက္ေအာင္ေက်ာ္က တိုက္တြန္းထားသည္။

" တကယ့္ကို စစ္ကိုမုန္းတီးတဲ့မ်ားရာ လူစုက ဒီႏိုင္ငံမွာ (၉၀)ရာခိုင္ႏႈန္းမကဘူး။ ဒါကို လက္မခံပါဘူးဆိုတဲ့ လူေတြရဲ႕ အသံက ေပ်ာက္ေနတယ္။ အဲဒါကို ကြၽန္ ေတာ္တို႔ေတြက ေဖာ္ထုတ္ရမယ္။ သူတို႔ေတြ ဘယ္ေလာက္ခံစားရတယ္။ ဘယ္ေလာက္အထိ ထိခိုက္ နစ္နာသြားတယ္ဆိုတဲ့ဟာေတြကို ေျပာလည္း ေျပာရမယ္။ မျဖစ္ေသးတဲ့လူေတြကလည္း ကိုယ္ခ်င္းစာၿပီးေတာ့ ဘယ္လို အသံထြက္ေပးမလဲေပါ့ေနာ္။ ကြၽန္ေတာ္တို႔ စစ္ကို တကယ့္ကို ျပည္သူ တစ္ရပ္လုံးက ဆန႔္က်င္မွရေတာ့မယ္။ ဒီစစ္ျဖစ္ေန တာကို ရပ္ပါေတာ့ဆိုတာကို ကြၽန္ေတာ္တို႔ ျပည္သူ တစ္ရပ္လုံးက ရပ္ပါေတာ့ဆိုတာကို ဝိုင္းေျပာရမွာေပါ့ဗ်ာ။ မီဒီယာေတြအေနနဲ႔ကလည္းေျပာေပးမယ္ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီေတြအေနနဲ႔ကလည္း ေျပာေပးမယ္ ျပည္သူေတြကလည္းေျပာေပးမယ္ လူထုလူတန္းစားအကုန္က ဝိုင္းေျပာၾကမယ္ဆိုရင္ လုပ္ေနတဲ့လူက အခုက သူတို႔ကို လူထု ေထာက္ခံမႈ ရွိသေယာင္ ပုံေဖာ္ထားတာ။ အခုက ဘာမွရွိေတာ့မွာ မဟုတ္ဘူးေလ။ အဲဒါကို လူထုက စိတ္ပ်က္ေနပါၿပီ ဆိုတဲ့ အေၾကာင္းကို မ်ားမ်ားေျပာေပးဖို႔လိုတယ္}}ဟု ဦးထက္ေအာင္ေက်ာ္က ေျပာသည္။ တိုက္ပြဲမ်ား ေၾကာင့္ ထန္တလန္ၿမိဳ႕၊ ေကာ့ကရိတ္ၿမိဳ႕၊ လြိဳင္ေကာ္ၿမိဳ႕၊ အင္းေတာ္ၿမိဳ႕၊ ဗန္းေမာ္ၿမိဳ႕၊ ဆီဆိုင္ၿမိဳ႕၊ ဖားေဆာင္းၿမိဳ႕ႏွင့္မိုးၿဗဲၿမိဳ႕တို႔သည္ ထိခိုက္ပ်က္စီးမႈမ်ားခဲ့သည့္ ၿမိဳ႕မ်ားျဖစ္ေၾကာင္း NP News က စုစည္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

Picture

Thine Khine Oo

05/08/2025 21:55

စစ်ပွဲကိုမုန်းရင် စစ်ပွဲကိုဆန့်ကျင်ကန့်ကွက်တဲ့ပြည်သူတွေညီညွတ်မှ စည်းလုံးမှအဆင်ပြေမယ် လူမျိုးစွဲ ဒေသစွဲစိတ်ဓာတ်တွေနဲ့တော့ ပြည်ထောင်စုပြိုကွဲနိူင်တယ်

Related news

© 2021. All rights reserved.