မူဆယ်မြို့တွင် ပြည်သူ့စစ်အမည်ခံအဖွဲ့ပေါင်း (၃၀) ထက်မနည်းရှိနေပြီး လုယက်သတ်ဖြတ်မှုများလည်း လစဉ်ဖြစ်ပွားနေ

 502

သန့်ဇင် (NP News) - သြဂုတ်လ ၅
မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ပြည်သူ့စစ်အမည်ခံထားသော အဖွဲ့ပေါင်း (၃ဝ) ထက်မနည်းများစွာရှိနေပြီး ပြန်ပေးဆွဲ လုယက်သတ်ဖြတ်မှုများလည်း လစဉ်ဖြစ်ပွားနေကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်ရှိ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့ရှိရာ မြို့တစ်မြို့ ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့သွား ရောက်အလုပ်လုပ်ကိုင်မည့်သူများစွာရောက်ရှိကာ လူဦးရေသိပ်သည်းလာသည့် မြို့ဖြစ်ကြောင်း သိရ သည်။
အဆိုပါမြို့တွင် ပြည်သူ့စစ်အဖွဲ့ဟု အမည်ခံထားသည့် လက်နက်ကိုင်အဖွဲ့ပေါင်း(၃၀) ထက်မနည်းလည်းရှိကာ တစ်ဖွဲ့လျှင် အဖွဲ့ဝင် (၅ဝဝ) ဦးအထိရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
" ပြည်သူ့စစ်ဆိုပြီး အမည်ခံထားတဲ့အဖွဲ့တွေအများကြီးရှိတယ်။ အဖွဲ့ပေါင်း(၃၀)ထက် မနည်းကို အင်အားကိုကလည်း တစ်ဖွဲ့တစ်ဖွဲ့ကို (၅၀ဝ)လောက်ရှိတယ်။ တရားဝင်ဖွဲ့ထားတဲ့အဖွဲ့ လားတော့မသိဘူး။ (၁၀၂၇)နောက်ပိုင်းမှာ နီးစပ်ရာ ကိုစုကြပြီး အဖွဲ့တွေလည်းများလာတယ်။ အဲဒီ လိုတွေဖြစ်ကုန်တာပေါ့ " ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ အဖွဲ့များစွာရှိသည့် မူဆယ်မြို့တွင် ပြန်ပေးဆွဲသတ်ဖြတ်မှုများလည်း တစ်လလျှင် အနည်းဆုံး (၃)ကြိမ်ထက်မနည်းဖြစ်ပွားနေပြီး သက်ဆိုင်ရာရဲ့တပ်ဖွဲ့အနေဖြင့် ဖမ်းဆီးအရေးယူမှုသည်လည်း မရှိသလောက်နည်းပါးကြောင်း သိရသည်။
" ဒီမှာက မကျေနပ်ရင်ပိုက်ဆံပေးပြီးသတ် ခိုင်းတာ။ အရင်တုန်းက အဖြစ်အပျက်တစ်ခုရှိတယ်။ အသတ်ခံရတဲ့အန်တီက ကျွန်မသူဌေးနဲ့ အမျိုး တော်လို့သေသေချာချာမှတ်မိနေတာပါ။ အဲဒီအန်တီ က အိမ်မှာကုန်စုံဆိုင်ဖွင့်ထားတာ တော်တော်စီး ပွားဖြစ်လာတာ။ အဲဒီမှာ အသတ်ခံလိုက်ရတယ်။ အဲ ဒီအချိန်တုန်းကလည်းမဖမ်းနိုင်ပါဘူး။ CCTV မှတ်တမ်းရှိတာပဲ ဘယ်သူမှမဖမ်းပေးပါဘူး။ ဒီမှာက ရည်း စားလုရင်လည်းပစ်သတ်လိုက်တာပဲ။ ရဲလည်း ဘာမှမလုပ်ရဲဘူး။ ရဲထက်ပြည်သူစစ်ကပိုအားကြီး တယ်။ ပြည့်သူစစ်လို့အမည့်ခံတာ။ အဲဒီအဖွဲ့တွေက တရုတ်တွေများကြီးပဲ}}ဟု ဒေသခံအမျိုးသမီး တစ်ဦးက NP News သို့ ပြောသည်။
အနီးစပ်ဆုံးဖြစ်စဉ်များအနေဖြင့် ပြီးခဲ့ သည့် ဇူလိုင်လ(၂၄)ရက်က မူဆယ်မြို့ ပီတိလက် ဖက်ရည်ဆိုင်အနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အမျိုးသမီး(၂)ဦး ကျည်ထိမှန်ဒဏ်ရာများဖြင့် သေ ဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ရက်ပိုင်းသာခြား၍ ဇူလိုင်လ (၂၆) ရက်ကလည်း မူဆယ်မြို့၊ မလွယ်တိန်ခမ်း တောင်ပေါ်ရှိ အလှူခံရာနေရာအနီးတွင် အသက် (၄၀)နှစ်အရွယ်အမျိုးသမီးတစ်ဦး လုယက်သတ် ဖြတ်ခံရကာ ဓားဒဏ်ရာ (၁၂)ချက်ဖြင့် သေဆုံးခဲ့ရ ကြောင်း သိရသည်။
ထို့ပြင် မူဆယ်မြို့တွင် မူးယစ်ဆေးဝါး၊ ကာစီနိုလောင်းကစားနှင့် အွန်လိုင်းကျားဖျန့်လုပ်ငန်း များလည်းရှိနေပြီး လောင်းကစားရုံအများစုကို ပြည် သူ့စစ်အမည်ခံအဖွဲ့များက လုံခြုံရေးပေးထားကြောင်း အထက်ပါ ဒေသခံအမျိုးသမီးက ဆိုသည်။
" ဒီမှာက ကိုယ်မကျေနပ်ရင်ပိုက်ဆံ ပေးလိုက် ကိုယ်တိုင်လုပ်စရာမလိုဘူး။ လူသတ် ဂိုဏ်းလိုကိုရှိနေတာပေါ့။ ပြည့်သူစစ်ဆိုတော့လက် နက်ရှိပြီလေ အသက်(၂ဝ)ဝန်းကျင်အရွယ်လေး တွေလုပ်ကြတာ။ ပိုက်ဆံ အလွယ်ရတော့လုပ်တာပေါ့။ ဘယ်သူမှလိုက်မဖမ်းတာ။ ဒီမှာ အားလုံးအားလုံးအစုံ ရှိတယ်။ အရင်တည်းကရှိတယ်။ နာမည်မကြီးတာပေါ့။ အလောင်းအစားတွေ ဖဲဝိုင်းတွေနဲ့ ကာစီနိုတွေပေါ့ နော်။ သူတို့ ဘယ်လောက်ပဲဖမ်းတယ်ပြော မထူး ပါဘူး။ ပြောလက်စနဲ့ပြောလိုက်တော့မယ်။ ပြည်သူ့ စစ်ဆိုတဲ့အဖွဲ့တွေက အဲဒီလောင်းကစားဝိုင်းတွေကို အစောင့်ပေးတယ်။ အဲဒီထဲမှာ ဖဲဝိုင်းတွေရှိတယ်။ အဲဒီထဲမှာဖဲဝေတဲ့မိန်းကလေးတွေက တစ်လကို သိန်း (၁၀ဝ) လောက်ရတယ်တဲ့။ ကျွန်မလည်း လက် တွေ့ရနေတဲ့သူကိုတွေ့လို့ယုံသွားတာ" ဟု အ ထက်ပါသတင်းရင်းမြစ်က ဆိုသည်။

Zawgyi Version:
မူဆယ္ၿမိဳ႕တြင္ ျပည္သူ႔စစ္အမည္ခံအဖြဲ႕ေပါင္း (၃၀) ထက္မနည္းရွိေနၿပီး လုယက္သတ္ျဖတ္မႈမ်ားလည္း လစဥ္ျဖစ္ပြားေန
သန႔္ဇင္ (NP News) - ၾသဂုတ္လ ၅
ျမန္မာ-တ႐ုတ္နယ္စပ္၊ ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕တြင္ ျပည္သူ႔စစ္အမည္ခံထားေသာ အဖြဲ႕ေပါင္း (၃ဝ) ထက္မနည္းမ်ားစြာရွိေနၿပီး ျပန္ေပးဆြဲ လုယက္သတ္ျဖတ္မႈမ်ားလည္း လစဥ္ျဖစ္ပြားေနေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
မူဆယ္ၿမိဳ႕သည္ ျမန္မာ-တ႐ုတ္နယ္စပ္ရွိ နန္းေတာ္ဂိတ္ႏွင့္ ဆင္ျဖဴဂိတ္တို႔ရွိရာ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ၿပီး လက္ရွိတြင္ ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔သြား ေရာက္အလုပ္လုပ္ကိုင္မည့္သူမ်ားစြာေရာက္ရွိကာ လူဦးေရသိပ္သည္းလာသည့္ ၿမိဳ႕ျဖစ္ေၾကာင္း သိရ သည္။
အဆိုပါၿမိဳ႕တြင္ ျပည္သူ႔စစ္အဖြဲ႕ဟု အမည္ခံထားသည့္ လက္နက္ကိုင္အဖြဲ႕ေပါင္း(၃၀) ထက္မနည္းလည္းရွိကာ တစ္ဖြဲ႕လွ်င္ အဖြဲ႕ဝင္ (၅ဝဝ) ဦးအထိရွိေနေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။
" ျပည္သူ႔စစ္ဆိုၿပီး အမည္ခံထားတဲ့အဖြဲ႕ေတြအမ်ားႀကီးရွိတယ္။ အဖြဲ႕ေပါင္း(၃၀)ထက္ မနည္းကို အင္အားကိုကလည္း တစ္ဖြဲ႕တစ္ဖြဲ႕ကို (၅၀ဝ)ေလာက္ရွိတယ္။ တရားဝင္ဖြဲ႕ထားတဲ့အဖြဲ႕ လားေတာ့မသိဘူး။ (၁၀၂၇)ေနာက္ပိုင္းမွာ နီးစပ္ရာ ကိုစုၾကၿပီး အဖြဲ႕ေတြလည္းမ်ားလာတယ္။ အဲဒီ လိုေတြျဖစ္ကုန္တာေပါ့ " ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
အဆိုပါ အဖြဲ႕မ်ားစြာရွိသည့္ မူဆယ္ၿမိဳ႕တြင္ ျပန္ေပးဆြဲသတ္ျဖတ္မႈမ်ားလည္း တစ္လလွ်င္ အနည္းဆုံး (၃)ႀကိမ္ထက္မနည္းျဖစ္ပြားေနၿပီး သက္ဆိုင္ရာရဲ႕တပ္ဖြဲ႕အေနျဖင့္ ဖမ္းဆီးအေရးယူမႈသည္လည္း မရွိသေလာက္နည္းပါးေၾကာင္း သိရသည္။
" ဒီမွာက မေက်နပ္ရင္ပိုက္ဆံေပးၿပီးသတ္ ခိုင္းတာ။ အရင္တုန္းက အျဖစ္အပ်က္တစ္ခုရွိတယ္။ အသတ္ခံရတဲ့အန္တီက ကြၽန္မသူေဌးနဲ႔ အမ်ိဳး ေတာ္လို႔ေသေသခ်ာခ်ာမွတ္မိေနတာပါ။ အဲဒီအန္တီ က အိမ္မွာကုန္စုံဆိုင္ဖြင့္ထားတာ ေတာ္ေတာ္စီး ပြားျဖစ္လာတာ။ အဲဒီမွာ အသတ္ခံလိုက္ရတယ္။ အဲ ဒီအခ်ိန္တုန္းကလည္းမဖမ္းႏိုင္ပါဘူး။ CCTV မွတ္တမ္းရွိတာပဲ ဘယ္သူမွမဖမ္းေပးပါဘူး။ ဒီမွာက ရည္း စားလုရင္လည္းပစ္သတ္လိုက္တာပဲ။ ရဲလည္း ဘာမွမလုပ္ရဲဘူး။ ရဲထက္ျပည္သူစစ္ကပိုအားႀကီး တယ္။ ျပည့္သူစစ္လို႔အမည့္ခံတာ။ အဲဒီအဖြဲ႕ေတြက တ႐ုတ္ေတြမ်ားႀကီးပဲ}}ဟု ေဒသခံအမ်ိဳးသမီး တစ္ဦးက NP News သို႔ ေျပာသည္။
အနီးစပ္ဆုံးျဖစ္စဥ္မ်ားအေနျဖင့္ ၿပီးခဲ့ သည့္ ဇူလိုင္လ(၂၄)ရက္က မူဆယ္ၿမိဳ႕ ပီတိလက္ ဖက္ရည္ဆိုင္အနီးတြင္ ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ၿပီး အမ်ိဳးသမီး(၂)ဦး က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ ေသ ဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ ရက္ပိုင္းသာျခား၍ ဇူလိုင္လ (၂၆) ရက္ကလည္း မူဆယ္ၿမိဳ႕၊ မလြယ္တိန္ခမ္း ေတာင္ေပၚရွိ အလႉခံရာေနရာအနီးတြင္ အသက္ (၄၀)ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦး လုယက္သတ္ ျဖတ္ခံရကာ ဓားဒဏ္ရာ (၁၂)ခ်က္ျဖင့္ ေသဆုံးခဲ့ရ ေၾကာင္း သိရသည္။
ထို႔ျပင္ မူဆယ္ၿမိဳ႕တြင္ မူးယစ္ေဆးဝါး၊ ကာစီႏိုေလာင္းကစားႏွင့္ အြန္လိုင္းက်ားဖ်န႔္လုပ္ငန္း မ်ားလည္းရွိေနၿပီး ေလာင္းကစား႐ုံအမ်ားစုကို ျပည္ သူ႔စစ္အမည္ခံအဖြဲ႕မ်ားက လုံၿခဳံေရးေပးထားေၾကာင္း အထက္ပါ ေဒသခံအမ်ိဳးသမီးက ဆိုသည္။
" ဒီမွာက ကိုယ္မေက်နပ္ရင္ပိုက္ဆံ ေပးလိုက္ ကိုယ္တိုင္လုပ္စရာမလိုဘူး။ လူသတ္ ဂိုဏ္းလိုကိုရွိေနတာေပါ့။ ျပည့္သူစစ္ဆိုေတာ့လက္ နက္ရွိၿပီေလ အသက္(၂ဝ)ဝန္းက်င္အ႐ြယ္ေလး ေတြလုပ္ၾကတာ။ ပိုက္ဆံ အလြယ္ရေတာ့လုပ္တာေပါ့။ ဘယ္သူမွလိုက္မဖမ္းတာ။ ဒီမွာ အားလုံးအားလုံးအစုံ ရွိတယ္။ အရင္တည္းကရွိတယ္။ နာမည္မႀကီးတာေပါ့။ အေလာင္းအစားေတြ ဖဲဝိုင္းေတြနဲ႔ ကာစီႏိုေတြေပါ့ ေနာ္။ သူတို႔ ဘယ္ေလာက္ပဲဖမ္းတယ္ေျပာ မထူး ပါဘူး။ ေျပာလက္စနဲ႔ေျပာလိုက္ေတာ့မယ္။ ျပည္သူ႔ စစ္ဆိုတဲ့အဖြဲ႕ေတြက အဲဒီေလာင္းကစားဝိုင္းေတြကို အေစာင့္ေပးတယ္။ အဲဒီထဲမွာ ဖဲဝိုင္းေတြရွိတယ္။ အဲဒီထဲမွာဖဲေဝတဲ့မိန္းကေလးေတြက တစ္လကို သိန္း (၁၀ဝ) ေလာက္ရတယ္တဲ့။ ကြၽန္မလည္း လက္ ေတြ႕ရေနတဲ့သူကိုေတြ႕လို႔ယုံသြားတာ" ဟု အ ထက္ပါသတင္းရင္းျမစ္က ဆိုသည္။

Related news

© 2021. All rights reserved.