ဖားကန့်ဒေသမှ လူ (၃၀ဝဝ) ခန့် KIA ၏ အဓမ္မတပ်သားသစ်စုဆောင်းခြင်း ခံထားရဟုဆို

601

သက်ပိုင် (NP News) - သြဂုတ်လ ၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှ လူ (၃၀ဝဝ) ခန့်မှာ KIA အဖွဲ့၏ အဓမ္မတပ်သားသစ် စုဆောင်းခြင်းခံထားရကြောင်း ဖားကန့်ဒေသမှ ခိုင် လုံသည့်သတင်းရင်းမြစ်က NP News သို့ ပြောသည်။
KIA အဖွဲ့အနေဖြင့် နယ်မြေမတည်ငြိမ်မှုကြောင့် ဖားကန့်ဒေသမှ အခြားမြို့နယ်များသို့ သွား ရောက်သူများကို ၎င်းတို့ သွားလာရာလမ်းတွင်ရှိသည့် KIA ဂိတ်များ၌ ဖမ်းဆီးခြင်း၊ ဖားကန့်မြို့နယ်ရှိ ကျေး ရွာများအတွင်းတွင် လူငယ်များကို လိုက်လံဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိနေကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်က ဆိုသည်။
“ဖားကန့်မှာ အခြေအနေ မကောင်းတော့ အချို့လူငယ်တွေက တခြားမြို့တွေဘက်ကိုသွားကြ တယ်။ အဲလိုသွားရင် လမ်းမှာရှိတဲ့ KIA ဂိတ်တွေကို ရောက်တာနဲ့ သူတို့ကို ဟိုကဆွဲရော။ အင်းတော်ကြီး ဘက်ကို သွားတဲ့ဘက်က ဂိတ်မှာဆိုရင် တော်တော် များများ ပါကုန်တယ်။ နောက်ပြီး ရွာတွေမှာ နေလို့ လွတ်မယ်မထင်နဲ့ ဟိုတယ်တွေအထိဝင်ပြီး ဟိုတယ် ဝန်ထမ်းတွေ၊ အဲဒီမှာရှိတဲ့လူတွေကိုပါ ဆွဲတဲ့အထိ ဖြစ်နေပြီ။ ယောင်္ကျားလေးဆိုရင် အကုန်ဆွဲနေတာ။ အဆွဲခံရတဲ့လူပေါင်း (၃၀ဝဝ)လောက်ရှိနေပြီ ” ဟု ၎င်းက ပြောသည်။
ထိုသို့ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း ကို ဖားကန့်ဒေသတစ်ခုတည်းတွင်သာမက ကချင် ပြည်နယ်မှ KIA ထိန်းချုပ်ရာ ဒေသများတွင်လည်း ပြုလုပ်လျက်ရှိနေကြောင်းနှင့် ထိုသို့ စုဆောင်းရရှိ သည့်တပ်သားသစ်များကို ဗန်းမော်မြို့သို့ ပို့ဆောင် လျက်ရှိကြောင်း သိရသည်။ “သူတို့က ဗန်းမော်မှာ လူအင်အားတော် တော်လိုနေတော့ လူငယ်ဆိုတာနဲ့ တန်းဖမ်းတယ်။ ဒါတွေက ဖားကန့်တစ်ခုတည်းမှာ ဖြစ်နေတာမဟုတ်ဘူး။ ကချင်တစ်ပြည်နယ်လုံးမှာ ဖြစ်နေတာ။ ဖားကန့်မှာ သူတို့ဝင်ဆွဲသွားလို့ သားသမီး တွေပါသွားတဲ့အတွက် ပူဆွေးသောကရောက်နေကြ တဲ့ မိဘတွေအများကြီးပဲ။ အခုနောက်ပိုင်း ဟိုတယ် တွေအထိ ပေါ်တင်ဝင်ဆွဲလာတယ်ဆိုတော့ သူတို့လူ အင်အား တော်တော်လိုအပ်နေပြီဆိုတာ ပိုသိသာလာ တာပေါ့” ဟု ဖားကန့်မြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။ လက်ရှိတွင် ဖားကန့်မြို့နယ်မှ ကျောက် စိမ်းထွက်ရှိရာ နေရာ (၉) ခုကို တပ်မတော်မှ ထိန်း ချုပ်ထားနိုင်ပြီဖြစ်ပြီး KIA နှင့် PDF အဖွဲ့များ အနေ ဖြင့် တပ်မတော်ထိန်းချုပ်ရာနေရာများတွင် ဒေသခံ များကို အကြောင်းမဲ့ပစ်ခတ်ခြင်း၊ လူစည်ကားရာ ကျောက်ဝိုင်းများအနီး၊ ဈေးများနီးတွင် လက်လုပ် မိုင်းများ ထောင်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Zawgyi Version:
ဖားကန႔္ေဒသမွ လူ (၃၀ဝဝ) ခန႔္ KIA ၏ အဓမၼတပ္သားသစ္စုေဆာင္းျခင္း ခံထားရဟုဆို
သက္ပိုင္ (NP News) - ၾသဂုတ္လ ၅
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္အတြင္းမွ လူ (၃၀ဝဝ) ခန႔္မွာ KIA အဖြဲ႕၏ အဓမၼတပ္သားသစ္ စုေဆာင္းျခင္းခံထားရေၾကာင္း ဖားကန႔္ေဒသမွ ခိုင္ လုံသည့္သတင္းရင္းျမစ္က NP News သို႔ ေျပာသည္။
KIA အဖြဲ႕အေနျဖင့္ နယ္ေျမမတည္ၿငိမ္မႈေၾကာင့္ ဖားကန႔္ေဒသမွ အျခားၿမိဳ႕နယ္မ်ားသို႔ သြား ေရာက္သူမ်ားကို ၎တို႔ သြားလာရာလမ္းတြင္ရွိသည့္ KIA ဂိတ္မ်ား၌ ဖမ္းဆီးျခင္း၊ ဖားကန႔္ၿမိဳ႕နယ္ရွိ ေက်း ႐ြာမ်ားအတြင္းတြင္ လူငယ္မ်ားကို လိုက္လံဖမ္းဆီးျခင္းမ်ားျပဳလုပ္လ်က္ရွိေနေၾကာင္း ခိုင္လုံသည့္သတင္းရင္းျမစ္က ဆိုသည္။
“ဖားကန႔္မွာ အေျခအေန မေကာင္းေတာ့ အခ်ိဳ႕လူငယ္ေတြက တျခားၿမိဳ႕ေတြဘက္ကိုသြားၾက တယ္။ အဲလိုသြားရင္ လမ္းမွာရွိတဲ့ KIA ဂိတ္ေတြကို ေရာက္တာနဲ႔ သူတို႔ကို ဟိုကဆြဲေရာ။ အင္းေတာ္ႀကီး ဘက္ကို သြားတဲ့ဘက္က ဂိတ္မွာဆိုရင္ ေတာ္ေတာ္ မ်ားမ်ား ပါကုန္တယ္။ ေနာက္ၿပီး ႐ြာေတြမွာ ေနလို႔ လြတ္မယ္မထင္နဲ႔ ဟိုတယ္ေတြအထိဝင္ၿပီး ဟိုတယ္ ဝန္ထမ္းေတြ၊ အဲဒီမွာရွိတဲ့လူေတြကိုပါ ဆြဲတဲ့အထိ ျဖစ္ေနၿပီ။ ေယာက်ၤားေလးဆိုရင္ အကုန္ဆြဲေနတာ။ အဆြဲခံရတဲ့လူေပါင္း (၃၀ဝဝ)ေလာက္ရွိေနၿပီ ” ဟု ၎က ေျပာသည္။
ထိုသို႔ အတင္းအဓမၼလူသစ္စုေဆာင္းျခင္း ကို ဖားကန႔္ေဒသတစ္ခုတည္းတြင္သာမက ကခ်င္ ျပည္နယ္မွ KIA ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္လည္း ျပဳလုပ္လ်က္ရွိေနေၾကာင္းႏွင့္ ထိုသို႔ စုေဆာင္းရရွိ သည့္တပ္သားသစ္မ်ားကို ဗန္းေမာ္ၿမိဳ႕သို႔ ပို႔ေဆာင္ လ်က္ရွိေၾကာင္း သိရသည္။ “သူတို႔က ဗန္းေမာ္မွာ လူအင္အားေတာ္ ေတာ္လိုေနေတာ့ လူငယ္ဆိုတာနဲ႔ တန္းဖမ္းတယ္။ ဒါေတြက ဖားကန႔္တစ္ခုတည္းမွာ ျဖစ္ေနတာမဟုတ္ဘူး။ ကခ်င္တစ္ျပည္နယ္လုံးမွာ ျဖစ္ေနတာ။ ဖားကန႔္မွာ သူတို႔ဝင္ဆြဲသြားလို႔ သားသမီး ေတြပါသြားတဲ့အတြက္ ပူေဆြးေသာကေရာက္ေနၾက တဲ့ မိဘေတြအမ်ားႀကီးပဲ။ အခုေနာက္ပိုင္း ဟိုတယ္ ေတြအထိ ေပၚတင္ဝင္ဆြဲလာတယ္ဆိုေတာ့ သူတို႔လူ အင္အား ေတာ္ေတာ္လိုအပ္ေနၿပီဆိုတာ ပိုသိသာလာ တာေပါ့” ဟု ဖားကန႔္ၿမိဳ႕နယ္မွ ေဒသခံတစ္ဦးက ဆိုသည္။ လက္ရွိတြင္ ဖားကန႔္ၿမိဳ႕နယ္မွ ေက်ာက္ စိမ္းထြက္ရွိရာ ေနရာ (၉) ခုကို တပ္မေတာ္မွ ထိန္း ခ်ဳပ္ထားႏိုင္ၿပီျဖစ္ၿပီး KIA ႏွင့္ PDF အဖြဲ႕မ်ား အေန ျဖင့္ တပ္မေတာ္ထိန္းခ်ဳပ္ရာေနရာမ်ားတြင္ ေဒသခံ မ်ားကို အေၾကာင္းမဲ့ပစ္ခတ္ျခင္း၊ လူစည္ကားရာ ေက်ာက္ဝိုင္းမ်ားအနီး၊ ေဈးမ်ားနီးတြင္ လက္လုပ္ မိုင္းမ်ား ေထာင္ျခင္းတို႔ကို ျပဳလုပ္လ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။