'Iron Girls 2' ဇာတ်ကား ရိုက်ကူးရင်း ဒဏ်ရာရရှိကာ ဆေးရုံတက်လိုက်ရတဲ့ တောင်ကိုရီးယား မင်းသမီး ဆိုလ်အင်အာ

 378

ရောင်နီ (NP News) - ဩဂုတ် ၆
တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီး ဆိုလ်အင်အာဟာ tvN ရဲ့ ဇာတ်လမ်းတွဲသစ် 'Iron Girls 2’ အတွက် ရိုက်ကူးရေး လုပ်နေစဉ် ခြေချင်းဝတ် ဒဏ်ရာရရှိကာ ဆေးရုံတက်လိုက်ရတယ်လို့ သြဂုတ် ၅ ရက်က
သတင်းတွေအရ သိရပါတယ်။
ဆိုလ်ဟာ ဒဏ်ရာကြောင့် ဆေးရုံချက်ချင်း တက်လိုက်ရပြီး လမ်းလျှောက်ဖို့ အခက်အခဲရှိပေမယ့် လက်ရှိတော့ ပြင်ပလူနာအဖြစ် ကုသမှုခံယူနေရကာ အခြေအနေတည်ငြိမ်နေပြီလို့ သိရပါတယ်။ ဆိုလ်အင်အာ ဟာ Iron Girls Season 1 မှာ ကတည်းက ယူအီ၊ ပက်ခ်ဂျိုဟွန်၊ ဂျင်ဆိုယွန်း တို့နဲ့အတူ ဇာတ်ကောင်တစ်ခု အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်ကားထဲမှာ ပြင်းထန်တဲ့ triathlon အပြေး စိန်ခေါ်မှုတွေ ပါဝင်ပြီး ဆိုလ်ရဲ့ အားကစားစွမ်းရည်တွေကိုလည်း ချပြနိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်ကာ ပရိသတ် ချီးကျူးအားပေးမှုတွေ ရရှိထားပါ တယ်။
ယခုဖြစ်တဲ့ မတော်တဆမှုကြောင့် ဆိုလ် အတွက် အပြီးမသတ်ရသေးတဲ့ ရုပ်ရှင်ရိုက်ကွင်းထဲကို ဘယ်တော့ ပြန်လည်ရောက်ရှိမယ်ဆိုတာ သေချာမပြောနိုင်သေးဘူးလို့သိရပါတယ်။

Zawgyi Version:
'Iron Girls 2' ဇာတ္ကား ႐ိုက္ကူးရင္း ဒဏ္ရာရရွိကာ ေဆး႐ုံတက္လိုက္ရတဲ့ ေတာင္ကိုရီးယား မင္းသမီး ဆိုလ္အင္အာ
ေရာင္နီ (NP News) - ဩဂုတ္ ၆
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ မင္းသမီး ဆိုလ္အင္အာဟာ tvN ရဲ႕ ဇာတ္လမ္းတြဲသစ္ 'Iron Girls 2’ အတြက္ ႐ိုက္ကူးေရး လုပ္ေနစဥ္ ေျခခ်င္းဝတ္ ဒဏ္ရာရရွိကာ ေဆး႐ုံတက္လိုက္ရတယ္လို႔ ၾသဂုတ္ ၅ ရက္က
သတင္းေတြအရ သိရပါတယ္။
ဆိုလ္ဟာ ဒဏ္ရာေၾကာင့္ ေဆး႐ုံခ်က္ခ်င္း တက္လိုက္ရၿပီး လမ္းေလွ်ာက္ဖို႔ အခက္အခဲရွိေပမယ့္ လက္ရွိေတာ့ ျပင္ပလူနာအျဖစ္ ကုသမႈခံယူေနရကာ အေျခအေနတည္ၿငိမ္ေနၿပီလို႔ သိရပါတယ္။ ဆိုလ္အင္အာ ဟာ Iron Girls Season 1 မွာ ကတည္းက ယူအီ၊ ပက္ခ္ဂ်ိဳဟြန္၊ ဂ်င္ဆိုယြန္း တို႔နဲ႔အတူ ဇာတ္ေကာင္တစ္ခု အေနနဲ႔ ပါဝင္ထားပါတယ္။ ဇာတ္ကားထဲမွာ ျပင္းထန္တဲ့ triathlon အေျပး စိန္ေခၚမႈေတြ ပါဝင္ၿပီး ဆိုလ္ရဲ႕ အားကစားစြမ္းရည္ေတြကိုလည္း ခ်ျပႏိုင္ခဲ့တဲ့ ဇာတ္ကားျဖစ္ကာ ပရိသတ္ ခ်ီးက်ဴးအားေပးမႈေတြ ရရွိထားပါ တယ္။
ယခုျဖစ္တဲ့ မေတာ္တဆမႈေၾကာင့္ ဆိုလ္ အတြက္ အၿပီးမသတ္ရေသးတဲ့ ႐ုပ္ရွင္႐ိုက္ကြင္းထဲကို ဘယ္ေတာ့ ျပန္လည္ေရာက္ရွိမယ္ဆိုတာ ေသခ်ာမေျပာႏိုင္ေသးဘူးလို႔သိရပါတယ္။

Related news

© 2021. All rights reserved.