2NE1 အဖွဲ့ဝင် ပက်ခ်ဘုန်း ကျန်းမာရေးအခြေအနေကြောင့် အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်နိုင်မှာ မဟုတ်

 232

ရောင်နီ (NP News) - သြဂုတ် ၇
2NE1 ရဲ့ အဖွဲ့ဝင် ပက်ခ်ဘုန်းဟာ ကျန်းမာရေးပြဿနာကြောင့် အပြည့်အဝ အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ဆရာဝန်ရဲ့အကြံပြုချက် အရ 2NE1 အဖွဲ့နဲ့ လှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ တရားဝင် ကြေညာခဲ့ပါတယ်။
သြဂုတ်လ ၆ ရက်နေ့မှာ သူမရဲ့ အေဂျင်စီ D-Nation Entertainment က ဒီအကြောင်းနဲ့ပတ်သက်ပြီး တရားဝင်ချန်နယ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်မှာ ပက်ခ်ဘုန်းအနေနဲ့ 2NE1 ရဲ့လာမည့်အစီအစဉ်တွေမှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်းနဲ့ သူမရဲ့ကျန်းမာရေးအတွက် လုံလောက်တဲ့ အနားယူမှုရှိဖို့ လိုအပ်တယ်လို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက အကြံပေးထားတာကြောင့် လေးလေးနက်နက်ဆွေးနွေးမှုတွေလုပ်ပြီး အခုလို ဆုံးဖြတ်ချက် ချခဲ့တာဖြစ်တယ်လို့ အေဂျင်စီက ဆိုပါတယ်။
ပက်ခ်ဘုန်းက အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေမှာ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ကျန် 2NE1 အဖွဲ့ဝင်တွေ ဖြစ်တဲ့ စန်ဒါရာပက်ခ်၊ CL နဲ့ မင်ဇီ တို့ကတော့ လာမယ့် စက်တင်ဘာလ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ ကျင်းပမယ့် Waterbomb Bali 2025 မှာ ဆက်လက်ပါဝင် ဖျော်ဖြေဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Zawgyi Version;
2NE1 အဖြဲ႕ဝင္ ပက္ခ္ဘုန္း က်န္းမာေရးအေျခအေနေၾကာင့္ အဖြဲ႕ရဲ႕ လုပ္ေဆာင္ခ်က္ေတြမွာ ပါဝင္ႏိုင္မွာ မဟုတ္
ေရာင္နီ (NP News) - ၾသဂုတ္ ၇
2NE1 ရဲ႕ အဖြဲ႕ဝင္ ပက္ခ္ဘုန္းဟာ က်န္းမာေရးျပႆနာေၾကာင့္ အျပည့္အဝ အနားယူဖို႔ လိုအပ္တယ္ဆိုတဲ့ ဆရာဝန္ရဲ႕အႀကံျပဳခ်က္ အရ 2NE1 အဖြဲ႕နဲ႔ လႈပ္ရွားမႈေတြမွာ ဆက္လက္ပါဝင္ႏိုင္ဦးမွာ မဟုတ္ဘူးလို႔ တရားဝင္ ေၾကညာခဲ့ပါတယ္။
ၾသဂုတ္လ ၆ ရက္ေန႔မွာ သူမရဲ႕ ေအဂ်င္စီ D-Nation Entertainment က ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး တရားဝင္ခ်န္နယ္ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။ ေၾကညာခ်က္မွာ ပက္ခ္ဘုန္းအေနနဲ႔ 2NE1 ရဲ႕လာမည့္အစီအစဥ္ေတြမွာ ပါဝင္ႏိုင္မွာ မဟုတ္ေၾကာင္းနဲ႔ သူမရဲ႕က်န္းမာေရးအတြက္ လုံေလာက္တဲ့ အနားယူမႈရွိဖို႔ လိုအပ္တယ္လို႔ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္သူေတြက အႀကံေပးထားတာေၾကာင့္ ေလးေလးနက္နက္ေဆြးေႏြးမႈေတြလုပ္ၿပီး အခုလို ဆုံးျဖတ္ခ်က္ ခ်ခဲ့တာျဖစ္တယ္လို႔ ေအဂ်င္စီက ဆိုပါတယ္။
ပက္ခ္ဘုန္းက အဖြဲ႕ရဲ႕လုပ္ေဆာင္ခ်က္ေတြမွာ ပါဝင္ႏိုင္မွာ မဟုတ္ေပမယ့္ က်န္ 2NE1 အဖြဲ႕ဝင္ေတြ ျဖစ္တဲ့ စန္ဒါရာပက္ခ္၊ CL နဲ႔ မင္ဇီ တို႔ကေတာ့ လာမယ့္ စက္တင္ဘာလ၊ အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီမွာ က်င္းပမယ့္ Waterbomb Bali 2025 မွာ ဆက္လက္ပါဝင္ ေဖ်ာ္ေျဖဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.