K pop အဖွဲ့ As One ရဲ့အဖွဲ့ဝင် လီမင် ကို နေအိမ်မှာ သေဆုံးနေလျက်တွေ့ရှိ

309
ရောင်နီ (NP News) - သြဂုတ် ၇
တောင်ကိုရီးယား အမျိုးသမီး K pop အဖွဲ့ "As One" ရဲ့အဖွဲ့ဝင် လီမင် (အမည်ရင်း လီမင်ယောင်း) ကို နေအိမ်မှာ သေဆုံးနေလျက်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၅ ရက်က သူမရဲ့နေအိမ်မှာ သေဆုံးနေလျက်တွေ့ရှိရတာဖြစ်ပြီး လတ်တလော အာဏာပိုင်တွေက သူမရဲ့ရုတ်တရက် ကွယ်လွန်မှုနဲ့ပတ်သက်တဲ့အခြေအနေတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သူမရဲ့အေဂျင်စီ BRANDNEW MUSIC ကတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာကြောင့် တရားလွန် ထင်ကြေးပေးမှုတွေမပြုလုပ်ဖို့ ဩဂုတ်လ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ လီမင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၆ နှစ် ရှိပြီပဲဖြစ်ပါတယ်။
ဂီတနယ်ပယ်ထဲက သတင်းရင်းမြစ်တွေရဲ့အဆိုအရ လီမင်ဟာ ကွယ်လွန်တဲ့သတင်း မကြားရသေးခင်ထိ တက်တက်ကြွကြွ နေထိုင်နေခဲ့တာဖြစ်ပြီး ဇွန်လကလည်း "Happy Birthday”တေးသီချင်းအသစ် ထုတ်ဝေခဲ့သေးတယ်လို့ သိရပါတယ်။
Zawgyi Version;
K pop အဖြဲ႕ As One ရဲ႕အဖြဲ႕ဝင္ လီမင္ ကို ေနအိမ္မွာ ေသဆုံးေနလ်က္ေတြ႕ရွိ
ေရာင္နီ (NP News) - ၾသဂုတ္ ၇
ေတာင္ကိုရီးယား အမ်ိဳးသမီး K pop အဖြဲ႕ "As One" ရဲ႕အဖြဲ႕ဝင္ လီမင္ (အမည္ရင္း လီမင္ေယာင္း) ကို ေနအိမ္မွာ ေသဆုံးေနလ်က္ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။
ၾသဂုတ္လ ၅ ရက္က သူမရဲ႕ေနအိမ္မွာ ေသဆုံးေနလ်က္ေတြ႕ရွိရတာျဖစ္ၿပီး လတ္တေလာ အာဏာပိုင္ေတြက သူမရဲ႕႐ုတ္တရက္ ကြယ္လြန္မႈနဲ႔ပတ္သက္တဲ့အေျခအေနေတြကို စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။ သူမရဲ႕ေအဂ်င္စီ BRANDNEW MUSIC ကေတာ့ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတာေၾကာင့္ တရားလြန္ ထင္ေၾကးေပးမႈေတြမျပဳလုပ္ဖို႔ ဩဂုတ္လ ၆ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ လီမင္ဟာ ကြယ္လြန္ခ်ိန္မွာ အသက္ ၄၆ ႏွစ္ ရွိၿပီပဲျဖစ္ပါတယ္။
ဂီတနယ္ပယ္ထဲက သတင္းရင္းျမစ္ေတြရဲ႕အဆိုအရ လီမင္ဟာ ကြယ္လြန္တဲ့သတင္း မၾကားရေသးခင္ထိ တက္တက္ႂကြႂကြ ေနထိုင္ေနခဲ့တာျဖစ္ၿပီး ဇြန္လကလည္း "Happy Birthday”ေတးသီခ်င္းအသစ္ ထုတ္ေဝခဲ့ေသးတယ္လို႔ သိရပါတယ္။