ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေကို အိန္ဒိယအစိုးရ ပြစ်တင်ရှုတ်ချ

 313

Pika(NP News)-ဩဂုတ်၇
ရုရှားရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး အိန္ဒိယအပေါ် အခွန်တိုးမြှင့်ကောက်ခံသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ခြိမ်းခြောက်မှုတွေကို အိန္ဒိယအာဏာရပါတီနဲ့ အဓိကအတိုက်အခံပါတီတို့က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။အမေရိကန်နဲ့အိန္ဒိယနိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေ မြင့်တက်လာမှုနဲ့အတူ ယခုလိုဖြစ်ရပ်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အိန္ဒိယသွင်းကုန်တွေအ‌ပေါ် အခွန်စည်းကြပ်မှု(၂၅)ရာခိုင်နှုန်းကို ပြီးခဲ့တဲ့ဇူလိုင်လမှာ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ပြင် ဒေါ်နယ်ထရမ့်ရဲ့ခြိမ်းခြောက်ပြောဆိုမှုတွေဟာ အိန္ဒိယလူမျိုးတွေရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ့်ကိုကိုယ်လေးစားမှုတွေကို ထိခိုက်စေတယ်လို့ အိန္ဒိယလွှတ်တော်အမတ် မာနစ်ရှ်တီဝါရီကပြောကြားခဲ့ပါတယ်။မာနစ်ရှ်တီဝါရီက”ဒီလိုအဆက်မပြတ်အနိုင်ကျင့်မှုတွေနဲ့ အထက်စီးဆန်မှုတွေကို ပြတ်ပြတ်သားသားပြစ်တင်ရှုတ်ချဖို့ အချိန်ကျလာပါပြီ။”လို့ပြောဆိုခဲ့ပါတယ်။ BJPပါတီဒုဥက္ကဋ္ဌ Baijayant Jay Pandaက”အမေရိကန်ရဲ့ရန်သူဖြစ်ရတာဟာ အန္တရာယ်ရှိပေမယ့် မိတ်ဆွေဖြစ်ရတာက အဲ့ဒီထက်ပိုပြီးဆိုးဝါးပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ေဒၚနယ္ထရမ့္ရဲ႕ ၿခိမ္းေျခာက္မႈေတြကို အိႏၵိယအစိုးရ ျပစ္တင္ရႈတ္ခ်
Pika(NP News)-ဩဂုတ္၇
႐ုရွားေရနံဝယ္ယူမႈနဲ႔ပတ္သက္ၿပီး အိႏၵိယအေပၚ အခြန္တိုးျမႇင့္ေကာက္ခံသြားမယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့တဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ၿခိမ္းေျခာက္မႈေတြကို အိႏၵိယအာဏာရပါတီနဲ႔ အဓိကအတိုက္အခံပါတီတို႔က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။အေမရိကန္နဲ႔အိႏၵိယႏိုင္ငံၾကား ကုန္သြယ္ေရးဆိုင္ရာတင္းမာမႈေတြ ျမင့္တက္လာမႈနဲ႔အတူ ယခုလိုျဖစ္ရပ္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ အိႏၵိယသြင္းကုန္ေတြအ‌ေပၚ အခြန္စည္းၾကပ္မႈ(၂၅)ရာခိုင္ႏႈန္းကို ၿပီးခဲ့တဲ့ဇူလိုင္လမွာ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။ဒါ့ျပင္ ေဒၚနယ္ထရမ့္ရဲ႕ၿခိမ္းေျခာက္ေျပာဆိုမႈေတြဟာ အိႏၵိယလူမ်ိဳးေတြရဲ႕ ဂုဏ္သိကၡာနဲ႔ ကိုယ့္ကိုကိုယ္ေလးစားမႈေတြကို ထိခိုက္ေစတယ္လို႔ အိႏၵိယလႊတ္ေတာ္အမတ္ မာနစ္ရွ္တီဝါရီကေျပာၾကားခဲ့ပါတယ္။မာနစ္ရွ္တီဝါရီက”ဒီလိုအဆက္မျပတ္အႏိုင္က်င့္မႈေတြနဲ႔ အထက္စီးဆန္မႈေတြကို ျပတ္ျပတ္သားသားျပစ္တင္ရႈတ္ခ်ဖို႔ အခ်ိန္က်လာပါၿပီ။”လို႔ေျပာဆိုခဲ့ပါတယ္။ BJPပါတီဒုဥကၠ႒ Baijayant Jay Pandaက”အေမရိကန္ရဲ႕ရန္သူျဖစ္ရတာဟာ အႏၲရာယ္ရွိေပမယ့္ မိတ္ေဆြျဖစ္ရတာက အဲ့ဒီထက္ပိုၿပီးဆိုးဝါးပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.