အာရှ-ပစိဖိတ်ဒေသမှာ ပူးတွဲကင်းလှည့်မှုတွေကို ရုရှားနဲ့တရုတ်တို့လုပ်ဆောင်သွားမယ်

131

Pika (NP News)-ဩဂုတ်၇
ရုရှားနဲ့တရုတ်တို့ရဲ့ ရေတပ်သင်္ဘောတွေဟာ အာရှ-ပစိဖိတ်ဒေသမှာ ပူးတွဲကင်းလှည့်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရုရှားပစိဖိတ်ရေတပ်ရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး Interfaxသတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။ရုရှားနဲ့တရုတ်ရေတပ်တို့ရဲ့ သင်္ဘောတွေဟာ ဂျပန်ပင်လယ်ပြင်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မကြာသေးခင်က လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုထုတ်ပြန်ကြေညာချက်အသစ်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ Interfaxသတင်းအေဂျင်စီက”ရုရှားရေတပ်နဲ့ တရုတ်ရေတပ်တို့ရဲ့ အဖွဲ့ဝင်တွေဟာ အာရှ-ပစိဖိတ်ဒေသမှာ ပူးတွဲကင်းလှည့်မှုတွေကို လုပ်ဆောင်ဖို့အတွက် အဖွဲ့သစ်တစ်ဖွဲ့ကို ဖွဲ့စည်းပါလိမ့်မယ်။”လို့ရေးသားဖော်ပြခဲ့ပါတယ်။ရုရှားနဲ့တရုတ်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို နိုင်ငံအများအပြားက အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့ပေမယ့်လည်း ရုရှားနဲ့တရုတ်တို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လက်ရှိအချိန်အထိ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရုရှားနဲ့တရုတ်ရေတပ်တို့ဟာ ဂျပန်ပင်လယ်ပြင်မှာ အမြောက်နဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ နျူကလီးယားရေငုပ်သင်္ဘောနှစ်စီးကို သင့်လျော်တဲ့ဒေသတွေမှာ ဖြန့်ကျက်ချထားဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ပြီးနောက် နှစ်ရက်အကြာမှာ ရုရှားနဲ့တရုတ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
အာရွ-ပစိဖိတ္ေဒသမွာ ပူးတြဲကင္းလွည့္မႈေတြကို ႐ုရွားနဲ႔တ႐ုတ္တို႔လုပ္ေဆာင္သြားမယ္
Pika (NP News)-ဩဂုတ္၇
႐ုရွားနဲ႔တ႐ုတ္တို႔ရဲ႕ ေရတပ္သေဘၤာေတြဟာ အာရွ-ပစိဖိတ္ေဒသမွာ ပူးတြဲကင္းလွည့္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ႐ုရွားပစိဖိတ္ေရတပ္ရဲ႕ ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး Interfaxသတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။႐ုရွားနဲ႔တ႐ုတ္ေရတပ္တို႔ရဲ႕ သေဘၤာေတြဟာ ဂ်ပန္ပင္လယ္ျပင္မွာ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို မၾကာေသးခင္က လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုထုတ္ျပန္ေၾကညာခ်က္အသစ္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။ Interfaxသတင္းေအဂ်င္စီက”႐ုရွားေရတပ္နဲ႔ တ႐ုတ္ေရတပ္တို႔ရဲ႕ အဖြဲ႕ဝင္ေတြဟာ အာရွ-ပစိဖိတ္ေဒသမွာ ပူးတြဲကင္းလွည့္မႈေတြကို လုပ္ေဆာင္ဖို႔အတြက္ အဖြဲ႕သစ္တစ္ဖြဲ႕ကို ဖြဲ႕စည္းပါလိမ့္မယ္။”လို႔ေရးသားေဖာ္ျပခဲ့ပါတယ္။႐ုရွားနဲ႔တ႐ုတ္ၾကား ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ႏိုင္ငံအမ်ားအျပားက အႀကိမ္ႀကိမ္ ျပစ္တင္ရႈတ္ခ်ခဲ့ေပမယ့္လည္း ႐ုရွားနဲ႔တ႐ုတ္တို႔ဟာ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို လက္ရွိအခ်ိန္အထိ ဆက္လက္လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ႐ုရွားနဲ႔တ႐ုတ္ေရတပ္တို႔ဟာ ဂ်ပန္ပင္လယ္ျပင္မွာ အေျမာက္နဲ႔ ေရငုပ္သေဘၤာတိုက္ဖ်က္ေရးစစ္ေရးေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ န်ဴကလီးယားေရငုပ္သေဘၤာႏွစ္စီးကို သင့္ေလ်ာ္တဲ့ေဒသေတြမွာ ျဖန႔္က်က္ခ်ထားဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့ၿပီးေနာက္ ႏွစ္ရက္အၾကာမွာ ႐ုရွားနဲ႔တ႐ုတ္တို႔ရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။