“ BGF လစာမယူတာက ခွဲထွက်ဖို့မဟုတ်ဘူး၊ ပုန်ကန်ဖို့မဟုတ်ဘူး”

 1024

Pearl (NP News)

နယ်ခြားစောင့်တပ် (BGF) က ၎င်းတို့၏အဖွဲ့ကို ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် အသွင်ပြောင်းလဲသွားရန် ပြီးခဲ့သည့်ရက်ပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ BGF မှ KNA အဖြစ် အသွင်ပြောင်းမည့် KNA အဖွဲ့အနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးရေးနှင့် ငြိမ်း ချမ်းရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပြီး မည်သည့်ကာလတွင် အသွင်ပြောင်းမည်ဖြစ်ကြောင်း အတည်မပြုရသေးကြောင်းလည်း သိရသည်။ ထို့ကြောင့်အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ BGFမှ တာဝန်ရှိသူ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်ထံ NP News မှဆက်သွယ်မေးမြန်းထားသည်များကို ကောက် နုတ်ဖော်ပြအပ်ပါသည်။

မေး - ကရင်ပြည်နယ်မှာရှိတဲ့ BGF က ဘာအတွက် ရပ်တည်နေတဲ့အဖွဲ့အစည်းလို့ပြောလို့ရလဲ။
ဖြေ - အဓိကတော့ ကျွန်တော်တို့ ကရင်ပြည်နယ်၊ ကရင်လူမျိုးတွေနဲ့ နောက် ကရင်ပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေကို ကာကွယ်ပေးဖို့ပေါ့။
မေး - အစ်ကိုတို့ကာကွယ်ပေးတဲ့အပိုင်းမှာကော ဘယ်လောက်ထိ ကာကွယ်ပေးနိုင်လဲ။
ဖြေ - လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ကရင် ပြည်နယ်မှာက လူထုရဲ့အနေအထားကတော့ ကျွန် တော်တို့ (၇၀)ရာခိုင်နှုန်းလောက် လုံလုံခြုံခြုံနဲ့ ဘေး ကင်းအောင်တော့ တတ်နိုင်သလောက် ကာကွယ် နိုင်ပါတယ်။
မေး - အဲဒီတော့ ကရင်ပြည်နယ်မှာက တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေဆဲပဲပေါ့။ ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ် နေဆဲပဲ။ တပ်မတော်စခန်းတွေကလည်း စွန့်ခွာနေရ ဆဲပဲပေါ့။ ဆိုတော့ နယ်မြေမတည်ငြိမ်မှုတွေ ဆက်ဖြစ်နေတယ်ဆိုတော့ ဒီအခန်းကဏ္ဍမှာကော BGF က ဘယ်လိုပါဝင်ပတ်သက်လဲ။
ဖြေ - ကျွန်‌တော်တို့တာဝန်ယူထားရတဲ့နေရာတွေကကျတော့ ပြဿနာကြီးကြီးမားမားမရှိဘူးလေ။ ကျွန် တော်တို့အုပ်ချုပ်မှုဝေးတဲ့နေရာတို့ဘာတို့မှာ ပြဿနာဖြစ်တာကတော့ လက်လှမ်းမမီတာတွေ ရှိတာပေါ့ နော်။
မေး - BGF က ဘယ်အပိုင်း ဘယ်နေရာကနေ ဘယ်အပိုင်းထိကိုတာဝန်ယူထားလဲ။
ဖြေ - ကျွန်တော်တို့ မြဝတီကို တာဝန်ယူထားတာ ရှိတယ်။ ဟိုဘက်အောက်မှာဆိုလည်း ဘားအံဘက်တို့ လှိုင်းဘွဲ့ဘက်တို့ ကျွန်တော်တို့ယူထားတဲ့ဘက်တွေ ဆို ဘာပြဿနာမှမရှိဘူး။ ကျွန်တော်တို့ လက်လွှတ် လိုက်တာတော့ အပေါ်လမ်းက ထောက်(၁၃)တို့ လက်လွှတ်လိုက်ရတယ်။
မေး- ဆိုတော့ BGF ရှိတဲ့နေရာကို KNU၊ KNLA တို့ DKBA တို့လာပြီး အနှောင့်အယှက်ပေးနိုင်စွမ်း မရှိဘူး ပေါ့။ အဲဒီလိုပြောလို့ရလား။
ဖြေ - အဓိကက ဆိုလိုချင်တာက ကိုကျော်မျိုးမင်း ပြောသလိုပေါ့ နိုင်ငံတော်ဘက်မှာလည်း တွေ့ဆုံဆွေး နွေးရတဲ့ အပိုင်းတွေရှိသလို ကျွန်တော်တို့လည်း ဒီဘက်ခြမ်းမှာ စစ်မီးမကူးအောင်လုပ်ဆောင်ရတဲ့ အပိုင်းတွေလည်းရှိတာပေါ့နော်။ အဲဒါကြောင့်မို့ ကိုယ် တာဝန်ယူထားတဲ့နေရာမှာ သူ့စည်းကိုယ့်စည်းနဲ့ ရပ်တည်နေရတာပေါ့။
မေး - ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာက သတင်းတစ်ခုထွက်တယ်။ ပြီးခဲ့တဲ့တစ်နှစ်လောက်ကလည်း သတင်း တစ်ခု ထွက်တာရှိတယ်။ BGF က KNA အဖြစ်နဲ့ အသွင်ပြောင်းမယ်ဆိုပြီး သတင်းထွက်ခဲ့တယ်။ အဲဒါ ကကော ဘယ်လိုပုံစံနဲ့ဖြစ်တည်ချင်တဲ့သဘောမျိုးလဲပေါ့။
ဖြေ - အဲဒါကတော့ ကျွန်တော်တို့က လက်ရှိ လစာ မယူခဲ့တာလည်း ကြာပြီလေ။ ဒါပေမဲ့ မယူခဲ့တာက ပုန်ကန်ဖို့မဟုတ်ဘူး။ ခွဲထွက်ဖို့မဟုတ်ဘူး။ ရှင်းအောင် ရှင်းပြချင်တယ်ပေါ့နော်။ ပုန်ကန်ဖို့မဟုတ်ဘူး။ ကျွန် တော်တို့က အရင် DKBA ဘဝတုန်းကလာတဲ့ပုံစံမျိုးပဲ။ သို့သော် ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက် တွေ အတူတကွလက်တွဲပြီးတော့သွားမယ်။ လက်ရှိ ဒီမှာရှိနေတဲ့ ကိစ္စဝိစ္စတွေအကုန်လုံးက မူလ ကျွန်တော်တို့ DKBA တုန်းကရှိနေတဲ့ပုံစံအတိုင်းပဲ လက်တွဲပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေလုပ်မယ်။ ဒေသ အေးချမ်းရေးတွေလုပ်မယ်။ အဓိက ငြိမ်းချမ်းရေးကို နံပါတ်တစ် ဦးတည်ပြီးတော့ ဒါကိုရည်ရွယ်ပြီးတော့ ပြောင်းတာပေါ့နော်။
မေး - ဆိုတော့ KNA ကိုဖွဲ့စည်းမှာက ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီး ဖွဲ့စည်းမယ့်သ‌ဘောပေါ့။ အဲဒီလို ကောက်ချက်ချရမှာပေါ့။
ဖြေ - ဟုတ်ကဲ့။ ငြိမ်းချမ်းရေးကိုဦးတည်ပြီးတော့ သွားတာပေါ့။ မဟုတ်ရင် အချင်းချင်း ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေထပ်ဖြစ်ပြီးတော့ ဒေသခံပြည်သူတွေပဲ ပိုပြီးတော့မှ ထိခိုက်နစ်နာရတယ်။ အဲဒါကို အကြောင်းပြုပြီးတော့ အဓိကကတော့ ငြိမ်းချမ်းရေးကို ဦးတည် ပြီးသွားဖို့ပဲ။ နောက်ပြီးတော့ ကျွန်‌တော် တို့ မရှင်းပြရ တဲ့အချက်က မြိုင်ကြီးငူမှာ လူကြီးတွေ ဆွေးနွေးတယ် ဆိုတာကလည်း ဒါကလည်း ခြေ လှမ်းလေးတွေပေါ့။ ပထမခြေလှမ်း၊ ဒုတိယခြေလှမ်းလေးတွေ သွားနေတာပေါ့။ ရှေ့မှာလည်း အဆင့်၊ အဆင့်တွေ အများကြီးရှိ သေးတယ်ပေါ့။ ဘာပဲပြောပြော ကျွန်‌တော်တို့လေးစား ယုံကြည်ရတဲ့ တကယ့် ဆရာတော်ကြီးတွေရှိတယ်။ ‌နောက် ဘာသာရေးပိုင်း လေးစားအားထားရတဲ့ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ လူ ပုဂ္ဂိုလ်တွေရှိတယ်။ သူတို့ဆီက အကြံဉာဏ်နဲ့ အရင်ဆုံး ပဏာမ ချပြတာရှိတယ်ပေါ့။ ကျွန်တော်တို့က တစ်ဖက်ကလည်း နိုင်ငံတော်ဘက် ကိုလည်း ရှင်းပြပြီးတော့ တင်ပြရမယ့်အပိုင်းတွေလည်း ကျွန်တော် တို့က အစီအစဉ်တွေရှိပြီးသား။
မေး - အဲဒီတော့ KNA လို့ အသွင်ကူးပြောင်းတဲ့ အခါကျရင် BGF ကဘာဖြစ်သွားမှာလဲ။ BGF ဆိုတာက။
ဖြေ - KNA လို့အသွင်ကူးပြောင်းရင် လက်ရှိက BGF ကတော့ ကျွန်တော်တို့က လစာမစားရတဲ့အချိန် မှာကတည်းက ဖွဲ့စည်းပုံကလည်း KNA အနေနဲ့ပဲ သွားရတော့မှာ‌ပေါ့။ ဒါကတော့ တစ်ဦးတစ်ယောက် အမြင်ပဲပြောတာနော်။ ကျွန်တော်တို့ဆီမှာက လက်ရှိ က KNA နဲ့ပတ်သက်ပြီးတော့ အထက်ကနေ ကျွန် တော့်ကို တိတိကျကျ ညွှန်ကြားချက်မရှိတဲ့အတွက် တိတိကျကျဖြေလို့မရဘူး။ တစ်ဦးတစ်ယောက်ရဲ့အ မြင်ကိုပြောပြတာပေါ့။ BGF က ရှိချင်လည်းရှိမှာပေါ့။ မရှိချင်လည်းမရှိတော့ဘူးပေါ့။ ဒါပေမဲ့ လက်ရှိ KNA ဖွဲ့စည်းပုံနဲ့ သွားနေတာကြာပြီ နာမည်မပြောင်းသေးတာပဲရှိတာပေါ့။
မေး - KNA ကတော့ နိုင်ငံတော်က ခွဲမထွက်ကြောင်း ဆိုတာမျိုးကို Highlight လုပ်ထားတာတွေ့ရတယ်။ ဆိုတော့ KNA က နိုင်ငံတော်က ခွဲမထွက်ကြောင်းဆိုရင် ကရင်ပြည်နယ်ရဲ့ တခြားလက်နက်ကိုင်တွေရဲ့ သဘောထားကကော ဘာရှိနေလို့လဲ။
ဖြေ - ကျွန်‌တော်တို့ကတော့ အဲဒါတော့ အချိန်ယူရမှာပေါ့။ ဘယ်အရာမဆို တစ်မအေတည်းမွေးထားတဲ့ မိသားစုတောင်မှ တစ်ခါတလေကျရင် ကိစ္စကြီးကြီး မားမားဆို အချိန်ယူပြီးဆွေးနွေးရတာလေ။ ကျွန် တော်တို့မှာလည်း နံပါတ်တစ် ငြိမ်းချမ်းအောင် အရင်လုပ်ပြီးမှ တစ်ယောက်နဲ့တစ်ယောက် သဘောထား တွေ ပြန်လည်ညှိနှိုင်းဆောင်ရွက်ရမယ့်အပိုင်းတွေတော့ ရှိ‌သေးတာပေါ့။ ဒါကတော့ လောလောဆယ် အတိအကျတော့ ပြောရဆိုရခက်တာပေါ့။
မေး - အဲဒီတော့ KNA လို့အသွင်ပြောင်းရင် နောက်တစ်ခုက ကျွန်တော်စိတ်ဝင်စားတာက KNA က BGF တစ်ဖွဲ့လုံး အကုန်လုံး BGF မှာလည်း အဖွဲ့တွေအများကြီးရှိတာကိုး။ အလုံးစုံပြောင်းလဲဖို့လား။ ဒါမှ မဟုတ် BGF ထဲမှာ BGF အဖြစ် နေချင်ခဲ့တဲ့လူတွေရှိတယ်ဆိုတဲ့သတင်းတွေကလည်း ကြားနေရတယ် ဆိုတော့ တစ်ဖွဲ့လုံးပြောင်းတာလား။ ကျန်နေခဲ့တဲ့လူရှိလား။
ဖြေ - အဲဒါကတော့ ဖြစ်ပေါ်တဲ့အချိန်ကျရင်တော့ အဖြေတစ်ခုထွက်လာမှာပေါ့။
မေး - ဘယ်အချိန်မှာ KNA အဖြစ် အပြီးတိုင် အသွင်ပြောင်းလဲဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ - လောလောဆယ်တော့ တိတိကျကျတော့ အတည်မပြုရသေးဘူး။ အဲဒါကြောင့်မို့ သတင်းမီဒီယာ တချို့တွေလည်း ကျွန်တော့်ကို အများကြီးမေးလာတာ ရှိတယ်။ ကျွန်တော်က အထက်ကနေ ဒါကို တရားဝင် စေခိုင်းတာမရှိတော့ ဒါနဲ့ပတ်သက်ပြီးတော့ တိကျတဲ့အဖြေတော့ ပေးလို့မရဘူး။
မေး - အဲဒီတော့ BGF ကနေ KNA အဖြစ်နဲ့ အသွင်ပြောင်းဖို့ကိစ္စကို အဓိက တာဝန်အရှိဆုံး ဆုံးဖြတ်ပိုင် ခွင့် အရှိဆုံးသူက ဘယ်သူဖြစ်မလဲ။
ဖြေ - အဓိကတော့ ကျွန်တော်တို့ဆီမှာ တစ်ဦးတစ်ယောက်တည်းတော့ မဆုံးဖြတ်ဘူး။ အများနဲ့ပဲဆုံး ဖြတ်နေတာတော့ ယနေ့အချိန်ထိတွေ့နေရတယ်။ ဘာပဲလုပ်လုပ် အတွင်း‌ရေးမှူးကလည်း သူတစ် ယောက်တည်းမဆုံးဖြတ်ဘူး။ အပေါ်မှာ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ ရှိတယ်။ ပြီးရင် ဗျူဟာမှူးတို့ တပ်ရင်းမှူးတို့ ကနေ အောက်ခြေအထိပေါ့ အနည်းဆုံး ဒုတပ်ရင်းမှူး အထိကိုဆုံးဖြတ်ပြီးမှ ဆုံးဖြတ်ရတဲ့အပိုင်းတော့ရှိ တယ်။
မေး - တစ်ဖက်မှာ KNU ဆိုတာလည်းရှိတယ်။ နောက်တစ်ခါ DKBA ဆိုတာလည်း ရှိတယ်။ KNU/ KNLA-PC ဆိုတာလည်းရှိတယ်။ ဆိုတော့ ကရင် ပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေသိပ်များတဲ့ကြား ထဲက BGF ဆိုတာကလည်း နိုင်ငံတော်နဲ့ ပူးပေါင်းနေတဲ့အဖွဲ့အစည်းအဖြစ်ရှိတယ်။ ဒီလောက်များနေတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ အစ်ကိုတို့က ကရင် ပြည်နယ်ငြိမ်းချမ်းရေးအတွက်ဆိုပြီး လုပ်ချင်တယ် ပြောနေတယ်။ တကယ်ကော ဖြစ်နိုင်ပါ့မလား။
ဖြေ - အေးချမ်းတည်ငြိမ်ဖို့အလုံးစုံဖြစ်ဖို့က နည်းနည်း စိတ်ရှည်သည်းခံရမယ်လို့ ယူဆတယ်။ အဓိက ကျွန်တော်တို့ရည်ရွယ်ချက်က ရိုးရိုးရှင်းရှင်းလေးပဲ။ ကျွန်တော်တို့ဒေသခံတွေ ထပ်ပြီး စစ်ဘေးဒုက္ခသည် တွေမဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်‌တော်တို့ ဒေသကိုလည်း ဒီထက်ပိုပြီးမပျက်စီးစေချင်ဘူး။ ဒီရည်ရွယ်ချက်နဲ့ ကျွန်တော်တို့က အကောင်းဆုံး အတတ်နိုင်ဆုံး အပင်ပန်းခံပြီး ကြိုးစားသွားမယ်လို့ဆုံး ဖြတ်ထားတာပေါ့။
မေး - အဲဒီမှာ တစ်ခုစိတ်ဝင်စားတာရှိတယ်။ BGF က နိုင်ငံတော်က လစာမယူတော့တာ လစာမစား တော့တာ ကြာပြီလို့ အကြမ်းဖျင်းသိရတယ်၊ ကြားရတယ်ပေါ့နော်။ ဆိုတော့ ဘယ်လောက်လောက်ကြာ သွားခဲ့ပြီလဲ လစာမယူတော့တာ။
ဖြေ -ကျွန်တော်တို့ တစ်နှစ်လောက်ရှိပြီထင်တယ်။ သေချာတော့ ရက်ပြန်ကြည့်မှရမှာ။
မေး - အကြမ်းဖျင်းဆိုလည်းရပါတယ်။ တစ်နှစ်ဆိုလည်း တစ်နှစ်ကျော်ပေါ့။ နမူနာပေါ့။ ထားပါတော့။ အဲဒီတစ်နှစ်ကျော်အတွင်းမှာ နိုင်ငံတော်တို့ ဘာတို့ဆီကလည်းမယူဘဲ တစ်နှစ်ကျော်အတွင်းမှာ BGF က ဘယ်ကငွေနဲ့ ရပ်တည်လဲ။
ဖြေ - ကျွန်တော်တို့က ဒီလိုပဲပေါ့။ DKBA ဘဝတည်းက ဒီလိုမျိုးပဲ တပ်ဖွဲ့တွေကို မျိုးစုံရှာကြံပြီးတော့ ကျွေးမွေးခဲ့တာပဲလေ။ အခုလည်းဒီလိုပဲ။ တစ်ခုတော့ ရှိတာပေါ့။ ပြည်သူ့ဆီကအခွန်အခတော့ လုံးဝ မယူခဲ့ဘူး။ အခုထိပေါ့နော်။ အကောင်းဆုံးတော့ ဖြေရှင်းရတာပေါ့။ စီးပွားရေး တာဝန်ခံလူကြီးတွေရှိ တယ်။ အလုပ်ကတော့မျိုးစုံလုပ်ရတာပေါ့။ တစ်ခုတော့ရှိ တယ်။ မူးယစ်ဆေးဝါးမလုပ်ဘူး။ ကျွန်တော်တို့ နိုင်ငံတော်ဆန့်ကျင်တဲ့အလုပ်တွေ မလုပ်ဘူး။
မေး - ဆိုတော့ BGF က တစ်လျှောက်လုံးမှာ လက်နက်တပ်ဆင်မှုအင်အားလည်း တော်တော်ကောင်း ကောင်းရှိခဲ့တယ်။ နောက်တစ်ခါ တခြားသော ခေါင်းဆောင်ပိုင်းတွေမှာလည်း BGF က တော်တော်လေး ကို အဆင်ပြေချော့မွေ့တာသွားတွေ့ရတယ်။ ဆိုတော့ BGF က တစ်ချိန်တုန်းက နိုင်ငံတော်ရဲ့ အထောက်အပံ့တစ်ခုတည်းကိုပဲ ရယူထားတာလား။ တခြားစီးပွားရေးကော ဘာလုပ်လဲ။
ဖြေ - ခုနကပြောသလိုပဲ ။ ကျွန်တော်တို့က DKBA ဘဝတည်းက လက်ငုတ် စီးပွားရေးတွေ မျိုးစုံရှိတယ်။ အဲဒီမှာမှ လုံးဝအာမခံပြီးပြောနိုင်တာက မူးယစ်ဆေး ဝါးလုံးဝမလုပ်ဘူး။ ဒါကတော့ ပြတ်ပြတ်သားသား ကို ပြောရဲတယ်။ တခြားတခြားသော စီးပွားရေးတွေက အများကြီးပေါ့။ အမည်တွေက အများကြီးပေါ့။ ကျွန်တော်တို့က ဒီလိုမျိုး ရှာကြံပြီးလုပ်ရတာ။ မြင်တဲ့အတိုင်းပဲ။ အဖွဲ့အစည်းတိုင်း အဖွဲ့အစည်းတိုင်းက တော့ ဒီလိုပဲ မျိုးစုံရုန်းကန်ရပ်တည်ရတာပေါ့နော်။ လက်နက်ကိုင်အကုန်လုံးကိုမေးကြည့်ရင် သူ့ဟာနဲ့ သူ ရုန်းကန်နေရတာပေါ့။
မေး - BGF က ဝန်ထမ်းတွေတော်တော်များများ လစာပေးထားနိုင်တယ်လို့လည်း ကြားတယ်။ သူ့တပ် ဖွဲ့အင်အားကလည်း သောင်းဂဏန်းလောက်ရှိတယ်လို့ ကြားတယ်။ အဲဒီအကုန်လုံးကို လစာပေးထားနိုင် ဖို့ သူတို့ကို လက်နက်တပ်ဆင်ဖို့ အဝတ်အစားဆင်ယင်ဖို့ နေစရာထိုင်စရာစီစဉ်ဖို့ဆိုတာက BGF က လုံ လောက်တဲ့ဝင်ငွေ တစ်ခုရှိနေဖို့လိုတာပေါ့လေ။ ဒါကြောင့်မို့လို့ အစ်ကိုတို့ အဲဒါကို တော်တော်ရုန်းကန်ရ လား။
ဖြေ - ရုန်းကန်ရတာတော့မျိုးစုံပေါ့လေ။ ကျွန်တော်တို့မှာလည်း စီးပွားရေးတာဝန်ခံအသီးသီးထားရတာ ပေါ့လေ။ လက်ရှိတော့ ဘဏ္ဍာရေးပိုင်းဆိုင်ရာအရတော့ ကျွန်တော်တို့အထက်ဌာနတွေကပဲ ကွပ်ကဲတာ ဆိုတော့ သူတို့ပဲပိုသိမှာပေါ့နော်။
မေး - BGF မှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေရော ရွှေတူးဖော်ရေးလုပ်ငန်းတွေရော လုပ်နေတာရှိလား။
ဖြေ - အရင်ကရှိတယ်။ ဒီနောက်ပိုင်းတော့ ကျွန်တော်တို့ပိတ်ထားတယ်။ အရင်ကတော့ တူးတယ်လေ။ အဲဒါကတော့ တရားဝင်ပေါ့နော်။ နိုင်ငံတော်က တရားဝင် အဲဒါတူးတာရှိတယ်။ နောက်ပိုင်းကျတော့ ရပ်ထားတာရှိတယ်။ သတ္တုတူးဖော်ရေးကတော့ ကျွန် တော်တို့စိုးမိုးနယ်မြေမဟုတ်တော့ သွားရတာ မလွယ်ဘူး။ အဲဒါကြောင့် မလုပ်ဖြစ်တာရှိတာ။
မေး - ပြီးခဲ့တဲ့ကာလတစ်လျှောက်မှာ လွန်ခဲ့တဲ့ (၆) လအတွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တာကတော့ BGF နဲ့ ကျားဖျန့်ကိစ္စပေါ့။ ဒါအကြီးအကျယ်ဖြစ်ခဲ့ တယ်။ ကမ္ဘာအသိပေါ့နော်။ ဆိုတော့ BGF နဲ့ ကျား ဖျန့်ဆိုတာနဲ့ပတ်သက်ရင်ကော ဘယ်လိုမျိုးရှင်းပြချင်တာရှိမလဲ။ BGF နဲ့ကျားဖျန့်တွဲသလိုမျိုး တစ်ကမ္ဘာ လုံးကထင်သွားကြတယ်။
ဖြေ - စွပ်စွဲတာကတော့ စွပ်စွဲဖို့လွယ်တာပေါ့လေ။ ကျားဖျန့်ကတော့ ကျွန်တော်တို့ တစ်နေရာတည်းမှာ လားလို့မေးခွန်းမေးစရာရှိတယ်။ ကျွန်တော်တို့က လက်ညှိုးလိုက်မထိုးချင်ဘူးပေါ့‌နော်။ ကျွန်‌တော်တို့ က မြန်မာနိုင်ငံမှာလည်း ‌တော်တော်များများရှိတယ်။ ထားပါ ဒါကတော့ သူများလုပ်တဲ့အလုပ်ပေါ့လေ။ ကျန် တာကတော့ သေချာတာကတော့ ကျွန်တော်တို့ တစ်ဖွဲ့တည်းကိုပဲ လက်ညှိုးထိုးခံရတဲ့ပုံစံဖြစ်နေတာပေါ့။ ဘယ်လိုပြောမလဲဆိုတော့ ကျားဖျန့်က ထိုင်းမှာဆိုလည်း ခဏ ခဏ ဖမ်းမိတာတွေရှိတယ်ပေါ့။ သူ့ ဘာသာလုပ်နေကြတာပေါ့။ ဒါကို ကျွန်‌တော်တို့က မင်းတို့လိမ်နေ ပါလား သေချာလုပ် ငါတို့စိတ်ပူတယ် မရှိဘူး။ ကျွန်တော်တို့ရှေ့မှာတော့ လုပ်လို့မရဘူးပေါ့ လေဆိုလို ချင်တာတော့။ အဓိကကတော့ သူတို့ဘာသာ တစ်မျိုးတစ်ဖုံနဲ့လေ လုပ်ရင်လုပ်မယ်။ ကျွန်တော်တို့ရှေ့ မှာတော့ တရားဝင် ဟိုတယ်လုပ်ငန်း၊ KTV လုပ်ငန်းတွေ ဒီလိုလုပ်ငန်းတွေနဲ့ပဲ ရပ်တည်လို့ရမယ်။ အခု ကျားဖျန့်ကလည်း ရန်ကုန်လိုမြို့ကြီးမှာလည်း ရှိတာပဲ။ ဒါ ကျွန်တော်ကြားသိသလောက်နော်။ ကျွန်‌ တော်ပြောပြတာ။ လူ (၄)၊ (၅)၊ (၆)ယောက်စုလိုက် ရင် ဒါကျားဖျန့်တစ်ခုဖြစ်တာပဲလေ။ ဘယ်သူ့ကိုမှ လက်ညှိုးထိုးတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ပဲအထိုးခံနေရတယ်ဆိုတာ ပြောပြတာ။ အဲဒါလေးပါပဲ။
မေး - ဟုတ်ကဲ့ ကျားဖျန့်နဲ့ပတ်သက်ရင် BGF ကို တံဆိပ်ကပ်လိုက်တာတွေရှိတယ်ပေါ့နော်။ အဲဒီတော့ BGF က ကိုယ့်ကပ်ထားတဲ့တံဆိပ်ကို ဘယ်လောက် ရာခိုင်နှုန်းလောက် ခွာချနိုင်ခဲ့ပြီလဲ။
ဖြေ - ကျွန်တော်တို့ကတော့ အဓိကကတော့ ပြောရမယ်ဆိုရင် ရွှေကုက္ကိုကိုပဲ ဦးတည်ပြီးပြောရမှာပေါ့ နော်။ ကျွန်‌တော်က အတွင်းရေးမှူးရဲ့ တိုက်ရိုက်ညွှန် ကြားချက်နဲ့အလုပ်လုပ်ရတာ။ ရွှေကုက္ကိုမှာတော့ ကျားဖျန့်က (၇၀)ရာခိုင်နှုန်းလောက်တော့ လျှော့ချလိုက်နိုင်ပြီ။ ကျန်တာကိုလည်း အတွင်း‌ရေးမှူးက ဖြည်းဖြည်းချင်းဆက်လုပ်နေတယ်။ အဲဒီမှာ နိုင်ငံ တော်ကိုတင်ပြပြီးတော့ စက်မှုလက်မှုနဲ့ အစားထိုးဖို့ အတွက်ကို အချိန်ယူပြီးတော့ ပြင်ဆင်နေတာပေါ့။
မေး - ရွှေကုက္ကိုထဲမှာ ကျားဖျန့်နဲ့ပတ်သက်ပြီးတော့ လက်ရှိနောက်ဆုံးအချိန်ထိ ဖမ်းဆီးရမိတဲ့ လူကုန် ကူး ခံရသူတွေ နောက်တစ်ခါ ကျားဖျန့်ဂိုဏ်းခေါင်းဆောင်လို့ယူဆရသူတွေ။ အဲဒီလို အချိုးအစားခွဲပြောဖို့ ဆို ဘယ်လောက်လောက်ရှိလဲ။
ဖြေ - ကျွန်တော်တို့က လက်ရှိက အားလုံး (၉၀ဝဝ)ကျော်ရှိပြီ။ အခုလည်းတဖွဲဖွဲပဲ။ အရင်က (၇၁၄၃)ဦးနဲ့ ပိတ်ထားတာ။ ပိတ်ထားပြီးတော့ ကြားကာလမှာ (၂၀ဝဝ)ကျော်လောက်ထပ်မိတာ။ ကြားထဲမှာ အလုပ် လုပ်နေတာ ဖော်ပြတဲ့ကိန်းတစ်ခုပေါ့။ အခုလည်း တောက်လျှောက်ဝင်တယ်။ ကျွန်တော်တို့ကတော့ တောက်လျှောက်ဖော်ထုတ်တယ်။ ရသလောက်ဆွဲ ထုတ် ဆွဲထုတ်။ အဲဒီလိုမျိုးပေါ့။ အချင်းချင်းကြားမှာ လည်း ပွတ်တိုက်မှုမဖြစ်အောင်လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ရတဲ့အပိုင်းတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ တစ်ခုရှိတာတော့ အချိန်အတိုင်းအတာတစ်ခုမှာ တော့ ခုနကလို သတ်မှတ်ထားတဲ့အချိန်အတိုင်းအတာ တစ်ခုမှာတော့ အားလုံး Complete ဖြစ်သွားမယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။
မေး - ကျားဖျန့်ရဲ့ခေါင်းဆောင်လို့ယူဆရတဲ့လူတွေ ကော ဘယ်လောက်လောက်ဖမ်းမိပြီးတော့ ဘယ် လောက်လောက်ကို ပြန်လွှဲပြီးသွားပြီလဲ။
ဖြေ - ဒီမှာက ကျွန်တော်အရိုးသားဆုံးပြောရရင် ခေါင်းဆောင်ဆိုတဲ့သူဌေးတွေက သူတို့က ကျွန်တော် တို့လို နယ်သေးသေးလေးမှာမနေဘူး။ သူတို့က ဇိမ်ခံ ကောင်းတဲ့မြို့လိုနေရာမျိုးတွေ နိုင်ငံခြားပေါ့နော်။ သူ တို့ သွားရလာရလွယ်ကူတဲ့နေရာမျိုးတွေမှာနေတာ။ ကျွန်တော်တို့ဆီမှာနေရင် သောင်ရင်းမြစ်ကို ကူး ရမယ်။ သူတို့အတွက်မလုံခြုံဘူး။ အငယ်လေးတွေက တော့ (၈)ယောက်အထက် ထိန်းသိမ်းထားတာရှိ တယ်။
မေး - အဲဒါတွေကို ပြန်လွှဲပေးဖို့ကော ဘယ်လောက်လောက် ဘယ်လိုလွှဲပေးလဲ။
ဖြေ - အခုကျွန်တော်တို့က အချက်အလက်နဲ့ ဒါက သိတယ်လေ။ ဥပမာဆိုရင် သူခိုးတစ်ယောက်မိတယ် ပေါ့။ မိတော့ ကျွန်တော်တို့ကသိထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့က G to G အပ်တဲ့အခါ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုအပ်ရမှာ။ ရဲတပ်ဖွဲ့ကလည်း သူတို့လုပ်ထုံးလုပ်နည်းတွေအရ စစ်ဆေးရမယ်။ စစ် ဆေးရင် သူခိုးက ရဲတပ်ဖွဲ့ဆီရောက်သွားရင် သိတယ်လေ။ နိုင်ငံခြားသားဖြစ်တဲ့အတွက်ကြောင့် သူရဲ့ သက်ဆိုင်ရာနိုင်ငံမှာအမှုရှိတာ။ ဆိုတော့ ကျွန်တော်တို့က ဘာပြန်လုပ်ရလဲဆိုတော့ ရဲတပ်ဖွဲ့ကို အပ်ပြီး ရင် ပြည်နှင်စာရင်းထဲထည့်ထားရတဲ့အနေအထားမျိုးရှိတယ်။ ဒါပေမဲ့ ဟိုမှာတော့ မာကင်ပေးထားပြီး သား။ အဲဒီလို မျိုးတော့ရှိတယ်။ တချို့က ကျွန်တော်တို့က သက်ဆိုင်ရာနိုင်ငံကိုပို့ထားလိုက်ပြီ။ တချို့က လောလော ဆယ်တော့အချုပ်ထဲမှာပဲ။ သူတို့ကို လုံလုံခြုံခြုံနဲ့ ထားထားတာပေါ့။
မေး - ကျားဖျန့်နဲ့ပတ်သက်ရင် လောက်ကိုင် မော်ဒယ်ကိုကြည့်လိုက်မယ်ဆိုရင် လောက်ကိုင်မှာက ဦး ပယ်ဆောက်ချိန်တို့အပါအဝင် ကိုးကန့်မိသားစု (၄) စုလုံးကို တရုတ်က မြန်မာပြည်ထဲအထိ ဝင်ဖမ်းသွား တာမျိုးတွေရှိခဲ့တယ်။ ဆိုတော့ BGF နယ်မြေမှာ ရွှေကုက္ကိုထဲမှာ ကျားဖျန့်ကိစ္စခေါင်းစဉ်တပ်တဲ့အခါမှာ ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် BGF ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကိုကော တရုတ်နဲ့သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကနေ ဖိအားပေးတာမျိုး ရင်ဆိုင်ခဲ့ရသေးလား။
ဖြေ - အဲဒီလိုတော့မရှိဘူးပေါ့။ ဒဲ့ Pressure တော့ မရှိဘူး။ ကျွန်တော်တို့လည်း သက်ဆိုင်ရာနိုင်ငံအသီး သီးနဲ့တော့ အချိတ်အဆက်တွေရှိတယ်။ တစ်ဖက်က ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်နဲ့ သက်ဆိုင်ရာနိုင်ငံ အသီးသီးနဲ့တော့ ကျွန်တော်တို့အမြဲတမ်း Contact တွေရှိတယ်။ သူတို့ဘက်ကလည်း သံရုံးအသီးသီး ကနေပြီးတော့ ကျွန်တော်တို့ဆီကို တောင်းခံလာတဲ့ ကျွန်တော်တို့ဆီကို အကူအညီတောင်းလာတဲ့ စာ တွေလည်း ကျွန်တော်တို့ရုံးကဖိုင်တွေမှာ အများကြီး ရှိတယ်။ ကျွန်တော်တို့ပြန်လည်ကယ်တင်ပြီးတော့ ပြန်လွှတ်လိုက်တဲ့ဥစ္စာတွေမှာလည်း ကျွန်တော်တို့ နိုင်ငံအသီးသီးက ပို့လာတဲ့စာတွေလည်းရှိတယ်။ အဲဒါတွေက အမြဲတမ်းအသွားအလာတွေတော့ရှိတယ်။
မေး - အကယ်၍ ဗိုလ်မှူးကြီးစောချစ်သူတို့ကို ကျားဖျန့်ခေါင်းစဉ်နဲ့ တရုတ်နဲ့ထိုင်းက ပူးပေါင်းပြီးတော့ Operation ပုံစံမျိုးဝင်ဖမ်းတာဆီးတာမျိုးအထိ ဖြစ်နိုင်ခြေရှိတဲ့အထိတောင် သတင်းထွက်ခဲ့ဖူးတာ။ အဲဒါ ကြောင့်မို့ အဲဒီလိုမျိုးဖြစ်စဉ်တွေ ဖြစ်ခဲ့ဖို့အတွက် ကို ကြိုတင်ပြင်ဆင်ခဲ့တာကောရှိလား။ တကယ်လို့ ဖြစ်လာခဲ့ရင်ဆိုပြီးတော့။
ဖြေ - ကျွန်တော်တို့က အဲဒီလောက်ထိတော့ မတွေးထားဘူး။ မတွေးထားလို့ လုပ်သင့်လုပ်ထိုက်တာကို တော့လုပ်ပေးလိုက်တာပဲလေ။ အဲဒီအပေါ်မှာတော့ ဘာမှတော့မှတ်ချက်မပေးချင်ဘူး။ ပေးလိုက်တဲ့အ ပေါ်မှာ စကားမှားသွားလည်းမကောင်းဘူး။
မေး - ကျားဖျန့်ကိစ္စကတော့ရွှေကုက္ကိုမှာ နောက်ထပ် ထပ်ဖြစ်စရာမရှိအောင်တော့ ရှင်းထားနိုင်ပြီလို့ ပြောလို့ရလား။ ရှင်းလင်းနိုင်တယ်လို့ ပြောလို့ရမလား။
ဖြေ - အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ နောက်ထပ်လူသစ်ကတော့ အဝင်မခံတော့ဘူး။ အခုဆို လည်း ကမ္ဘောဒီးယားမှာစစ်ဖြစ်တယ်။ ကမ္ဘောဒီးယား ကဒီဘက်ကိုရောက်လာနိုင်ခြေရှိတယ်ဆိုပြီး တော့မှ ထိုင်းဘက်ကအာဏာပိုင်တွေက ကျွန်တော်တို့ကို ပြောထားပါတယ်။ အဲဒါလည်း ကျွန်တော်တို့ ဘက်မှာလည်း တပ်လှန့်ထားတယ်။ ဒီဘက်ကိုလည်း လုံးဝ မဝင်ရောက်နိုင်ရေး ပိတ်ဆို့မှုတွေလုပ်ထား တယ်။
မေး - နောက်တစ်ခုက မြဝတီ‌ပေါ့။ မြဝတီလည်း ပြီးခဲ့တဲ့နှစ်က နေ့လား ညလားဆိုပြီး ဖြစ်ခဲ့ကြတယ်။ ဥပမာ KNU ဘက်ကလည်း မြဝတီကိုသိမ်းပိုက်နိုင်တော့မယ့်ပုံစံမျိုးအထိ စောတောနီးတို့ ဘာတို့က အကြီးအကျယ်ပြောခဲ့ကြတယ်။ ဆိုတော့မြဝတီက တကယ်တမ်းကျတော့ ပြန်ပြီးတော့ တည်ငြိမ်စွာ ထိန်းချုပ်သွားနိုင်တာတွေ့ရတယ်။ အဲဒါက BGF ရဲ့ စွမ်းဆောင်မှုလား၊ တပ်မတော်ရဲ့စွမ်းဆောင်မှုလား။
ဖြေ - အကုန်လုံးပေါ့။ အကုန်လုံးပါပါတယ်။ တစ်ဦးတစ်ယောက် ကောင်းလို့တော့မရဘူးပေါ့လေ။
မေး - တပ်မတော်သားတွေ တော်တော်လေး ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရတယ်လို့ကြားတယ်။ BGF က ဘယ်အစိတ်အပိုင်းက ကူပေးခဲ့လဲ။
ဖြေ - အဲဒီအချိန်မှာ မြို့ထဲမှာရှိတဲ့ ဌာနဆိုင်ရာအဆောက်အအုံတွေ ဘာမှထိခိုက်မသွားဘူး။ မြို့ထဲမှာ တိုက်ပွဲမဖြစ်သွားဘူး။ အဲဒါလေးတော့ ကျွန်တော်တို့ ထိန်းလိုက်နိုင်တာပေါ့။
မေး - အဲဒီတော့ BGF က အဲဒီလိုစွမ်းဆောင်မှုကို လေ မြဝတီမြို့ကြီးကို ဘာမှဖြစ်မသွားအောင် ဘယ် လိုစွမ်းဆောင်ခဲ့လဲ သိချင်တယ်ခင်ဗျ။
ဖြေ- ကျွန်တော်တို့က အဓိကကတော့ အင်အားပေါ့။ အင်အားရယ် တစ်ဖက်နဲ့တစ်ဖက် အရင်ကတည်း က ပြောထားပြီးသား။ ပဋိပက္ခတွေမဖြစ်ချင်ဘူး။ မဖြစ်အောင်လည်း ထိန်းမယ်ဆိုတာလေးနဲ့ပဲ အ ကောင်းဆုံး ဒီဘက်ခြမ်းမှာ ဖော်ဆောင်။ နှစ်ဖက်လုံးက စည်းမကျော်ကြရင်တော့ပြဿနာမရှိဘူး ပေါ့လေ။
မေး - အဲဒီမှာ ဓာတ်ပုံတစ်ပုံထွက်လာတယ်လေ။ ကိုနိုင်မောင်ဇော်ရဲ့ဓာတ်ပုံနဲ့ တာဘောတို့ ဘောကျော် ဟဲတို့ ရန်နိုင်တို့နဲ့ အဖွဲ့လိုက်ကြီး ဓာတ်ပုံက ထွက်လာခဲ့တာတွေ့ကြတယ်။ ဒီဓာတ်ပုံက သံသယရှိစရာ ကောင်းတယ်လို့ ဝေဖန်စရာလည်းရှိခဲ့တယ်။ ကိုယ် တိုင်လည်း ဝေဖန်ခဲ့တယ်ပေါ့။ ဒီအပေါ်မှာကော ဒီ ဓာတ်ပုံက ဘာကြောင့် ဘယ်လိုဖြစ်တာလဲဆိုတာ ရှင်းပြလို့ရမလား။
ဖြေ - ဓာတ်ပုံကတော့ ကြာပြီ။ လိုင်းပေါ်မှာ လွန်ခဲ့တဲ့ တစ်လနှစ်လလောက်က။ တစ်ဖက်က ရိုက်ထား တဲ့ပုံ ပေါ့နော်။ ဒါကတော့ အထက်ကညွှန်ကြားလို့ မြဝတီ ကိစ္စပြီးပြီးချင်းမှာ တစ်ဖက်နဲ့တစ်ဖက် မြို့ထဲ မှာ ပဋိ ပက္ခတွေထပ်မဖြစ်ဖို့ အကောင်းဆုံးဖြစ်ဖို့ သွားပြီးတော့တွေ့ဆုံရတယ်လေ။ ကျွန်တော့်လူကြီး တွ ခိုင်း လို့သွားရတယ်ပေါ့လေ။ သက်ဆိုင်ရာလူကြီးတွေကို ရှင်းပြထားပြီးပါပြီ။
မေး - အဲဒီမှာ ပြေလည်မှုရခဲ့တာကြောင့်လား။ အဲဒီ မှာ ညှိနှိုင်းလို့အဆင်ပြေခဲ့လို့ မြဝတီက စစ်ကြောင့် မကြေခဲ့တဲ့ သဘောမျိုးလား။
ဖြေ - အေးချမ်းမှုတစ်ခုဆိုတာ နိုင်ငံတော်ဘက် ကလည်း အကောင်းဆုံး အခုချိန်ထိလည်း တစ်ဖက် နဲ့တစ်ဖက် စကားပြောရတဲ့အပိုင်းတွေလည်း ရှိသလို ကျွန်တော်တို့လည်း ကျွန်တော်တို့တပ်ဖွဲ့ အသီးသီး မှာလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးညှိနှိုင်းရတဲ့အပိုင်းတွေတော့ရှိတာ‌ပေါ့။ အဓိကကတော့ ကျွန်တော်တို့ စစ်မဖြစ်ချင်ဘူး။
မေး - ဒါဆို တစ်ခုလောက်ပေါ့နော်။ ကိုနိုင်မောင်ဇော် တို့နဲ့ ဘောကျော်ဟဲတို့ တာဘောတို့ ရန်နိုင်တို့နဲ့ ဆွေး နွေးခဲ့တဲ့ထဲက ကျွန်တော်တို့ပြည်သူတွေ သိလို့ရမယ့် အချက်တစ်ချက်လောက်။ ဘယ်အချက်ကို အဓိက ဆွေးနွေးခဲ့လဲဆိုတာ ပြောပြလို့ရမလား။
ဖြေ - အဓိကကတော့ BGF လို့ စပြီးတော့မှ မလုပ် ခင်ပေါ့ အတွင်းရေးမှူးပြောဖူးတာရှိတယ်။ အချင်း ချင်း ရန်မဖြစ်ချင်တော့လို့ ဒီလစာကိုမယူတော့ပါဘူး ဆိုတဲ့အကြောင်းအရာကိုပဲအခြေခံပြီးတော့ ကျွန် ‌တော်တို့စကားပြောခဲ့တာပေါ့နော်။ ဒီလောက်ပါပဲ။ ကြီးကြီးမားမားတော့ မရှိပါဘူး။ အဓိကကတော့ သူ့ နေရာ ငါမသွားဘူး၊ ငါ့နေရာ သူမလာဘူးပေါ့။
မေး - ဒါဆိုရင် ဒီတွေ့ဆုံမှုကနေ နောက်ဆက်တွဲအ နေနဲ့ မြဝတီက တိုက်ပွဲငြိမ်သွားခဲ့တယ်လို့ ကောက် ချက်ချမယ်။ နောက်တစ်ခုက မြဝတီမှာ နောက်ထပ် တိုက်ပွဲတွေ ဖြစ်မလာဘူးလို့ ဖြစ်မလာအောင်တားနိုင် ပြီလို့ပြောလို့ရလား။
ဖြေ - (၁၀ဝ)ရာခိုင်နှုန်းတော့ ပြောလို့မရဘူး။ ပြောလို့မရဘူးဆိုတာက တစ်ဖက်မှာလည်း အဖွဲ့အစည်း ကြီးလေ။ အဖွဲ့အစည်းကြီးဆိုတော့ လက်ရှိအကောင်း ဆုံး ဟိုဘက် ရှမ်းမြောက်ဘက်ခြမ်းမှာလည်း တတ် နိုင်သလောက် အေးချမ်းသွားတယ်ဆိုတာ ဆွေးနွေး ညှိနှိုင်းမှုရဲ့ နောက်ဆက်တွဲရလဒ်တွေပဲလေ။ အဲဒီတော့ ကျွန်တော်တို့လည်း အဲဒီလိုမျိုးပဲလိုချင်တာလေ။ အကောင်းဆုံးဆွေးနွေးညှိနှိုင်းမှုကနေပဲ အဓိက အဲဒါ ကိုပဲ ဦးစားပေးဆောင်ရွက်နေတာပေါ့။
မေး - အကယ်၍ပေါ့ လက်ရှိ KNU / KNLA နှင့် PDF ပူးပေါင်းအဖွဲ့တွေက မြဝတီကိုလိုချင်ပါတယ် လို့ပြောလာရင် အစ်ကိုတို့ BGF ကနေ KNA အသွင်ပြောင်းမယ့် KNA အနေနဲ့ အသာတကြည် ပေးမှာ လား။ ခံတိုက်ယူမှာလား။
ဖြေ - အဲဒါတော့ ကျွန်တော်ပြောလို့မရဘူး။ ကျွန်တော့်အထက်ပိုင်းအကြီးအကဲတွေရဲ့ အဆုံးအဖြတ် ပိုင်း။ ဒါလေးတော့ဖြေလို့မရပါဘူး။
မေး - မြဝတီကိုယူဖို့ဆိုတာ KNA နဲ့ သူရဲ့အဖွဲ့တွေက မြဝတီကိုသိမ်းပိုက်ဖို့ဆိုတဲ့ရည်မှန်းချက်က ရှိနေပြီးသားဆိုတာတော့ သူတို့ရဲ့ကြွေးကြော်သံတွေကနေ ကြားနေရတယ်။ ဒါကြောင့်မို့ မြဝတီမှာ လက်ရှိ တာဝန်ယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရှိတယ်။ နောက် BGF ရှိတယ်ပေါ့နော်။ ဆိုတော့ ဒါ ကြောင့် သူတို့ရဲ့အနေအထားက တကယ်တမ်း ဟိုဘက်က တိုက်လာရင် ကောင်းကောင်မွန်မွန် တောင်းမယ်ပေါ့ဗျာ။ မပေးဘူး။ မပေးဘူးဆို တိုက်ကြမယ်ဆို ဘယ်လိုရပ်တည်မလဲ BGF က။ အဲဒါကို သိချင်တာ။
ဖြေ - ကျွန်တော့်အထက်မှာက ဗိုလ်မှူးကြီးတွေအများကြီးရှိသေးတယ်လေ။ ဒီအကြီးအကဲတွေ အားလုံး က သူတို့ခေါင်းထဲမှာ အစီအစဉ်တော့ရှိမှာပါ။ လက်ရှိက သူတို့ခေါင်းထဲရှိချင်ရှိမှာပေါ့။
မေး - အဲဒီတော့ လက်ရှိအချိန်မှာလည်း ကျုံဒိုး၊ ကော့ကရိတ် နောက်တစ်ခါလမ်းကြောင်းကတော့ တပ် က ပြန်ထိန်းနိုင်ပြီလို့ပြောပါတယ်။ ကော့ကရိတ်ကနေ မြဝတီအထိလမ်းကြောင်းမှာတော့ ကြားထဲမှာ အနည်းငယ်ဖြစ်စရာတွေရှိတယ်လို့ပြောတယ်။ အဲဒီတော့ မြဝတီဘက်အထိဆိုတော့ တပ်မတော်က နယ် မြေစိုးမိုးရေးပြန်ရဖို့ ကရင်ပြည်နယ်တည်ငြိမ်အေးချမ်း ရေးပြန်ရဖို့ တိုက်ပွဲပြန်ပြီးတော့ တိုက်ပွဲတွေနဲ့ နယ်မြေတွေ ပြန်ယူနေရတာတွေ့ရတယ်။ ဆိုတော့ BGF နဲ့ ကော ဘယ်လိုညှိနှိုင်းတဲ့အပိုင်းတွေ လုပ်ပြီး ပြီလဲ။
ဖြေ - ကျွန်တော်တို့ကတော့ လက်ရှိ သင်္ဃန်းညီ နောင်ကနေ မြဝတီအထိ ကျွန်တော်တို့ ယူထားပေး တယ်။ အဲဒီထဲမှာမှ လက်ရှိကတော့ ကျွန်တော်တို့ယူရတဲ့အပိုင်းကိုတော့ ကောင်းကောင်းမွန်မွန် အေး အေး ချမ်းချမ်းနဲ့ပဲယူထားပေးတယ်။ ဒီဘက်အခြမ်းတွေလည်း ကျွန်တော်တို့သင်္ဃန်းညီနောင် ဟိုဘက် ခြမ်းက ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့က သင်္ဃန်းညီနောင်တံတားရဲ့ ဒီဘက်အခြမ်းကိုပဲ အပြည့် အဝ ယူထားပေးတယ်ပေါ့နော်။
မေး - နောက်တစ်ချက်က KNA အဖြစ်နဲ့ ကူးပြောင်းတဲ့အခါမှာ တစ်ဖက်မှာ KNU ကလည်းရှိတယ်။ ဆို တော့ ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ KNA နဲ့ KNU ကြားမှာကော သဘောထား တူညီမှု မတူညီကွဲလွဲမှုတွေ ရှိမလာနိုင်ဘူးလား။ ဘာလို့ဆို KNA ကနိုင်ငံတော်က ခွဲမထွက် ဘူး ရန်မလုပ်ဘူးပြောထားတယ်။ KNU က တော့လုပ်မယ်ပြောထားတယ်။ KNU ကနေပြီးတော့ KNA ဆိုတဲ့ အဖွဲ့အစည်း‌ပေါ်မှာ စစ်တပ်နဲ့ တစ်သားတည်း တစ်နည်းအားဖြင့် ဒီဘက်အခေါ် ဘောမပေါ့။ ဘောမပါလို့ ပြောလာနိုင်ခြေရှိတယ်။ ဒီလိုမျိုးတွေကော အငြိအစွန်းတွေကော စဉ်းစားထားတာရှိလား။
ဖြေ - အဲဒါတော့ ကရင်လက်နက်ကိုင် (၄) ဖွဲ့ ထိပ် ပိုင်းခေါင်းဆောင်တွေတော့ မကြာခဏဆိုသလို တွေ့ ဆုံတာတွေရှိတယ်လေ။ အချင်းချင်းကြားထဲမှာ ပဋိ ပက္ခတွေကိုလည်း ညှိနှိုင်းအဖြေရှာရင်းနဲ့မှ အကောင်း ဆုံးဆောင်ရွက်ကြဖို့ လူကြီးတွေကို မကြာခဏတွေ့ ဆုံပြီးတော့ ဒီပေါ်မှာလည်း အ ကောင်းဆုံး လူကြီးတွေ လည်း စီစဉ်ဆောင်ရွက်သွားမယ်လို့ မျှော်လင့်တယ်။
မေး - အဲဒီတော့ နောက်တစ်ချက်ကတော့ BGF ကနေ KNA အသွင်ပြောင်းမယ့် KNA လို အဖွဲ့အစည်းက တစ်ချိန်လုံး လက်နက်ကိုင်တဲ့အဖွဲ့အစည်းအဖြစ်နဲ့ ရှိနေမှာလား။ ဒါမှမဟုတ် လက်ရှိနိုင်ငံရေးအခြေ အနေပေါ်မူတည်ပြီးတော့ လက်နက်ဖြုတ်သိမ်းတာ တွေ လက်နက်ကို‌လျှော့ချတာမျိုးတွေကော လုပ်မယ့် အဖွဲ့အစည်းမျိုးအဖြစ်နဲ့ အသွင်ပြောင်းနိုင်ခြေရှိ မလား။
ဖြေ - နိုင်ငံရေးအပြောင်းအလဲပေါ်မူတည်ပြီးတော့ ဖြစ်လာမယ်လို့ ကျွန်တော်ထင်တာပဲ။ တချို့တွေကျ တော့ ထိပ်ပိုင်းနဲ့ဆိုင်သွားတဲ့မေးခွန်းတွေဖြစ်တယ်။
မေး - ကရင်ပြည်နယ်မှာ လက်နက်ကိုင်တွေ ဒီလောက်များနေတာက ကရင်ပြည်နယ် ငြိမ်းချမ်းမှု ကိုမရစေဘူးလို့ ကျွန်တော်တို့ကနားလည်ထားပါ တယ်။ ကရင်ပြည်မှာ လက်နက်ကိုင်တွေ ဒီလောက် များနေတာ ကရင်ပြည်နယ်ငြိမ်းချမ်းစေဖို့လို့ လက်နက်ကိုင်အဖွဲ့တွေ အားလုံးကပြောတယ်။ BGF က လည်းပြောတယ်။ ဒါပေမဲ့ တူညီစွာပြောနေပေမယ့် အကုန်လုံးက လက်နက်ကိုင်ထားကြတယ်။ အဲဒီ တော့ ငြိမ်းချမ်းပါ့မလား။
ဖြေ - ကျွန်တော် ထင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက်ပေါ့။ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ဆက်ဆံကြတယ်ဆိုရင် တော့ အဖုအထစ်တွေမရှိကြဘူးဆိုရင်တော့ ဖြစ်သွားနိုင်ပါတယ်။
မေး - လက်ရှိအချိန်မှာ ကရင်ပြည်နယ်ရဲ့ နယ်မြေ အစိတ်အပိုင်း တော်တော်များများက KNU ၊ KNLA ၊ PDF ပူးပေါင်းအဖွဲ့တွေရဲ့ နယ်မြေချဲ့ထွင် သိမ်းပိုက်တာကို တစ်ချိန်တည်းမှာခံထားရတာတွေ့ရတယ်။ သူတို့ကတော့ သူတို့နယ်မြေကို ကိုယ့်ကရင်ပြည်နယ်မှာ ကရင်နယ်မြေကို ပြန်ရအောင်ယူတယ်လို့ပြော ပေမယ့် တစ်ဖက်မှာ တပ်မတော်က နိုင်ငံတော်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြန်ပြီးတိုက်ခိုက်ယူရမှာ တွေရှိတယ်။ ဆိုတော့ တကယ်တမ်း တပ်မတော်က ကရင်လက်နက်ကိုင်တွေကို နင်လားငါလား တကယ့် အပြီးသတ် အပြတ်အသတ် ချေမှုန်းလာတဲ့အခါကျရင် BGF က ဘယ်လိုရပ်တည်သွားမလဲ။ သို့မဟုတ် BGF သို့မဟုတ် KNA က ဘယ်လိုရပ်တည်သွားမလဲ။ ဘယ်လိုရပ်တည်မယ်လို့ စဉ်းစားထား လဲ။
ဖြေ - အဲဒါကတော့ ကျွန်တော်တို့အပေါ် ဆက်ဆံလာတဲ့အပေါ်မူတည်မှာပေါ့။
မေး - BGF က တပ်မတော်ရဲ့မိတ်ဖက်အဖွဲ့အစည်း အဖြစ်နဲ့ရပ်တည်မလား သို့မဟုတ် တပ်မတော် သို့မ ဟုတ် နိုင်ငံတော်ရဲ့အင်အားစုတစ်ခုအဖြစ်နဲ့ ရပ်တည်မလား။
ဖြေ - ပြောထားပြီးသားပဲလေ။ ကျွန်တော်တို့က နဂို တည်းက ဘယ်သူနဲ့မှရန်မဖြစ်ဘူး။ ကျွန်တော်တို့ရှိ တဲ့ ကျွန်တော်တို့ခြံစည်းရိုးမှာပဲ ကျွန်တော်တို့ရှိခဲ့တာ။ သူများခြံစည်းရိုးကိုလည်း ကျွန်တော်တို့မသွားဘူး။ ကျွန်တော်တို့ နေတဲ့နေရာလေးမှာပဲ ကျွန်တော်တို့အရိပ်အောက်မှာရှိတဲ့ပြည်သူတွေလုံခြုံဖို့အတွက်ပဲ၊ အ များကြီးလည်း လောဘမကြီးဘူး။
မေး - နားလည်ထားတာတော့ BGF သို့မဟုတ် KNA ဖြစ်ဖြစ်ပေါ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားအားလုံးက နိုင်ငံရဲ့အစိတ်အပိုင်းတွေရဲ့အဖြစ်နဲ့ပဲ ဖြစ်တည်ရမယ်လို့ နားလည် ထားပါတယ်။ အဲဒီတော့ KNA ကကော နိုင်ငံ ရဲ့အစိတ်အပိုင်းတစ်ခုလို့ နားလည်လို့ရမလား။
ဖြေ - ကျွန်တော်တို့လည်း တစ်နေ့နေ့တစ်ချိန်ချိန်ပေါ့။ ပါဝင်လို့ရခဲ့ရင်တော့ပါဝင်မှာပေါ့။
မေး - နောက်ဆုံးမေးခွန်းတစ်ခုပါပဲ။ KNA က လက်နက်ကိုင်ထားရခြင်းအကြောင်းအရင်းက ဘာကြောင့် လဲ။
ဖြေ - လက်ရှိအခြေအနေကတော့ မတည်ငြိမ်မအေးချမ်းတဲ့အနေအထားတစ်ခုရယ် အဓိကကျွန်တော်တို့ ဒေသ၊ ကျွန်တော်တို့ပြည်သူတွေအတွက်ပေါ့နော်။ အကောင်းဆုံးအချိန်တစ်ခုမှာတော့ အဆင်ပြေသွား မှာပေါ့။
မေး - လက်နက်ကိုင်ထားရခြင်းက ဘာကြောင့်လဲ မေးသလို လက်နက်ကိုင်ထားတာက ကိုယ့်ကရင် ဒေသ ကိုယ့်လူမျိုးအတွက်လို့ပြောတယ်။ ဟုတ်ပြီ မကိုင်ထားရင်ကော မရနိုင်ဘူးလား။
ဖြေ - လက်နက်မကိုင်ထားဘူးဆို ဘယ်နားသွားနေရမလဲ ကျွန်တော်တို့။ ထိုင်းသွားနေရမှရမယ်။
မေး - ဘယ်သူ့ကြောက်ရတာလဲ။
ဖြေ -အကုန်ကြောက်ရတယ်။
မေး - တစ်နိုင်ငံလုံးမှာရှိတဲ့လူတွေက BGF သို့မဟုတ် KNA ပေါ်မှာ ပြည်သူအများစုက သံသယတွေ ကြီး ထွားတာပေါ့လေ။ ဒါနဲ့ပတ်သက်ပြီးတော့ တပ်မတော်ရဲ့ရန်သူများဖြစ်နေမလားဆိုတဲ့ သံသယကြီးထွား နေတာနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုကို ဘာပြောမလဲ။
ဖြေ - ကျွန်တော်တို့က မရှိပါဘူး။ ကျွန်တော်တို့က နံပါတ်တစ်က ပြည်ထောင်စုကနေမခွဲထွက်ဘူး။ လက်ရှိဒေသကို အတည်ငြိမ်ဆုံး အအေးချမ်းဆုံးနဲ့ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ဆန္ဒပဲရှိပါတယ်။ ကရင်ပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံးကို အေးအေးချမ်းချမ်း လုံလုံခြုံခြုံနဲ့ မိမိဘဝတစ် နေ့တာကိုဖြတ်သန်းနိုင်ဖို့ ကျွန်တော်တို့က အဲဒီအတွက်ပဲရည်ရွယ်တာပါ။ ကျန်တဲ့ဘယ်သူ့ကိုမှ ရန်သူ လို့လည်းမထင်ဘူး။ ဘယ်သူ့ကိုမှ ရန်သူလို့ သဘောမထားဘူး။ မိမိနေရာလေးကို အေးအေးချမ်းချမ်းဖြစ် စေချင်တာပါပဲ။ ဒီလောက်ပါပဲ။
ကျေးဇူးပါ အစ်ကို။

Zawgyi Version:
“ BGF လစာမယူတာက ခြဲထြက္ဖို႔မဟုတ္ဘူး၊ ပုန္ကန္ဖို႔မဟုတ္ဘူး”
Pearl (NP News)

နယ္ျခားေစာင့္တပ္ (BGF) က ၎တို႔၏အဖြဲ႕ကို ကရင္အမ်ိဳးသားတပ္မေတာ္ (KNA) အျဖစ္ အသြင္ေျပာင္းလဲသြားရန္ ၿပီးခဲ့သည့္ရက္ပိုင္းက ကရင္ျပည္နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕နယ္တြင္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ BGF မွ KNA အျဖစ္ အသြင္ေျပာင္းမည့္ KNA အဖြဲ႕အေနျဖင့္ ေဒသတြင္း ဖြံ႕ၿဖိဳးေရးႏွင့္ ၿငိမ္း ခ်မ္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္မည္ျဖစ္ၿပီး မည္သည့္ကာလတြင္ အသြင္ေျပာင္းမည္ျဖစ္ေၾကာင္း အတည္မျပဳရေသးေၾကာင္းလည္း သိရသည္။ ထို႔ေၾကာင့္အဆိုပါ အေျခအေနမ်ားႏွင့္ပတ္သက္၍ BGFမွ တာဝန္ရွိသူ ဒုဗိုလ္မႉးႀကီးႏိုင္ေမာင္ေဇာ္ထံ NP News မွဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ကရင္ျပည္နယ္မွာရွိတဲ့ BGF က ဘာအတြက္ ရပ္တည္ေနတဲ့အဖြဲ႕အစည္းလို႔ေျပာလို႔ရလဲ။
ေျဖ - အဓိကေတာ့ ကြၽန္ေတာ္တို႔ ကရင္ျပည္နယ္၊ ကရင္လူမ်ိဳးေတြနဲ႔ ေနာက္ ကရင္ျပည္နယ္ထဲမွာရွိတဲ့ တိုင္းရင္းသားလူမ်ိဳးေတြကို ကာကြယ္ေပးဖို႔ေပါ့။
ေမး - အစ္ကိုတို႔ကာကြယ္ေပးတဲ့အပိုင္းမွာေကာ ဘယ္ေလာက္ထိ ကာကြယ္ေပးႏိုင္လဲ။
ေျဖ - လက္ရွိအခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ကရင္ ျပည္နယ္မွာက လူထုရဲ႕အေနအထားကေတာ့ ကြၽန္ ေတာ္တို႔ (၇၀)ရာခိုင္ႏႈန္းေလာက္ လုံလုံၿခဳံၿခဳံနဲ႔ ေဘး ကင္းေအာင္ေတာ့ တတ္ႏိုင္သေလာက္ ကာကြယ္ ႏိုင္ပါတယ္။
ေမး - အဲဒီေတာ့ ကရင္ျပည္နယ္မွာက တိုက္ပြဲေတြ အႀကီးအက်ယ္ျဖစ္ေနဆဲပဲေပါ့။ ထိုင္း-ျမန္မာနယ္စပ္ တစ္ေလွ်ာက္မွာ တိုက္ပြဲေတြ အႀကီးအက်ယ္ျဖစ္ ေနဆဲပဲ။ တပ္မေတာ္စခန္းေတြကလည္း စြန႔္ခြာေနရ ဆဲပဲေပါ့။ ဆိုေတာ့ နယ္ေျမမတည္ၿငိမ္မႈေတြ ဆက္ျဖစ္ေနတယ္ဆိုေတာ့ ဒီအခန္းက႑မွာေကာ BGF က ဘယ္လိုပါဝင္ပတ္သက္လဲ။
ေျဖ - ကြၽန္‌ေတာ္တို႔တာဝန္ယူထားရတဲ့ေနရာေတြကက်ေတာ့ ျပႆနာႀကီးႀကီးမားမားမရွိဘူးေလ။ ကြၽန္ ေတာ္တို႔အုပ္ခ်ဳပ္မႈေဝးတဲ့ေနရာတို႔ဘာတို႔မွာ ျပႆနာျဖစ္တာကေတာ့ လက္လွမ္းမမီတာေတြ ရွိတာေပါ့ ေနာ္။
ေမး - BGF က ဘယ္အပိုင္း ဘယ္ေနရာကေန ဘယ္အပိုင္းထိကိုတာဝန္ယူထားလဲ။
ေျဖ - ကြၽန္ေတာ္တို႔ ျမဝတီကို တာဝန္ယူထားတာ ရွိတယ္။ ဟိုဘက္ေအာက္မွာဆိုလည္း ဘားအံဘက္တို႔ လႈိင္းဘြဲ႕ဘက္တို႔ ကြၽန္ေတာ္တို႔ယူထားတဲ့ဘက္ေတြ ဆို ဘာျပႆနာမွမရွိဘူး။ ကြၽန္ေတာ္တို႔ လက္လႊတ္ လိုက္တာေတာ့ အေပၚလမ္းက ေထာက္(၁၃)တို႔ လက္လႊတ္လိုက္ရတယ္။
ေမး- ဆိုေတာ့ BGF ရွိတဲ့ေနရာကို KNU၊ KNLA တို႔ DKBA တို႔လာၿပီး အေႏွာင့္အယွက္ေပးႏိုင္စြမ္း မရွိဘူး ေပါ့။ အဲဒီလိုေျပာလို႔ရလား။
ေျဖ - အဓိကက ဆိုလိုခ်င္တာက ကိုေက်ာ္မ်ိဳးမင္း ေျပာသလိုေပါ့ ႏိုင္ငံေတာ္ဘက္မွာလည္း ေတြ႕ဆုံေဆြး ေႏြးရတဲ့ အပိုင္းေတြရွိသလို ကြၽန္ေတာ္တို႔လည္း ဒီဘက္ျခမ္းမွာ စစ္မီးမကူးေအာင္လုပ္ေဆာင္ရတဲ့ အပိုင္းေတြလည္းရွိတာေပါ့ေနာ္။ အဲဒါေၾကာင့္မို႔ ကိုယ္ တာဝန္ယူထားတဲ့ေနရာမွာ သူ႔စည္းကိုယ့္စည္းနဲ႔ ရပ္တည္ေနရတာေပါ့။
ေမး - ၿပီးခဲ့တဲ့ရက္ပိုင္းေတြမွာက သတင္းတစ္ခုထြက္တယ္။ ၿပီးခဲ့တဲ့တစ္ႏွစ္ေလာက္ကလည္း သတင္း တစ္ခု ထြက္တာရွိတယ္။ BGF က KNA အျဖစ္နဲ႔ အသြင္ေျပာင္းမယ္ဆိုၿပီး သတင္းထြက္ခဲ့တယ္။ အဲဒါ ကေကာ ဘယ္လိုပုံစံနဲ႔ျဖစ္တည္ခ်င္တဲ့သေဘာမ်ိဳးလဲေပါ့။
ေျဖ - အဲဒါကေတာ့ ကြၽန္ေတာ္တို႔က လက္ရွိ လစာ မယူခဲ့တာလည္း ၾကာၿပီေလ။ ဒါေပမဲ့ မယူခဲ့တာက ပုန္ကန္ဖို႔မဟုတ္ဘူး။ ခြဲထြက္ဖို႔မဟုတ္ဘူး။ ရွင္းေအာင္ ရွင္းျပခ်င္တယ္ေပါ့ေနာ္။ ပုန္ကန္ဖို႔မဟုတ္ဘူး။ ကြၽန္ ေတာ္တို႔က အရင္ DKBA ဘဝတုန္းကလာတဲ့ပုံစံမ်ိဳးပဲ။ သို႔ေသာ္ ကြၽန္ေတာ္တို႔ရဲ႕လုပ္ေဆာင္ခ်က္ ေတြ အတူတကြလက္တြဲၿပီးေတာ့သြားမယ္။ လက္ရွိ ဒီမွာရွိေနတဲ့ ကိစၥဝိစၥေတြအကုန္လုံးက မူလ ကြၽန္ေတာ္တို႔ DKBA တုန္းကရွိေနတဲ့ပုံစံအတိုင္းပဲ လက္တြဲၿပီးေတာ့ ေဒသဖြံ႕ၿဖိဳးေရးေတြလုပ္မယ္။ ေဒသ ေအးခ်မ္းေရးေတြလုပ္မယ္။ အဓိက ၿငိမ္းခ်မ္းေရးကို နံပါတ္တစ္ ဦးတည္ၿပီးေတာ့ ဒါကိုရည္႐ြယ္ၿပီးေတာ့ ေျပာင္းတာေပါ့ေနာ္။
ေမး - ဆိုေတာ့ KNA ကိုဖြဲ႕စည္းမွာက ၿငိမ္းခ်မ္းေရးအတြက္ ဦးတည္ၿပီး ဖြဲ႕စည္းမယ့္သ‌ေဘာေပါ့။ အဲဒီလို ေကာက္ခ်က္ခ်ရမွာေပါ့။
ေျဖ - ဟုတ္ကဲ့။ ၿငိမ္းခ်မ္းေရးကိုဦးတည္ၿပီးေတာ့ သြားတာေပါ့။ မဟုတ္ရင္ အခ်င္းခ်င္း ပဋိပကၡေတြနဲ႔ တိုက္ပြဲေတြထပ္ျဖစ္ၿပီးေတာ့ ေဒသခံျပည္သူေတြပဲ ပိုၿပီးေတာ့မွ ထိခိုက္နစ္နာရတယ္။ အဲဒါကို အေၾကာင္းျပဳၿပီးေတာ့ အဓိကကေတာ့ ၿငိမ္းခ်မ္းေရးကို ဦးတည္ ၿပီးသြားဖို႔ပဲ။ ေနာက္ၿပီးေတာ့ ကြၽန္‌ေတာ္ တို႔ မရွင္းျပရ တဲ့အခ်က္က ၿမိဳင္ႀကီးငူမွာ လူႀကီးေတြ ေဆြးေႏြးတယ္ ဆိုတာကလည္း ဒါကလည္း ေျခ လွမ္းေလးေတြေပါ့။ ပထမေျခလွမ္း၊ ဒုတိယေျခလွမ္းေလးေတြ သြားေနတာေပါ့။ ေရွ႕မွာလည္း အဆင့္၊ အဆင့္ေတြ အမ်ားႀကီးရွိ ေသးတယ္ေပါ့။ ဘာပဲေျပာေျပာ ကြၽန္‌ေတာ္တို႔ေလးစား ယုံၾကည္ရတဲ့ တကယ့္ ဆရာေတာ္ႀကီးေတြရွိတယ္။ ‌ေနာက္ ဘာသာေရးပိုင္း ေလးစားအားထားရတဲ့ ပုဂၢိဳလ္ေရးပိုင္းဆိုင္ရာ လူ ပုဂၢိဳလ္ေတြရွိတယ္။ သူတို႔ဆီက အႀကံဉာဏ္နဲ႔ အရင္ဆုံး ပဏာမ ခ်ျပတာရွိတယ္ေပါ့။ ကြၽန္ေတာ္တို႔က တစ္ဖက္ကလည္း ႏိုင္ငံေတာ္ဘက္ ကိုလည္း ရွင္းျပၿပီးေတာ့ တင္ျပရမယ့္အပိုင္းေတြလည္း ကြၽန္ေတာ္ တို႔က အစီအစဥ္ေတြရွိၿပီးသား။
ေမး - အဲဒီေတာ့ KNA လို႔ အသြင္ကူးေျပာင္းတဲ့ အခါက်ရင္ BGF ကဘာျဖစ္သြားမွာလဲ။ BGF ဆိုတာက။
ေျဖ - KNA လို႔အသြင္ကူးေျပာင္းရင္ လက္ရွိက BGF ကေတာ့ ကြၽန္ေတာ္တို႔က လစာမစားရတဲ့အခ်ိန္ မွာကတည္းက ဖြဲ႕စည္းပုံကလည္း KNA အေနနဲ႔ပဲ သြားရေတာ့မွာ‌ေပါ့။ ဒါကေတာ့ တစ္ဦးတစ္ေယာက္ အျမင္ပဲေျပာတာေနာ္။ ကြၽန္ေတာ္တို႔ဆီမွာက လက္ရွိ က KNA နဲ႔ပတ္သက္ၿပီးေတာ့ အထက္ကေန ကြၽန္ ေတာ့္ကို တိတိက်က် ၫႊန္ၾကားခ်က္မရွိတဲ့အတြက္ တိတိက်က်ေျဖလို႔မရဘူး။ တစ္ဦးတစ္ေယာက္ရဲ႕အ ျမင္ကိုေျပာျပတာေပါ့။ BGF က ရွိခ်င္လည္းရွိမွာေပါ့။ မရွိခ်င္လည္းမရွိေတာ့ဘူးေပါ့။ ဒါေပမဲ့ လက္ရွိ KNA ဖြဲ႕စည္းပုံနဲ႔ သြားေနတာၾကာၿပီ နာမည္မေျပာင္းေသးတာပဲရွိတာေပါ့။
ေမး - KNA ကေတာ့ ႏိုင္ငံေတာ္က ခြဲမထြက္ေၾကာင္း ဆိုတာမ်ိဳးကို Highlight လုပ္ထားတာေတြ႕ရတယ္။ ဆိုေတာ့ KNA က ႏိုင္ငံေတာ္က ခြဲမထြက္ေၾကာင္းဆိုရင္ ကရင္ျပည္နယ္ရဲ႕ တျခားလက္နက္ကိုင္ေတြရဲ႕ သေဘာထားကေကာ ဘာရွိေနလို႔လဲ။
ေျဖ - ကြၽန္‌ေတာ္တို႔ကေတာ့ အဲဒါေတာ့ အခ်ိန္ယူရမွာေပါ့။ ဘယ္အရာမဆို တစ္မေအတည္းေမြးထားတဲ့ မိသားစုေတာင္မွ တစ္ခါတေလက်ရင္ ကိစၥႀကီးႀကီး မားမားဆို အခ်ိန္ယူၿပီးေဆြးေႏြးရတာေလ။ ကြၽန္ ေတာ္တို႔မွာလည္း နံပါတ္တစ္ ၿငိမ္းခ်မ္းေအာင္ အရင္လုပ္ၿပီးမွ တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာထား ေတြ ျပန္လည္ညႇိႏႈိင္းေဆာင္႐ြက္ရမယ့္အပိုင္းေတြေတာ့ ရွိ‌ေသးတာေပါ့။ ဒါကေတာ့ ေလာေလာဆယ္ အတိအက်ေတာ့ ေျပာရဆိုရခက္တာေပါ့။
ေမး - အဲဒီေတာ့ KNA လို႔အသြင္ေျပာင္းရင္ ေနာက္တစ္ခုက ကြၽန္ေတာ္စိတ္ဝင္စားတာက KNA က BGF တစ္ဖြဲ႕လုံး အကုန္လုံး BGF မွာလည္း အဖြဲ႕ေတြအမ်ားႀကီးရွိတာကိုး။ အလုံးစုံေျပာင္းလဲဖို႔လား။ ဒါမွ မဟုတ္ BGF ထဲမွာ BGF အျဖစ္ ေနခ်င္ခဲ့တဲ့လူေတြရွိတယ္ဆိုတဲ့သတင္းေတြကလည္း ၾကားေနရတယ္ ဆိုေတာ့ တစ္ဖြဲ႕လုံးေျပာင္းတာလား။ က်န္ေနခဲ့တဲ့လူရွိလား။
ေျဖ - အဲဒါကေတာ့ ျဖစ္ေပၚတဲ့အခ်ိန္က်ရင္ေတာ့ အေျဖတစ္ခုထြက္လာမွာေပါ့။
ေမး - ဘယ္အခ်ိန္မွာ KNA အျဖစ္ အၿပီးတိုင္ အသြင္ေျပာင္းလဲဖို႔ စဥ္းစားထားတာရွိလဲ။
ေျဖ - ေလာေလာဆယ္ေတာ့ တိတိက်က်ေတာ့ အတည္မျပဳရေသးဘူး။ အဲဒါေၾကာင့္မို႔ သတင္းမီဒီယာ တခ်ိဳ႕ေတြလည္း ကြၽန္ေတာ့္ကို အမ်ားႀကီးေမးလာတာ ရွိတယ္။ ကြၽန္ေတာ္က အထက္ကေန ဒါကို တရားဝင္ ေစခိုင္းတာမရွိေတာ့ ဒါနဲ႔ပတ္သက္ၿပီးေတာ့ တိက်တဲ့အေျဖေတာ့ ေပးလို႔မရဘူး။
ေမး - အဲဒီေတာ့ BGF ကေန KNA အျဖစ္နဲ႔ အသြင္ေျပာင္းဖို႔ကိစၥကို အဓိက တာဝန္အရွိဆုံး ဆုံးျဖတ္ပိုင္ ခြင့္ အရွိဆုံးသူက ဘယ္သူျဖစ္မလဲ။
ေျဖ - အဓိကေတာ့ ကြၽန္ေတာ္တို႔ဆီမွာ တစ္ဦးတစ္ေယာက္တည္းေတာ့ မဆုံးျဖတ္ဘူး။ အမ်ားနဲ႔ပဲဆုံး ျဖတ္ေနတာေတာ့ ယေန႔အခ်ိန္ထိေတြ႕ေနရတယ္။ ဘာပဲလုပ္လုပ္ အတြင္း‌ေရးမႉးကလည္း သူတစ္ ေယာက္တည္းမဆုံးျဖတ္ဘူး။ အေပၚမွာ ဥကၠ႒၊ ဒု ဥကၠ႒ ရွိတယ္။ ၿပီးရင္ ဗ်ဴဟာမႉးတို႔ တပ္ရင္းမႉးတို႔ ကေန ေအာက္ေျခအထိေပါ့ အနည္းဆုံး ဒုတပ္ရင္းမႉး အထိကိုဆုံးျဖတ္ၿပီးမွ ဆုံးျဖတ္ရတဲ့အပိုင္းေတာ့ရွိ တယ္။
ေမး - တစ္ဖက္မွာ KNU ဆိုတာလည္းရွိတယ္။ ေနာက္တစ္ခါ DKBA ဆိုတာလည္း ရွိတယ္။ KNU/ KNLA-PC ဆိုတာလည္းရွိတယ္။ ဆိုေတာ့ ကရင္ ျပည္နယ္က လက္နက္ကိုင္အဖြဲ႕ေတြသိပ္မ်ားတဲ့ၾကား ထဲက BGF ဆိုတာကလည္း ႏိုင္ငံေတာ္နဲ႔ ပူးေပါင္းေနတဲ့အဖြဲ႕အစည္းအျဖစ္ရွိတယ္။ ဒီေလာက္မ်ားေနတဲ့ အဖြဲ႕အစည္းေတြၾကားထဲမွာ အစ္ကိုတို႔က ကရင္ ျပည္နယ္ၿငိမ္းခ်မ္းေရးအတြက္ဆိုၿပီး လုပ္ခ်င္တယ္ ေျပာေနတယ္။ တကယ္ေကာ ျဖစ္ႏိုင္ပါ့မလား။
ေျဖ - ေအးခ်မ္းတည္ၿငိမ္ဖို႔အလုံးစုံျဖစ္ဖို႔က နည္းနည္း စိတ္ရွည္သည္းခံရမယ္လို႔ ယူဆတယ္။ အဓိက ကြၽန္ေတာ္တို႔ရည္႐ြယ္ခ်က္က ႐ိုး႐ိုးရွင္းရွင္းေလးပဲ။ ကြၽန္ေတာ္တို႔ေဒသခံေတြ ထပ္ၿပီး စစ္ေဘးဒုကၡသည္ ေတြမျဖစ္ေစခ်င္ဘူး။ ေနာက္ၿပီးေတာ့ ကြၽန္‌ေတာ္တို႔ ေဒသကိုလည္း ဒီထက္ပိုၿပီးမပ်က္စီးေစခ်င္ဘူး။ ဒီရည္႐ြယ္ခ်က္နဲ႔ ကြၽန္ေတာ္တို႔က အေကာင္းဆုံး အတတ္ႏိုင္ဆုံး အပင္ပန္းခံၿပီး ႀကိဳးစားသြားမယ္လို႔ဆုံး ျဖတ္ထားတာေပါ့။
ေမး - အဲဒီမွာ တစ္ခုစိတ္ဝင္စားတာရွိတယ္။ BGF က ႏိုင္ငံေတာ္က လစာမယူေတာ့တာ လစာမစား ေတာ့တာ ၾကာၿပီလို႔ အၾကမ္းဖ်င္းသိရတယ္၊ ၾကားရတယ္ေပါ့ေနာ္။ ဆိုေတာ့ ဘယ္ေလာက္ေလာက္ၾကာ သြားခဲ့ၿပီလဲ လစာမယူေတာ့တာ။
ေျဖ -ကြၽန္ေတာ္တို႔ တစ္ႏွစ္ေလာက္ရွိၿပီထင္တယ္။ ေသခ်ာေတာ့ ရက္ျပန္ၾကည့္မွရမွာ။
ေမး - အၾကမ္းဖ်င္းဆိုလည္းရပါတယ္။ တစ္ႏွစ္ဆိုလည္း တစ္ႏွစ္ေက်ာ္ေပါ့။ နမူနာေပါ့။ ထားပါေတာ့။ အဲဒီတစ္ႏွစ္ေက်ာ္အတြင္းမွာ ႏိုင္ငံေတာ္တို႔ ဘာတို႔ဆီကလည္းမယူဘဲ တစ္ႏွစ္ေက်ာ္အတြင္းမွာ BGF က ဘယ္ကေငြနဲ႔ ရပ္တည္လဲ။
ေျဖ - ကြၽန္ေတာ္တို႔က ဒီလိုပဲေပါ့။ DKBA ဘဝတည္းက ဒီလိုမ်ိဳးပဲ တပ္ဖြဲ႕ေတြကို မ်ိဳးစုံရွာႀကံၿပီးေတာ့ ေကြၽးေမြးခဲ့တာပဲေလ။ အခုလည္းဒီလိုပဲ။ တစ္ခုေတာ့ ရွိတာေပါ့။ ျပည္သူ႔ဆီကအခြန္အခေတာ့ လုံးဝ မယူခဲ့ဘူး။ အခုထိေပါ့ေနာ္။ အေကာင္းဆုံးေတာ့ ေျဖရွင္းရတာေပါ့။ စီးပြားေရး တာဝန္ခံလူႀကီးေတြရွိ တယ္။ အလုပ္ကေတာ့မ်ိဳးစုံလုပ္ရတာေပါ့။ တစ္ခုေတာ့ရွိ တယ္။ မူးယစ္ေဆးဝါးမလုပ္ဘူး။ ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္ဆန႔္က်င္တဲ့အလုပ္ေတြ မလုပ္ဘူး။
ေမး - ဆိုေတာ့ BGF က တစ္ေလွ်ာက္လုံးမွာ လက္နက္တပ္ဆင္မႈအင္အားလည္း ေတာ္ေတာ္ေကာင္း ေကာင္းရွိခဲ့တယ္။ ေနာက္တစ္ခါ တျခားေသာ ေခါင္းေဆာင္ပိုင္းေတြမွာလည္း BGF က ေတာ္ေတာ္ေလး ကို အဆင္ေျပေခ်ာ့ေမြ႕တာသြားေတြ႕ရတယ္။ ဆိုေတာ့ BGF က တစ္ခ်ိန္တုန္းက ႏိုင္ငံေတာ္ရဲ႕ အေထာက္အပံ့တစ္ခုတည္းကိုပဲ ရယူထားတာလား။ တျခားစီးပြားေရးေကာ ဘာလုပ္လဲ။
ေျဖ - ခုနကေျပာသလိုပဲ ။ ကြၽန္ေတာ္တို႔က DKBA ဘဝတည္းက လက္ငုတ္ စီးပြားေရးေတြ မ်ိဳးစုံရွိတယ္။ အဲဒီမွာမွ လုံးဝအာမခံၿပီးေျပာႏိုင္တာက မူးယစ္ေဆး ဝါးလုံးဝမလုပ္ဘူး။ ဒါကေတာ့ ျပတ္ျပတ္သားသား ကို ေျပာရဲတယ္။ တျခားတျခားေသာ စီးပြားေရးေတြက အမ်ားႀကီးေပါ့။ အမည္ေတြက အမ်ားႀကီးေပါ့။ ကြၽန္ေတာ္တို႔က ဒီလိုမ်ိဳး ရွာႀကံၿပီးလုပ္ရတာ။ ျမင္တဲ့အတိုင္းပဲ။ အဖြဲ႕အစည္းတိုင္း အဖြဲ႕အစည္းတိုင္းက ေတာ့ ဒီလိုပဲ မ်ိဳးစုံ႐ုန္းကန္ရပ္တည္ရတာေပါ့ေနာ္။ လက္နက္ကိုင္အကုန္လုံးကိုေမးၾကည့္ရင္ သူ႔ဟာနဲ႔ သူ ႐ုန္းကန္ေနရတာေပါ့။
ေမး - BGF က ဝန္ထမ္းေတြေတာ္ေတာ္မ်ားမ်ား လစာေပးထားႏိုင္တယ္လို႔လည္း ၾကားတယ္။ သူ႔တပ္ ဖြဲ႕အင္အားကလည္း ေသာင္းဂဏန္းေလာက္ရွိတယ္လို႔ ၾကားတယ္။ အဲဒီအကုန္လုံးကို လစာေပးထားႏိုင္ ဖို႔ သူတို႔ကို လက္နက္တပ္ဆင္ဖို႔ အဝတ္အစားဆင္ယင္ဖို႔ ေနစရာထိုင္စရာစီစဥ္ဖို႔ဆိုတာက BGF က လုံ ေလာက္တဲ့ဝင္ေငြ တစ္ခုရွိေနဖို႔လိုတာေပါ့ေလ။ ဒါေၾကာင့္မို႔လို႔ အစ္ကိုတို႔ အဲဒါကို ေတာ္ေတာ္႐ုန္းကန္ရ လား။
ေျဖ - ႐ုန္းကန္ရတာေတာ့မ်ိဳးစုံေပါ့ေလ။ ကြၽန္ေတာ္တို႔မွာလည္း စီးပြားေရးတာဝန္ခံအသီးသီးထားရတာ ေပါ့ေလ။ လက္ရွိေတာ့ ဘ႑ာေရးပိုင္းဆိုင္ရာအရေတာ့ ကြၽန္ေတာ္တို႔အထက္ဌာနေတြကပဲ ကြပ္ကဲတာ ဆိုေတာ့ သူတို႔ပဲပိုသိမွာေပါ့ေနာ္။
ေမး - BGF မွာ သတၱဳတူးေဖာ္ေရးလုပ္ငန္းေတြေရာ ေ႐ႊတူးေဖာ္ေရးလုပ္ငန္းေတြေရာ လုပ္ေနတာရွိလား။
ေျဖ - အရင္ကရွိတယ္။ ဒီေနာက္ပိုင္းေတာ့ ကြၽန္ေတာ္တို႔ပိတ္ထားတယ္။ အရင္ကေတာ့ တူးတယ္ေလ။ အဲဒါကေတာ့ တရားဝင္ေပါ့ေနာ္။ ႏိုင္ငံေတာ္က တရားဝင္ အဲဒါတူးတာရွိတယ္။ ေနာက္ပိုင္းက်ေတာ့ ရပ္ထားတာရွိတယ္။ သတၱဳတူးေဖာ္ေရးကေတာ့ ကြၽန္ ေတာ္တို႔စိုးမိုးနယ္ေျမမဟုတ္ေတာ့ သြားရတာ မလြယ္ဘူး။ အဲဒါေၾကာင့္ မလုပ္ျဖစ္တာရွိတာ။
ေမး - ၿပီးခဲ့တဲ့ကာလတစ္ေလွ်ာက္မွာ လြန္ခဲ့တဲ့ (၆) လအတြင္းမွာ ဆက္တိုက္ဆိုသလို ျဖစ္ခဲ့တာကေတာ့ BGF နဲ႔ က်ားဖ်န႔္ကိစၥေပါ့။ ဒါအႀကီးအက်ယ္ျဖစ္ခဲ့ တယ္။ ကမာၻအသိေပါ့ေနာ္။ ဆိုေတာ့ BGF နဲ႔ က်ား ဖ်န႔္ဆိုတာနဲ႔ပတ္သက္ရင္ေကာ ဘယ္လိုမ်ိဳးရွင္းျပခ်င္တာရွိမလဲ။ BGF နဲ႔က်ားဖ်န႔္တြဲသလိုမ်ိဳး တစ္ကမာၻ လုံးကထင္သြားၾကတယ္။
ေျဖ - စြပ္စြဲတာကေတာ့ စြပ္စြဲဖို႔လြယ္တာေပါ့ေလ။ က်ားဖ်န႔္ကေတာ့ ကြၽန္ေတာ္တို႔ တစ္ေနရာတည္းမွာ လားလို႔ေမးခြန္းေမးစရာရွိတယ္။ ကြၽန္ေတာ္တို႔က လက္ညႇိဳးလိုက္မထိုးခ်င္ဘူးေပါ့‌ေနာ္။ ကြၽန္‌ေတာ္တို႔ က ျမန္မာႏိုင္ငံမွာလည္း ‌ေတာ္ေတာ္မ်ားမ်ားရွိတယ္။ ထားပါ ဒါကေတာ့ သူမ်ားလုပ္တဲ့အလုပ္ေပါ့ေလ။ က်န္ တာကေတာ့ ေသခ်ာတာကေတာ့ ကြၽန္ေတာ္တို႔ တစ္ဖြဲ႕တည္းကိုပဲ လက္ညႇိဳးထိုးခံရတဲ့ပုံစံျဖစ္ေနတာေပါ့။ ဘယ္လိုေျပာမလဲဆိုေတာ့ က်ားဖ်န႔္က ထိုင္းမွာဆိုလည္း ခဏ ခဏ ဖမ္းမိတာေတြရွိတယ္ေပါ့။ သူ႔ ဘာသာလုပ္ေနၾကတာေပါ့။ ဒါကို ကြၽန္‌ေတာ္တို႔က မင္းတို႔လိမ္ေန ပါလား ေသခ်ာလုပ္ ငါတို႔စိတ္ပူတယ္ မရွိဘူး။ ကြၽန္ေတာ္တို႔ေရွ႕မွာေတာ့ လုပ္လို႔မရဘူးေပါ့ ေလဆိုလို ခ်င္တာေတာ့။ အဓိကကေတာ့ သူတို႔ဘာသာ တစ္မ်ိဳးတစ္ဖုံနဲ႔ေလ လုပ္ရင္လုပ္မယ္။ ကြၽန္ေတာ္တို႔ေရွ႕ မွာေတာ့ တရားဝင္ ဟိုတယ္လုပ္ငန္း၊ KTV လုပ္ငန္းေတြ ဒီလိုလုပ္ငန္းေတြနဲ႔ပဲ ရပ္တည္လို႔ရမယ္။ အခု က်ားဖ်န႔္ကလည္း ရန္ကုန္လိုၿမိဳ႕ႀကီးမွာလည္း ရွိတာပဲ။ ဒါ ကြၽန္ေတာ္ၾကားသိသေလာက္ေနာ္။ ကြၽန္‌ ေတာ္ေျပာျပတာ။ လူ (၄)၊ (၅)၊ (၆)ေယာက္စုလိုက္ ရင္ ဒါက်ားဖ်န႔္တစ္ခုျဖစ္တာပဲေလ။ ဘယ္သူ႔ကိုမွ လက္ညႇိဳးထိုးတာေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ပဲအထိုးခံေနရတယ္ဆိုတာ ေျပာျပတာ။ အဲဒါေလးပါပဲ။
ေမး - ဟုတ္ကဲ့ က်ားဖ်န႔္နဲ႔ပတ္သက္ရင္ BGF ကို တံဆိပ္ကပ္လိုက္တာေတြရွိတယ္ေပါ့ေနာ္။ အဲဒီေတာ့ BGF က ကိုယ့္ကပ္ထားတဲ့တံဆိပ္ကို ဘယ္ေလာက္ ရာခိုင္ႏႈန္းေလာက္ ခြာခ်ႏိုင္ခဲ့ၿပီလဲ။
ေျဖ - ကြၽန္ေတာ္တို႔ကေတာ့ အဓိကကေတာ့ ေျပာရမယ္ဆိုရင္ ေ႐ႊကုကၠိဳကိုပဲ ဦးတည္ၿပီးေျပာရမွာေပါ့ ေနာ္။ ကြၽန္‌ေတာ္က အတြင္းေရးမႉးရဲ႕ တိုက္႐ိုက္ၫႊန္ ၾကားခ်က္နဲ႔အလုပ္လုပ္ရတာ။ ေ႐ႊကုကၠိဳမွာေတာ့ က်ားဖ်န႔္က (၇၀)ရာခိုင္ႏႈန္းေလာက္ေတာ့ ေလွ်ာ့ခ်လိုက္ႏိုင္ၿပီ။ က်န္တာကိုလည္း အတြင္း‌ေရးမႉးက ျဖည္းျဖည္းခ်င္းဆက္လုပ္ေနတယ္။ အဲဒီမွာ ႏိုင္ငံ ေတာ္ကိုတင္ျပၿပီးေတာ့ စက္မႈလက္မႈနဲ႔ အစားထိုးဖို႔ အတြက္ကို အခ်ိန္ယူၿပီးေတာ့ ျပင္ဆင္ေနတာေပါ့။
ေမး - ေ႐ႊကုကၠိဳထဲမွာ က်ားဖ်န႔္နဲ႔ပတ္သက္ၿပီးေတာ့ လက္ရွိေနာက္ဆုံးအခ်ိန္ထိ ဖမ္းဆီးရမိတဲ့ လူကုန္ ကူး ခံရသူေတြ ေနာက္တစ္ခါ က်ားဖ်န႔္ဂိုဏ္းေခါင္းေဆာင္လို႔ယူဆရသူေတြ။ အဲဒီလို အခ်ိဳးအစားခြဲေျပာဖို႔ ဆို ဘယ္ေလာက္ေလာက္ရွိလဲ။
ေျဖ - ကြၽန္ေတာ္တို႔က လက္ရွိက အားလုံး (၉၀ဝဝ)ေက်ာ္ရွိၿပီ။ အခုလည္းတဖြဲဖြဲပဲ။ အရင္က (၇၁၄၃)ဦးနဲ႔ ပိတ္ထားတာ။ ပိတ္ထားၿပီးေတာ့ ၾကားကာလမွာ (၂၀ဝဝ)ေက်ာ္ေလာက္ထပ္မိတာ။ ၾကားထဲမွာ အလုပ္ လုပ္ေနတာ ေဖာ္ျပတဲ့ကိန္းတစ္ခုေပါ့။ အခုလည္း ေတာက္ေလွ်ာက္ဝင္တယ္။ ကြၽန္ေတာ္တို႔ကေတာ့ ေတာက္ေလွ်ာက္ေဖာ္ထုတ္တယ္။ ရသေလာက္ဆြဲ ထုတ္ ဆြဲထုတ္။ အဲဒီလိုမ်ိဳးေပါ့။ အခ်င္းခ်င္းၾကားမွာ လည္း ပြတ္တိုက္မႈမျဖစ္ေအာင္လည္း ထိန္းထိန္းသိမ္းသိမ္းလုပ္ရတဲ့အပိုင္းေတြလည္း ရွိတာေပါ့။ ဒါေပမဲ့ တစ္ခုရွိတာေတာ့ အခ်ိန္အတိုင္းအတာတစ္ခုမွာ ေတာ့ ခုနကလို သတ္မွတ္ထားတဲ့အခ်ိန္အတိုင္းအတာ တစ္ခုမွာေတာ့ အားလုံး Complete ျဖစ္သြားမယ္လို႔ ကြၽန္ေတာ္တို႔ယုံၾကည္တယ္။
ေမး - က်ားဖ်န႔္ရဲ႕ေခါင္းေဆာင္လို႔ယူဆရတဲ့လူေတြ ေကာ ဘယ္ေလာက္ေလာက္ဖမ္းမိၿပီးေတာ့ ဘယ္ ေလာက္ေလာက္ကို ျပန္လႊဲၿပီးသြားၿပီလဲ။
ေျဖ - ဒီမွာက ကြၽန္ေတာ္အ႐ိုးသားဆုံးေျပာရရင္ ေခါင္းေဆာင္ဆိုတဲ့သူေဌးေတြက သူတို႔က ကြၽန္ေတာ္ တို႔လို နယ္ေသးေသးေလးမွာမေနဘူး။ သူတို႔က ဇိမ္ခံ ေကာင္းတဲ့ၿမိဳ႕လိုေနရာမ်ိဳးေတြ ႏိုင္ငံျခားေပါ့ေနာ္။ သူ တို႔ သြားရလာရလြယ္ကူတဲ့ေနရာမ်ိဳးေတြမွာေနတာ။ ကြၽန္ေတာ္တို႔ဆီမွာေနရင္ ေသာင္ရင္းျမစ္ကို ကူး ရမယ္။ သူတို႔အတြက္မလုံၿခဳံဘူး။ အငယ္ေလးေတြက ေတာ့ (၈)ေယာက္အထက္ ထိန္းသိမ္းထားတာရွိ တယ္။
ေမး - အဲဒါေတြကို ျပန္လႊဲေပးဖို႔ေကာ ဘယ္ေလာက္ေလာက္ ဘယ္လိုလႊဲေပးလဲ။
ေျဖ - အခုကြၽန္ေတာ္တို႔က အခ်က္အလက္နဲ႔ ဒါက သိတယ္ေလ။ ဥပမာဆိုရင္ သူခိုးတစ္ေယာက္မိတယ္ ေပါ့။ မိေတာ့ ကြၽန္ေတာ္တို႔ကသိထားတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က G to G အပ္တဲ့အခါ သက္ဆိုင္ရာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကိုအပ္ရမွာ။ ရဲတပ္ဖြဲ႕ကလည္း သူတို႔လုပ္ထုံးလုပ္နည္းေတြအရ စစ္ေဆးရမယ္။ စစ္ ေဆးရင္ သူခိုးက ရဲတပ္ဖြဲ႕ဆီေရာက္သြားရင္ သိတယ္ေလ။ ႏိုင္ငံျခားသားျဖစ္တဲ့အတြက္ေၾကာင့္ သူရဲ႕ သက္ဆိုင္ရာႏိုင္ငံမွာအမႈရွိတာ။ ဆိုေတာ့ ကြၽန္ေတာ္တို႔က ဘာျပန္လုပ္ရလဲဆိုေတာ့ ရဲတပ္ဖြဲ႕ကို အပ္ၿပီး ရင္ ျပည္ႏွင္စာရင္းထဲထည့္ထားရတဲ့အေနအထားမ်ိဳးရွိတယ္။ ဒါေပမဲ့ ဟိုမွာေတာ့ မာကင္ေပးထားၿပီး သား။ အဲဒီလို မ်ိဳးေတာ့ရွိတယ္။ တခ်ိဳ႕က ကြၽန္ေတာ္တို႔က သက္ဆိုင္ရာႏိုင္ငံကိုပို႔ထားလိုက္ၿပီ။ တခ်ိဳ႕က ေလာေလာ ဆယ္ေတာ့အခ်ဳပ္ထဲမွာပဲ။ သူတို႔ကို လုံလုံၿခဳံၿခဳံနဲ႔ ထားထားတာေပါ့။
ေမး - က်ားဖ်န႔္နဲ႔ပတ္သက္ရင္ ေလာက္ကိုင္ ေမာ္ဒယ္ကိုၾကည့္လိုက္မယ္ဆိုရင္ ေလာက္ကိုင္မွာက ဦး ပယ္ေဆာက္ခ်ိန္တို႔အပါအဝင္ ကိုးကန႔္မိသားစု (၄) စုလုံးကို တ႐ုတ္က ျမန္မာျပည္ထဲအထိ ဝင္ဖမ္းသြား တာမ်ိဳးေတြရွိခဲ့တယ္။ ဆိုေတာ့ BGF နယ္ေျမမွာ ေ႐ႊကုကၠိဳထဲမွာ က်ားဖ်န႔္ကိစၥေခါင္းစဥ္တပ္တဲ့အခါမွာ ဗိုလ္မႉးႀကီးေစာခ်စ္သူအပါအဝင္ BGF ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ေတြကိုေကာ တ႐ုတ္နဲ႔သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းေတြကေန ဖိအားေပးတာမ်ိဳး ရင္ဆိုင္ခဲ့ရေသးလား။
ေျဖ - အဲဒီလိုေတာ့မရွိဘူးေပါ့။ ဒဲ့ Pressure ေတာ့ မရွိဘူး။ ကြၽန္ေတာ္တို႔လည္း သက္ဆိုင္ရာႏိုင္ငံအသီး သီးနဲ႔ေတာ့ အခ်ိတ္အဆက္ေတြရွိတယ္။ တစ္ဖက္က ကြၽန္ေတာ္တို႔ရဲ႕ကိုယ္စားလွယ္နဲ႔ သက္ဆိုင္ရာႏိုင္ငံ အသီးသီးနဲ႔ေတာ့ ကြၽန္ေတာ္တို႔အၿမဲတမ္း Contact ေတြရွိတယ္။ သူတို႔ဘက္ကလည္း သံ႐ုံးအသီးသီး ကေနၿပီးေတာ့ ကြၽန္ေတာ္တို႔ဆီကို ေတာင္းခံလာတဲ့ ကြၽန္ေတာ္တို႔ဆီကို အကူအညီေတာင္းလာတဲ့ စာ ေတြလည္း ကြၽန္ေတာ္တို႔႐ုံးကဖိုင္ေတြမွာ အမ်ားႀကီး ရွိတယ္။ ကြၽန္ေတာ္တို႔ျပန္လည္ကယ္တင္ၿပီးေတာ့ ျပန္လႊတ္လိုက္တဲ့ဥစၥာေတြမွာလည္း ကြၽန္ေတာ္တို႔ ႏိုင္ငံအသီးသီးက ပို႔လာတဲ့စာေတြလည္းရွိတယ္။ အဲဒါေတြက အၿမဲတမ္းအသြားအလာေတြေတာ့ရွိတယ္။
ေမး - အကယ္၍ ဗိုလ္မႉးႀကီးေစာခ်စ္သူတို႔ကို က်ားဖ်န႔္ေခါင္းစဥ္နဲ႔ တ႐ုတ္နဲ႔ထိုင္းက ပူးေပါင္းၿပီးေတာ့ Operation ပုံစံမ်ိဳးဝင္ဖမ္းတာဆီးတာမ်ိဳးအထိ ျဖစ္ႏိုင္ေျခရွိတဲ့အထိေတာင္ သတင္းထြက္ခဲ့ဖူးတာ။ အဲဒါ ေၾကာင့္မို႔ အဲဒီလိုမ်ိဳးျဖစ္စဥ္ေတြ ျဖစ္ခဲ့ဖို႔အတြက္ ကို ႀကိဳတင္ျပင္ဆင္ခဲ့တာေကာရွိလား။ တကယ္လို႔ ျဖစ္လာခဲ့ရင္ဆိုၿပီးေတာ့။
ေျဖ - ကြၽန္ေတာ္တို႔က အဲဒီေလာက္ထိေတာ့ မေတြးထားဘူး။ မေတြးထားလို႔ လုပ္သင့္လုပ္ထိုက္တာကို ေတာ့လုပ္ေပးလိုက္တာပဲေလ။ အဲဒီအေပၚမွာေတာ့ ဘာမွေတာ့မွတ္ခ်က္မေပးခ်င္ဘူး။ ေပးလိုက္တဲ့အ ေပၚမွာ စကားမွားသြားလည္းမေကာင္းဘူး။
ေမး - က်ားဖ်န႔္ကိစၥကေတာ့ေ႐ႊကုကၠိဳမွာ ေနာက္ထပ္ ထပ္ျဖစ္စရာမရွိေအာင္ေတာ့ ရွင္းထားႏိုင္ၿပီလို႔ ေျပာလို႔ရလား။ ရွင္းလင္းႏိုင္တယ္လို႔ ေျပာလို႔ရမလား။
ေျဖ - အေကာင္းဆုံးျဖစ္ေအာင္လုပ္တယ္။ ေနာက္ထပ္လူသစ္ကေတာ့ အဝင္မခံေတာ့ဘူး။ အခုဆို လည္း ကေမာၻဒီးယားမွာစစ္ျဖစ္တယ္။ ကေမာၻဒီးယား ကဒီဘက္ကိုေရာက္လာႏိုင္ေျခရွိတယ္ဆိုၿပီး ေတာ့မွ ထိုင္းဘက္ကအာဏာပိုင္ေတြက ကြၽန္ေတာ္တို႔ကို ေျပာထားပါတယ္။ အဲဒါလည္း ကြၽန္ေတာ္တို႔ ဘက္မွာလည္း တပ္လွန႔္ထားတယ္။ ဒီဘက္ကိုလည္း လုံးဝ မဝင္ေရာက္ႏိုင္ေရး ပိတ္ဆို႔မႈေတြလုပ္ထား တယ္။
ေမး - ေနာက္တစ္ခုက ျမဝတီ‌ေပါ့။ ျမဝတီလည္း ၿပီးခဲ့တဲ့ႏွစ္က ေန႔လား ညလားဆိုၿပီး ျဖစ္ခဲ့ၾကတယ္။ ဥပမာ KNU ဘက္ကလည္း ျမဝတီကိုသိမ္းပိုက္ႏိုင္ေတာ့မယ့္ပုံစံမ်ိဳးအထိ ေစာေတာနီးတို႔ ဘာတို႔က အႀကီးအက်ယ္ေျပာခဲ့ၾကတယ္။ ဆိုေတာ့ျမဝတီက တကယ္တမ္းက်ေတာ့ ျပန္ၿပီးေတာ့ တည္ၿငိမ္စြာ ထိန္းခ်ဳပ္သြားႏိုင္တာေတြ႕ရတယ္။ အဲဒါက BGF ရဲ႕ စြမ္းေဆာင္မႈလား၊ တပ္မေတာ္ရဲ႕စြမ္းေဆာင္မႈလား။
ေျဖ - အကုန္လုံးေပါ့။ အကုန္လုံးပါပါတယ္။ တစ္ဦးတစ္ေယာက္ ေကာင္းလို႔ေတာ့မရဘူးေပါ့ေလ။
ေမး - တပ္မေတာ္သားေတြ ေတာ္ေတာ္ေလး ခက္ခက္ခဲခဲရင္ဆိုင္ခဲ့ရတယ္လို႔ၾကားတယ္။ BGF က ဘယ္အစိတ္အပိုင္းက ကူေပးခဲ့လဲ။
ေျဖ - အဲဒီအခ်ိန္မွာ ၿမိဳ႕ထဲမွာရွိတဲ့ ဌာနဆိုင္ရာအေဆာက္အအုံေတြ ဘာမွထိခိုက္မသြားဘူး။ ၿမိဳ႕ထဲမွာ တိုက္ပြဲမျဖစ္သြားဘူး။ အဲဒါေလးေတာ့ ကြၽန္ေတာ္တို႔ ထိန္းလိုက္ႏိုင္တာေပါ့။
ေမး - အဲဒီေတာ့ BGF က အဲဒီလိုစြမ္းေဆာင္မႈကို ေလ ျမဝတီၿမိဳ႕ႀကီးကို ဘာမွျဖစ္မသြားေအာင္ ဘယ္ လိုစြမ္းေဆာင္ခဲ့လဲ သိခ်င္တယ္ခင္ဗ်။
ေျဖ- ကြၽန္ေတာ္တို႔က အဓိကကေတာ့ အင္အားေပါ့။ အင္အားရယ္ တစ္ဖက္နဲ႔တစ္ဖက္ အရင္ကတည္း က ေျပာထားၿပီးသား။ ပဋိပကၡေတြမျဖစ္ခ်င္ဘူး။ မျဖစ္ေအာင္လည္း ထိန္းမယ္ဆိုတာေလးနဲ႔ပဲ အ ေကာင္းဆုံး ဒီဘက္ျခမ္းမွာ ေဖာ္ေဆာင္။ ႏွစ္ဖက္လုံးက စည္းမေက်ာ္ၾကရင္ေတာ့ျပႆနာမရွိဘူး ေပါ့ေလ။
ေမး - အဲဒီမွာ ဓာတ္ပုံတစ္ပုံထြက္လာတယ္ေလ။ ကိုႏိုင္ေမာင္ေဇာ္ရဲ႕ဓာတ္ပုံနဲ႔ တာေဘာတို႔ ေဘာေက်ာ္ ဟဲတို႔ ရန္ႏိုင္တို႔နဲ႔ အဖြဲ႕လိုက္ႀကီး ဓာတ္ပုံက ထြက္လာခဲ့တာေတြ႕ၾကတယ္။ ဒီဓာတ္ပုံက သံသယရွိစရာ ေကာင္းတယ္လို႔ ေဝဖန္စရာလည္းရွိခဲ့တယ္။ ကိုယ္ တိုင္လည္း ေဝဖန္ခဲ့တယ္ေပါ့။ ဒီအေပၚမွာေကာ ဒီ ဓာတ္ပုံက ဘာေၾကာင့္ ဘယ္လိုျဖစ္တာလဲဆိုတာ ရွင္းျပလို႔ရမလား။
ေျဖ - ဓာတ္ပုံကေတာ့ ၾကာၿပီ။ လိုင္းေပၚမွာ လြန္ခဲ့တဲ့ တစ္လႏွစ္လေလာက္က။ တစ္ဖက္က ႐ိုက္ထား တဲ့ပုံ ေပါ့ေနာ္။ ဒါကေတာ့ အထက္ကၫႊန္ၾကားလို႔ ျမဝတီ ကိစၥၿပီးၿပီးခ်င္းမွာ တစ္ဖက္နဲ႔တစ္ဖက္ ၿမိဳ႕ထဲ မွာ ပဋိ ပကၡေတြထပ္မျဖစ္ဖို႔ အေကာင္းဆုံးျဖစ္ဖို႔ သြားၿပီးေတာ့ေတြ႕ဆုံရတယ္ေလ။ ကြၽန္ေတာ့္လူႀကီး တြ ခိုင္း လို႔သြားရတယ္ေပါ့ေလ။ သက္ဆိုင္ရာလူႀကီးေတြကို ရွင္းျပထားၿပီးပါၿပီ။
ေမး - အဲဒီမွာ ေျပလည္မႈရခဲ့တာေၾကာင့္လား။ အဲဒီ မွာ ညႇိႏႈိင္းလို႔အဆင္ေျပခဲ့လို႔ ျမဝတီက စစ္ေၾကာင့္ မေၾကခဲ့တဲ့ သေဘာမ်ိဳးလား။
ေျဖ - ေအးခ်မ္းမႈတစ္ခုဆိုတာ ႏိုင္ငံေတာ္ဘက္ ကလည္း အေကာင္းဆုံး အခုခ်ိန္ထိလည္း တစ္ဖက္ နဲ႔တစ္ဖက္ စကားေျပာရတဲ့အပိုင္းေတြလည္း ရွိသလို ကြၽန္ေတာ္တို႔လည္း ကြၽန္ေတာ္တို႔တပ္ဖြဲ႕ အသီးသီး မွာလည္း သက္ဆိုင္ရာက႑အလိုက္ ေဆြးေႏြးညႇိႏႈိင္းရတဲ့အပိုင္းေတြေတာ့ရွိတာ‌ေပါ့။ အဓိကကေတာ့ ကြၽန္ေတာ္တို႔ စစ္မျဖစ္ခ်င္ဘူး။
ေမး - ဒါဆို တစ္ခုေလာက္ေပါ့ေနာ္။ ကိုႏိုင္ေမာင္ေဇာ္ တို႔နဲ႔ ေဘာေက်ာ္ဟဲတို႔ တာေဘာတို႔ ရန္ႏိုင္တို႔နဲ႔ ေဆြး ေႏြးခဲ့တဲ့ထဲက ကြၽန္ေတာ္တို႔ျပည္သူေတြ သိလို႔ရမယ့္ အခ်က္တစ္ခ်က္ေလာက္။ ဘယ္အခ်က္ကို အဓိက ေဆြးေႏြးခဲ့လဲဆိုတာ ေျပာျပလို႔ရမလား။
ေျဖ - အဓိကကေတာ့ BGF လို႔ စၿပီးေတာ့မွ မလုပ္ ခင္ေပါ့ အတြင္းေရးမႉးေျပာဖူးတာရွိတယ္။ အခ်င္း ခ်င္း ရန္မျဖစ္ခ်င္ေတာ့လို႔ ဒီလစာကိုမယူေတာ့ပါဘူး ဆိုတဲ့အေၾကာင္းအရာကိုပဲအေျခခံၿပီးေတာ့ ကြၽန္ ‌ေတာ္တို႔စကားေျပာခဲ့တာေပါ့ေနာ္။ ဒီေလာက္ပါပဲ။ ႀကီးႀကီးမားမားေတာ့ မရွိပါဘူး။ အဓိကကေတာ့ သူ႔ ေနရာ ငါမသြားဘူး၊ ငါ့ေနရာ သူမလာဘူးေပါ့။
ေမး - ဒါဆိုရင္ ဒီေတြ႕ဆုံမႈကေန ေနာက္ဆက္တြဲအ ေနနဲ႔ ျမဝတီက တိုက္ပြဲၿငိမ္သြားခဲ့တယ္လို႔ ေကာက္ ခ်က္ခ်မယ္။ ေနာက္တစ္ခုက ျမဝတီမွာ ေနာက္ထပ္ တိုက္ပြဲေတြ ျဖစ္မလာဘူးလို႔ ျဖစ္မလာေအာင္တားႏိုင္ ၿပီလို႔ေျပာလို႔ရလား။
ေျဖ - (၁၀ဝ)ရာခိုင္ႏႈန္းေတာ့ ေျပာလို႔မရဘူး။ ေျပာလို႔မရဘူးဆိုတာက တစ္ဖက္မွာလည္း အဖြဲ႕အစည္း ႀကီးေလ။ အဖြဲ႕အစည္းႀကီးဆိုေတာ့ လက္ရွိအေကာင္း ဆုံး ဟိုဘက္ ရွမ္းေျမာက္ဘက္ျခမ္းမွာလည္း တတ္ ႏိုင္သေလာက္ ေအးခ်မ္းသြားတယ္ဆိုတာ ေဆြးေႏြး ညႇိႏႈိင္းမႈရဲ႕ ေနာက္ဆက္တြဲရလဒ္ေတြပဲေလ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔လည္း အဲဒီလိုမ်ိဳးပဲလိုခ်င္တာေလ။ အေကာင္းဆုံးေဆြးေႏြးညႇိႏႈိင္းမႈကေနပဲ အဓိက အဲဒါ ကိုပဲ ဦးစားေပးေဆာင္႐ြက္ေနတာေပါ့။
ေမး - အကယ္၍ေပါ့ လက္ရွိ KNU / KNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕ေတြက ျမဝတီကိုလိုခ်င္ပါတယ္ လို႔ေျပာလာရင္ အစ္ကိုတို႔ BGF ကေန KNA အသြင္ေျပာင္းမယ့္ KNA အေနနဲ႔ အသာတၾကည္ ေပးမွာ လား။ ခံတိုက္ယူမွာလား။
ေျဖ - အဲဒါေတာ့ ကြၽန္ေတာ္ေျပာလို႔မရဘူး။ ကြၽန္ေတာ့္အထက္ပိုင္းအႀကီးအကဲေတြရဲ႕ အဆုံးအျဖတ္ ပိုင္း။ ဒါေလးေတာ့ေျဖလို႔မရပါဘူး။
ေမး - ျမဝတီကိုယူဖို႔ဆိုတာ KNA နဲ႔ သူရဲ႕အဖြဲ႕ေတြက ျမဝတီကိုသိမ္းပိုက္ဖို႔ဆိုတဲ့ရည္မွန္းခ်က္က ရွိေနၿပီးသားဆိုတာေတာ့ သူတို႔ရဲ႕ေႂကြးေၾကာ္သံေတြကေန ၾကားေနရတယ္။ ဒါေၾကာင့္မို႔ ျမဝတီမွာ လက္ရွိ တာဝန္ယူထားတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ေတြရွိတယ္။ ေနာက္ BGF ရွိတယ္ေပါ့ေနာ္။ ဆိုေတာ့ ဒါ ေၾကာင့္ သူတို႔ရဲ႕အေနအထားက တကယ္တမ္း ဟိုဘက္က တိုက္လာရင္ ေကာင္းေကာင္မြန္မြန္ ေတာင္းမယ္ေပါ့ဗ်ာ။ မေပးဘူး။ မေပးဘူးဆို တိုက္ၾကမယ္ဆို ဘယ္လိုရပ္တည္မလဲ BGF က။ အဲဒါကို သိခ်င္တာ။
ေျဖ - ကြၽန္ေတာ့္အထက္မွာက ဗိုလ္မႉးႀကီးေတြအမ်ားႀကီးရွိေသးတယ္ေလ။ ဒီအႀကီးအကဲေတြ အားလုံး က သူတို႔ေခါင္းထဲမွာ အစီအစဥ္ေတာ့ရွိမွာပါ။ လက္ရွိက သူတို႔ေခါင္းထဲရွိခ်င္ရွိမွာေပါ့။
ေမး - အဲဒီေတာ့ လက္ရွိအခ်ိန္မွာလည္း က်ဳံဒိုး၊ ေကာ့ကရိတ္ ေနာက္တစ္ခါလမ္းေၾကာင္းကေတာ့ တပ္ က ျပန္ထိန္းႏိုင္ၿပီလို႔ေျပာပါတယ္။ ေကာ့ကရိတ္ကေန ျမဝတီအထိလမ္းေၾကာင္းမွာေတာ့ ၾကားထဲမွာ အနည္းငယ္ျဖစ္စရာေတြရွိတယ္လို႔ေျပာတယ္။ အဲဒီေတာ့ ျမဝတီဘက္အထိဆိုေတာ့ တပ္မေတာ္က နယ္ ေျမစိုးမိုးေရးျပန္ရဖို႔ ကရင္ျပည္နယ္တည္ၿငိမ္ေအးခ်မ္း ေရးျပန္ရဖို႔ တိုက္ပြဲျပန္ၿပီးေတာ့ တိုက္ပြဲေတြနဲ႔ နယ္ေျမေတြ ျပန္ယူေနရတာေတြ႕ရတယ္။ ဆိုေတာ့ BGF နဲ႔ ေကာ ဘယ္လိုညႇိႏႈိင္းတဲ့အပိုင္းေတြ လုပ္ၿပီး ၿပီလဲ။
ေျဖ - ကြၽန္ေတာ္တို႔ကေတာ့ လက္ရွိ သဃၤန္းညီ ေနာင္ကေန ျမဝတီအထိ ကြၽန္ေတာ္တို႔ ယူထားေပး တယ္။ အဲဒီထဲမွာမွ လက္ရွိကေတာ့ ကြၽန္ေတာ္တို႔ယူရတဲ့အပိုင္းကိုေတာ့ ေကာင္းေကာင္းမြန္မြန္ ေအး ေအး ခ်မ္းခ်မ္းနဲ႔ပဲယူထားေပးတယ္။ ဒီဘက္အျခမ္းေတြလည္း ကြၽန္ေတာ္တို႔သဃၤန္းညီေနာင္ ဟိုဘက္ ျခမ္းက ျဖစ္ေနတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔က သဃၤန္းညီေနာင္တံတားရဲ႕ ဒီဘက္အျခမ္းကိုပဲ အျပည့္ အဝ ယူထားေပးတယ္ေပါ့ေနာ္။
ေမး - ေနာက္တစ္ခ်က္က KNA အျဖစ္နဲ႔ ကူးေျပာင္းတဲ့အခါမွာ တစ္ဖက္မွာ KNU ကလည္းရွိတယ္။ ဆို ေတာ့ ကရင္ျပည္နယ္တည္ၿငိမ္ေအးခ်မ္းေရး ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုတဲ့ KNA နဲ႔ KNU ၾကားမွာေကာ သေဘာထား တူညီမႈ မတူညီကြဲလြဲမႈေတြ ရွိမလာႏိုင္ဘူးလား။ ဘာလို႔ဆို KNA ကႏိုင္ငံေတာ္က ခြဲမထြက္ ဘူး ရန္မလုပ္ဘူးေျပာထားတယ္။ KNU က ေတာ့လုပ္မယ္ေျပာထားတယ္။ KNU ကေနၿပီးေတာ့ KNA ဆိုတဲ့ အဖြဲ႕အစည္း‌ေပၚမွာ စစ္တပ္နဲ႔ တစ္သားတည္း တစ္နည္းအားျဖင့္ ဒီဘက္အေခၚ ေဘာမေပါ့။ ေဘာမပါလို႔ ေျပာလာႏိုင္ေျခရွိတယ္။ ဒီလိုမ်ိဳးေတြေကာ အၿငိအစြန္းေတြေကာ စဥ္းစားထားတာရွိလား။
ေျဖ - အဲဒါေတာ့ ကရင္လက္နက္ကိုင္ (၄) ဖြဲ႕ ထိပ္ ပိုင္းေခါင္းေဆာင္ေတြေတာ့ မၾကာခဏဆိုသလို ေတြ႕ ဆုံတာေတြရွိတယ္ေလ။ အခ်င္းခ်င္းၾကားထဲမွာ ပဋိ ပကၡေတြကိုလည္း ညႇိႏႈိင္းအေျဖရွာရင္းနဲ႔မွ အေကာင္း ဆုံးေဆာင္႐ြက္ၾကဖို႔ လူႀကီးေတြကို မၾကာခဏေတြ႕ ဆုံၿပီးေတာ့ ဒီေပၚမွာလည္း အ ေကာင္းဆုံး လူႀကီးေတြ လည္း စီစဥ္ေဆာင္႐ြက္သြားမယ္လို႔ ေမွ်ာ္လင့္တယ္။
ေမး - အဲဒီေတာ့ ေနာက္တစ္ခ်က္ကေတာ့ BGF ကေန KNA အသြင္ေျပာင္းမယ့္ KNA လို အဖြဲ႕အစည္းက တစ္ခ်ိန္လုံး လက္နက္ကိုင္တဲ့အဖြဲ႕အစည္းအျဖစ္နဲ႔ ရွိေနမွာလား။ ဒါမွမဟုတ္ လက္ရွိႏိုင္ငံေရးအေျခ အေနေပၚမူတည္ၿပီးေတာ့ လက္နက္ျဖဳတ္သိမ္းတာ ေတြ လက္နက္ကို‌ေလွ်ာ့ခ်တာမ်ိဳးေတြေကာ လုပ္မယ့္ အဖြဲ႕အစည္းမ်ိဳးအျဖစ္နဲ႔ အသြင္ေျပာင္းႏိုင္ေျခရွိ မလား။
ေျဖ - ႏိုင္ငံေရးအေျပာင္းအလဲေပၚမူတည္ၿပီးေတာ့ ျဖစ္လာမယ္လို႔ ကြၽန္ေတာ္ထင္တာပဲ။ တခ်ိဳ႕ေတြက် ေတာ့ ထိပ္ပိုင္းနဲ႔ဆိုင္သြားတဲ့ေမးခြန္းေတြျဖစ္တယ္။
ေမး - ကရင္ျပည္နယ္မွာ လက္နက္ကိုင္ေတြ ဒီေလာက္မ်ားေနတာက ကရင္ျပည္နယ္ ၿငိမ္းခ်မ္းမႈ ကိုမရေစဘူးလို႔ ကြၽန္ေတာ္တို႔ကနားလည္ထားပါ တယ္။ ကရင္ျပည္မွာ လက္နက္ကိုင္ေတြ ဒီေလာက္ မ်ားေနတာ ကရင္ျပည္နယ္ၿငိမ္းခ်မ္းေစဖို႔လို႔ လက္နက္ကိုင္အဖြဲ႕ေတြ အားလုံးကေျပာတယ္။ BGF က လည္းေျပာတယ္။ ဒါေပမဲ့ တူညီစြာေျပာေနေပမယ့္ အကုန္လုံးက လက္နက္ကိုင္ထားၾကတယ္။ အဲဒီ ေတာ့ ၿငိမ္းခ်မ္းပါ့မလား။
ေျဖ - ကြၽန္ေတာ္ ထင္ပါတယ္။ တစ္ဖက္နဲ႔တစ္ဖက္ေပါ့။ ပြင့္ပြင့္လင္းလင္း ရင္ဖြင့္ဆက္ဆံၾကတယ္ဆိုရင္ ေတာ့ အဖုအထစ္ေတြမရွိၾကဘူးဆိုရင္ေတာ့ ျဖစ္သြားႏိုင္ပါတယ္။
ေမး - လက္ရွိအခ်ိန္မွာ ကရင္ျပည္နယ္ရဲ႕ နယ္ေျမ အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားက KNU ၊ KNLA ၊ PDF ပူးေပါင္းအဖြဲ႕ေတြရဲ႕ နယ္ေျမခ်ဲ႕ထြင္ သိမ္းပိုက္တာကို တစ္ခ်ိန္တည္းမွာခံထားရတာေတြ႕ရတယ္။ သူတို႔ကေတာ့ သူတို႔နယ္ေျမကို ကိုယ့္ကရင္ျပည္နယ္မွာ ကရင္နယ္ေျမကို ျပန္ရေအာင္ယူတယ္လို႔ေျပာ ေပမယ့္ တစ္ဖက္မွာ တပ္မေတာ္က ႏိုင္ငံေတာ္ဆိုတဲ့ ေခါင္းစဥ္ေအာက္ကေန ျပန္ၿပီးတိုက္ခိုက္ယူရမွာ ေတြရွိတယ္။ ဆိုေတာ့ တကယ္တမ္း တပ္မေတာ္က ကရင္လက္နက္ကိုင္ေတြကို နင္လားငါလား တကယ့္ အၿပီးသတ္ အျပတ္အသတ္ ေခ်မႈန္းလာတဲ့အခါက်ရင္ BGF က ဘယ္လိုရပ္တည္သြားမလဲ။ သို႔မဟုတ္ BGF သို႔မဟုတ္ KNA က ဘယ္လိုရပ္တည္သြားမလဲ။ ဘယ္လိုရပ္တည္မယ္လို႔ စဥ္းစားထား လဲ။
ေျဖ - အဲဒါကေတာ့ ကြၽန္ေတာ္တို႔အေပၚ ဆက္ဆံလာတဲ့အေပၚမူတည္မွာေပါ့။
ေမး - BGF က တပ္မေတာ္ရဲ႕မိတ္ဖက္အဖြဲ႕အစည္း အျဖစ္နဲ႔ရပ္တည္မလား သို႔မဟုတ္ တပ္မေတာ္ သို႔မ ဟုတ္ ႏိုင္ငံေတာ္ရဲ႕အင္အားစုတစ္ခုအျဖစ္နဲ႔ ရပ္တည္မလား။
ေျဖ - ေျပာထားၿပီးသားပဲေလ။ ကြၽန္ေတာ္တို႔က နဂို တည္းက ဘယ္သူနဲ႔မွရန္မျဖစ္ဘူး။ ကြၽန္ေတာ္တို႔ရွိ တဲ့ ကြၽန္ေတာ္တို႔ၿခံစည္း႐ိုးမွာပဲ ကြၽန္ေတာ္တို႔ရွိခဲ့တာ။ သူမ်ားၿခံစည္း႐ိုးကိုလည္း ကြၽန္ေတာ္တို႔မသြားဘူး။ ကြၽန္ေတာ္တို႔ ေနတဲ့ေနရာေလးမွာပဲ ကြၽန္ေတာ္တို႔အရိပ္ေအာက္မွာရွိတဲ့ျပည္သူေတြလုံၿခဳံဖို႔အတြက္ပဲ၊ အ မ်ားႀကီးလည္း ေလာဘမႀကီးဘူး။
ေမး - နားလည္ထားတာေတာ့ BGF သို႔မဟုတ္ KNA ျဖစ္ျဖစ္ေပါ့ ဘယ္လက္နက္ကိုင္အဖြဲ႕အစည္းမဆို ဒီႏိုင္ငံမွာရွိတဲ့ႏိုင္ငံသားအားလုံးက ႏိုင္ငံရဲ႕အစိတ္အပိုင္းေတြရဲ႕အျဖစ္နဲ႔ပဲ ျဖစ္တည္ရမယ္လို႔ နားလည္ ထားပါတယ္။ အဲဒီေတာ့ KNA ကေကာ ႏိုင္ငံ ရဲ႕အစိတ္အပိုင္းတစ္ခုလို႔ နားလည္လို႔ရမလား။
ေျဖ - ကြၽန္ေတာ္တို႔လည္း တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ေပါ့။ ပါဝင္လို႔ရခဲ့ရင္ေတာ့ပါဝင္မွာေပါ့။
ေမး - ေနာက္ဆုံးေမးခြန္းတစ္ခုပါပဲ။ KNA က လက္နက္ကိုင္ထားရျခင္းအေၾကာင္းအရင္းက ဘာေၾကာင့္ လဲ။
ေျဖ - လက္ရွိအေျခအေနကေတာ့ မတည္ၿငိမ္မေအးခ်မ္းတဲ့အေနအထားတစ္ခုရယ္ အဓိကကြၽန္ေတာ္တို႔ ေဒသ၊ ကြၽန္ေတာ္တို႔ျပည္သူေတြအတြက္ေပါ့ေနာ္။ အေကာင္းဆုံးအခ်ိန္တစ္ခုမွာေတာ့ အဆင္ေျပသြား မွာေပါ့။
ေမး - လက္နက္ကိုင္ထားရျခင္းက ဘာေၾကာင့္လဲ ေမးသလို လက္နက္ကိုင္ထားတာက ကိုယ့္ကရင္ ေဒသ ကိုယ့္လူမ်ိဳးအတြက္လို႔ေျပာတယ္။ ဟုတ္ၿပီ မကိုင္ထားရင္ေကာ မရႏိုင္ဘူးလား။
ေျဖ - လက္နက္မကိုင္ထားဘူးဆို ဘယ္နားသြားေနရမလဲ ကြၽန္ေတာ္တို႔။ ထိုင္းသြားေနရမွရမယ္။
ေမး - ဘယ္သူ႔ေၾကာက္ရတာလဲ။
ေျဖ -အကုန္ေၾကာက္ရတယ္။
ေမး - တစ္ႏိုင္ငံလုံးမွာရွိတဲ့လူေတြက BGF သို႔မဟုတ္ KNA ေပၚမွာ ျပည္သူအမ်ားစုက သံသယေတြ ႀကီး ထြားတာေပါ့ေလ။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ တပ္မေတာ္ရဲ႕ရန္သူမ်ားျဖစ္ေနမလားဆိုတဲ့ သံသယႀကီးထြား ေနတာနဲ႔ပတ္သက္ၿပီးေတာ့ ျပည္သူလူထုကို ဘာေျပာမလဲ။
ေျဖ - ကြၽန္ေတာ္တို႔က မရွိပါဘူး။ ကြၽန္ေတာ္တို႔က နံပါတ္တစ္က ျပည္ေထာင္စုကေနမခြဲထြက္ဘူး။ လက္ရွိေဒသကို အတည္ၿငိမ္ဆုံး အေအးခ်မ္းဆုံးနဲ႔ အျမန္ဆုံး ဖြံ႕ၿဖိဳးတိုးတက္ေစခ်င္တဲ့ဆႏၵပဲရွိပါတယ္။ ကရင္ျပည္နယ္ထဲမွာရွိတဲ့ တိုင္းရင္းသားျပည္သူအားလုံးကို ေအးေအးခ်မ္းခ်မ္း လုံလုံၿခဳံၿခဳံနဲ႔ မိမိဘဝတစ္ ေန႔တာကိုျဖတ္သန္းႏိုင္ဖို႔ ကြၽန္ေတာ္တို႔က အဲဒီအတြက္ပဲရည္႐ြယ္တာပါ။ က်န္တဲ့ဘယ္သူ႔ကိုမွ ရန္သူ လို႔လည္းမထင္ဘူး။ ဘယ္သူ႔ကိုမွ ရန္သူလို႔ သေဘာမထားဘူး။ မိမိေနရာေလးကို ေအးေအးခ်မ္းခ်မ္းျဖစ္ ေစခ်င္တာပါပဲ။ ဒီေလာက္ပါပဲ။
ေက်းဇူးပါ အစ္ကို။

Picture

jetjet nevercry

07/08/2025 15:25

BGF OR KNA ဘက်ကကြည့်လည်း မှန်ပါတယ်. သူတို့ ‌ဒေသ အေးချမ်းအောင် ကာကွယ် ကူညီပေးနိုင်တဲ့ အဖွဲ့အစည်းကိုပဲ လက်တွဲ မှာပေါ့. အစိုရက လက်တွဲ ချင်ရင် အာမခံမူ့ နဲ့ တိုင်းရင်းသား အခွင့်အရေး ကို အရင်ချ ပေးရပါမယ်. လူမျိုတူ တွေ နဲ့ လည်း စစ်မ ဖြစ် ချငိ ကြတာ တွေ့တယ်. အဓိက ကတော့ တပ်မတော် က ကိုယ့် အင််အား ကိုယ့် အစွမ်း ရှိ ရင် ပြီးနေပြီ ကို ။

Related news

© 2021. All rights reserved.