ဥရောပသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌအကြောင်း တစေ့တစောင်း

 153

ဂျန်ဇက်(NP News)
အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း မဟာမိတ်နိုင်ငံတွေ၊ အဖွဲ့ အစည်းတွေ အပါအဝင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံတွေကို ကုန်သွယ်ခွန်ကောက်ခံခဲ့ရာ အငြင်းပွားမှုတွေမြင့်တက်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံနဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့တဲ့အဖွဲ့အစည်းတွေထဲမှာ ဥရောပသမဂ္ဂအဖွဲ့ EU လည်းပါဝင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ တော့ EU နဲ့အမေရိကန်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီမှု အသစ်ရရှိခဲ့ပါတယ်။ ကုန်သွယ်ရေးသဘောတူညီမှုအရ အမေရိကန်နိုင်ငံက EU ကတင်သွင်းတဲ့ကုန်စည်တွေကို အခွန် (၁၅)ရာခိုင်နှုန်းကောက်ခံမယ်လို့သိ ရပါတယ်။ အဲဒီကုန် သွယ်ရေးသဘောတူညီမှုအသစ်အပေါ် ဝေဖန်ပြစ်တင်မှုတွေရှိနေပေမယ့် EU နဲ့ အမေရိကန်နိုင်ငံကြားရရှိခဲ့တဲ့ ကုန်သွယ် ရေးသဘောတူ ညီမှုအသစ်က ကောင်းမွန်တယ်လို့ EU ဥက္ကဋ္ဌ ယူဆူ လာဗွန်ဒါလီယမ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဗွန်ဒါလီယမ်ဟာ အမေရိကန်နိုင်ငံနဲ့ EU နိုင်ငံကြား ကုန်သွယ်ရေးကိစ္စကို ဦးဆောင်ဆွေးနွေးခဲ့သူဖြစ်ပြီး ဇူလိုင်လ (၂၇)ရက်မှာ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂ(န့)ရဲ့ အခြေခံတန်ဖိုးဖြစ်တဲ့ ဥပဒေစိုးမိုးမှု ဒီမို ကရေစီနဲ့ လူ့အခွင့်အရေးတွေကို အလွန်တန်ဖိုးထားသူဖြစ်သူဖြစ်ပြီး ပိုလန်နဲ့ဟန်ဂေ ရီနိုင်ငံတို့ရဲ့ တရားဥပဒေ စိုးမိုးမှု တွေအပေါ် ချိုးဖျက်မှုတွေကို လူသိရှင်ကြားဝေဖန်ခဲ့ဖူးသူဖြစ်ပါတယ်။ ဗွန်ဒါလီယမ်ဟာ အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် စွမ်းရည် ကောင်းမွန်ပြီး ထက်မြက်တဲ့အမျိုးတစ်ဦးဖြစ်ကာ မတည်ငြိမ်တဲ့နိုင်ငံရေးပတ်ဝန်းကျင်မှာ ဦးဆောင်လှုပ် ရှားနိုင် သူတစ်ဦးလည်းဖြစ်ကာ ရုရှား-ယူကရိန်းစစ် အတွင်းမှာ EU အဖွဲ့က ယူကရိန်းကို စစ်ဘက်ပစ္စည်း တွေထောက်ပံ့ဖို့ ဦး ဆောင်ကြိုးစားခဲ့သူဖြစ်သလို NATO မဟာမိတ်အဖွဲ့နဲ့လည်း မိတ်ဖက်အဖြစ် ရေရှည်လက်တွဲနိုင်အောင် အဓိကထား ကြိုးပမ်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ ယဉ်ကျေးစွာပြောဆိုတတ် သူတစ်ဦးဖြစ်ပေမယ့် တင်းမာတဲ့သဘောထားရှိသူ တစ်ဦးအဖြစ် မီဒီယာနဲ့ လူမှုရေးအသိုင်းဝိုင်းမှာ အသိအမှတ်ပြုခံထားရသူလည်းဖြစ်ပါတယ်။ ဗွန်ဒါလီယမ်ဟာ စီးပွားရေး နဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းလိုစိတ် ရှိသူဖြစ်ပြီး အပြုသဘောဆောင်တဲ့ရလဒ်တွေရယူဖို့ စိတ်ဝင်စားသူတစ်ဦးအဖြစ် ရေးသားပြောဆိုခံရသူလည်းဖြစ်ပါတယ်။ အသက်(၆၆)နှစ်အရွယ်ရှိ ဗွန်ဒါလီယမ်ဟာ ဂျာမနီနိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး (၂၀၁၉)ခုနှစ်တည်းက ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေခဲ့သူလည်းဖြစ်ပါတယ်။ ၎င်းကို ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ Ixelles အရပ်ဒေသမှာမွေးဖွားခဲ့ပြီး ၎င်းဟာ အသက် (၁၃)နှစ်သမီးအထိ အဲဒီအရပ် ဒေသမှာနေထိုင်ခဲ့ကာ (၁၉၇၁)ခုနှစ်မှာတော့ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၎င်းဟာ ဟန်နိုဗာမြို့ကို ပြောင်း ရွှေ့ချိန်အတွင်း ဟန်နိုဗာမြို့အနီးရှိ Burgdorf လယ်မြေမှာ မြင်းကျောင်းတဲ့အလုပ်တွေကို လုပ်ကိုင်ခဲ့ရပြီး ၎င်းဟာ မြင်းပြိုင်ပွဲကို စိတ်ဝင်စားသူတစ်ဦး လည်းဖြစ်ပါတယ်။ ဗွန်ဒါလီယမ်ဟာ (၁၉၈၀)ပြည့်နှစ်မှာ ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရခဲ့ပြီး (၁၉၈၇)ခုနှစ်မှာ ဆေးကုသခွင့်လိုင်စင်လည်းရရှိခဲ့ကာ ၎င်းဟာ (၁၉၈၈)ခုနှစ်ကနေ (၁၉၉၂)ခုနှစ် အထိ ဟန်နိုဗာမြို့ဆေးတက္ကသိုလ်မှာ အမျိုးသမီးတွေကို အဓိက ထားကုသပေးခဲ့ပါတယ်။ ၎င်းဟာ ဆေးပညာနဲ့ပတ် သက်တဲ့ကျမ်းတွေကို ရေးသားပြုစုခဲ့ပြီးနောက် (၁၉၉၁)ခုနှစ်မှာ ဆေးဘက်ဆိုင်ရာဒေါက်တာဘွဲ့ ထပ်မံရရှိခဲ့ပါတယ်။ ဗွန်ဒါလီယမ်ဟာ သားသမီးနှစ်ဦး မွေးဖွားခဲ့ပြီးနောက် ခင်ပွန်းသည်အလုပ်လုပ်တဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ကို (၁၉၉၂) ခုနှစ်ကနေ (၁၉၉၆)ခုနှစ်အထိ သွားရောက်နေထိုင်ခဲ့ပြီး (၁၉၉၆)ခုနှစ်မှာ ဂျာမနီနိုင်ငံကို ပြန်လာခဲ့ကာ (၁၉၉၈)ခုနှစ်ကနေ (၂၀ဝ၂)ခုနှစ်အထိ ဟန်နိုဗာ ဆေးတက္ကသိုလ်မှာ ဆက်လက်အလုပ်လုပ်ကိုင်ခဲ့ပြီး (၂၀ဝ၁)ခုနှစ်မှာ ဆေးဘက်ဆိုင်ရာမဟာဘွဲ့ထပ်မံရရှိခဲ့ပါတယ်။ ၎င်းဟာ နိုင်ငံရေးစိတ်ဝင်စားသူတစ်ဦး ဖြစ်တဲ့အတွက် (၁၉၉၀)ပြည့်နှစ်ကတည်းက CDU ပါတီဝင်မှာပါဝင်ခဲ့ပြီး (၁၉၉၆)ခုနှစ်မှာ ပြည်တွင်းနိုင်ငံ ရေးလောကထဲမှာ ပိုမိုလှုပ်ရှား လာခဲ့ပါတယ်။ ၎င်းဟာ (၁၉၉၆)ခုနှစ်က Lower Saxony ပြည်နယ်အစိုးရအ ဖွဲ့မှာ CDU ပါတီရဲ့လူမူရေးဆိုင်ရာမူဝါဒ ကော်မတီအဖွဲ့ဝင်ဖြစ်ခဲ့ပြီး CDU ပါတီရဲ့ဆရာဝန်အဖွဲ့စည်းမှာ လည်း အဓိကအရေးပါသူဖြစ်ခဲ့ပါတယ်။ ဗွန်ဒါလီ ယမ်ဟာ CDU ပါတီအတွက်တက်ကြွစွာလှုပ်ရှားမှုတွေကြောင့် (၂၀ဝ၃)ခုနှစ်မှာ Lower Saxony လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးချယ် ခံရသလို ပြည်နယ်အစိုးရအဖွဲ့မှာလည်း ဝန်ကြီးအဖြစ်တာဝန်ယူခွင့်ရရှိခဲ့ပါတယ်။ ၎င်းဟာ CDU ပါတီအတွက် တက်ကြွ စွာ လှုပ်ရှားမှုတွေကြောင့် CDU ပါတီခေါင်းဆောင် အိန်ဂျယ်မာကယ်လ်နဲ့ ရင်းနှီးမှုပိုမိုရှိလာခဲ့ပြီး အိမ်ဂျယ်မာ ကယ်ရဲ့ မိသားစုနဲ့ လူမူရေးနဲ့ပတ်သက်ပြီး အကြံပေး တာဝန်ယူသူဖြစ်လာခဲ့ပါတယ်။ (၂၀ဝ၅)ခုနှစ်မှာ ဂျာမနီရွေးကောက်ပွဲ ကျင်း ခဲ့ရာ အိန်ဂျယ်မာကယ်လ် ဦးဆောင်တဲ့ CDU ပါတီလည်း အနိုင်ရခဲ့ရာ ဗွန်ဒါလီ ယမ်ဟာ ဂျာမနီအစိုးရအဖွဲ့မှာ ခန့်အပ်ခံ ရပြီး CDU ဟာ (၂၀ဝ၅)ခုနှစ်ကနေ (၂၀ဝ၉)ခုနှစ်အထိ ဂျာမနိုင်ငံ မိသားစုရေးရာနဲ့ လူငယ်ရေးရာဝန်ကြီးဌာနမှာ ဝန်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဂျာမနီနိုင်ငံမှာ (၂၀ဝ၉)ခုနှစ်ကရွေးကောက်ပွဲကျင်းပချိန်အတွင်း ဗွန်ဒါလီ ယမ်ဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကနဦးရွေးချယ်ခံရပြီး အစိုးရအဖွဲ့ဖွဲ့စည်းချိန်မှာ အလုပ်သမားနဲ့ လူမူရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ် ခံခဲ့ရပါတယ်။ ၎င်းဟာ အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ယူချိန်အတွင်း စွမ်းရည် ကောင်းတွေပြသနိုင် ခဲ့တဲ့အတွက် (၂၀၁၃)ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ထပ်မံခန့်အပ်ခံခဲ့ရပါတယ်။ ဂျာမနီ ကာကွယ်ရေး ဝန်ကြီးအဖြစ်ခန့်အပ်ခံရပြီးနောက် ဗွန်ဒါလီယမ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပိုမိုထိစပ် ဆက်ဆံခွင့်ရရှိ ခဲ့ပြီး လူသိများလာသလို ဂျာမနီနိုင်ငံရဲ့ကာကွယ်ရေး လုပ်ငန်းတွေသာမက ဥရောပသမဂ္ဂ၊ နေတိုးအဖွဲ့နဲ့ ပတ်သက်ပြီး ကာကွယ်ရေးလုပ်ငန်းတွေမှာလည်း အဓိကအရေးပါသူဖြစ်လာခဲ့ပါတယ်။ ၎င်းဟာ ဂျာမနီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူချိန်အတွင်း ဂျာမနီစစ်တပ်ကို ယခင်ထက် ပိုမိုကောင်းမွန်အောင်ကြိုး ပမ်းခဲ့ပြီး ခေတ်မီစစ်လက်နက်ပစ္စည်း တွေ ပိုမိုပိုင်ဆိုင် နိုင်အောင်ကြိုးပမ်းခဲ့ပါတယ်။ ၎င်းဟာ ဂျာမနီ ကာကွယ်ရေးဝန်ကြီးအဖြစ် (၂၀၁၉)ခုနှစ်အထိတာဝန်ယူ ခဲ့ပြီးနောက် ဥရောပသမဂ္ဂရဲ့ ကော်မရှင်နာဥက္ကဋ္ဌအဖြစ် အဆိုပြုခံခဲ့ရပါတယ်။ ၎င်းဟာ ဥရောပသမဂ္ဂရဲ့ဥက္ကဋ္ဌ အဖြစ် အဆိုပြုမခံရခင်အချိန်တည်းက နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နေရာကို ဆက်ခံမယ့် သူအဖြစ်ရေပန်းစားခဲ့ ဖူးပါတယ်။ (၂၀၁၉)ခုနှစ် ဇူလိုင်လ (၁၆)ရက်မှာ ဗွန်ဒါလီယမ်ကို ဥရောပသမဂ္ဂ အဖြစ် ရွေးချယ်ခန့်အပ်သင့် မသင့်ကို ဥရောပလွှတ် တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စား လှယ်(၃၈၃)ဦးအနက် (၃၂၇)ဦးက ထောက်ခံမဲပေး ကာရွေးချယ်ခဲ့ပါတယ်။ ၎င်းဟာ ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌအဖြစ် ပထမဆုံးတာဝန်ယူခွင့်ရတဲ့အမျိုး သမီးဖြစ်လာခဲ့ သလို ဝေါ်တာဟယ်စတိန်း နောက်ပိုင်း ဥရောပသမဂ္ဂ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်ရတဲ့ ပထမဆုံးဂျာမနီ နိုင်ငံသားလည်းဖြစ်ခဲ့ပါတယ်။ (၂၀၂၄)ခုနှစ်မှာထပ်မံကျင်းပတဲ့ ဥရောပသမဂ္ဂကော် မရှင်ဥက္ကဋ္ဌရွေးကောက်ပွဲမှာလည်း ဗွန်ဒါလီယမ်ဟာ ထပ်မံအနိုင်ရခဲ့ပြီး ဒုတိယအကြိမ်မြောက် ဥရောပ သမဂ္ဂကော်မရှင်ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရတာလည်း ဖြစ်ပါတယ်။ ဗွန်ဒါလီယမ်ဟာ ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း အီတလီနိုင်ငံထဲကို ရွှေ့ပြောင်းဝင်လာသူတွေပြဿနာတွေ၊ အဇာဘိုင် ဂျန်နိုင်ငံရဲ့ဓာတ်ငွေ့ ပြဿနာတွေ၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ပြဿနာတွေစတဲ့ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းခဲ့ ရပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ဗွန်ဒါလီယမ်အတွက် ကြီးမားတဲ့စိန်ခေါ်မှုအဖြစ်ရှိနေ ပါတယ်။ ဗွန်ဒါလီယမ် ဦးဆောင်တဲ့ ဥရောပသမဂ္ဂဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲစတင်ချိန်တည်းက ယူကရိန်း နိုင်ငံကို စစ်ရေးအကူအညီတွေပေးခဲ့ပြီး ရုရှားနိုင်ငံကို ပိတ်ဆို့မှု အမျိုးမျိုးလုပ်ဆောင်ခဲ့ရာ ရုရှားနဲ့ ဥရောပသမဂ္ဂအဖွဲ့ ကြားမှာလည်း တင်းမာမှုတွေရှိနေပါတယ်။ မည်သို့ပင် ဆိုနေစေကာမူ ဗွန်ဒါလီယမ်ဟာ နိုင်ငံပေါင်း (၂၇) နိုင်ငံ ပူးပေါင်းပါဝင်ဖွဲ့စည်းထားတဲ့ ဥရောပသမဂ္ဂအဖွဲ့ ကိုဦးဆောင်သူဖြစ်ရာ သူရဲ့စွမ်းဆောင်ရည် ကောင်း မွန်မှုတွေကြောင့် ဥရောပသမဂ္ဂဥက္ကဋ္ဌအဖြစ် သက် တမ်းနှစ်ကြိမ်ဆက် တာဝန်ယူခွင့်ရခဲ့တာဖြစ်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

Zawgyi Version:
ဥေရာပသမဂၢအဖြဲ႕ ဥကၠ႒အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္(NP News)
အေမရိကန္ႏိုင္ငံမွာ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း မဟာမိတ္ႏိုင္ငံေတြ၊ အဖြဲ႕ အစည္းေတြ အပါအဝင္ ကမာၻတစ္ဝန္းရွိႏိုင္ငံေတြကို ကုန္သြယ္ခြန္ေကာက္ခံခဲ့ရာ အျငင္းပြားမႈေတြျမင့္တက္ခဲ့ပါတယ္။ အေမရိကန္ ႏိုင္ငံနဲ႔ အျငင္းပြားမႈေတြ ျဖစ္ခဲ့တဲ့အဖြဲ႕အစည္းေတြထဲမွာ ဥေရာပသမဂၢအဖြဲ႕ EU လည္းပါဝင္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ ေတာ့ EU နဲ႔အေမရိကန္ႏိုင္ငံၾကား ကုန္သြယ္ေရးသေဘာတူညီမႈ အသစ္ရရွိခဲ့ပါတယ္။ ကုန္သြယ္ေရးသေဘာတူညီမႈအရ အေမရိကန္ႏိုင္ငံက EU ကတင္သြင္းတဲ့ကုန္စည္ေတြကို အခြန္ (၁၅)ရာခိုင္ႏႈန္းေကာက္ခံမယ္လို႔သိ ရပါတယ္။ အဲဒီကုန္ သြယ္ေရးသေဘာတူညီမႈအသစ္အေပၚ ေဝဖန္ျပစ္တင္မႈေတြရွိေနေပမယ့္ EU နဲ႔ အေမရိကန္ႏိုင္ငံၾကားရရွိခဲ့တဲ့ ကုန္သြယ္ ေရးသေဘာတူ ညီမႈအသစ္က ေကာင္းမြန္တယ္လို႔ EU ဥကၠ႒ ယူဆူ လာဗြန္ဒါလီယမ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ဗြန္ဒါလီယမ္ဟာ အေမရိကန္ႏိုင္ငံနဲ႔ EU ႏိုင္ငံၾကား ကုန္သြယ္ေရးကိစၥကို ဦးေဆာင္ေဆြးေႏြးခဲ့သူျဖစ္ၿပီး ဇူလိုင္လ (၂၇)ရက္မွာ သေဘာတူညီမႈရရွိခဲ့တယ္လို႔ သိရပါတယ္။ ဥေရာပသမဂၢ(န႔)ရဲ႕ အေျခခံတန္ဖိုးျဖစ္တဲ့ ဥပေဒစိုးမိုးမႈ ဒီမို ကေရစီနဲ႔ လူ႔အခြင့္အေရးေတြကို အလြန္တန္ဖိုးထားသူျဖစ္သူျဖစ္ၿပီး ပိုလန္နဲ႔ဟန္ေဂ ရီႏိုင္ငံတို႔ရဲ႕ တရားဥပေဒ စိုးမိုးမႈ ေတြအေပၚ ခ်ိဳးဖ်က္မႈေတြကို လူသိရွင္ၾကားေဝဖန္ခဲ့ဖူးသူျဖစ္ပါတယ္။ ဗြန္ဒါလီယမ္ဟာ အမ်ိဳးသမီးတစ္ဦးျဖစ္ေပမယ့္ စြမ္းရည္ ေကာင္းမြန္ၿပီး ထက္ျမက္တဲ့အမ်ိဳးတစ္ဦးျဖစ္ကာ မတည္ၿငိမ္တဲ့ႏိုင္ငံေရးပတ္ဝန္းက်င္မွာ ဦးေဆာင္လႈပ္ ရွားႏိုင္ သူတစ္ဦးလည္းျဖစ္ကာ ႐ုရွား-ယူကရိန္းစစ္ အတြင္းမွာ EU အဖြဲ႕က ယူကရိန္းကို စစ္ဘက္ပစၥည္း ေတြေထာက္ပံ့ဖို႔ ဦး ေဆာင္ႀကိဳးစားခဲ့သူျဖစ္သလို NATO မဟာမိတ္အဖြဲ႕နဲ႔လည္း မိတ္ဖက္အျဖစ္ ေရရွည္လက္တြဲႏိုင္ေအာင္ အဓိကထား ႀကိဳးပမ္းေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ ၎ဟာ ယဥ္ေက်းစြာေျပာဆိုတတ္ သူတစ္ဦးျဖစ္ေပမယ့္ တင္းမာတဲ့သေဘာထားရွိသူ တစ္ဦးအျဖစ္ မီဒီယာနဲ႔ လူမႈေရးအသိုင္းဝိုင္းမွာ အသိအမွတ္ျပဳခံထားရသူလည္းျဖစ္ပါတယ္။ ဗြန္ဒါလီယမ္ဟာ စီးပြားေရး နဲ႔ပတ္သက္ၿပီး ေဆြးေႏြးညႇိႏႈိင္းလိုစိတ္ ရွိသူျဖစ္ၿပီး အျပဳသေဘာေဆာင္တဲ့ရလဒ္ေတြရယူဖို႔ စိတ္ဝင္စားသူတစ္ဦးအျဖစ္ ေရးသားေျပာဆိုခံရသူလည္းျဖစ္ပါတယ္။ အသက္(၆၆)ႏွစ္အ႐ြယ္ရွိ ဗြန္ဒါလီယမ္ဟာ ဂ်ာမနီႏိုင္ငံေရးသမားတစ္ဦး ျဖစ္ၿပီး (၂၀၁၉)ခုႏွစ္တည္းက ဥေရာပသမဂၢ ေကာ္မရွင္ ဥကၠ႒အျဖစ္ တာဝန္ယူေနခဲ့သူလည္းျဖစ္ပါတယ္။ ၎ကို ဘယ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ၿမိဳ႕ရွိ Ixelles အရပ္ေဒသမွာေမြးဖြားခဲ့ၿပီး ၎ဟာ အသက္ (၁၃)ႏွစ္သမီးအထိ အဲဒီအရပ္ ေဒသမွာေနထိုင္ခဲ့ကာ (၁၉၇၁)ခုႏွစ္မွာေတာ့ ဂ်ာမနီႏိုင္ငံ ဟန္ႏိုဗာၿမိဳ႕ကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ၎ဟာ ဟန္ႏိုဗာၿမိဳ႕ကို ေျပာင္း ေ႐ႊ႕ခ်ိန္အတြင္း ဟန္ႏိုဗာၿမိဳ႕အနီးရွိ Burgdorf လယ္ေျမမွာ ျမင္းေက်ာင္းတဲ့အလုပ္ေတြကို လုပ္ကိုင္ခဲ့ရၿပီး ၎ဟာ ျမင္းၿပိဳင္ပြဲကို စိတ္ဝင္စားသူတစ္ဦး လည္းျဖစ္ပါတယ္။ ဗြန္ဒါလီယမ္ဟာ (၁၉၈၀)ျပည့္ႏွစ္မွာ ေဆးတကၠသိုလ္ တက္ေရာက္ခြင့္ရခဲ့ၿပီး (၁၉၈၇)ခုႏွစ္မွာ ေဆးကုသခြင့္လိုင္စင္လည္းရရွိခဲ့ကာ ၎ဟာ (၁၉၈၈)ခုႏွစ္ကေန (၁၉၉၂)ခုႏွစ္ အထိ ဟန္ႏိုဗာၿမိဳ႕ေဆးတကၠသိုလ္မွာ အမ်ိဳးသမီးေတြကို အဓိက ထားကုသေပးခဲ့ပါတယ္။ ၎ဟာ ေဆးပညာနဲ႔ပတ္ သက္တဲ့က်မ္းေတြကို ေရးသားျပဳစုခဲ့ၿပီးေနာက္ (၁၉၉၁)ခုႏွစ္မွာ ေဆးဘက္ဆိုင္ရာေဒါက္တာဘြဲ႕ ထပ္မံရရွိခဲ့ပါတယ္။ ဗြန္ဒါလီယမ္ဟာ သားသမီးႏွစ္ဦး ေမြးဖြားခဲ့ၿပီးေနာက္ ခင္ပြန္းသည္အလုပ္လုပ္တဲ့ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယား ျပည္နယ္ကို (၁၉၉၂) ခုႏွစ္ကေန (၁၉၉၆)ခုႏွစ္အထိ သြားေရာက္ေနထိုင္ခဲ့ၿပီး (၁၉၉၆)ခုႏွစ္မွာ ဂ်ာမနီႏိုင္ငံကို ျပန္လာခဲ့ကာ (၁၉၉၈)ခုႏွစ္ကေန (၂၀ဝ၂)ခုႏွစ္အထိ ဟန္ႏိုဗာ ေဆးတကၠသိုလ္မွာ ဆက္လက္အလုပ္လုပ္ကိုင္ခဲ့ၿပီး (၂၀ဝ၁)ခုႏွစ္မွာ ေဆးဘက္ဆိုင္ရာမဟာဘြဲ႕ထပ္မံရရွိခဲ့ပါတယ္။ ၎ဟာ ႏိုင္ငံေရးစိတ္ဝင္စားသူတစ္ဦး ျဖစ္တဲ့အတြက္ (၁၉၉၀)ျပည့္ႏွစ္ကတည္းက CDU ပါတီဝင္မွာပါဝင္ခဲ့ၿပီး (၁၉၉၆)ခုႏွစ္မွာ ျပည္တြင္းႏိုင္ငံ ေရးေလာကထဲမွာ ပိုမိုလႈပ္ရွား လာခဲ့ပါတယ္။ ၎ဟာ (၁၉၉၆)ခုႏွစ္က Lower Saxony ျပည္နယ္အစိုးရအ ဖြဲ႕မွာ CDU ပါတီရဲ႕လူမူေရးဆိုင္ရာမူဝါဒ ေကာ္မတီအဖြဲ႕ဝင္ျဖစ္ခဲ့ၿပီး CDU ပါတီရဲ႕ဆရာဝန္အဖြဲ႕စည္းမွာ လည္း အဓိကအေရးပါသူျဖစ္ခဲ့ပါတယ္။ ဗြန္ဒါလီ ယမ္ဟာ CDU ပါတီအတြက္တက္ႂကြစြာလႈပ္ရွားမႈေတြေၾကာင့္ (၂၀ဝ၃)ခုႏွစ္မွာ Lower Saxony လႊတ္ေတာ္ဥကၠ႒အျဖစ္ေ႐ြးခ်ယ္ ခံရသလို ျပည္နယ္အစိုးရအဖြဲ႕မွာလည္း ဝန္ႀကီးအျဖစ္တာဝန္ယူခြင့္ရရွိခဲ့ပါတယ္။ ၎ဟာ CDU ပါတီအတြက္ တက္ႂကြ စြာ လႈပ္ရွားမႈေတြေၾကာင့္ CDU ပါတီေခါင္းေဆာင္ အိန္ဂ်ယ္မာကယ္လ္နဲ႔ ရင္းႏွီးမႈပိုမိုရွိလာခဲ့ၿပီး အိမ္ဂ်ယ္မာ ကယ္ရဲ႕ မိသားစုနဲ႔ လူမူေရးနဲ႔ပတ္သက္ၿပီး အႀကံေပး တာဝန္ယူသူျဖစ္လာခဲ့ပါတယ္။ (၂၀ဝ၅)ခုႏွစ္မွာ ဂ်ာမနီေ႐ြးေကာက္ပြဲ က်င္း ခဲ့ရာ အိန္ဂ်ယ္မာကယ္လ္ ဦးေဆာင္တဲ့ CDU ပါတီလည္း အႏိုင္ရခဲ့ရာ ဗြန္ဒါလီ ယမ္ဟာ ဂ်ာမနီအစိုးရအဖြဲ႕မွာ ခန႔္အပ္ခံ ရၿပီး CDU ဟာ (၂၀ဝ၅)ခုႏွစ္ကေန (၂၀ဝ၉)ခုႏွစ္အထိ ဂ်ာမႏိုင္ငံ မိသားစုေရးရာနဲ႔ လူငယ္ေရးရာဝန္ႀကီးဌာနမွာ ဝန္ႀကီး အျဖစ္ ခန႔္အပ္ခံခဲ့ရပါတယ္။ ဂ်ာမနီႏိုင္ငံမွာ (၂၀ဝ၉)ခုႏွစ္ကေ႐ြးေကာက္ပြဲက်င္းပခ်ိန္အတြင္း ဗြန္ဒါလီ ယမ္ဟာ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ကနဦးေ႐ြးခ်ယ္ခံရၿပီး အစိုးရအဖြဲ႕ဖြဲ႕စည္းခ်ိန္မွာ အလုပ္သမားနဲ႔ လူမူေရးရာဝန္ႀကီးဌာန ဝန္ႀကီးအျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ ခံခဲ့ရပါတယ္။ ၎ဟာ အစိုးရအဖြဲ႕မွာ ဝန္ႀကီးအျဖစ္ တာဝန္ယူခ်ိန္အတြင္း စြမ္းရည္ ေကာင္းေတြျပသႏိုင္ ခဲ့တဲ့အတြက္ (၂၀၁၃)ခုႏွစ္မွာ ကာကြယ္ေရးဝန္ႀကီးအျဖစ္ ထပ္မံခန႔္အပ္ခံခဲ့ရပါတယ္။ ဂ်ာမနီ ကာကြယ္ေရး ဝန္ႀကီးအျဖစ္ခန႔္အပ္ခံရၿပီးေနာက္ ဗြန္ဒါလီယမ္ဟာ ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ ပိုမိုထိစပ္ ဆက္ဆံခြင့္ရရွိ ခဲ့ၿပီး လူသိမ်ားလာသလို ဂ်ာမနီႏိုင္ငံရဲ႕ကာကြယ္ေရး လုပ္ငန္းေတြသာမက ဥေရာပသမဂၢ၊ ေနတိုးအဖြဲ႕နဲ႔ ပတ္သက္ၿပီး ကာကြယ္ေရးလုပ္ငန္းေတြမွာလည္း အဓိကအေရးပါသူျဖစ္လာခဲ့ပါတယ္။ ၎ဟာ ဂ်ာမနီ ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ယူခ်ိန္အတြင္း ဂ်ာမနီစစ္တပ္ကို ယခင္ထက္ ပိုမိုေကာင္းမြန္ေအာင္ႀကိဳး ပမ္းခဲ့ၿပီး ေခတ္မီစစ္လက္နက္ပစၥည္း ေတြ ပိုမိုပိုင္ဆိုင္ ႏိုင္ေအာင္ႀကိဳးပမ္းခဲ့ပါတယ္။ ၎ဟာ ဂ်ာမနီ ကာကြယ္ေရးဝန္ႀကီးအျဖစ္ (၂၀၁၉)ခုႏွစ္အထိတာဝန္ယူ ခဲ့ၿပီးေနာက္ ဥေရာပသမဂၢရဲ႕ ေကာ္မရွင္နာဥကၠ႒အျဖစ္ အဆိုျပဳခံခဲ့ရပါတယ္။ ၎ဟာ ဥေရာပသမဂၢရဲ႕ဥကၠ႒ အျဖစ္ အဆိုျပဳမခံရခင္အခ်ိန္တည္းက ေနတိုးအဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္ေနရာကို ဆက္ခံမယ့္ သူအျဖစ္ေရပန္းစားခဲ့ ဖူးပါတယ္။ (၂၀၁၉)ခုႏွစ္ ဇူလိုင္လ (၁၆)ရက္မွာ ဗြန္ဒါလီယမ္ကို ဥေရာပသမဂၢ အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္သင့္ မသင့္ကို ဥေရာပလႊတ္ ေတာ္အတြင္း မဲခြဲဆုံးျဖတ္ခဲ့ရာ လႊတ္ေတာ္ကိုယ္စား လွယ္(၃၈၃)ဦးအနက္ (၃၂၇)ဦးက ေထာက္ခံမဲေပး ကာေ႐ြးခ်ယ္ခဲ့ပါတယ္။ ၎ဟာ ဥေရာပသမဂၢေကာ္မရွင္ ဥကၠ႒အျဖစ္ ပထမဆုံးတာဝန္ယူခြင့္ရတဲ့အမ်ိဳး သမီးျဖစ္လာခဲ့ သလို ေဝၚတာဟယ္စတိန္း ေနာက္ပိုင္း ဥေရာပသမဂၢ ေကာ္မရွင္ဥကၠ႒အျဖစ္ တာဝန္ယူခြင့္ရတဲ့ ပထမဆုံးဂ်ာမနီ ႏိုင္ငံသားလည္းျဖစ္ခဲ့ပါတယ္။ (၂၀၂၄)ခုႏွစ္မွာထပ္မံက်င္းပတဲ့ ဥေရာပသမဂၢေကာ္ မရွင္ဥကၠ႒ေ႐ြးေကာက္ပြဲမွာလည္း ဗြန္ဒါလီယမ္ဟာ ထပ္မံအႏိုင္ရခဲ့ၿပီး ဒုတိယအႀကိမ္ေျမာက္ ဥေရာပ သမဂၢေကာ္မရွင္ဥကၠ႒အျဖစ္ေ႐ြးခ်ယ္ခံရတာလည္း ျဖစ္ပါတယ္။ ဗြန္ဒါလီယမ္ဟာ ဥေရာပသမဂၢေကာ္မရွင္ ဥကၠ႒အျဖစ္တာဝန္ယူခ်ိန္အတြင္း အီတလီႏိုင္ငံထဲကို ေ႐ႊ႕ေျပာင္းဝင္လာသူေတြျပႆနာေတြ၊ အဇာဘိုင္ ဂ်န္ႏိုင္ငံရဲ႕ဓာတ္ေငြ႕ ျပႆနာေတြ၊ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါနဲ႔ ပတ္သက္တဲ့ျပႆနာေတြစတဲ့ ဥေရာပ သမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ပတ္သက္တဲ့ ျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းခဲ့ ရပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ဗြန္ဒါလီယမ္အတြက္ ႀကီးမားတဲ့စိန္ေခၚမႈအျဖစ္ရွိေန ပါတယ္။ ဗြန္ဒါလီယမ္ ဦးေဆာင္တဲ့ ဥေရာပသမဂၢဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲစတင္ခ်ိန္တည္းက ယူကရိန္း ႏိုင္ငံကို စစ္ေရးအကူအညီေတြေပးခဲ့ၿပီး ႐ုရွားႏိုင္ငံကို ပိတ္ဆို႔မႈ အမ်ိဳးမ်ိဳးလုပ္ေဆာင္ခဲ့ရာ ႐ုရွားနဲ႔ ဥေရာပသမဂၢအဖြဲ႕ ၾကားမွာလည္း တင္းမာမႈေတြရွိေနပါတယ္။ မည္သို႔ပင္ ဆိုေနေစကာမူ ဗြန္ဒါလီယမ္ဟာ ႏိုင္ငံေပါင္း (၂၇) ႏိုင္ငံ ပူးေပါင္းပါဝင္ဖြဲ႕စည္းထားတဲ့ ဥေရာပသမဂၢအဖြဲ႕ ကိုဦးေဆာင္သူျဖစ္ရာ သူရဲ႕စြမ္းေဆာင္ရည္ ေကာင္း မြန္မႈေတြေၾကာင့္ ဥေရာပသမဂၢဥကၠ႒အျဖစ္ သက္ တမ္းႏွစ္ႀကိမ္ဆက္ တာဝန္ယူခြင့္ရခဲ့တာျဖစ္တယ္လို႔လည္း ဆိုရမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.