အမှောင်ထဲက ဒွါရာဝတီ

 495

သက်ပိုင်(NP News)
(၂၀၂၄)ခုနှစ် ဇွန်လအစပိုင်းမှစတင်ကာ AA အဖွဲ့အနေဖြင့် သံတွဲမြို့ကို စတင်တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့တိုက် ခိုက်သည်နှင့်တစ်ပြိုင်နက် သံတွဲမြို့၏ ကုန်းလမ်း၊ ရေလမ်းများ ဖြတ်တောက်ခြင်းခံခဲ့ရသည်။ ထို့နောက် ဇူလိုင်လ (၁၁)ရက်တွင် AA အဖွဲ့က သံတွဲမြို့ကိုထိန်းချုပ်လိုက်ကြောင်း စတင်ကြေညာခဲ့သည်။ ယင်းအချိန်မှစ၍ သံတွဲမြို့တွင် AA အဖွဲ့ကမင်းမူနေခဲ့ပြီး ဒေသခံများ၏ အခြေခံသတင်းသိပိုင်ခွင့်များကို ကန့်သတ်ကာ ဆက်သွယ်ရေးလိုင်းများကို ဖြတ် တောက်ခဲ့သည်။ ထိုသို့ ဆက်သွယ်ရေးလိုင်းများဖြတ် တောက်ကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ခြင်းခံခဲ့ရသည့် သံတွဲမြို့မှဒေသခံများအနေဖြင့် AA ၏ ထိန်းချုပ်မှုအောက်တွင် မည်သို့ဖြစ်ပွားနေသည်နှင့် ငပလီဒေသတွင် မည်သည့် အကြောင်းအရာများဖြစ်ပေါ် နေသည်တို့ကို သံတွဲမြို့မှထွက်ခွာလာခဲ့သူတစ်ဦးထံ NP News မှတွေ့ဆုံမေးမြန်းခဲ့သည် ကို ဖော်ပြလိုက်ရပါသည်။

ဆန်းကြယ်သော သဘာဝအလှတရားများဖြင့် ကျော်ကြားသည့် ငပလီကမ်းခြေသည် မြန်မာတို့သာမက ကမ္ဘာ့ နိုင်ငံအများအပြားကပင် လာရောက်လည် ပတ်ရာနေရာတစ်ခု ဖြစ်ခဲ့သည်။ ငပလီသို့ လာရောက် မည်ဆိုပါက ကမ်းခြေ နှင့်နှစ်မိုင်ဝေးသော သံတွဲမြို့ လေဆိပ်သို့ ဦးစွာရောက်မည်မှာ မုချဖြစ်ပေသည်။ ငပလီကမ်းခြေနှင့် (၄)မိုင်အကွာ တွင်တည်ရှိသော အဆိုပါသံတွဲမြို့သည်လည်း ဒွါရာဝတီမြို့ဟူသော ဆန်းပြားသည့်အမည်နာမနှင့်အတူ ဆန်းပြားသော ယုံတမ်းပုံပြင်များစွာကိုပိုင်ဆိုင်ထားသော မြို့တစ်မြို့ ဖြစ်ပေသည်။ ထို့ပြင် ဒွါရာဝတီခေါ် သံတွဲမြို့မှာ ငပလီသို့ လာရောက်လည်ပတ်သူများကြောင့် မြန်မာနိုင်ငံ၏ ဧည့်သည်မပြတ်သောမြို့ဆိုလျှင်လည်း မှားနိုင်မည် မဟုတ်ပေ။ ထိုမျှ မက မြို့ခံများ၏ဖော်ရွေမှုနှင့် ဧည့်ဝတ်ကျေပွန်မှုတို့မှာလည်း ကောင်းသတင်းသာရှိခဲ့သည်။ ထိုသို့ စည်ကားမှုများ၊ စီးပွား ရေးလုပ်ငန်းများဖြင့် “လေမှာပျံဝဲ မြို့သံတွဲ” ဟူသောစကားပုံအတိုင်း အမြင့်သို့တက်လှမ်းရန်၊ ဖွံ့ဖြိုးတိုးတက်ရန် အစပြုနေ သည့်သံတွဲမြို့ငယ်လေးသည် (၂၀၂၄)ခုနှစ် ဇွန်လ အတွင်းတွင် အမှောင်တိုက်အတွင်းသို့ရောက်ရှိခဲ့ရ သည်။
မေး ။ သံတွဲမြို့ကို AA စသိမ်းခံရတဲ့အချိန်မှာ ဘယ်လိုကြုံတွေ့ခဲ့ရလဲ။
ဖြေ ။ သူတို့တွေ မြို့ထဲကိုဝင်သွားပြီဆိုတဲ့အချိန်မှာ ကျွန်တော်တို့က စစ်ဘေးရှောင်အနေနဲ့ မိသားစုလိုက် ထွက်ပြေး ခဲ့ကြရပါတယ်။ တိုက်ပွဲတွေ ဖြစ်တော့လေ။ သူတို့က လူနေအိမ်ကြားတွေထဲကနေဝင်လာကြတာလေ။ လမ်းအလိုက် လာကြတာမှမဟုတ်တာ။ ဒီတော့ ကျွန်တော်တို့လည်း မနေရဲတော့ ထွက်ပြေးခဲ့ကြရတာ ပေါ့။ အိမ်မှာစားဖို့အတွက် ထားတဲ့ရိက္ခာတွေကို ဒီအတိုင်းထားပြီး ထွက်ပြေးကြရတာ။ မိသားစုတွေလည်း တကွဲတပြားပေါ့။ ကျွန်တော့်အစ်ကိုက တစ်နေရာ၊ ကျွန်တော့်အစ်မတို့မိသားစုက တစ်နေရာ၊ ကျွန်တော် တို့မိသားစုကတစ်နေရာဆိုပြီး အကုန် တကွဲတပြား ဖြစ်ကုန်ကြတာပေါ့။ ပြီးတော့ ဝယ်စားရတာလည်း အကုန်ဈေးကြီးပေးပြီး ဝယ်စားရတယ်။ ဆီဖိုးတွေ ကလည်း တက်တော့ ဈေးတစ်ခါသွားဝယ်ရင် ဆိုင်ကယ် ဆီဖိုးချည်းပဲ မစားရမသောက်ရဘဲနဲ့ သုံးသောင်း လောက်ကိုကုန်ခဲ့တာ။ နောက်ပြီး ကျွန်တော်တို့ ဂျိတ တောရပ်ကွက်ကို ပြန်ဝင်ခွင့်မပေးတော့ အဝတ်အစား ကအစ အိမ်မှာကျန်နေခဲ့တော့ အများကြီး ဒုက္ခရောက်တာပေါ့။ ကိုယ့်ရပ်ကွက်ကိုယ် ပြန်ဝင်ဖို့အတွက် သူတို့ဆီပြောတော့လည်း နေ့ရွှေ့ညရွှေ့နဲ့ လုပ်တယ်။ အိမ်မှာကျန်တဲ့စားနပ်ရိက္ခာတွေကိုလည်း ဝင်ယူခွင့် မပေးခဲ့ဘူး။ ဝယ်စားမယ်ဆိုတော့လည်း ကိုယ်တွေမှာ ငွေအင်အားကနည်းဆိုတော့ အရမ်းဒုက္ခရောက်ခဲ့ ရတယ်။ အလုပ်လုပ်မယ်ဆိုတော့လည်း တိုက်ပွဲဖြစ် ပြီးကာစဆိုတော့ ဘယ်အလုပ်ကရှိမှာတဲ့လဲ။ ကုန်ခြောက် လေးတွေရောင်းမယ်ဆိုပြန်တော့လည်း ဈေးတွေက မတန်တဆတွေဖြစ်နေ တော့ အဆင်မပြေ။ အဲဒီလိုမျိုးတွေ ကြုံခဲ့ရတာပေါ့နော်။ ဟိုဘက်မှာဆိုရင်လည်း AA၊ ဒီဘက်မှာဆိုရင်လည်း ဗဗ ဆိုတော့ ကျွန်တော်တို့က နေရထိုင်ရတာ ကျဉ်းကျပ်တာပေါ့ဗျာ။ တစ်နေရာနဲ့တစ်နေရာသွားမယ်ဆိုရင်လည်း သူတို့ခွင့်ပြုမှ သွားလာရတော့ အဆင်မပြေဘူးပေါ့။ ရပ်ကွက်ထဲ ပြန်ဝင်ရပြန်တော့လည်းအိမ်ကို ချုံတွေစီးပြီး အရင်သွားတုန်းက ကျန်ခဲ့တဲ့ပစ္စည်းတွေက ဘာတစ်ခုမှမရတော့ဘူး။ အကုန်မရှိတော့တာ။ ကျွန်တော်တို့ကို ရပ်ကွက်ထဲဝင်ခွင့် မပေး တုန်းက ရပ်ကွက်ထဲမှာသူတို့ပဲ ရှိတာလေ။ ဘယ်သူဘာလုပ်သွားလဲ စဉ်းစားကြည့်ပေါ့။ ဘာမှမရှိတော့ဘူးဆိုမှတော့ စားဝတ်နေရေးအဆင်မပြေတော့ဘူးလေ။ အိမ်မှာလူမရှိရင်လည်း သူတို့တွေက အိမ်ကိုချိပ်ပိတ်တယ်။ ဒါကြောင့် အိမ် ကလည်းမခွာရဲဖြစ်ခဲ့ရတယ်။ ရပ်ကွက်ထဲမှာဆိုရင် ကွန်ကရစ်လမ်းတွေဟာ ဟိုဘက်မြက် ဒီဘက်မြက်တွေ နဲ့ပိတ်ပြီး တော့ ဆိုင်ကယ်တစ်စီးသွားစာလောက်ပဲ ကျန်တော့တယ်။ အဆိုးဆုံးကတော့ဗျာ ကျန်းမာရေးမကောင်းရင် ပြမယ့် ဆရာဝန်မရှိတာပါပဲ။ နေမကောင်းထိုင်မကောင်းဖြစ်ရင် ဘာဆေးမှ သောက်စရာမရှိဘူး။ နေမကောင်းဖြစ်ရင် ကြက် ဟင်းခါးရွက်ကို အရည်ညှစ်ပြီးသောက်ရတယ်။ ချောင်းဆိုးရင် ခွေးသေးပန်းရွက်ရှာပြီး အရည်ညှစ်သောက်ရတယ်။ ကွမ်းရွက်တောင် ဈေးကြီးပြီးရှာမရလို့ ခွေးသေးပန်း ရွက်ကိုပဲရှာပြီး သောက်ရတာမျိုးတွေရှိခဲ့တယ်။
မေး။ လက်ရှိသံတွဲမြို့မှာ ဘာတွေဖြစ်နေလဲ။
ဖြေ။ လက်ရှိမှာ တိုက်ပွဲဘာညာမရှိပေမယ့် Navy (တပ်မတော်ရေတပ်)နဲ့ AA အဖွဲ့တွေနဲ့ ချနေတာတော့ ရှိတယ်။ နေရေးထိုင်ရေး စားသောက်ရေးတွေက ကျပ်တည်းတာပေါ့။ ကုန်ဈေးနှုန်းတွေက အရင်ထက် ဈေးတွေကြီးကုန်တယ်။ ပစ္စည်းတွေဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်ကလာတဲ့ပစ္စည်းတွေကိုပဲ သုံးနေကြရတယ်။ ကျန်တဲ့ပစ္စည်း ဘာမှမရှိဘူး။ ဈေးနှုန်း တွေဆိုရင် တော်တော်ကြီးသွားတယ်။ ဆန်ဈေးရော ဆီဈေးရော ထိုးတက်သွားတယ်။ ဆေးပေါ့လိပ်တစ်ထုပ်ကိုတောင် သောင်းကျော်ပေးရတယ်။ အလိပ် (၅၀) ပါတဲ့ တစ်ထုပ်ကို တစ်သောင်းနှစ်ထောင်၊ တစ်သောင်းသုံးထောင် လောက်အထိ ပေးရတယ်။ ဖယောင်းတိုင်သေးသေးလေး သုံးချောင်းကို (၁၀ဝဝ) ပေးရတယ်။ အိုမားကိတ်မုန့် အသေးလေးတစ်ထုပ်ကို (၁၅၀ဝ)ပေးရတယ်။ အဲဒီလို ကုန်ဈေးနှုန်းတွေကြီးလွန်းတော့ ငတ်တဲ့မိသားစု တွေငတ်ကုန်ပြီ။ အလုပ်ကလည်း ဘာ အလုပ်မှမရှိဘူး။ လုပ်စရာဆိုလို့ ပင်လယ်ထဲငါးဆင်းရှာဖို့ပဲရှိတယ်။ ဒါပေမဲ့လည်း AA က ပင်လယ်ထဲကို ဆင်းချင် တိုင်းဆင်းခွင့် မပေးဘူး။ လူတွေက တစ်ရက်တစ်ရက် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်တွေနဲ့ ခြံထဲမှာရှိတဲ့ သီးပင်စား ပင်တွေကို စားနေကြရတာ။ ဒီကြားထဲ AA လက်အောက်က သူခိုးတွေကိုလည်း ကြောက်ရသေးတယ်။ အဲဒီသူခိုး တွေက အရင်က AA အဖွဲ့ကို ရိက္ခာတွေရှာပေးခဲ့တဲ့ မျက်နှာနဲ့ မြို့ပေါ်မှာ လုပ်ချင်တာတွေလုပ်နေကြတယ်။ လူမနေတဲ့အိမ် တွေမှာ ရှိတာတွေကိုယူတယ်။ နောက်ပြီး အကုန်လုံးကိုသယ်ပြီး ပြန်ရောင်းကြတယ်။ သူတို့ အဖွဲ့လောက်ပဲ သက်သက် သာသာနဲ့နေနိုင်ကြတာ။ ကျွန်တော်တို့ မရှိတဲ့သူတွေကတော့ သူတို့ကိုလည်း ကြောက်ရ၊ AA အဖွဲ့က နယ်မြေမှူး ဆိုတဲ့သူတွေကို လည်းကြောက်ရနဲ့ နေခဲ့ကြရတာ။ ခိုးတဲ့နေရာမှာ ဘယ်လောက်ထိခိုးလဲဆိုရင် ယူစရာပစ္စည်းမရှိရင် အိမ်မှာတပ်ထားတဲ့ မီတာဘောက်ကအစ ဖြုတ်ယူတယ်။ မြို့ထဲမှာ လူတွေရှိတဲ့အိမ်တွေလောက်ပဲ သက်သာတယ်။ သံတွဲမြို့ရှောင်လမ်းဘက်ကအိမ်တွေဆိုရင် မီတာဘောက်တွေ အကုန်ဖြုတ်ခိုးခံရတယ်။ တစ်အိမ်မှမရှိတော့ဘူး။ နောက် ပြီးတော့ ကျိန္တလီ ဘက်မှာဆိုရင် တစ်အိမ်မှာမှ မီတာဘုတ်တွေမရှိတော့ဘူး။ အကုန်ဖြုတ်ကြတယ်။ ဖြုတ်ပြီးတော့ တစ်လုံးကို ဆယ်သိန်းကျော်လောက်နဲ့ ပြန်ရောင်းတယ်။ အဲဒါကို ဘင်္ဂလားဒေ့ရှ်ကိုပို့တယ်လို့သိရတယ်။ နောက်ပြီး ပင် လယ်ကမ်းခြေကိုလည်း သံဆူးကြိုးကာတာတွေရှိခဲ့တယ်။ ကျွန်တော်ဒီကိုရောက်ချိန် အဲဒီဘက်ကလူ တွေနဲ့အဆက် သွယ်ရတော့ သံဆူးကြိုးတွေကိုပြန်ခွာ နေပြီလို့တော့သိရတယ်။ မြို့အခြေအနေကတော့ လက်နက်ကြီးကျလို့ ပြိုတဲ့အိမ် တွေရှိတယ်။ လက်နက်ကြီးအစမှန်လို့ ပေါက်ပြဲနေတဲ့အိမ်တွေလည်းရှိတယ်။ နောက်ပြီး အိမ်နေရာအလုံးလိုက် ပျောက်သွား တဲ့နေရာတွေလည်းရှိတယ်။ မီးရှို့ခံရလို့ မီးလောင်ငုတ် တွေနဲ့အိမ်တွေလည်းရှိတယ်။ အမျိုးမျိုးပါပဲ။ အရင်က သံတွဲမြို့အခြေအနေနဲ့ အခု မြို့ရဲ့အခြေအနေနဲ့ယှဉ် ကြည့်ရင် အခုက မြို့ပျက်ကြီးထဲ နေနေရသလိုပဲ။
မေး ။ AA က အဲဒီမှာ ဘာတွေလုပ်နေလဲ။
ဖြေ။ အဲဒီမှာ သူတို့က ဟိုတယ်ဇုန်တွေရှိတဲ့ဘက်မှာ နေကြတယ်။ ဟိုတယ်တွေပေါ်မှာတက်ပြီးနေနေ တယ်။ နောက်ပြီး နယ်မြေမှူးဆိုတဲ့သူတွေက မြို့ကိုအုပ်ချုပ်တယ်။ ပြီးတော့ တစ်နေရာနဲ့တစ်နေရာ သွားမယ်ဆိုရင် လမ်းမှာ သူတို့ဂိတ် တွေလုပ်ထားတယ်။ ရွာကလူတွေ၊ မြို့ကလူတွေ ပစ္စည်းတစ်ခုခု သယ်မယ်ပြုမယ်ဆိုရင် သူတို့ခွင့်ပြုချက်လိုတယ်။ တကယ်တော့ ခွင့်မပြုတာများတယ်။ သူတို့နဲ့ နီးစပ် တဲ့သူတွေလောက်ပဲ သယ်ခွင့်ရကြတာများတယ်။ တောထဲ တောင်ထဲ မျှစ်ချိုးသွားချင်တယ်ဆိုရင် မိုင်းရှိ တယ်ဆိုပြီး သွားခွင့်မပေးတာတွေရှိတယ်။ မြို့နဲ့အစပ်လောက်ပဲသွားလို့ ရတယ်။ ဒါတောင် ကန့်သတ်ချက်နဲ့သွားရတယ်။ နောက်ပြီး သူတို့မထင်ရင် မထင် တဲ့အိမ်ကို ချိပ်ပိတ်တယ် ဆိုပြီးလုပ် တယ်။ သူတို့ဖျက် ဆီးချင်တဲ့အရာတွေကိုဖျက်ဆီးပစ်တယ်။ ငပလီက အထင်ကရဖြစ်တဲ့ ရေသူမရုပ်ကြီးဆိုရင် အခု အမြီးပဲ ကျန်တော့တယ်။ AA တွေက ရေသူမကိုယ်ကို ရိုက်ချိုးပြီး ပင်လယ်ထဲမျှောပစ်လိုက်တယ်လို့သိရတယ်။ နောက်ပြီး သူတို့က မြို့ကိုသိမ်းပြီးတော့ ဘာမှလုပ်တာ မဟုတ်ဘူး။ တစ်ရက်တစ်ရက်လာရင် မူးယစ်သောက် စားပြီး တော့ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာနေကြတာ။ သူတို့တွေက အရက်ဆို စိတ်ကြိုက်ပဲ။ သူတို့ ပဲသောက်တာ မြို့ထဲ ကလူတွေကိုကျတော့ ပထမက မရောင်းခိုင်းဘူး။ နောက်ပိုင်းကျတော့ ရာခိုင်နှုန်းယူပြီး ရောင်းခိုင်းတော့တာပဲ။ အရက် မှာမှ ချက်အရက်ပဲ ရောင်းရတယ်။ BE တွေဘာတွေ မရောင်းရဘူး။ မြို့ထဲက တချို့ရပ်ကွက်တွေဆိုရင် ချုံတွေစီးနေပြီ။ နောက်ပြီးတော့ စစ်မှုထမ်းရမယ်ဆိုပြီး လူငယ်တွေကို အတင်းအကြပ် အိမ်တိုင်ရာရောက်လာခေါ်တာတွေလည်း လုပ်နေတယ်။ သူတို့ကတော့ သင်တန်းတက်ပြီးရင် ကိုယ့်မြို့ကို ကိုယ်ပြန်လာရမယ်ဆိုပြီး တက်ခိုင်းနေတာ။ နယ်မြေမှူး ဆိုတဲ့လူနဲ့ မသင့်တဲ့မိသားစုတွေဆိုရင် ပိုပြီး ဖိအားပေးခံရတယ်။နောက်တစ်ခုက အခုဆိုရင် ငပလီ ဟိုတယ်ဇုန်က ဟိုတယ်တွေမှာ ဘာပစ္စည်းတွေမှမရှိ တော့ဘူး။ AA တွေစောင့်နေပါတယ်ဆိုတဲ့ကြားက ပျောက်ကုန်တာ။ ပစ္စည်းတွေကို အကုန်မြောက်ပိုင်းကို ရောင်းစားလိုက်ကြပြီ။
မေး ။ မြို့မှာရှိတဲ့သူတွေကကော ဘာတွေလုပ်နေကြလဲ။
ဖြေ။ မြို့မှာအရင်တုန်းကတော့ ငါးရှာတဲ့အလုပ်တွေရှိခဲ့တယ်။ ဟိုတယ်တွေရှိတော့ အလုပ်အကိုင်ကောင်းခဲ့တယ်။ အလုပ်တွေပေါခဲ့တာပေါ့။ အခုက ငါးလည်းမရှာရ၊ ဟိုတယ်တွေကလည်းပိတ်ဆိုတော့ အလုပ်တွေအကုန် ပျောက်ကုန် တာပေါ့။ အလုပ်မရှိရင် သူတို့ဆီကိုခွင့်ပြုချက် တောင်းပြီး ပင်လယ်ကမ်းစပ်မှာ ငါးမျှားတာ၊ ပိုက်တား တာလောက်ပဲ လုပ်နေရတာပေါ့။ ဒါတောင် လူအများကြီးနဲ့ သွားချင်တဲ့နေရာသွားခွင့်ရတာမဟုတ်ဘူး။ ကျန်တဲ့သူ တွေကတော့ ဈေးရောင်းပေါ့။ အခုက တစ်မြို့လုံးလိုလိုက ဈေးရောင်းနေကြသလို ဖြစ်နေတယ်။ ဝယ်စားတဲ့သူက မရှိဘူး။ အလုပ်မရှိ ဝင်ငွေမရှိတော့ ဘယ်သူက ဝယ် စားနိုင်မှာလဲ။ ကျွန်တော်အဲဒီမှာနေခဲ့တုန်းကတော့ ဂျိတ်တောအနားကရွာတစ်ရွာကနေ ဆန်ဝယ်တယ်။ ပြီးရင် တခြားနေရာမှာဝှက်ထားပြီး ဆန်ကို နည်းနည်းချင်း ဆီထုတ်ပြီးစားနေခဲ့တယ်။ ဆန်အများကြီးရှိ ရင်စိုးရိမ်ရလို့ အိမ်မှာအများကြီးမထားရဲဘူးပေါ့။ ကျန်တဲ့ဆီတို့ ဆားတို့လိုရင်တော့ ရှိတဲ့ပစ္စည်းလေးတွေရောင်းချပြီး တော့ ဝယ်စားရတာပေါ့။ အလုပ်မှမရှိတာ။ အဲဒီလိုရောင်း ချပြီးစားသောက်နေရတာက ကျွန်တော်တစ်ယောက် တည်းမဟုတ်ဘူး။ အကုန်လုံးလိုလိုက ရှိတဲ့ပစ္စည်းလေး တွေကို ရောင်းချစားသောက်ပြီးနေနေရတာ။ ရောင်းရင် လည်း တန်ရာတန်ကြေးမရဘူး။ နှိမ်ပြီးဝယ်ကြတာ။ ဒါပေမဲ့လည်း စားဖို့လိုတော့ရောင်းကြရတာပဲလေ။ ရခိုင် ပြည်မြောက်ပိုင်း ကလူတွေလည်း လာဝယ်ကြတယ်။ သူတို့လာဝယ်ရင်တော့ ဈေးကောင်းရတယ်။ ကားတို့ ဘာတို့ဆိုရင်လည်းလာဝယ် နေကြတာပဲ။ ယိုးဒယား ဆိုင်ကယ် ခပ်သန့်သန့်ဆိုရင် သိန်းသုံးဆယ်လောက်အထိ ရကြတယ်။ တရုတ်ဘီးဆိုရင်တော့ (၁၂)သိန်း၊ (၁၃) သိန်းလောက်ပေးတယ်။ ဟိုက်ဂျက်ကား ခပ်လတ်လတ် တစ်စီးဆိုရင် သိန်း(၁၅၀)၊ သိန်း(၁၈၀)လောက် ပေး ဝယ်ကြတယ်။ အခုကတော့ ကားတွေလည်းမရှိတော့ဘူး။ ဆိုင်ကယ်တွေလည်းမရှိတော့ဘူး။ လူတွေကတော့ ရှိ တာလေးတွေလည်းကုန်နေကြပြီ။ တစ်နှစ်ဆိုတာ လွယ်တာမှမဟုတ်တာ။ မသိရင် AA ကကျွန်တော်တို့မြို့ကို ရည်ရွယ် ချက်ရှိရှိနဲ့ဖျက်ဆီးခဲ့သလိုပဲ။ နောက်ပြီး ဘုန်းကြီးကျောင်းတွေမှာဆိုရင်လည်း ဘုန်းကြီးတွေရှိတဲ့ ကျောင်းရှိပြီး မရှိတဲ့ ကျောင်းမှာမရှိတော့ဘူး။ ရှိရင်လည်း တစ်ပါးနှစ်ပါးပဲရှိတော့တယ်။
မေး။ အဲဒီက ကလေးတွေပညာရေး ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ။ အဲဒီမှာရှိတဲ့ကလေးတွေက သနားဖို့အကောင်း ဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျောင်းတွေမှာ လည်း ကျောင်းမတက်ရတော့ဘူး။ ဟိုတစ်စုဒီတစ်စုနဲ့ အိမ်တွေမှာပဲ မပြည့်မစုံနဲ့စာသင်နေကြရတယ်။ စာသင် တာတောင် ပိုက်ဆံရှိတဲ့သူနဲ့ မရှိတဲ့သူ ကွာသေးတယ်။ လုံးဝမရှိတဲ့သူဆိုရင် စာကိုမသင်ရတော့တာ။ စာအုပ်ဖိုး တွေက မိသားစု သုံးရက်စာ စားစရိတ်လောက်ရှိနေတော့ သူတို့မှာ စာမသင်နိုင်ကြဘူး။ နောက်ပြီးတော့ သင်တဲ့ သူတွေဆိုရင်လည်း စာအုပ်အဟောင်းတွေနဲ့ သင်နေကြ ရတယ်။ တချို့ နည်းနည်းပါးပါးတတ်နိုင်တဲ့သူတွေကျ တော့ အနီးအနားကလူ တွေစုပြီးတော့သင်ကြတယ်။ သင်တဲ့စာတွေကတော့ အစိုးရကထုတ်ထားတဲ့စာတွေကို ရခိုင်စာတွေနဲ့ညှပ်ပြီးသင်တာ တွေရှိတယ်။ နိုင်ငံတော် သီချင်းကတော့ သူတို့ ရခိုင်နိုင်ငံတော်သီချင်းကို ဆိုကြရ တယ်။ စာသင်တဲ့သူတွေကတော့ သူတို့မြောက်ပိုင်းက ဆရာမလို့ ပြောတဲ့သူတွေပါတယ်။ နောက်ပြီး ဒီဘက်မှာ အရင်က အစိုးရကျောင်းတွေ မှာသင်ခဲ့ တဲ့သူတွေပါတယ်။ သူတို့ကိုအားပေးတဲ့သူတွေပါတယ်။ သူတို့ကိုအားမပေး တဲ့ဆရာမတွေဆိုရင်လည်း ယာယီဆရာမ အနေနဲ့ ဝင်လုပ်နေကြရတာပါပဲ။ လစာရ မရကတော့ ကျွန်တော် လည်းမပြောတတ်ဘူး။ ကြားရသလောက်တော့ ကျောင်း သားမိဘတွေက သဒ္ဓါကြေးပုံစံမျိုးနဲ့ပေးတာတွေတော့ ရှိတယ်လို့ကြားတာပဲ။
မေး ။ လက်ရှိ သံတွဲမြို့မှာ ကျန်းမာရေးနဲ့ပတ်သက် ပြီးတော့ ဘယ်လိုရင်ဆိုင်နေရလဲ။
ဖြေ။ လက်ရှိမှာ ဆရာဝန်ကောင်းကောင်းလည်းမရှိသေးပါဘူး။ အခုလမ်းတွေပိတ်နေတော့ ရောင်းနေတဲ့ဆေး တွေ တော့ရှိတယ်။ ဆေးတွေကို အိန္ဒိယဘက်ကနေ မြောက်ပိုင်း၊ မြောက်ပိုင်းကနေတစ်ဆင့် ကျွန်တော်တို့ တောင်ပိုင်းကို သယ်တယ်လို့ကြားတယ်။ ဒါပေမဲ့ ဈေးအရမ်းကြီးတယ်။ အလုပ်အကိုင်မရှိကြတော့ တော်ရုံလူ ဝယ်မသောက်နိုင်ကြဘူး။ သူတို့ကတော့ သူတို့မှာရှိတဲ့ ဆရာဝန်ဆိုတာနဲ့ကုပေးတာတွေတော့ရှိတယ်။ ဒါပေမဲ့ ကုပေးတဲ့သူတွေက ငယ်ငယ်လေး တွေ။ သူတို့အကု ကောင်းလို့ သူတို့ကုပေးမှသေသွားတဲ့သူတွေလည်းရှိတော့ ဘယ်သူမှသွားမကုရဲကြဘူး။ ကိုယ်ဖြစ် ကိုယ်ခံဆို ပြီး နေနေကြရတာပါပဲ။
မေး။ ဘာကြောင့် မြို့ကိုစွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာလဲ။
ဖြေ။ ကျွန်တော်တို့နေနဲ့ တစ်နှစ်ကျော်လောက်အဲဒီမှာ စစ်ဘေးရှောင်ဘဝနဲ့နေခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်း မှာဘာဖြစ်လာလဲဆိုတော့ ကလေးတွေပညာ ရေးပိုင်းနဲ့ ပတ်သက်ပြီးအဆင်မပြေတော့ဘူးလေ။ ကလေးတွေ ပညာရေး နဲ့တွက်ကြည့်ရင် တစ်နှစ်အောက်သွားပြီ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်မယ်ဆိုရင်လည်း ခိုင်လုံတဲ့ အထောက်အထားတွေမရှိဘူးလေ။ နားလည် တတ်ကျွမ်းတဲ့ဆရာဝန်ကြီးတွေမရှိဘူး။ အဲဒါက တစ်ကြောင်း နောက် တစ်ခုက စီးပွားရေးလုပ်မယ်ဆိုရင်လည်း ဘာစီးပွားရေးမှမရှိဘူးလေ။ ဒီတော့ ရှိတာ လေးတွေကို ရောင်းချစား သောက်ပြီးတော့ ကုန်သွားမယ်လေ။ ဒီလိုဆိုရင် ဘာမှအလုပ်မရှိဘဲနဲ့ နေလို့ဘာထူး မှာလဲဆိုပြီးတော့ ကျွန်တော်တို့ ဒီဘက်ကိုထွက်လာတာ။ ဒီဘက်မှာက ကလေးတွေအတွက် ပညာရေးလည်းအဆင် ပြေတယ်။ ကျန်းမာရေးလည်း အဆင်ပြေတယ်။ အလုပ်အကိုင်ဆိုရင်လည်း တစ်ခုခုလုပ်နိုင်လို့ရှိရင် ကိုယ်တွေအတွက် စားဝတ်နေရေးအဆင် ပြေနိုင် တာပေါ့နော်။ ဒါတွေကိုတွေးပြီးတော့ ဒီဘက်ကိုထွက်လာတာပါ။
မေး ။ ဘယ်အချိန်လောက်က သံတွဲကစထွက်လာခဲ့ တာလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။
ဖြေ ။ ကျွန်တော်က သံတွဲကနေ (၆)လပိုင်း (၂၀) ရက် ကနေစပြီးထွက်လာခဲ့တယ်။ ဒီနေရာ (ရန်ကုန်မြို့ဝန်းကျင်) ရောက်တော့ (၇)လပိုင်း ဆယ်ရက်ကျော်လောက် ရှိပြီ။ လဝက်ကျော်နီးပါးလာခဲ့ရတာ။ ဒီကိုလာဖို့အတွက် သံတွဲကနေ မအီအထိ တစ်ယောက်ကို ငါးသောင်းပေးရတယ်။ မအီကနေ ဒီဘက်ကိုလာဖို့ ဖုန်းတွေဆက်ရတယ်။ အဲဒီမှာနေပြီး လမ်းကြောင်းအခြေအနေကြည့်ဖို့အတွက် ဘာညာနဲ့ဆိုရင် တစ်ယောက်ကို (၁၀)သိန်းကျော် လောက်ကုန်တယ်။ မအီကနေနောက်တစ်ဆင့် ကျပ်တောပြင်ဘက်ကိုထပ်သွားရတယ်။ အဲဒီမှာလည်း ထပ်ပြီးတော့ ငါးသိန်းခြောက်သိန်း လောက်ကုန်သေး တယ်။ ကျပ်တောပြင်ကနေ AA တွေမတွေ့အောင် ကျောက်ဖြူကို ထပ်ပြီးတော့သွားရသေးတယ်။ သူတို့က တွေ့ရင် ကျွန်တော့်ကို သူတို့အထဲတန်းထည့်မှာ။ ကျောက်ဖြူကနေတစ်ဆင့် ရန်ကုန်ကို လေယာဉ်နဲ့လာခဲ့တာ စုစုပေါင်းကုန်ကျစရိတ်က သိန်း(၃၀)ကျော်လောက် ရှိမယ်။
မေး။ အခုလိုထွက်လာချင်တာ အစ်ကိုတစ်ယောက် တည်းလား တခြားသူတွေကောလာချင်ကြလား။
ဖြေ။ ဟာ အများကြီးရှိကြတယ်။ ဒါပေမဲ့ သူတို့မှာ ငွေရေးကြေးရေးအဆင်မပြေတော့ မထွက်လာနိုင်ဘူး ဖြစ်နေကြ တယ်။ တစ်ယောက်ကို သိန်းသုံးဆယ်ကျော် လောက်ကုန်တာဆိုတော့လေ။ လူတွေအကုန် အဲဒီမှာ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်းမအိပ်ရကြလို့ အကုန်ပိန်ချုံးနေကြတယ်။ အရင်တုန်းက နှစ်ယောက် ဖက်စာလောက်ခန္ဓာကိုယ် ရှိတဲ့သူဟာ အခုဆိုရင် တစ်ယောက်ဖက်စာတောင်မရှိတော့ဘူး။ အာဟာရတွေ ပြတ်ပြီး အဲဒီလောက်ထိကိုပိန် သွားကြတာ။ အရင်တုန်းက တစ်ထောင်ဖိုးစားနိုင်တဲ့သူက အခုဆိုရင် နှစ်ရာဖိုး လောက်ပဲစားနိုင်တော့တာလေ။ ဝင်ငွေ မရှိတော့ ခြွေတာရတာပေါ့။ အကုန်လုံးက ထမင်းလေးစားရဖို့အတွက်ကိုပဲ လုံးပမ်းနေကြရတယ်။ တချို့ဆိုရင် ဆန်တောင်မစားနိုင် လို့ ဆန်ကွဲစားနေရတဲ့သူတွေပါရှိတယ်။ အကုန်လုံးက အဲဒီကနေထွက်လာချင်ပေမယ့် အကုန် ပိတ်မိနေကြရတယ်။
သက်ပိုင်
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။

Zawgyi Version:
အေမွာင္ထဲက ဒြါရာဝတီ
သက္ပိုင္(NP News)
(၂၀၂၄)ခုႏွစ္ ဇြန္လအစပိုင္းမွစတင္ကာ AA အဖြဲ႕အေနျဖင့္ သံတြဲၿမိဳ႕ကို စတင္တိုက္ခိုက္ခဲ့ၾကသည္။ ထိုသို႔တိုက္ ခိုက္သည္ႏွင့္တစ္ၿပိဳင္နက္ သံတြဲၿမိဳ႕၏ ကုန္းလမ္း၊ ေရလမ္းမ်ား ျဖတ္ေတာက္ျခင္းခံခဲ့ရသည္။ ထို႔ေနာက္ ဇူလိုင္လ (၁၁)ရက္တြင္ AA အဖြဲ႕က သံတြဲၿမိဳ႕ကိုထိန္းခ်ဳပ္လိုက္ေၾကာင္း စတင္ေၾကညာခဲ့သည္။ ယင္းအခ်ိန္မွစ၍ သံတြဲၿမိဳ႕တြင္ AA အဖြဲ႕ကမင္းမူေနခဲ့ၿပီး ေဒသခံမ်ား၏ အေျခခံသတင္းသိပိုင္ခြင့္မ်ားကို ကန႔္သတ္ကာ ဆက္သြယ္ေရးလိုင္းမ်ားကို ျဖတ္ ေတာက္ခဲ့သည္။ ထိုသို႔ ဆက္သြယ္ေရးလိုင္းမ်ားျဖတ္ ေတာက္ကာ ျပင္ပကမာၻႏွင့္ အဆက္အသြယ္ျဖတ္ျခင္းခံခဲ့ရသည့္ သံတြဲၿမိဳ႕မွေဒသခံမ်ားအေနျဖင့္ AA ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ မည္သို႔ျဖစ္ပြားေနသည္ႏွင့္ ငပလီေဒသတြင္ မည္သည့္ အေၾကာင္းအရာမ်ားျဖစ္ေပၚ ေနသည္တို႔ကို သံတြဲၿမိဳ႕မွထြက္ခြာလာခဲ့သူတစ္ဦးထံ NP News မွေတြ႕ဆုံေမးျမန္းခဲ့သည္ ကို ေဖာ္ျပလိုက္ရပါသည္။

ဆန္းၾကယ္ေသာ သဘာဝအလွတရားမ်ားျဖင့္ ေက်ာ္ၾကားသည့္ ငပလီကမ္းေျခသည္ ျမန္မာတို႔သာမက ကမာၻ႔ ႏိုင္ငံအမ်ားအျပားကပင္ လာေရာက္လည္ ပတ္ရာေနရာတစ္ခု ျဖစ္ခဲ့သည္။ ငပလီသို႔ လာေရာက္ မည္ဆိုပါက ကမ္းေျခ ႏွင့္ႏွစ္မိုင္ေဝးေသာ သံတြဲၿမိဳ႕ ေလဆိပ္သို႔ ဦးစြာေရာက္မည္မွာ မုခ်ျဖစ္ေပသည္။ ငပလီကမ္းေျခႏွင့္ (၄)မိုင္အကြာ တြင္တည္ရွိေသာ အဆိုပါသံတြဲၿမိဳ႕သည္လည္း ဒြါရာဝတီၿမိဳ႕ဟူေသာ ဆန္းျပားသည့္အမည္နာမႏွင့္အတူ ဆန္းျပားေသာ ယုံတမ္းပုံျပင္မ်ားစြာကိုပိုင္ဆိုင္ထားေသာ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေပသည္။ ထို႔ျပင္ ဒြါရာဝတီေခၚ သံတြဲၿမိဳ႕မွာ ငပလီသို႔ လာေရာက္လည္ပတ္သူမ်ားေၾကာင့္ ျမန္မာႏိုင္ငံ၏ ဧည့္သည္မျပတ္ေသာၿမိဳ႕ဆိုလွ်င္လည္း မွားႏိုင္မည္ မဟုတ္ေပ။ ထိုမွ် မက ၿမိဳ႕ခံမ်ား၏ေဖာ္ေ႐ြမႈႏွင့္ ဧည့္ဝတ္ေက်ပြန္မႈတို႔မွာလည္း ေကာင္းသတင္းသာရွိခဲ့သည္။ ထိုသို႔ စည္ကားမႈမ်ား၊ စီးပြား ေရးလုပ္ငန္းမ်ားျဖင့္ “ေလမွာပ်ံဝဲ ၿမိဳ႕သံတြဲ” ဟူေသာစကားပုံအတိုင္း အျမင့္သို႔တက္လွမ္းရန္၊ ဖြံ႕ၿဖိဳးတိုးတက္ရန္ အစျပဳေန သည့္သံတြဲၿမိဳ႕ငယ္ေလးသည္ (၂၀၂၄)ခုႏွစ္ ဇြန္လ အတြင္းတြင္ အေမွာင္တိုက္အတြင္းသို႔ေရာက္ရွိခဲ့ရ သည္။
ေမး ။ သံတြဲၿမိဳ႕ကို AA စသိမ္းခံရတဲ့အခ်ိန္မွာ ဘယ္လိုႀကဳံေတြ႕ခဲ့ရလဲ။
ေျဖ ။ သူတို႔ေတြ ၿမိဳ႕ထဲကိုဝင္သြားၿပီဆိုတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က စစ္ေဘးေရွာင္အေနနဲ႔ မိသားစုလိုက္ ထြက္ေျပး ခဲ့ၾကရပါတယ္။ တိုက္ပြဲေတြ ျဖစ္ေတာ့ေလ။ သူတို႔က လူေနအိမ္ၾကားေတြထဲကေနဝင္လာၾကတာေလ။ လမ္းအလိုက္ လာၾကတာမွမဟုတ္တာ။ ဒီေတာ့ ကြၽန္ေတာ္တို႔လည္း မေနရဲေတာ့ ထြက္ေျပးခဲ့ၾကရတာ ေပါ့။ အိမ္မွာစားဖို႔အတြက္ ထားတဲ့ရိကၡာေတြကို ဒီအတိုင္းထားၿပီး ထြက္ေျပးၾကရတာ။ မိသားစုေတြလည္း တကြဲတျပားေပါ့။ ကြၽန္ေတာ့္အစ္ကိုက တစ္ေနရာ၊ ကြၽန္ေတာ့္အစ္မတို႔မိသားစုက တစ္ေနရာ၊ ကြၽန္ေတာ္ တို႔မိသားစုကတစ္ေနရာဆိုၿပီး အကုန္ တကြဲတျပား ျဖစ္ကုန္ၾကတာေပါ့။ ၿပီးေတာ့ ဝယ္စားရတာလည္း အကုန္ေဈးႀကီးေပးၿပီး ဝယ္စားရတယ္။ ဆီဖိုးေတြ ကလည္း တက္ေတာ့ ေဈးတစ္ခါသြားဝယ္ရင္ ဆိုင္ကယ္ ဆီဖိုးခ်ည္းပဲ မစားရမေသာက္ရဘဲနဲ႔ သုံးေသာင္း ေလာက္ကိုကုန္ခဲ့တာ။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ ဂ်ိတ ေတာရပ္ကြက္ကို ျပန္ဝင္ခြင့္မေပးေတာ့ အဝတ္အစား ကအစ အိမ္မွာက်န္ေနခဲ့ေတာ့ အမ်ားႀကီး ဒုကၡေရာက္တာေပါ့။ ကိုယ့္ရပ္ကြက္ကိုယ္ ျပန္ဝင္ဖို႔အတြက္ သူတို႔ဆီေျပာေတာ့လည္း ေန႔ေ႐ႊ႕ညေ႐ႊ႕နဲ႔ လုပ္တယ္။ အိမ္မွာက်န္တဲ့စားနပ္ရိကၡာေတြကိုလည္း ဝင္ယူခြင့္ မေပးခဲ့ဘူး။ ဝယ္စားမယ္ဆိုေတာ့လည္း ကိုယ္ေတြမွာ ေငြအင္အားကနည္းဆိုေတာ့ အရမ္းဒုကၡေရာက္ခဲ့ ရတယ္။ အလုပ္လုပ္မယ္ဆိုေတာ့လည္း တိုက္ပြဲျဖစ္ ၿပီးကာစဆိုေတာ့ ဘယ္အလုပ္ကရွိမွာတဲ့လဲ။ ကုန္ေျခာက္ ေလးေတြေရာင္းမယ္ဆိုျပန္ေတာ့လည္း ေဈးေတြက မတန္တဆေတြျဖစ္ေန ေတာ့ အဆင္မေျပ။ အဲဒီလိုမ်ိဳးေတြ ႀကဳံခဲ့ရတာေပါ့ေနာ္။ ဟိုဘက္မွာဆိုရင္လည္း AA၊ ဒီဘက္မွာဆိုရင္လည္း ဗဗ ဆိုေတာ့ ကြၽန္ေတာ္တို႔က ေနရထိုင္ရတာ က်ဥ္းက်ပ္တာေပါ့ဗ်ာ။ တစ္ေနရာနဲ႔တစ္ေနရာသြားမယ္ဆိုရင္လည္း သူတို႔ခြင့္ျပဳမွ သြားလာရေတာ့ အဆင္မေျပဘူးေပါ့။ ရပ္ကြက္ထဲ ျပန္ဝင္ရျပန္ေတာ့လည္းအိမ္ကို ခ်ဳံေတြစီးၿပီး အရင္သြားတုန္းက က်န္ခဲ့တဲ့ပစၥည္းေတြက ဘာတစ္ခုမွမရေတာ့ဘူး။ အကုန္မရွိေတာ့တာ။ ကြၽန္ေတာ္တို႔ကို ရပ္ကြက္ထဲဝင္ခြင့္ မေပး တုန္းက ရပ္ကြက္ထဲမွာသူတို႔ပဲ ရွိတာေလ။ ဘယ္သူဘာလုပ္သြားလဲ စဥ္းစားၾကည့္ေပါ့။ ဘာမွမရွိေတာ့ဘူးဆိုမွေတာ့ စားဝတ္ေနေရးအဆင္မေျပေတာ့ဘူးေလ။ အိမ္မွာလူမရွိရင္လည္း သူတို႔ေတြက အိမ္ကိုခ်ိပ္ပိတ္တယ္။ ဒါေၾကာင့္ အိမ္ ကလည္းမခြာရဲျဖစ္ခဲ့ရတယ္။ ရပ္ကြက္ထဲမွာဆိုရင္ ကြန္ကရစ္လမ္းေတြဟာ ဟိုဘက္ျမက္ ဒီဘက္ျမက္ေတြ နဲ႔ပိတ္ၿပီး ေတာ့ ဆိုင္ကယ္တစ္စီးသြားစာေလာက္ပဲ က်န္ေတာ့တယ္။ အဆိုးဆုံးကေတာ့ဗ်ာ က်န္းမာေရးမေကာင္းရင္ ျပမယ့္ ဆရာဝန္မရွိတာပါပဲ။ ေနမေကာင္းထိုင္မေကာင္းျဖစ္ရင္ ဘာေဆးမွ ေသာက္စရာမရွိဘူး။ ေနမေကာင္းျဖစ္ရင္ ၾကက္ ဟင္းခါး႐ြက္ကို အရည္ညႇစ္ၿပီးေသာက္ရတယ္။ ေခ်ာင္းဆိုးရင္ ေခြးေသးပန္း႐ြက္ရွာၿပီး အရည္ညႇစ္ေသာက္ရတယ္။ ကြမ္း႐ြက္ေတာင္ ေဈးႀကီးၿပီးရွာမရလို႔ ေခြးေသးပန္း ႐ြက္ကိုပဲရွာၿပီး ေသာက္ရတာမ်ိဳးေတြရွိခဲ့တယ္။
ေမး။ လက္ရွိသံတြဲၿမိဳ႕မွာ ဘာေတြျဖစ္ေနလဲ။
ေျဖ။ လက္ရွိမွာ တိုက္ပြဲဘာညာမရွိေပမယ့္ Navy (တပ္မေတာ္ေရတပ္)နဲ႔ AA အဖြဲ႕ေတြနဲ႔ ခ်ေနတာေတာ့ ရွိတယ္။ ေနေရးထိုင္ေရး စားေသာက္ေရးေတြက က်ပ္တည္းတာေပါ့။ ကုန္ေဈးႏႈန္းေတြက အရင္ထက္ ေဈးေတြႀကီးကုန္တယ္။ ပစၥည္းေတြဆိုရင္ ဘဂၤလားေဒ့ရွ္ဘက္ကလာတဲ့ပစၥည္းေတြကိုပဲ သုံးေနၾကရတယ္။ က်န္တဲ့ပစၥည္း ဘာမွမရွိဘူး။ ေဈးႏႈန္း ေတြဆိုရင္ ေတာ္ေတာ္ႀကီးသြားတယ္။ ဆန္ေဈးေရာ ဆီေဈးေရာ ထိုးတက္သြားတယ္။ ေဆးေပါ့လိပ္တစ္ထုပ္ကိုေတာင္ ေသာင္းေက်ာ္ေပးရတယ္။ အလိပ္ (၅၀) ပါတဲ့ တစ္ထုပ္ကို တစ္ေသာင္းႏွစ္ေထာင္၊ တစ္ေသာင္းသုံးေထာင္ ေလာက္အထိ ေပးရတယ္။ ဖေယာင္းတိုင္ေသးေသးေလး သုံးေခ်ာင္းကို (၁၀ဝဝ) ေပးရတယ္။ အိုမားကိတ္မုန႔္ အေသးေလးတစ္ထုပ္ကို (၁၅၀ဝ)ေပးရတယ္။ အဲဒီလို ကုန္ေဈးႏႈန္းေတြႀကီးလြန္းေတာ့ ငတ္တဲ့မိသားစု ေတြငတ္ကုန္ၿပီ။ အလုပ္ကလည္း ဘာ အလုပ္မွမရွိဘူး။ လုပ္စရာဆိုလို႔ ပင္လယ္ထဲငါးဆင္းရွာဖို႔ပဲရွိတယ္။ ဒါေပမဲ့လည္း AA က ပင္လယ္ထဲကို ဆင္းခ်င္ တိုင္းဆင္းခြင့္ မေပးဘူး။ လူေတြက တစ္ရက္တစ္ရက္ ကန္စြန္း႐ြက္၊ ခ်ဥ္ေပါင္႐ြက္ေတြနဲ႔ ၿခံထဲမွာရွိတဲ့ သီးပင္စား ပင္ေတြကို စားေနၾကရတာ။ ဒီၾကားထဲ AA လက္ေအာက္က သူခိုးေတြကိုလည္း ေၾကာက္ရေသးတယ္။ အဲဒီသူခိုး ေတြက အရင္က AA အဖြဲ႕ကို ရိကၡာေတြရွာေပးခဲ့တဲ့ မ်က္ႏွာနဲ႔ ၿမိဳ႕ေပၚမွာ လုပ္ခ်င္တာေတြလုပ္ေနၾကတယ္။ လူမေနတဲ့အိမ္ ေတြမွာ ရွိတာေတြကိုယူတယ္။ ေနာက္ၿပီး အကုန္လုံးကိုသယ္ၿပီး ျပန္ေရာင္းၾကတယ္။ သူတို႔ အဖြဲ႕ေလာက္ပဲ သက္သက္ သာသာနဲ႔ေနႏိုင္ၾကတာ။ ကြၽန္ေတာ္တို႔ မရွိတဲ့သူေတြကေတာ့ သူတို႔ကိုလည္း ေၾကာက္ရ၊ AA အဖြဲ႕က နယ္ေျမမႉး ဆိုတဲ့သူေတြကို လည္းေၾကာက္ရနဲ႔ ေနခဲ့ၾကရတာ။ ခိုးတဲ့ေနရာမွာ ဘယ္ေလာက္ထိခိုးလဲဆိုရင္ ယူစရာပစၥည္းမရွိရင္ အိမ္မွာတပ္ထားတဲ့ မီတာေဘာက္ကအစ ျဖဳတ္ယူတယ္။ ၿမိဳ႕ထဲမွာ လူေတြရွိတဲ့အိမ္ေတြေလာက္ပဲ သက္သာတယ္။ သံတြဲၿမိဳ႕ေရွာင္လမ္းဘက္ကအိမ္ေတြဆိုရင္ မီတာေဘာက္ေတြ အကုန္ျဖဳတ္ခိုးခံရတယ္။ တစ္အိမ္မွမရွိေတာ့ဘူး။ ေနာက္ ၿပီးေတာ့ က်ိႏၲလီ ဘက္မွာဆိုရင္ တစ္အိမ္မွာမွ မီတာဘုတ္ေတြမရွိေတာ့ဘူး။ အကုန္ျဖဳတ္ၾကတယ္။ ျဖဳတ္ၿပီးေတာ့ တစ္လုံးကို ဆယ္သိန္းေက်ာ္ေလာက္နဲ႔ ျပန္ေရာင္းတယ္။ အဲဒါကို ဘဂၤလားေဒ့ရွ္ကိုပို႔တယ္လို႔သိရတယ္။ ေနာက္ၿပီး ပင္ လယ္ကမ္းေျခကိုလည္း သံဆူးႀကိဳးကာတာေတြရွိခဲ့တယ္။ ကြၽန္ေတာ္ဒီကိုေရာက္ခ်ိန္ အဲဒီဘက္ကလူ ေတြနဲ႔အဆက္ သြယ္ရေတာ့ သံဆူးႀကိဳးေတြကိုျပန္ခြာ ေနၿပီလို႔ေတာ့သိရတယ္။ ၿမိဳ႕အေျခအေနကေတာ့ လက္နက္ႀကီးက်လို႔ ၿပိဳတဲ့အိမ္ ေတြရွိတယ္။ လက္နက္ႀကီးအစမွန္လို႔ ေပါက္ၿပဲေနတဲ့အိမ္ေတြလည္းရွိတယ္။ ေနာက္ၿပီး အိမ္ေနရာအလုံးလိုက္ ေပ်ာက္သြား တဲ့ေနရာေတြလည္းရွိတယ္။ မီးရႈိ႕ခံရလို႔ မီးေလာင္ငုတ္ ေတြနဲ႔အိမ္ေတြလည္းရွိတယ္။ အမ်ိဳးမ်ိဳးပါပဲ။ အရင္က သံတြဲၿမိဳ႕အေျခအေနနဲ႔ အခု ၿမိဳ႕ရဲ႕အေျခအေနနဲ႔ယွဥ္ ၾကည့္ရင္ အခုက ၿမိဳ႕ပ်က္ႀကီးထဲ ေနေနရသလိုပဲ။
ေမး ။ AA က အဲဒီမွာ ဘာေတြလုပ္ေနလဲ။
ေျဖ။ အဲဒီမွာ သူတို႔က ဟိုတယ္ဇုန္ေတြရွိတဲ့ဘက္မွာ ေနၾကတယ္။ ဟိုတယ္ေတြေပၚမွာတက္ၿပီးေနေန တယ္။ ေနာက္ၿပီး နယ္ေျမမႉးဆိုတဲ့သူေတြက ၿမိဳ႕ကိုအုပ္ခ်ဳပ္တယ္။ ၿပီးေတာ့ တစ္ေနရာနဲ႔တစ္ေနရာ သြားမယ္ဆိုရင္ လမ္းမွာ သူတို႔ဂိတ္ ေတြလုပ္ထားတယ္။ ႐ြာကလူေတြ၊ ၿမိဳ႕ကလူေတြ ပစၥည္းတစ္ခုခု သယ္မယ္ျပဳမယ္ဆိုရင္ သူတို႔ခြင့္ျပဳခ်က္လိုတယ္။ တကယ္ေတာ့ ခြင့္မျပဳတာမ်ားတယ္။ သူတို႔နဲ႔ နီးစပ္ တဲ့သူေတြေလာက္ပဲ သယ္ခြင့္ရၾကတာမ်ားတယ္။ ေတာထဲ ေတာင္ထဲ မွ်စ္ခ်ိဳးသြားခ်င္တယ္ဆိုရင္ မိုင္းရွိ တယ္ဆိုၿပီး သြားခြင့္မေပးတာေတြရွိတယ္။ ၿမိဳ႕နဲ႔အစပ္ေလာက္ပဲသြားလို႔ ရတယ္။ ဒါေတာင္ ကန႔္သတ္ခ်က္နဲ႔သြားရတယ္။ ေနာက္ၿပီး သူတို႔မထင္ရင္ မထင္ တဲ့အိမ္ကို ခ်ိပ္ပိတ္တယ္ ဆိုၿပီးလုပ္ တယ္။ သူတို႔ဖ်က္ ဆီးခ်င္တဲ့အရာေတြကိုဖ်က္ဆီးပစ္တယ္။ ငပလီက အထင္ကရျဖစ္တဲ့ ေရသူမ႐ုပ္ႀကီးဆိုရင္ အခု အၿမီးပဲ က်န္ေတာ့တယ္။ AA ေတြက ေရသူမကိုယ္ကို ႐ိုက္ခ်ိဳးၿပီး ပင္လယ္ထဲေမွ်ာပစ္လိုက္တယ္လို႔သိရတယ္။ ေနာက္ၿပီး သူတို႔က ၿမိဳ႕ကိုသိမ္းၿပီးေတာ့ ဘာမွလုပ္တာ မဟုတ္ဘူး။ တစ္ရက္တစ္ရက္လာရင္ မူးယစ္ေသာက္ စားၿပီး ေတာ့ သြားခ်င္တိုင္းသြား၊ လာခ်င္တိုင္းလာေနၾကတာ။ သူတို႔ေတြက အရက္ဆို စိတ္ႀကိဳက္ပဲ။ သူတို႔ ပဲေသာက္တာ ၿမိဳ႕ထဲ ကလူေတြကိုက်ေတာ့ ပထမက မေရာင္းခိုင္းဘူး။ ေနာက္ပိုင္းက်ေတာ့ ရာခိုင္ႏႈန္းယူၿပီး ေရာင္းခိုင္းေတာ့တာပဲ။ အရက္ မွာမွ ခ်က္အရက္ပဲ ေရာင္းရတယ္။ BE ေတြဘာေတြ မေရာင္းရဘူး။ ၿမိဳ႕ထဲက တခ်ိဳ႕ရပ္ကြက္ေတြဆိုရင္ ခ်ဳံေတြစီးေနၿပီ။ ေနာက္ၿပီးေတာ့ စစ္မႈထမ္းရမယ္ဆိုၿပီး လူငယ္ေတြကို အတင္းအၾကပ္ အိမ္တိုင္ရာေရာက္လာေခၚတာေတြလည္း လုပ္ေနတယ္။ သူတို႔ကေတာ့ သင္တန္းတက္ၿပီးရင္ ကိုယ့္ၿမိဳ႕ကို ကိုယ္ျပန္လာရမယ္ဆိုၿပီး တက္ခိုင္းေနတာ။ နယ္ေျမမႉး ဆိုတဲ့လူနဲ႔ မသင့္တဲ့မိသားစုေတြဆိုရင္ ပိုၿပီး ဖိအားေပးခံရတယ္။ေနာက္တစ္ခုက အခုဆိုရင္ ငပလီ ဟိုတယ္ဇုန္က ဟိုတယ္ေတြမွာ ဘာပစၥည္းေတြမွမရွိ ေတာ့ဘူး။ AA ေတြေစာင့္ေနပါတယ္ဆိုတဲ့ၾကားက ေပ်ာက္ကုန္တာ။ ပစၥည္းေတြကို အကုန္ေျမာက္ပိုင္းကို ေရာင္းစားလိုက္ၾကၿပီ။
ေမး ။ ၿမိဳ႕မွာရွိတဲ့သူေတြကေကာ ဘာေတြလုပ္ေနၾကလဲ။
ေျဖ။ ၿမိဳ႕မွာအရင္တုန္းကေတာ့ ငါးရွာတဲ့အလုပ္ေတြရွိခဲ့တယ္။ ဟိုတယ္ေတြရွိေတာ့ အလုပ္အကိုင္ေကာင္းခဲ့တယ္။ အလုပ္ေတြေပါခဲ့တာေပါ့။ အခုက ငါးလည္းမရွာရ၊ ဟိုတယ္ေတြကလည္းပိတ္ဆိုေတာ့ အလုပ္ေတြအကုန္ ေပ်ာက္ကုန္ တာေပါ့။ အလုပ္မရွိရင္ သူတို႔ဆီကိုခြင့္ျပဳခ်က္ ေတာင္းၿပီး ပင္လယ္ကမ္းစပ္မွာ ငါးမွ်ားတာ၊ ပိုက္တား တာေလာက္ပဲ လုပ္ေနရတာေပါ့။ ဒါေတာင္ လူအမ်ားႀကီးနဲ႔ သြားခ်င္တဲ့ေနရာသြားခြင့္ရတာမဟုတ္ဘူး။ က်န္တဲ့သူ ေတြကေတာ့ ေဈးေရာင္းေပါ့။ အခုက တစ္ၿမိဳ႕လုံးလိုလိုက ေဈးေရာင္းေနၾကသလို ျဖစ္ေနတယ္။ ဝယ္စားတဲ့သူက မရွိဘူး။ အလုပ္မရွိ ဝင္ေငြမရွိေတာ့ ဘယ္သူက ဝယ္ စားႏိုင္မွာလဲ။ ကြၽန္ေတာ္အဲဒီမွာေနခဲ့တုန္းကေတာ့ ဂ်ိတ္ေတာအနားက႐ြာတစ္႐ြာကေန ဆန္ဝယ္တယ္။ ၿပီးရင္ တျခားေနရာမွာဝွက္ထားၿပီး ဆန္ကို နည္းနည္းခ်င္း ဆီထုတ္ၿပီးစားေနခဲ့တယ္။ ဆန္အမ်ားႀကီးရွိ ရင္စိုးရိမ္ရလို႔ အိမ္မွာအမ်ားႀကီးမထားရဲဘူးေပါ့။ က်န္တဲ့ဆီတို႔ ဆားတို႔လိုရင္ေတာ့ ရွိတဲ့ပစၥည္းေလးေတြေရာင္းခ်ၿပီး ေတာ့ ဝယ္စားရတာေပါ့။ အလုပ္မွမရွိတာ။ အဲဒီလိုေရာင္း ခ်ၿပီးစားေသာက္ေနရတာက ကြၽန္ေတာ္တစ္ေယာက္ တည္းမဟုတ္ဘူး။ အကုန္လုံးလိုလိုက ရွိတဲ့ပစၥည္းေလး ေတြကို ေရာင္းခ်စားေသာက္ၿပီးေနေနရတာ။ ေရာင္းရင္ လည္း တန္ရာတန္ေၾကးမရဘူး။ ႏွိမ္ၿပီးဝယ္ၾကတာ။ ဒါေပမဲ့လည္း စားဖို႔လိုေတာ့ေရာင္းၾကရတာပဲေလ။ ရခိုင္ ျပည္ေျမာက္ပိုင္း ကလူေတြလည္း လာဝယ္ၾကတယ္။ သူတို႔လာဝယ္ရင္ေတာ့ ေဈးေကာင္းရတယ္။ ကားတို႔ ဘာတို႔ဆိုရင္လည္းလာဝယ္ ေနၾကတာပဲ။ ယိုးဒယား ဆိုင္ကယ္ ခပ္သန႔္သန႔္ဆိုရင္ သိန္းသုံးဆယ္ေလာက္အထိ ရၾကတယ္။ တ႐ုတ္ဘီးဆိုရင္ေတာ့ (၁၂)သိန္း၊ (၁၃) သိန္းေလာက္ေပးတယ္။ ဟိုက္ဂ်က္ကား ခပ္လတ္လတ္ တစ္စီးဆိုရင္ သိန္း(၁၅၀)၊ သိန္း(၁၈၀)ေလာက္ ေပး ဝယ္ၾကတယ္။ အခုကေတာ့ ကားေတြလည္းမရွိေတာ့ဘူး။ ဆိုင္ကယ္ေတြလည္းမရွိေတာ့ဘူး။ လူေတြကေတာ့ ရွိ တာေလးေတြလည္းကုန္ေနၾကၿပီ။ တစ္ႏွစ္ဆိုတာ လြယ္တာမွမဟုတ္တာ။ မသိရင္ AA ကကြၽန္ေတာ္တို႔ၿမိဳ႕ကို ရည္႐ြယ္ ခ်က္ရွိရွိနဲ႔ဖ်က္ဆီးခဲ့သလိုပဲ။ ေနာက္ၿပီး ဘုန္းႀကီးေက်ာင္းေတြမွာဆိုရင္လည္း ဘုန္းႀကီးေတြရွိတဲ့ ေက်ာင္းရွိၿပီး မရွိတဲ့ ေက်ာင္းမွာမရွိေတာ့ဘူး။ ရွိရင္လည္း တစ္ပါးႏွစ္ပါးပဲရွိေတာ့တယ္။
ေမး။ အဲဒီက ကေလးေတြပညာေရး ဘယ္လိုအေျခအေန ရွိပါသလဲ။
ေျဖ။ အဲဒီမွာရွိတဲ့ကေလးေတြက သနားဖို႔အေကာင္း ဆုံးပဲ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ေက်ာင္းေတြမွာ လည္း ေက်ာင္းမတက္ရေတာ့ဘူး။ ဟိုတစ္စုဒီတစ္စုနဲ႔ အိမ္ေတြမွာပဲ မျပည့္မစုံနဲ႔စာသင္ေနၾကရတယ္။ စာသင္ တာေတာင္ ပိုက္ဆံရွိတဲ့သူနဲ႔ မရွိတဲ့သူ ကြာေသးတယ္။ လုံးဝမရွိတဲ့သူဆိုရင္ စာကိုမသင္ရေတာ့တာ။ စာအုပ္ဖိုး ေတြက မိသားစု သုံးရက္စာ စားစရိတ္ေလာက္ရွိေနေတာ့ သူတို႔မွာ စာမသင္ႏိုင္ၾကဘူး။ ေနာက္ၿပီးေတာ့ သင္တဲ့ သူေတြဆိုရင္လည္း စာအုပ္အေဟာင္းေတြနဲ႔ သင္ေနၾက ရတယ္။ တခ်ိဳ႕ နည္းနည္းပါးပါးတတ္ႏိုင္တဲ့သူေတြက် ေတာ့ အနီးအနားကလူ ေတြစုၿပီးေတာ့သင္ၾကတယ္။ သင္တဲ့စာေတြကေတာ့ အစိုးရကထုတ္ထားတဲ့စာေတြကို ရခိုင္စာေတြနဲ႔ညႇပ္ၿပီးသင္တာ ေတြရွိတယ္။ ႏိုင္ငံေတာ္ သီခ်င္းကေတာ့ သူတို႔ ရခိုင္ႏိုင္ငံေတာ္သီခ်င္းကို ဆိုၾကရ တယ္။ စာသင္တဲ့သူေတြကေတာ့ သူတို႔ေျမာက္ပိုင္းက ဆရာမလို႔ ေျပာတဲ့သူေတြပါတယ္။ ေနာက္ၿပီး ဒီဘက္မွာ အရင္က အစိုးရေက်ာင္းေတြ မွာသင္ခဲ့ တဲ့သူေတြပါတယ္။ သူတို႔ကိုအားေပးတဲ့သူေတြပါတယ္။ သူတို႔ကိုအားမေပး တဲ့ဆရာမေတြဆိုရင္လည္း ယာယီဆရာမ အေနနဲ႔ ဝင္လုပ္ေနၾကရတာပါပဲ။ လစာရ မရကေတာ့ ကြၽန္ေတာ္ လည္းမေျပာတတ္ဘူး။ ၾကားရသေလာက္ေတာ့ ေက်ာင္း သားမိဘေတြက သဒၶါေၾကးပုံစံမ်ိဳးနဲ႔ေပးတာေတြေတာ့ ရွိတယ္လို႔ၾကားတာပဲ။
ေမး ။ လက္ရွိ သံတြဲၿမိဳ႕မွာ က်န္းမာေရးနဲ႔ပတ္သက္ ၿပီးေတာ့ ဘယ္လိုရင္ဆိုင္ေနရလဲ။
ေျဖ။ လက္ရွိမွာ ဆရာဝန္ေကာင္းေကာင္းလည္းမရွိေသးပါဘူး။ အခုလမ္းေတြပိတ္ေနေတာ့ ေရာင္းေနတဲ့ေဆး ေတြ ေတာ့ရွိတယ္။ ေဆးေတြကို အိႏၵိယဘက္ကေန ေျမာက္ပိုင္း၊ ေျမာက္ပိုင္းကေနတစ္ဆင့္ ကြၽန္ေတာ္တို႔ ေတာင္ပိုင္းကို သယ္တယ္လို႔ၾကားတယ္။ ဒါေပမဲ့ ေဈးအရမ္းႀကီးတယ္။ အလုပ္အကိုင္မရွိၾကေတာ့ ေတာ္႐ုံလူ ဝယ္မေသာက္ႏိုင္ၾကဘူး။ သူတို႔ကေတာ့ သူတို႔မွာရွိတဲ့ ဆရာဝန္ဆိုတာနဲ႔ကုေပးတာေတြေတာ့ရွိတယ္။ ဒါေပမဲ့ ကုေပးတဲ့သူေတြက ငယ္ငယ္ေလး ေတြ။ သူတို႔အကု ေကာင္းလို႔ သူတို႔ကုေပးမွေသသြားတဲ့သူေတြလည္းရွိေတာ့ ဘယ္သူမွသြားမကုရဲၾကဘူး။ ကိုယ္ျဖစ္ ကိုယ္ခံဆို ၿပီး ေနေနၾကရတာပါပဲ။
ေမး။ ဘာေၾကာင့္ ၿမိဳ႕ကိုစြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့တာလဲ။
ေျဖ။ ကြၽန္ေတာ္တို႔ေနနဲ႔ တစ္ႏွစ္ေက်ာ္ေလာက္အဲဒီမွာ စစ္ေဘးေရွာင္ဘဝနဲ႔ေနခဲ့ၾကတယ္။ ဒါေပမဲ့ ေနာက္ပိုင္း မွာဘာျဖစ္လာလဲဆိုေတာ့ ကေလးေတြပညာ ေရးပိုင္းနဲ႔ ပတ္သက္ၿပီးအဆင္မေျပေတာ့ဘူးေလ။ ကေလးေတြ ပညာေရး နဲ႔တြက္ၾကည့္ရင္ တစ္ႏွစ္ေအာက္သြားၿပီ။ က်န္းမာေရးနဲ႔ပတ္သက္ၿပီး တစ္ခုခုျဖစ္မယ္ဆိုရင္လည္း ခိုင္လုံတဲ့ အေထာက္အထားေတြမရွိဘူးေလ။ နားလည္ တတ္ကြၽမ္းတဲ့ဆရာဝန္ႀကီးေတြမရွိဘူး။ အဲဒါက တစ္ေၾကာင္း ေနာက္ တစ္ခုက စီးပြားေရးလုပ္မယ္ဆိုရင္လည္း ဘာစီးပြားေရးမွမရွိဘူးေလ။ ဒီေတာ့ ရွိတာ ေလးေတြကို ေရာင္းခ်စား ေသာက္ၿပီးေတာ့ ကုန္သြားမယ္ေလ။ ဒီလိုဆိုရင္ ဘာမွအလုပ္မရွိဘဲနဲ႔ ေနလို႔ဘာထူး မွာလဲဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ ဒီဘက္ကိုထြက္လာတာ။ ဒီဘက္မွာက ကေလးေတြအတြက္ ပညာေရးလည္းအဆင္ ေျပတယ္။ က်န္းမာေရးလည္း အဆင္ေျပတယ္။ အလုပ္အကိုင္ဆိုရင္လည္း တစ္ခုခုလုပ္ႏိုင္လို႔ရွိရင္ ကိုယ္ေတြအတြက္ စားဝတ္ေနေရးအဆင္ ေျပႏိုင္ တာေပါ့ေနာ္။ ဒါေတြကိုေတြးၿပီးေတာ့ ဒီဘက္ကိုထြက္လာတာပါ။
ေမး ။ ဘယ္အခ်ိန္ေလာက္က သံတြဲကစထြက္လာခဲ့ တာလဲ၊ ဘယ္လိုအခက္အခဲေတြ ႀကဳံေတြ႕ခဲ့ရလဲ။
ေျဖ ။ ကြၽန္ေတာ္က သံတြဲကေန (၆)လပိုင္း (၂၀) ရက္ ကေနစၿပီးထြက္လာခဲ့တယ္။ ဒီေနရာ (ရန္ကုန္ၿမိဳ႕ဝန္းက်င္) ေရာက္ေတာ့ (၇)လပိုင္း ဆယ္ရက္ေက်ာ္ေလာက္ ရွိၿပီ။ လဝက္ေက်ာ္နီးပါးလာခဲ့ရတာ။ ဒီကိုလာဖို႔အတြက္ သံတြဲကေန မအီအထိ တစ္ေယာက္ကို ငါးေသာင္းေပးရတယ္။ မအီကေန ဒီဘက္ကိုလာဖို႔ ဖုန္းေတြဆက္ရတယ္။ အဲဒီမွာေနၿပီး လမ္းေၾကာင္းအေျခအေနၾကည့္ဖို႔အတြက္ ဘာညာနဲ႔ဆိုရင္ တစ္ေယာက္ကို (၁၀)သိန္းေက်ာ္ ေလာက္ကုန္တယ္။ မအီကေနေနာက္တစ္ဆင့္ က်ပ္ေတာျပင္ဘက္ကိုထပ္သြားရတယ္။ အဲဒီမွာလည္း ထပ္ၿပီးေတာ့ ငါးသိန္းေျခာက္သိန္း ေလာက္ကုန္ေသး တယ္။ က်ပ္ေတာျပင္ကေန AA ေတြမေတြ႕ေအာင္ ေက်ာက္ျဖဴကို ထပ္ၿပီးေတာ့သြားရေသးတယ္။ သူတို႔က ေတြ႕ရင္ ကြၽန္ေတာ့္ကို သူတို႔အထဲတန္းထည့္မွာ။ ေက်ာက္ျဖဴကေနတစ္ဆင့္ ရန္ကုန္ကို ေလယာဥ္နဲ႔လာခဲ့တာ စုစုေပါင္းကုန္က်စရိတ္က သိန္း(၃၀)ေက်ာ္ေလာက္ ရွိမယ္။
ေမး။ အခုလိုထြက္လာခ်င္တာ အစ္ကိုတစ္ေယာက္ တည္းလား တျခားသူေတြေကာလာခ်င္ၾကလား။
ေျဖ။ ဟာ အမ်ားႀကီးရွိၾကတယ္။ ဒါေပမဲ့ သူတို႔မွာ ေငြေရးေၾကးေရးအဆင္မေျပေတာ့ မထြက္လာႏိုင္ဘူး ျဖစ္ေနၾက တယ္။ တစ္ေယာက္ကို သိန္းသုံးဆယ္ေက်ာ္ ေလာက္ကုန္တာဆိုေတာ့ေလ။ လူေတြအကုန္ အဲဒီမွာ စားေကာင္းျခင္း မစားရ၊ အိပ္ေကာင္းျခင္းမအိပ္ရၾကလို႔ အကုန္ပိန္ခ်ဳံးေနၾကတယ္။ အရင္တုန္းက ႏွစ္ေယာက္ ဖက္စာေလာက္ခႏၶာကိုယ္ ရွိတဲ့သူဟာ အခုဆိုရင္ တစ္ေယာက္ဖက္စာေတာင္မရွိေတာ့ဘူး။ အာဟာရေတြ ျပတ္ၿပီး အဲဒီေလာက္ထိကိုပိန္ သြားၾကတာ။ အရင္တုန္းက တစ္ေထာင္ဖိုးစားႏိုင္တဲ့သူက အခုဆိုရင္ ႏွစ္ရာဖိုး ေလာက္ပဲစားႏိုင္ေတာ့တာေလ။ ဝင္ေငြ မရွိေတာ့ ေႁခြတာရတာေပါ့။ အကုန္လုံးက ထမင္းေလးစားရဖို႔အတြက္ကိုပဲ လုံးပမ္းေနၾကရတယ္။ တခ်ိဳ႕ဆိုရင္ ဆန္ေတာင္မစားႏိုင္ လို႔ ဆန္ကြဲစားေနရတဲ့သူေတြပါရွိတယ္။ အကုန္လုံးက အဲဒီကေနထြက္လာခ်င္ေပမယ့္ အကုန္ ပိတ္မိေနၾကရတယ္။
သက္ပိုင္
ဟုတ္ကဲ့ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.