အမေရိကန်နဲ့ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာဖို့ အချိန်ယူရလိမ့်မယ်လို့ ရုရှားအစိုးရပြော

 118

Pika(NP News)
ရုရှားနဲ့ အမေရိကန်ကြားဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာစေဖို့အတွက် အချိန်ယူရလိမ့်မယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒီမစ်ထရီပက်စကော့ဗ်က”ဒီလုပ်ငန်းစဉ်ဟာ နှေးကွေးနေပေမယ့် အချိန်တော့ယူရပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်နဲ့ရုရှားကြား ဆက်ဆံရေးတွေ ပုံမှန်လမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေဖို့အတွက် ကြိုးပမ်းမှုဟာ အချိန်ယူရလိမ့်မယ်လို့လည်း ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့ပါတယ်။ဒီမစ်ထရီပက်စကော့ဗ်က”ကျွန်တော်တို့နှစ်နိုင်ငံကြားဆက်ဆံရေးတွေ ပုံမှန်လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေဖို့နဲ့ပတ်သက်ပြီး ကြိုးပမ်းမှုတွေအားလုံးဟာ အချိန်တော့ယူရပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်အစိုးရဟာ ရုရှားနဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်ခဲ့ပေမယ့်လည်း ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူချိန်ကနေစတင်ပြီး ရုရှားနဲ့ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ဖို့ အမေရိကန်ရဲ့ကြိုးပမ်းမှုတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်း ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားနဲ့အမေရိကန်ကြားမှာ တင်းမာမှုတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ဆက္ဆံေရးေတြ ပိုမိုေကာင္းမြန္လာဖို႔ အခ်ိန္ယူရလိမ့္မယ္လို႔ ႐ုရွားအစိုးရေျပာ
Pika(NP News)
႐ုရွားနဲ႔ အေမရိကန္ၾကားဆက္ဆံေရးေတြ ပိုမိုေကာင္းမြန္လာေစဖို႔အတြက္ အခ်ိန္ယူရလိမ့္မယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒီမစ္ထရီပက္စေကာ့ဗ္က”ဒီလုပ္ငန္းစဥ္ဟာ ေႏွးေကြးေနေပမယ့္ အခ်ိန္ေတာ့ယူရပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္နဲ႔႐ုရွားၾကား ဆက္ဆံေရးေတြ ပုံမွန္လမ္းေၾကာင္းေပၚျပန္လည္ေရာက္ရွိေစဖို႔အတြက္ ႀကိဳးပမ္းမႈဟာ အခ်ိန္ယူရလိမ့္မယ္လို႔လည္း ဒီမစ္ထရီပက္စေကာ့ဗ္ကေျပာၾကားခဲ့ပါတယ္။ဒီမစ္ထရီပက္စေကာ့ဗ္က”ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးေတြ ပုံမွန္လမ္းေၾကာင္းေပၚကို ျပန္လည္ေရာက္ရွိေစဖို႔နဲ႔ပတ္သက္ၿပီး ႀကိဳးပမ္းမႈေတြအားလုံးဟာ အခ်ိန္ေတာ့ယူရပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္လက္ထက္မွာ အေမရိကန္အစိုးရဟာ ႐ုရွားနဲ႔ ဆက္ဆံေရးေတြကို ျဖတ္ေတာက္ခဲ့ေပမယ့္လည္း ေဒၚနယ္ထရမ့္ သမၼတအျဖစ္တာဝန္ယူခ်ိန္ကေနစတင္ၿပီး ႐ုရွားနဲ႔ဆက္ဆံေရးေတြ ျပန္လည္တည္ေဆာက္ဖို႔ အေမရိကန္ရဲ႕ႀကိဳးပမ္းမႈေတြထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ဒါေပမယ့္လည္း ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး ႐ုရွားနဲ႔အေမရိကန္ၾကားမွာ တင္းမာမႈေတြ ဆက္လက္ရွိေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.